အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, September 29, 2013

ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင်



“ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာအဓိက စဉ်းစားရမှာပါ။ ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရမှသာလျှင်ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ သက်သာ မှာ ဖြစ်ပါတယ်။ငြိမ်းချမ်းတယ်ဆိုတာ ခပ်တိုတို ပြောရရင်အသက်အန္တရယ် ကြောင့်ကြခြင်းမှ ကင်းဝေးတာစိုးရိမ်ကြောင့်ကြရမယ့်ကိစ္စတွေက ကင်းဝေးတာ။ တစ်ကယ် ငြိမ်းချမ်းတယ်ဆိုတာစိတ်ထဲကနေလာတာ။ စိတ်ထဲမှာ ငြိမ်းချမ်းရေးရှိမှ တစ်ကယ် ငြိမ်းချမ်းတယ်လို့ ပြောရမှာ။

ကိုယ့်ရဲ့ ပတ်ဝန်းကျင်ဟာမငြိမ်းချမ်းရင်၊ မလုံခြုံရင် ဘယ်လိုမှ စိတ်ထဲမှာ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ ပြည်သူပြည်သားတွေ စိတ်အတွင်း အေးချမ်းရေးရဖို့ ဆိုလို့ရှိရင် တစ်ယောက်ခြင်းတစ်ယောက်ခြင်းစီမှာ ကြိုးစားဖို့ တာဝန်ရှိပါတယ်။ ငြိမ်းချမ်းရေး မရတဲ့
အကြောင်းကလည်း အများစုက ငြိမ်းချမ်းရေး မရတာ ဘာကြောင့်လဲဆိုတာ ကိုယ့်ကိုယ်ကို လက်ညှိုးမထိုးဘူး။ ကိုယ့်ဘက်ကနေ သူများကိုပဲ လက်ညှိုးထိုးနေတော့ ငြိမ်းချမ်းရေး မရဘူး။ ဒါကို ကျွန်မတို့ ပြောင်းလဲနိုင်မှ လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရမှာပါ။ တစ်ယောက်ချင်း တစ်ယောက် ချင်း တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း ကနေပြီးတော့ ငြိမ်းချမ်းရေး ရအောင်
ဘယ်လိုလုပ်နိုင်သလဲ ဆိုတာ စဉ်းစားပြီးတော့ ကိုယ့်ရဲ့ စဉ်းစားသုံးသပ်ချက် အပေါ်မှာ မှန်မှန်ကန်ကန်နဲ့ ရဲရဲဝံ့ဝံ့ နဲ့ လုပ်ဖို့လို ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်

No comments: