အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, September 29, 2013

ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏အဆိုအမိန့်များ

Anger is a bad counselor.
အမျက်ဒေါသသည် ဆိုးသွမ်းသော တိုင်ပင်ဖော်ဖြစ်၏။

The best remedy for a short temper is a long walk.
ခဏတာဒေါသထွက်ခြင်းအတွက် အကောင်းဆုံးကုသမှုမှာ ခရီးရှည်လမ်းလျှောက်ထွက်ခြင်းဖြစ်၏။

Anger is short - lived madness.
ဒေါသသည် ခဏတာရူးသွပ်ခြင်းဖြစ်၏။

Whatever begins in anger ends in shame.
Benjamin Franklin
အမျက်ဒေါသဖြင့်စတင်ခဲ့သော အရာတိုင်း အရှက်ရခြင်းဖြင့် နိဂုံးချုပ်ရသည်။
ဘင်ဂျမင် ဖရန်ကလင်

People who fly into a range always make a bad landing.
ဒေါသဖြင့်အရှိန်မြင့်တက်သူသည် အကျနာတတ်သည်။

Anger blows out the lamp of the mind.
အမျက်ဒေါသသည် စိတ်၏ မီးခွက်ကို မှုတ်ငြိမ်းလေသည်။

So long as a man is angry he cannot be in the right.
လူတစ်ဦး အမျက်ဒေါသထွက်နေသရွေ့ အမှန်ဘက်တွင် မရှိနိုင်ပါ။

The best answer to anger is silence.
အမျက်ဒေါသအတွက် အကောင်းဆုံးအဖြေမှာ ဆိတ်ဆိတ်နေခြင်းပင်ဖြစ်သည်။

Anger dwells only in the bosom of fools.
Ablest Einstein
ဒေါသသည် လူမိုက်တို့၏ နှလုံးသားအတွင်း၌သာ ခိုအောင်းသည်။
အဲလ်ဘတ်အိုင်းစတိုင်း

The door to happiness opens outward.
ပျော်ရွှင်မှုတံခါးသည် အပြင်သို့ပွင့်၏။

The really happy man is the one who can enjoy the scenery when he has to take a detour.
အမှန်တကယ်ပျော်ရွှင်သောသူဆိုသည်မှာ လမ်းလွဲမှ သွားရချိန်တွင်ပင် ရူခင်းများကို ကြည်နူးစွာခံစား တတ်သူ ဖြစ်သည်။

Like Summer and winter, happiness and sorrow are always changing places.
နွေနှင့်ဆောင်းကဲ့သို့ပင် ပျော်ရွှင်မှုနှင့် ၀မ်းနည်းခြင်းတို့သည် အမြဲတစေ နေရာချင်းဖလှယ်လျက် ရှိပါသည်။

Happiness depends upon ourselves.
ပျော်ရွှင်မှုသည် ကျွန်ုပ်တို့အပေါ်၌သာ မူတည်နေတတ်သည်။

Real happiness is cheap enough, yet how dearly we pay for its counterfeit.
ပျော်ရွှင်မှုအစစ်သည် ဈေးပေါလင့်ကစား၊ ပျော်ရွှင်မှုအတူယောင်အတွက် မည်မျှဈေးကြီးပေးရသည်ကို တွေးကြည့်ပါ။

It is not how we have, but now much we enjoy, that makes happiness.
ကျွန်ုပ်တို့တွင် “မည်မျှရှိသည်” မဟုတ်ဘဲ “မည်မျှပျော်နိုင်သည်”ကသာလျှင် ပျော်ရွှင်မှုကိုဖြစ်စေသည်။

Smile - and the world will smile with you.
Frown - and it will leave you alone.
သင်ပြုံးလျှင် တစ်ကမ္ဘာလုံး သင်နှင့်လိုက်ပြုံးမည်။ သင်မျက်မှောင်ကြုတ်လျှင် တစ်ကမ္ဘာလုံး သင့်ကို ကျောခိုင်းသွားလိမ့်မည်။

The greatest wealth in life is health.
ဘ၀တွင် အကြီးမားဆုံးသောချမ်းသာခြင်းသည် ကျန်းမာခြင်းပင်ဖြစ်သည်။

From the bitterness of disease man learns the sweetness of health.
ရောဂါဘယ၏ခါးသီးမှုမှ လူသားသည် ကျန်းမာခြင်း၏ ချိုမြိန်မှုကို သိရှိလေသည်။

An apple a day keeps the doctor away.
ပန်းသီးတစ်နေ့တစ်လုံးစားပေး ဆရာဝန်နှင့် အစဉ်ကင်းဝေး။

To get rich never risky your health. For it is the truth that health is the wealth of wealth.
ချမ်းသာစေဖို့ ကျန်းမာရေးကို ဘယ်တော့မှ မစွန့်ပါနှင့်။ ကျန်းမာခြင်းသည် ချမ်းသာခြင်းတကာ့ အချမ်းသာဆုံး လာဘ်တစ်ပါးဖြစ်သည်။

A man too busy to take care of his health is like a mechanic too busy to take care of his tools.
ကိုယ့်ကျန်းမာရေးကိုပင် ဂရုမစိုက်နိုင်အောင် အလုပ်များနေသူသည် ကိုယ့်ကိရိယာတန်ဆာပလာများ ကို ဂရုမစိုက်အားသော စက်ပြင်ဆရာနှင့်တူသည်။

Happiness lies, first of all in health.
ပျော်ရွှင်ခြင်းသည် ကျန်းမာခြင်းပေါ်၌ ဦးစွာတည်ရှိသည်။

The first wealth is health.
ပထမဆုံးသော ချမ်းသာကြွယ်ဝခြင်းသည် ကျန်းမာခြင်းပင်ဖြစ်သည်။

The groundwork of all in health.
ပျော်ရွင်မှုအားလုံး၏ အရင်းအမြစ်မှာ ကျန်းမာခြင်းပင်ဖြစ်သည်။

Health is not valued till sickness comes.
ဖျားနာခြင်းကင်းနေသရွေ့ ကျန်းမာခြင်း၏တနဖိုးကို မသိကြချေ။

To wish to be well is a part of becoming well.
ပြန်လည်ကျန်းမာလိုချင်သောစိတ်ကပင် ပြန်လည်ကျန်းမာခြင်းတစ်စိတ်တစ်ဒေသ ဖြစ်၏။

He who takes medicine and neglects to diet wastes the skill of his doctors.
ဆေးသောက်သုံးသော်လည်း အစားအစာ မရှောင်သောသူသည် သူဆရာဝန်၏ ကျွမ်းကျင်မှုကို ဖြုန်းတီးရာရောက်၏။

A good laugh and a long sleep are the best cures in the doctor’s book.
အားပါးတရရယ်မောခြင်းနှင့် ကြာမြင့်စွာအိပ်စက်ခြင်းတို့သည် ဆရာဝန်၏ စာအုပ်ထဲမှ အကောင်းဆုံး ကုသမှုများဖြစ်သည်။

It one does not know to which part one is sailing, no wind is favourable.
မိမိမည်သည့်သင်္ဘောဆိပ်သို့ ရွက်လွှင့်ပြီးသွားနေသည်ကို မသိလျှင် မည်သည့်လေမျှ အထောက်အကူ မပြုနိုင်ချေ။

Luck never gives. It only lends.
Swedish proverb
ကံကြမ္မာသည် အပြီးအပိုင်ပေးခြင်းမဟုတ်။ ခေတ္တငှားရမ်းခြင်းမျှသာ ဖြစ်သည်။
ဆွီဒင်စကားပုံ

He that is afraid of bad luck will never know good luck.
Russian Proverb
ကံကြမ္မာဆိုးကို ကြောက်ရွံ့သောသူသည် ကြမ္မာကောင်းကို မည်သည့်အခါမျှ သိရှိမည်မဟုတ်ပေ။
ရုရှားစကားပုံ

I am a greater believer in luck and I find that the harder I work, the more I have of it.
Thomas Jefferson
ကျွန်ုပ်သည် ကံကြမ္မာကို အလွန်ယုံကြည်သူဖြစ်ပြီး အပင်ပန်းခံအလုပ်လုပ်လေ ကံကြမ္မာပိုမိုကောင်း လေကိုတွေ့မြင်ရသည်။
သောမတ်(စ်) ဂျက်ဖာဆင်

The only thing that overcomes hard luck is hard work.
ကံခေမှုကို အောင်မြင်ကျော်လွှားနိုင်သည့် တစ်ခုတည်းသောအရာမှာ အပင်ပန်းခံအလုပ်လုပ်ခြင်းပင် ဖြစ်သည်။

Fortune brings in some boats that are not steered
- William Shakespeare
ကံကြမ္မာသည် အထိန်းအကွပ်မဲ့လှေအချို့ကို ဆိပ်ကမ်းသို့ ယူဆောင်လာတတ်သည်။
ဝီလျှံရှိတ်စပီးယား

The only sure thing about luck is that it can change.
ကံကြမ္မာနှင့်ပတ်သက်၍ သေချာမှုတစ်ခု ပြောင်းလဲတတ်ခြင်းပင်ဖြစ်သည်။

Laughter is the sun that drives winter from the human face.
ရယ်မောခြင်းဟူသည် လူ၏မျက်နှာပေါ်မှ ဆောင်းရာသီကိုဖယ်ရှားပေးသော သူရိန်နေမင်းဖြစ်သည်။

Laugh and your life will be lengthened; for this is the great secret of long life.
ရယ်မောပါ။ သင်အသက်ပိုမိုရှည်ပါလိမ့်မည်။ ဤသည်မှာ အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်။

A day without laughter is a day wasted.
မရယ်မောမိသောတစ်နေ့သည် ဖြုန်းတီးခဲ့သော နေ့တစ်နေ့ပင်ဖြစ်သည်။

Nobody ever died of laughter.
ရယ်မောခြင်းကြောင့်သေဆုံးသွားသူမရှိ။

Laughter is an instant vacation.
ရယ်မောခြင်းသည် လျှပ်တစ်ပြက်အပန်းဖြေခြင်းဖြစ်သည်။

A man isn’t poor if he can still laugh.
လူတစ်ဦးသည် ရယ်နိုင်စွမ်းရှိသရွေ့ မဆင်းရဲပါ။

A good laugh is sunshine in the house.
ကောင်းသောရယ်မောခြင်းသည် အိမ်အတွင်း၌ နေသာခြင်းဖြစ်၏။

Seven days without laughter make one weak.
ခုနစ်ရက် မရယ်မောသောသူသည် အားယုတ်လာပါသည်။

Laughter keeps the heart and face young.
ရယ်မောခြင်းသည် နှလုံးသားနှင့်မျက်နှာကို နုပျိုစေသည်။

We cannot really love and anybody with whom we never laugh.
အတူရယ်မောခြင်းမရှိသောသူကို အမှန်တကယ် မေတ္တာထားရှိရန် မဖြစ်နိုင်ပါ။

Man is the only creature who has the ability to laugh.
ရယ်မောနိုင်စွမ်းရှိသည့် တစ်မျိုးတည်းသောသတ္တ၀ါမှာ လူသားပင်ဖြစ်သည်။

You don’t stop laughing because you grow old. You grow old because you stop laughing.
အသက်အိုမင်းလာသောကြောင့်ရယ်မောခြင်း ရပ်ဆိုင်းသည်မဟုတ်။ ရယ်မောခြင်းရပ်ဆိုင်းခြင်းကြောင့် သာ အိုမင်းလာခြင်းဖြစ်၏။

Always laugh when you can. It is cheap medicine.
ရယ်နိုင်သရွေ့ရယ်ပါ။ ၎င်းသည် ဈေးပေါသောဆေးဝါးဖြစ်သည်။

The human race has only one effective weapon, and that is laughter.
လူသားတို့တွင် ထိရောက်သောလက်နက် တစ်ခုတည်းသာရှိသည်။ ယင်းကားရယ်မောခြင်းဖြစ်၏။

Laughter is inner jogging.
ရယ်မောခြင်းသည် ခန္ဓာကိုယ်အတွင်းပြေးလျှောက် အားကစားလှုပ်ရှားခြင်းတစ်မျိုးဖြစ်၏။

If you lose the power to laugh, you lose the power to think.
ရယ်မောခြင်းစွမ်းအားပျောက်ဆုံးလျှင် စဉ်းစားတွေးတောခြင်း စွမ်းအားလည်း ပျောက်ဆုံးသည်။


Family အဆိုအမိန့် (Philosophies)
A House is built of bricks and stones,
A House is built of love alone.
အဆောက်အဦးတစ်လုံးကို အုတ်ခဲ၊ ကျောက်ခဲများဖြင့်တည်ဆောက်ကြသည်။
မိသားစုနေအိမ်ကိုမူ ချစ်ခြင်းမေတ္တာသက်သက်ဖြင့်သာ တည်ဆောက်ရပါသည်။

North, South, East, West
Home is the best
အရှေ့ အနောက် တောင် မြောက် သွားလိုရာသွား နေအိမ်သာအကောင်းဆုံးပါ။

Sweetest is the smile of home.
နေအိမ်ထဲမှ အပြုံး အချိုမြိန်ဆုံး။

A good home must be made, not bought.
သိရီဂေဟာကို ဖန်တီးယူရသည်၊ ၀ယ်ယူ၍ မရပါ။

Home is a shelter from storms-all sorts of storms.
နေအိမ်ဟူသည် မုန်တိုင်းများမှ ကာကွယ်ရာတစ်ခုဖြစ်၏ ။ မုန်တိုင်းအမျိုးမျိုးမှ ကာကွယ်ရာဖြစ်၏။

The most important things in your home are members of family.
သင့်နေအိမ်၏ အရေးကြီးဆုံးသောအရာများမှာ မိသားစုဝင်များသာဖြစ်သည်။

Be he a king or a peasant, he is happiest who finds peace at home.
Goethe (writer)
ရှင်ဘုရင်ဖြစ်စေ၊ လယ်သမားဖြစ်စေ၊ နေအိမ်တွင်စိတ်ချမ်းသာမှုရရှိသူသည် အပျော်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။

It is the mother who can cure her child’s tears.
မိခင်သာလျှင် ကလေးငယ်၏ မျက်ရည်များကို ပျောက်ကင်းစေနိုင်သည်။

A child, like your stomach, doesn’t need all you can afford to give it.
ကလေးငယ်သည် သင့်အစာအိမ်နှင့်တူသည်။ သင်ပေးနိုင်သမျှအားလုံးကို မလိုအပ်ပါ။

When you teach your son, you teach your son’s son.
သင့်သားငယ်ကို သင် သွန်သင်ဆုံးမလျှင် သင့်သား၏ သားမြေးကို သွန်သင်ဆုံးမရာရောက်၏။

Human beings are the only creatures on earth that allow their children to come back home.
ကမ္ဘာပေါ်ရှိ သတ္တ၀ါများအနက် လူသားသာလျှင် သူ့ရင်သွေးများကို အိမ်ပြန်လာခွင့်ပြုကြသည်။

God could not be everywhere and therefore the created mothers.
ဘုရားသခင်သည် နေရာအနှံ့တွင် မရှိနိုင်သဖြင့် မိခင်များကို ဖန်ဆင်းလိုက်သတည်း။

I look back on my childhood and thank the stars above. For everything you gave me, but mostly for your love.
ငယ်စဉ်ကလေးဘ၀ကို ပြန်တွေးရင်းထက် ကောင်းကင်မှ ကြယ်ကလေးများကိုကျေးဇူးတင်မိသည်။ မေမေပေးခဲ့သမျှ အရာအားလုံးအတွက် အထူးသဖြင့် မေမေ့မေတ္တာအတွက်ပါ။

All that I am my mother made me.
ကျွန်ုပ်လက်ရှိဖြစ်နေသမျှအားလုံးသည် ကျွန်ုပ်အမေကြောင့်ပင် ဖြစ်သည်။

One good mother is worth hundred schoolmasters.
မိခင်ကောင်းတစ်ယောက်သည် ကျောင်းဆရာပေါင်းတစ်ရာနှင့်ညီမျှသည်။

Nothing else will ever make you as happy or as sad, as proud or as tired as motherhood.
မိခင်လောင်းဘ၀ထက် မည်သည့်အရာကမျှ သင့်အား ၀မ်းနည်းဝမ်းသာခြင်း ဂုဏ်ယူဝင့်ကြွားခြင်း၊ ပင်ပန်းခြင်းတို့ကို မဖြစ်စေပါ။

You don’t appreciate your mother until you’re a mother yourself.
ကိုယ်ကိုယ်တိုင် မိခင်မဖြစ်သေးသရွေ့ ကိုယ့်မိခင်ကို လေးစားတန်ဖိုးထားတတ်မည်မဟုတ်။

A mother understands what a child does not say.
မိခင်သည်ရင်သွေးငယ်မပြောသည့် စကားကိုနားလည်သည်။

Most mothers are instinctive philosophers.
မိခင်အများစုသည် မွေးရာပါ အတွေးခေါ်ပညာရှင်များဖြစ်သည်။

Sometimes the poorest woman leaves her children the richest inheritance.
တစ်ခါတစ်ရံ အဆင်းရဲဆုံးအမျိုးသမီးသည် သူမ၏ ရင်သွေးငယ်များအတွက်အချမ်းသာဆုံးအမွေအနှစ်ကို ထားခဲ့သည်။

A mother holds her children’s hands for a while, their hearts forever.
မိခင်သည် သူမရင်သွေးငယ်၏လက်များကို ခေတ္တမျှသာကိုင်ဆောင်သော်လည်း နှလုံးသားကိုမူ ထာဝရ ကိုင်ဆောင်သည်။

People usually are the happiest of home.
William Shakespeare ( Playwright)
လူသားတို့သည် နေအိမ်တွင်သာအပျော်ဆုံးဖြစ်ကြသည်။
ဝီလျှံ - ရှိတ်စပီးယား

Home is the most excellent place of all.
Neil Diamond(Vocalist)
နေအိမ်ဆိုသည်မှာ ရှိရှိသမျှသောနေရာများအနက် အကောင်းတကာ့အကောင်းဆုံးနေရာဖြစ်သည်။
နီးလ် ဒိုင်းမွန်း (အဆိုတော်)

It takes hands to build house, but only hearts can build a home.
အဆာက်အဦတစ်ခုတည်ဆောက်ရာတွင် လက်များလိုအပ်သည်။ နေအိမ်ကိုတည်ဆောက်ရာတွင်မူ နှလုံးသား လိုအပ်သည်။

A man’s home may seem to be his castle from the outside, inside, it is more often his nursery.
လူတစ်ဦး၏ နေအိမ်သည် အပြင်ပန်းမှကြည့်လျှင် သူ၏ရဲတိုက်ဟုထင်ရသည်။ အတွင်း၌မူ သူ၏ပျိုးခင်း နှင့် ပို၍တူ၏။

Ah! There’s nothing like staying at home, for real comfort.
Jane Austen (writer)
အား စစ်မှန်သော သက်သာရရှိစေရန်အတွက် အိမ်တွင်နေထိုင်ခြင်းထက်သာ၍ကောင်းသောအရာမရှိ။
ဂျိန်း - အော်စတင် ( စာရေးဆရာမ)

Peace - that was the other name of home.
ငြိမ်းချမ်းခြင်း - နေအိမ် ၏ အခြားအမည်ဖြစ်သည်။

An empty house is like a body from which life has departed.
ဘာမှ မရှိသောအိမ်အလွတ်သည် အသက်မရှိတော့သည့် ခန္ဓာကိုယ်နှင့်တူ၏။

Mothers love grows by giving.
မိခင်မေတ္တာသည် ပေးကမ်းခြင်းဖြင့် ပို၍ကြီးထွားသည်။

A mother never quite leaves her children at home, even when she doesn’t take them along.
မိခင်တစ်ယောက်သည် သူမ၏ရင်သွေးများကို သူမနှင့်အတူ ခေါ်မသွားသည့်တိုင် အိမ်တွင်ဘယ်တော့မှ မထားခဲ့ပါ။

The mother’s heart is the child’s school-room.
မိခင်၏နှလုံးသားသည် ရင်သွေးငယ်၏ ကျောင်းခန်းဖြစ်သည်။

Worse than tears-the smile of the abandoned child.
မျက်ရည်ထက်ဆိုးသောအရာကား ပြစ်ပယ်ခြင်းခံရသော ကလေးငယ်တစ်ဦး၏ အပြုံးပင်ဖြစ်သည်။

A mother’s love is like a circle-it has no end.
မိခင်မေတ္တာသည် စက်ဝိုင်းပမာ - အဆုံးမရှိပါ။

Mother is the name of God on the lips and hearts of little children.
“အမေ” ဆိုသည်မှာ ကလေးငယ်များ၏ နှုတ်ခမ်းများနှင့် နှလုံးသားများမှ ထွက်ပေါ်လာသော ဘုရားသခင်၏ နာမတော်ဖြစ်သည်။

The best thing to send on your children is your time.
သင်၏ကလေးငယ်များအတွက် အသုံးပြုစရာ အကောင်းဆုံးသော အရာမှာ သင်၏အချိန်သာဖြစ်သည်။

A mother’s love never ages.
မေမေ့မေတ္တာ အိုသည်မရှိ။

If you want creative children give them time to play.
အကယ်၍ သင်ဖန်တီးတတ်သော ကလေးငယ်များကို လိုချင်လျှင် သူတို့ကို ကစားဖို့အချိန်ပေးပါ။

A child who disrespectful to his parents will not have true respect from anyone.
မိဘကိုမရိုသေသောကလေးသည် မည်သူ့ထံကမှ စစ်မှန်သော ရိုသေမှုကို မရနိုင်ပါ။

No language can express the power and beauty and heroism of a mother’s love.
မည်သည့်ဘာသာစကားမျှ မိခင်မေတ္တာ၏ အစွမ်း၊ အလှနှင့် သတ္တိတို့ကို မဖော်ကျူးနိုင်။

A father is banker provided by nature.
ဖခင်ဟူသည် သဘာဝကပေးစွမ်းသော ဘဏ်တိုက်ကြီးတစ်ခုဖြစ်သည်။

A wise son maketh a glad father.
ပညာရှိသောသားသည် ၀မ်းမြောက်သောဖခင်ကို ဖခင်ကို ဖြစ်စေသည်။

Any man can be father but it takes someone special to be a dad.
မည်သူမဆိုဖခင်တစ်ဦးဦးဖြစ်နိုင်သော်လည်း “ဖေဖေ” ဖြစ်ရန်မှာ ထူခြားသော အရည်အချင်းရှိဖို့လိုသည်။

The only job starts at the top is digging the hole.
ထိပ်ဆုံးကစတယ်ဆိုတဲ့ တစ်ခုတည်းသောအလုပ်ကတော့ တွင်းတူးတဲ့ အလုပ်ပဲ။

When you have made a choice and don't make it, that is in itself a choice.
-William James
မင်းမှာ ရွေးချယ်ခွင့်ရခဲ့ချိန်မှာ ရွေးချယ်မှုကိုမလုပ်ခဲ့ဘူးဆိုရင် အဲဒါဟာ မင်းရဲ့ရွေးချယ်မှုပါပဲ။

Always hold on to something: on the stairs, a railing; in trouble, a prayer.
-Bern Williams
အမြဲတမ်းတစ်ခုခုကိုကိုင်ထားပါ။ လှေခါးပေါ်ရောက်ရင် လက်ရန်းကို။ ဒုက္ခရောက်ရင် ဓမ္မကို။

Love is not for keeping but for giving to someone.
ချစ်ခြင်းမေတ္တာဆိုတာ သိမ်းထားဖို့မဟုတ်ပါ။ တစ်ယောက်ယောက်ကိုပေးဖို့အတွက်ပါ။

A true friend can hear a tear drop.
- Frank Walsh
သူငယ်ချင်းဆိုသည်မှာ မျက်ရည်တစ်ပေါက်ကျသွားသည့်အသံကို ကြားသိနိုင်သူဖြစ်ပါသည်။

You are never fully dressed in the morning until you put on a smile.
မနက်ခင်းရောက်လို့ တစ်ခါမှမပြုံးရသေးရင် သင်ဟာအဲဒီနေ့မနက်မှာ အ၀တ်အစားအားလုံး လဲပြီးမဖြစ်သေးပါ။

When you fall in a river, you're no longer a fisherman; you're a swimmer.
မြစ်ထဲကိုလိမ့်ကျသွားပြီဆိုရင်သင်ဟာ ငါးဖမ်းသမားမဟုတ်တော့ဘူး။ ရေကူးသမားတစ်ယောက်ဖြစ်သွားပြီ။

If you have integrity, nothing else matters. If you don't have integrity, nothing else matters.
-Alan Simpson
သင့်မှာ သိက္ခာ သမာဓိရှိနေရင် ဘာမှအရေးမကြီးတော့ပါဘူး။ သင့်မှာ သိက္ခာသမာဓိ မရှိတော့ရင်လည်း ဘာမှအရေးမကြီးတော့ပါဘူး။

Neither the sun nor death can be looked at with a steady eye.
နေမင်းကိုသော်လည်းကောင်း၊ သေခြင်းကိုသော်လည်းကောင်း တည်ငြိမ်သောမျက်စိဖြင့် မည်သူမျှမကြည့်နိုင်။

There's no point in aiming at a target with no arrow in your bow.
လေးထဲမှာမြားမရှိဘဲနဲ့ ပစ်မှတ်ကိုသွားချိန်နေရင် ဘာကိုမှထိဖို့ရာ အကြောင်းမရှိဘူး။

To avoid criticism do nothing, say nothing, be nothing.
- Elbert Hubbard
အဝေဖန်ခံရမှာကိုရှောင်လွဲချင်ရင် ဘာကိုမှမလုပ်နဲ့။ ဘာကိုမှမပြောနဲ့။ ဘာမှလည်းမဖြစ်ဘူး။

May you look back on the past with as much pleasure as you look forward to the future.
ပျော်ရွှင်ကြည်နူးမှုများစွာဖြင့် အနာဂတ်ကာလကိုရှေးရှုကြည့်လေသကဲ့သို့ အတိတ်ကာလအား ပြန်လည်လှမ်းကြည့်နိုင်ပါစေ။

If you don't know where you are going, every road will get you nowhere.
မင်းဘယ်ကိုသွားနေတယ်ဆိုတာမသိရင် လမ်းတိုင်းကမင်းကို ဘယ်နေရာကိုမှရောက်အောင်ပို့ပေးမှာ မဟုတ်ဘူး။

Winston Churchill once said: "Never give up. Never give up. Never give up." Similarly, I didn't give up.
ဝင်စတန်ချာချီ တစ်ခါကပြောခဲ့ဖူးတယ်။ ဘယ်တော့မှအရှုံးမပေးနဲ့။ ဘယ်တော့မှအလျှော့မပေးနဲ့။ ဘယ်တော့မှအညံ့မခံနဲ့။ တဲ့။ ဒီလိုပဲ- ကျုပ်အရှုံးမပေးဘူး။

Brains, like hearts, go where they are appreciated.
- Robert Mcnamara
ဦးနှောက်များသည် နှလုံးသားများကဲ့သို့ပင် သူတို့အား တန်ဖိုးထားသည့်နေရာသို့ သွားကြပါသည်။

If Christopher Columbus had turned back, no one would have blamed him- but no one would have remembered him.
ခရစ်စတိုဖာ ကိုလံဘတ်စ် သာနောက်ကြောင်းပြန်လှည့်ခဲ့မယ်ဆိုရင် သူ့ကိုဘယ်သူမှ အပြစ်ဆိုကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူကမှလည်းသူ့ကို သတိရကြမှာမဟုတ်ပါဘူး။

Parents give you life, but teachers give you the future.
- Socrates
မိဘများက သင့်အား ဘ၀ကိုပေး၏။ ဆရာများက သင့်အား အနာဂတ်ကိုပေး၏။

Life is to learn, to live and to teach. Learn by heart. Live by faith. Teach by love.
ဘ၀ဆိုသည်မှာ လေ့လာသင်ယူရန်၊ ရှင်သန်နေထိုင်ရန် နှင့် သင်ကြားပြသပေးရန် ဖြစ်ပါသည်။ အသည်းစွဲအောင် လေ့လာသင်ယူပါ။ ယုံကြည်ချက်ဖြင့် အသက်ရှင်သန်နေထိုင်ပါ။ ချစ်ခြင်းတရားဖြင့် သင်ကြားပြသပေးပါ။

"It is not the strongest of species that survive, but the one most responsive to change"
- Charles Darwin
“နောက်ဆုံးကြွင်းကျန်နေခဲ့သည်မှာ အသန်မာဆုံးသတ္တ၀ါများမဟုတ်ပဲ... ပြောင်းလဲမှုကို အမြန်ဆုံး လက်ခံကျင့်သုံးနိုင်သူများဖြစ်သည်။”

The road to Knowledge has no end.
ဗဟုသုတလမ်းမကြီးသည် ဆုံးသည်မရှိ။

To be a good leader, you must be a good follower.
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရန် နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ရမည်။

Teaching is a noble professiion.
စာသင်ခြင်းသည် မြင့်မြတ်သော အသက်မွေးမှုတစ်ခုဖြစ်သည်။

Where there is no trust, there is no love.
ယုံကြည်မှုမရှိသောနေရာ၌ မေတ္တာတရားဟူ၍မရှိနိုင်။

“Doing nothing is doing ill”
ဘာမှ မလုပ်ခြင်းသည် မကောင်းတာလုပ်ခြင်းပင်ဖြစ်သည်

Whatever is begun in anger ends in shame.
- Benjamin Franklin
(1706 - 1790)
ဒေါသနဲ့  စခဲ့တာမှန်သမျှ ရှက်ရတာနဲ့  အဆုံးသတ်ရတယ်။

A man should not sleep on silk till he has walked on sand.
သဲလမ်းပေါ်မလျှောက်ဖူးသရွေ့ ပိုးထည်ပေါ်မအိပ်စက်သင့်ပေ။

Rich miser is poorer than a poorer than a poor man.
ကပ်စေးနည်းသောသူဌေးသည် ဆင်းရဲသော သူထက် ပိုဆင်းရဲသည်။

Never underestimate the power of forgiveness.
ခွင့်လွှတ်ခြင်း၏စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။

When you shoot the arrow of truth, just dip its point in honey.
အမှန်တရားတည်းဟူသောမြားတံကို ပစ်သောအခါ မြားထိပ်ကို ပျားရည်ထဲဦးစွာနှစ်ပါ။

A man isn’t poor if he can still laugh.
လူတစ်ဦးသည်ရယ်မောနိုင်သရွေ့ မဆင်းရဲ သေးပါ။

Success comes in Cans; not in cant’s.
အောင်မြင်မူသည် လုပ်နိုင်သူများအတွက် သာဖြစ်သည်။မလုပ်နိုင်သူများအတွက် မဟုတ်။

No burden is too heavy if it is carried with love.
မေတ္တာဖြင့်သယ်ပိုးမည်ဆိုလျှင် မည်သည့် ၀န်ထုပ်ဝန်ပိုးမျှ မလေးလံပါ။

Don’t be afraid of moving slowly; be afraid of standing still.
နှေးနှေးကွေးကွေး
ရွေ့လျားခြင်းကိုမစိုးရိမ်ပါနှင့်။မရွေ့မလျားဘဲနေခြင်းကိုစိုးရိမ်ပါ။

You don’t know where you are going if you are always looking back.
သင်သည်နေက်သို့တစ်ချိန်လုံးပြန်လှည့်ကြည့်နေလျှင် သင်သွားသည် နေသည့်ခရီးကို
မသိနိုင်ပါ။ 

No comments: