အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, October 27, 2013

ဆေးပေါင်းခမဲ့ညမှာသူငယ်ချင်းတွေနဲ့စားကြတဲ့မယ်ဇလီဖူးအကြောင်း

မဲဇလီဖူး၏ ကျန်းမာရေး စွမ်းပကား
မဲဇလီ ဖူးသုပ်ကို ဆေးဖက် ဝင်တဲ့ အစာအဖြစ် ဆေးပေါင်းခတဲ့ တန်ဆောင် မုန်းလပြည့်နေ့မှာ စားလေ့ရှိကြပါတယ်။ မဲဇလီဖူးမှာ ရေဓာတ်၊ ဂလူကိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊ ကမ်ဖီရောစတဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့ အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။ မဲဇလီဖူး မှာ အောက်ပါ အကျိုးကျေးဇူးတွေရှိကြောင်း သိရပါတယ်။

အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်
မဲဇလီဖူးကို ရောဂါကင်းရှင်းစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ အ ကြောင်းကတော့ အန်သရာကွီနုန်းပမာ ဏ များစွာ ပါဝင်ပြီး ဝမ်းချုပ်တာ၊ သွေး ထွက်တာနဲ့ အက်စစ်ဆန်တက်ပြီး ရင်ပူ တာတို့လို အစာခြေ အူလမ်းကြောင်းဆိုင် ရာ ရောဂါတွေကို ဆန့်ကျင်ရာမှာ အဓိ က အသုံးဝင်ပါတယ်။ ဝမ်းမှန်မှန်သွားစေပါတယ်

မဲဇလီဖူးဟာ အူတွေကို သန့်စင် စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်း မွန်စေတာကြောင့် ဝမ်းပျော့ပျော့သွား စေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် အူ လမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ် ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။ ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်

မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါ တယ်။
ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေပါ တယ် မဲဇလီဖူးကို စားတာကြောင့် သရက် ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ် အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေး ဖက်ဝင်အစွမ်း ရှိတာပါ။ ရောဂါကို တွန်း လနှ နိုင်တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေ ဆက်လက်ပြုလုပ်နေကြ ပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။
ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အင်တီအောက် ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ် မဲဇလီဖူးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနော ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီး ရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင် သလို အသည်း မှာ ထိခိုက်မှု မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင် ထိရောက် မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာ မှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။ ပိုးမွှားတွေကို တွန်းလှန် ပေးပါတယ်

လေ့လာမှုတွေ အရ မဲဇလီဖူးမှာ Staphylococcus aureus, Pseudomonas aeruginosa နဲ့ Proteus. vulgaris စတဲ့ ပိုးတွေကို တွန်းလှန်ပေး နိုင်တဲ့ အစွမ်း ရှိကြောင်း ဆိုပါတယ်။ ဒါ ပေမဲ့ ဖန်းဂပ်စ် မှိုတွေ ကိုတော့ တွန်းလှန် နိုင်တယ်လို့ မပြသထားပါဘူး။

အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ် မဲဇလီဖူးဟာ ဖရီး ရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတဲ့ ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့ အစာဟောင်း အိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။


ကြယ်စင်

Sunday, October 20, 2013

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် ( ကျားမ မရွေး သုံးဆောင်ပေး )

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် ...... ( ကျားမ မရွေး သုံးဆောင်ပေး )......
ပိန်နေသူများ ၀စေသည် ..

ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ
ဝမ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။
အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည် .....
ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..
ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက် ........

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

( ဖေါ်စပ်နည်း )

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...

အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

( အသုံးပြုနည်း )
ညအိပ်ယာဝင်ခါနီးတိုင်း......
ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်...
တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ

Mg Mandalay

တက်တူးထိုးခြင်းနှင့်အရေပြားကင်ဆာဖြစ်ပွားမှု

လူငယ်များအကြားတွင် ခေတ်စားနေသောတက်တူးထိုးခြင်းသည် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ တက်တူးထိုးရာတွင် အသုံးပြုသောဆေးရည် သည် အရေပြားကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများပါဝင်နေသည်ဟု သိရသည်။ အထူးသဖြင့်အပြာရောင် ခြယ်တက်တူးမင်သည် တက်တူးထိုးသူများနှင့် ထိုးနှံပေးသောသူများ အကြိုက်
အရောင်တစ်မျိုးဖြစ်ပြီးကို ဘော့သတ္ထု နှင့်အလူမီနီယမ်များ ပါဝင်နေသည်။

နယူးဒေလီမြို့ BLK ဆေးရုံ၊ အရေပြားအထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာအ ပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှတစ်ဆင့် ကူးစက်သော ရောဂါများရရှိနိုင်ချေများကြောင်း၊ သွေးမှတစ်ဆင့်ကူးစက်တတ်သော HIV၊ အသည်းရောင်အသားဝါ B,Cနှင့် အရေပြားကင်ဆာရောဂါ အချို့ ကို ရရှိနိုင်ကြောင်း၊ အရေပြားကင်ဆာများတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ပါဝင်ကြောင်း၊ တက်တူးထိုးသူတိုင်း အဆိုပါရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူးမင်အမျိုးအစား၊ တက်တူးထိုးသောကိရိယာ၊ လုပ်ငန်းစဉ်များ၏ ပိုးသတ်ထားမှုရှိမရှိက အဓိကကျ ကြောင်းကိုရှင်းပြထားသည်။

“တက်တူးထိုးတဲ့မင်မှာ တစ်ခါတလေ အာဆင်းနစ်တွေ ထည့်သွင်းထားတတ်ပါတယ်။ ထိုးနှံသူကတော့ မသိတဲ့အတွက် အရေပြားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများနေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့နေရာတွေနားမှာ လည်းတက်တူးမထိုးသင့်ပါဘူး တကယ်လို့တက်တူးထိုးထားတဲ့နေရာ အနီးတ၀ိုက်မှာပုံမှန်မဟုတ်ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အနားသတ်ပုံစံတွေကို သေချာ စစ်ဆေးဖို့လိုပါတယ်။ တကယ်လို့သေချာမကြည့်ဘဲ ပေါ့ပေါ့ဆဆပဲထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြားအရေပြားကင်ဆာတွေကို အချိန်လွန်မှ သိတာမျိုးဖြစ်သွားနိုင်ပါတယ်”ဟု ကင်ဆာရောဂါအထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။

ထို့ပြင်တက်တူးဖျက်ခြင်းတွင်လည်း ဆိုးကျိုးများရှိနေကြောင်း၊ အရေပြားအရောင်ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation)များရလာနိုင်ကြောင်းသိရသည်။ ကျွမ်းကျင်သော တက်တူးထိုးပေးသူများထံသာ သွားသင့်ကြောင်း၊ progessional tattooistသည် အော်ဂဲနစ်မင်ကိုသာ အသုံးပြုကြကြောင်း၊ ဈေးပေါပေါသုံးထားသောတက်တူးများတွင် အာဆင်းနစ်၊ ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြားကင်ဆာဖြစ်စေနိုင် သည့်ဓာတ်များပါဝင်နေကြောင်းကို ယခုလေ့လာမှုတွင် ဖော်ပြထားသည်။

သန့်စင်

Wednesday, October 16, 2013

ဗုဒ္ဓဘာသာ(၅)မျိုး

ဘာသာရေးစာအုပ်တစ်အုပ်မှာကျွန်တော်ဖတ်ဖူးတာလေးပါ။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာမှာကိုးကွယ်ယုံကြည်မှု ပုံစံအလိုက်အမျိုးအစား ကွဲပြားခြားနားပါတယ်။ ထေရ၀ါဒ နဲ့ မဟာယာန ဆိုပြီးကွဲတာမျိုးမဟုတ်ပါဘူး။ ကွဲပြားရတဲ့အကြောင်းရင်းနဲ့အမျိုးအစားတွေကဒီလိုပါ........

(၁)ကုလ ဗုဒ္ဓဘာသာ

ကုလ ဗုဒ္ဓဘာသာဆိုတာ မိရိုးဖလာ ရိုးရာဗုဒ္ဓဘာသာကိုပြောတာပါ။ မိဘတွေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာပါ။ မိဘက အခြား... ဘာသာဝင်ဆို သူလဲအခြားဘာသာဝင်ပဲ။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မျိုးရိုးကြောင့် ဗုဒ္ဓဘာသာဖြစ်လာရပြီး ဘုရားတရား လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါခြင်းကို ကုလ လို့ခေါ်ပါတယ်။ တော်တော်များများက ကုလ ဗုဒ္ဓဘာသာပါ။ နောင်မှဆင်ခြင်ပါများပြီးသဘောပေါက်လာကြတာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ

လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တာကို ဆိုလိုတာပါ။ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာတောင် အောင် နဲ့စတဲ့ဘုရားတွေကိုရွေးပြီးကိုးကွယ်တယ်။ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ အရုပ်တွေကို စင်အပြည့် တင်ပြီး ဘုရာ့းု့တော်နဲ့ ဆင်းတုတော်လေးက ဥာဏ်တော်တစ်မိုက်သာသာလောက်သာထားပြီး ကိုးကွယ်တဲ့သူတွေကို လာဘဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ

ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ ဘေးကင်းကွာပြီးအနာမဲ့စေဖို့ဆုတောင်းပြီး ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။

(အထက်မှာဖော်ပြခဲ့တဲ့ မိရိုးဖလာအရ ကိုးကွယ်တဲ့ ကုလ ဗုဒ္ဓဘသာ၊ လာဘ် လိုခြင်လို့ကိုးကွယ်တဲ့ လာဘ ဗုဒ္ဓဘာသာ၊ ကြောက်လို့ကိုးကွယ်တဲ့ ဘယ ဗုဒ္ဓဘာသာ၊ ထို(၃)မျိုးကတော့ အနိမ့်စား ဗုဒ္ဓဘာသာတွေဖြစ်ပြီး။ အောက်တွင်ဖော်ပြသော ဗုဒ္ဓဘာသာ(၂)မျိုးမှာ အထက်တန်း ဗုဒ္ဓဘာသာများဖြစ်ကြပါသည်။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ

သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။ သဒ္ဒါတရားဆို တာယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာကို တကယ်သက်ဝင်ယုံကြည်ပြီး လေးနက်စွာ ပူဇော်ဆည်းကပ်တဲ့သူကို သဒ္ဒါဓိက ဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။
ဗုဒ္ဓံ ပူဇေမိ.......ဓမ္မံ ပူဇေမိ........သံဃံ ပူဇေမိ ဆိုပြီး ဘုရား၊တရား၊သံဃာ တို့ကိုယုံကြည်မြတ်နိုးစွာပူဇော်ဖြင်းကိုခေါ်တာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ

သစ္စာတရားလေးပါးကို သေချာသိတဲ့ ဗုဒ္ဓဘာသာဝင်ကို ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာဟာ သစ္စာတစ်ရားလေးပါးကို သိမြင်ပြီး ဘုရားဟောကြားတော်မူခဲ့သောတရားဒေသနာ တော်များနှင့်အညီကျင့်ကြံနေထိုင်ပြီး သူတစ်ပါးတိုက်တွန်းချက်မပါဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် သဒ္ဒါတရား သုံးပါးပြည့်စုံစွာဖြင့် စိတ်အားထက်သန်စွာလှုဒါန်း ပေးကမ်းသောသူကို ပညာဓိက ဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။

ဗုဒ္ဓ ၏ အံ့သြဖွယ် မိန့်ခွန်းတော်

“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာအယူဝါဒထူထောင်ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊မပြုလုပ်နိုင်သော“ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်”ကို ရဲဝံ့ပြတ်သားစွာဟောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၊ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကို ဟောကြားသော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူ တစ်ဦးထံသို့ ဗုဒ္ဓ၏လက်ဆောင်လမ်းညွှန်ချက်” တရားတို့ပင်ဖြစ်သည်။ ဤသုတ္တန်တ ရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင်မှုန်ဝါးနေသူကို အလင်း ရောင်ခြည်ရစေသော“မီးရှုးတန်ဆောင်ပမာ”ဖြစ်ပါသည်။

ဘာသာရေး ထုံးတမ်းစဉ်လာကြားတွင် တွေဝေငေးမော နေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင်အောင် လမ်းဖွင့်ပေးလိုက်သော ကြည်လင်ချိုမြသည့်“ဓမ္မခေါင်းလောင်းသံ”လည်း ဖြစ်ပေသည်။ ဗုဒ္ဓ၏ ထိုမိန့်ဆို ချက်မှာ -

“အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊ သင်တို့သည် လက်ခံကျင့် သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။

(၁) ဤတရားတော်သည်မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြားသိမှတ်လာခဲ့တာပဲလို့ “ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက် ပါနဲ့ဦး။

(၂) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ” ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။

(၃) လူအများကပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည်ကျော်ကြားရုံ” နဲ့မစုံစမ်းမဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။

(၄) “ရှေးဟောင်းစာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။

(၅) မိမိဥာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ်လိုက်ပါနဲ့ဦး။

(၆) အဲဒီတရားအယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့ “နည်းနာနိဿယ”တွေ၊ အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။

(၇) မိမိဘာသာ “တွေးခေါ်ကြံစီဆင်ခြင်ပြီး” ဟုတ်လှပြီလို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲမှန်လှပြီလို့ မယူဆလိုက်ပါနဲ့ဦး။

(၈) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစားတွေးတောထားတာတွေနဲ့ “တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲလို့ လက်မခံလိုက်ပါနဲ့ဦး။

(၉) အများက “လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့စကားပဲ ဆို ပြီးတော့လည်းမဆင်မခြင်ပဲ မယုံကြည်လိုက်ပါနဲ့ဦး။

(၁၀) ငါတို့ ရင်းနှီးကျွမ်းဝင်ချစ်ခင်တဲ့“ငါတို့ဆရာသမား” ပြောကြားတဲ့စကားပဲ ဆိုပြီတော့လည်း အပြီးသတ် လက်ခံယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။

“ကာလာမ လူမျိုးတို့……
သင်၏ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…..
ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား..အကျိုးမဲ့အပြစ်ကိုသာဖြစ်စေသောတရားတို့တည်း။
ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်းမဟုတ်သောတရားတို့ပေတည်း……ဟု

ရှောင်ရှားပယ်စွန့်သင့်သည်တို့ကိုစွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူးအမှန် တကယ်ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ….ဟုပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။

“ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်…
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲသို့ကျရောက်စေရမည်။” ........…ဟုခြိမ်းခြောက်ဟောပြော၍လူစုနေချိန်တွင်……”

“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။ ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ ….သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး..တရားဓမ္မကို ဦးစွာ ကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ”…...........ဟု..ဟောကြားရဲခြင်းသည်။

ဓမ္မ၏မြင့်မြတ်မှန်ကန်သော..ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိဘာသာအယူဝါဒမျိုးစုံတို့အတွက် “အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။

ကျမ်းကိုး- I.D.F မှထုတ်ဝေသည့်“-“ဓမ္မရသ စာစုများ”အမှတ်(၂)၊(စာ-၁၄)

ကျွန်တော်တို့ရဲ ဗုဒ္ဓဘုရားရှင်ဟာ အတုမရှိသော ကောင်းမြတ်တဲ့အဆုံး အမတွေပေးဝေကာ မြင့်မြတ်တဲ့ လမ်းပြသူပါ။

ခင်ပွန်းကြီး (၁၀)ပါး

{ ခင်ပွန်းကြီး (၁၀)ပါး ကန်တော့နည်း }
======================

ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင်-

၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးအပေါ်၌

၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ် ကြီးတို့အပေါ်၌

၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌

၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌

၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့်အပေါ်၌

၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတက်သော ဆရာသမားတို့်၏အပေါ်၌

၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့ အပေါ်၌

၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မ တို့ကို ဟောပြောပြသဆုံးမ တက်သော ဆရာသမားတို့ အပေါ်၌

၁၀။ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏ အပေါ်၌ ကာယကံ၊ ၀စိကံ၊ မနောကံ သုံး ပါးသောကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါ စေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား….။
 
{ ခင်ပွန်းကြီး (၁၀)ပါးအား ပြစ်မှားသူတို့ကြုံတွေ့ရမည့် ဒဏ် (၁၀)ပါး }
=======================================

၁။ ပြင်းထန်သော ဦးခေါင်းနာစသည် ဝေဒနာများဖြစ်ခြင်း

၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း

၃။ လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း

၎။ ကုသ၍မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း

၅။ ရူးသွပ်ခြင်း၊ စိတ်မတည် မငြိမ်ဖြစ်ခြင်း

၆။ မင်းပြစ်မင်းဒဏ်ခံရခြင်း

၇။ မတရားသဖြင့်စွပ်စွဲခံရခြင်း

၈။ ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းမရရှိခြင်း

၉။ စည်းစိမ်ဥစ္စာ အခြွေအရံများပျက်စီးခြင်း

၁၀။ နေရာတိုက်အိမ် မီးလောင်ပျက်စီးခြင်း

ပစ္စုပ္ပန်ဘ၀၌ ထိုဒဏ် ၁၀ ပါး သင့်မည့်အပြင် သေလွန်သော အခါ၌လည်း အပါယ်ငရဲသို့ ကျရောက်နိုင်ပါသည်။
 
{ ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ခြင်းအကျိုး }
=======================

၁။ အစားအစာမရှားပါးခြင်း

၂။ ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း

၃။ ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း

၎။ လူချစ်လူခင်ပေါများခြင်း

၅။ ပရိသတ်အလယ်၌ တင့်တယ်စွာနေနိုင်ခြင်း

၆။ ကောင်းသတင်းဂုဏ် ကျော်စောခြင်း

၇။ အခြွေအရံများခြင်း

၈။ စီးပွားဥစ္စာ ဖွံဖြိုးတိုးတက်ခြင်း

၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း

၁၀။ သားကောင်း သမီးကောင်းရရှိနိုင်ခြင်း

ဤသို့ရိုခိုးပူဇော်ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီး လျှင်မြန်စွာဖြင့် ဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ၀င်နိုင်သောကိုယ် ဖြစ်ရ ပါစေသား အရှင်ဘုရား။ လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျှင်မြန်စွာ ပြည့်စုံ၍၊ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား……

ကြက်ဥစားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်

ကြက်ဥ တစ်နေ့တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥအား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။

အာဟာရဗေဒ ပညာရှင်တို့က...လည်း ကြက်ဥသည် အာဟာရ ပါဝင်မှု အများဆုံး အစားအစာများ ထဲမှ တစ်ခု ဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု အကြံပြု တိုက်တွန်းခဲ့ကြသည်။

သုတေသန ပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါးသော်လည်း ပရိုတင်းဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နို အက်စစ်ဓာတ်သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ် လူရွယ်များ အတွက် မရှိမဖြစ် အရေး ပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။

ကြက်ဥတွင် ပါဝင်သော အင်တီအောက်ဆီးဒင့်ဓာတ် ပမာဏမှာ မြင့်မားလှပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှောင်ကြဉ်သူများအနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုး ကျေးဇူးကို ခံစားရဖွယ်ရှိသည် ဟုဆိုသည်။

ကြက်ဥနှင့် ပတ်သက်၍ အရေးပါသော တွေ့ရှိမှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့် ပတ်သက်၍ အရေးပါသော ဓာတ်စာအရင်း အမြစ်တစ်ခု ဖြစ်သည်ဟု သုတေသန ပညာရှင်တို့က အစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

နေ့ ဘင်လာဒင်၊ ည ဗိုလ်နေ၀င်း

တို့ဘ၀ရဲ့ နေ့နဲ့ညတွေကို

ကောလာဟလတွေက ခွစီး

ကမ္ဘာကြီး ပျက်တော့မယောင်

ကောင်းတော့မယောင်နဲ့

ခေါင်းထောင်လာသမျှ နှိမ်နင်း

ရုန်းရင်းဆန်ခတ် ဖန်တီးနေကြတယ်။

နေ့ ဘင်လာဒင်၊ ည ဗိုလ်နေ၀င်း

သတင်းတွေအမျိုးမျိုးက

တီးတိုး တီးတိုး

အိပ်ရာက နိုးကြတယ်။

တယ်လီဖုန်းနဲ့ အင်တာနက်မှာ

သတင်းမှန်လိုက်ရှာနေလို့

နေ့သာကုန်

ဘယ်ပုံခရီးပေါက်မှာတုန်း။

ကောလာဟလ သတင်းပုပ်တွေနဲ့

ထမင်းလုပ်ပြီး မိုးချုပ်နေရတဲ့ဘဝ

စိတ်ချလုံခြုံပါ့မလားကွယ်။

မျက်စိမှားရင် စားမယ်ဆိုတဲ့

လောင်းကစားသမားတွေ အကွက်ဖန်တဲ့

မနက်ဖြန်ကို

တရွက်လှန် တရက်မော

ကိုကြက်တောရဲ့ ဘ၀ခရီး

ဒီလိုနဲ့ ပြီးတမ်းလား။

အဆံချောင်စကားလုံးတွေနဲ့

အချိန်ဖြုန်းနေတဲ့ လူစားတွေ

အကွက်တွေ ခဏခဏမှားလို့

လုံးပါးပါး ကုန်ရော့မယ်။

ပွဲလှန့်တဲ့

လောင်းကစားသမားကြောင့်

တို့မျက်စိမမှားစေနဲ့

သတိထားဖို့အရေး

တောင်ငေး မြောက်ငေး မငေးနဲ့။

ကိုယ့်လမ်းကိုယ် မှန်မှန်လျှောက်

ပြူတင်းပေါက် အမြဲဖွင့်

အဆင်သင့် နိုးကြားနေပါစေ။” …

(တင်မိုး)

Tuesday, October 15, 2013

ပြည်သူတွေကိုဒုက္ခပေးသူဘယ်သူလဲ

အာညောင်းအောင်ပြော
မောကြောဆိုက်အောင်ဝေဖန်
အန်ချင်လောက်အောင်အပြစ်တင်...
သတ်ပစ်ချင်လောက်အောင်ကြိမ်းမောင်း
မသာလောင်းလို့ပဲ ဆဲဆဲ
သရဲပြိတ္တာ မိစ္ဆာလို့ပဲနှိုင်းနှိုင်း
နားထိုင်းမျက်စိကန်းသလို
လှမ်းလဲမမြင် နားထဲလဲ မ၀င်
လူစင်စစ်က ဘီလူးဖြစ်
ညစ်ပေါင်းတရာ
ယုတ်မာမှုပေါင်းတသောင်းနဲ့
ပြည်သူအပေါင်းကို ဒုက္ခပေးနေသူ
ဘယ်သူပါလဲ..နာမည်မပြောပဲ
မနောက သိနေကြတယ်နော်…။

လူတိုင်းစိတ်ထဲ မပြောပဲသိနိုင်သူဆိုတော့
လူတောမှာ လူချောမလုပ်နိုင်ပဲ
အပါယ်ငရဲမှာ ခိုင်ခိုင်မာမာနဲ့
ကြာကြာမင်းလုပ် အုပ်ချုပ်မယ့်
အယုတ်တမာတွေရဲ့ဗိုလ်မင်း
အဖျင်းသကာ့အဖျင်းတွေရဲ့ဗိုလ်ချုပ်
အ၀ီစိငရဲတွင်းမှာ ပလုံစိငုံ့ပြီး
လူယုတ်မာကြီးသာ ဖြစ်ချေလိမ့်….။

တက္ကသိုလ်ဘုန်းကြွယ်(အောက်တိုဘာ ၁၄ ၁၃)
 
 

Monday, October 14, 2013

လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်

၁။ အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ်ကို မိမိ လိမ်လည် နေ ခြင်းဖြစ်သည်။

၎။ အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။
...
၅။ အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျ ဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အား ငယ်မှု ဖြစ်သည်။

၈။ အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ် သည်။

၉။ အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။်ကိုယ်ပိုင်အနာဂတ် မျှော်လင့် ချက်ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်း မွန်ခြင်းဖြစ်သည်။

၁၁။ အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေး သံသရာဖြစ်သည်။

၁၂။ အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံနိုင်စွမ်းရှိသော စိတ်ဓာတ် ဖြစ်သည်။

၁၃။ အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။

၁၄။ အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

( ဗုဒ္ဓ စာပေ...မှ )

ပျက်စီးခြင်းသို့ရောက်မည့်သူ ၃-ဦး

လောကမှ ပျက်စီးခြင်းသို့ လျှောကျတတ်သူ -

၁။ မကောင်းသော မိတ်ဆွေခင်ပွန်း ရှိသူ၊


၂။ မကောင်းသော အပေါင်း,အဖော်ရှိသူ၊
...
၃။ မကောင်းသော အလေ့အကျင့်ကျက်စားရာ ရှိသူ၊

ဤလောကမှ လည်းကောင်း၊ တမလွန်လောကမှ လည်းကောင်း
နှစ်ပါးစုံသော လောကမှ ပျက်စီးခြင်းသို့ လျှောကျတတ်၏။

- ( သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။ )

မတိုင်ပင်အပ်သူ (၈) ဦး

၁။ ရာဂလွန်သူ = ပျော်ပါးမှု၌သာ စိတ်ထက်သန်သူဖြစ်၍ အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၂။ စိတ်ခက်ထန်သူ = ယဉ်ကျေးချေငံမှု မရှိသဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၃။ တွေဝေထိုင်းမှိုင်းသူ = ကောင်းဆိုးမှား/မှန်ကို မသိတတ်၍ အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၎။ ထောင်လွှားတက်ကြွသူ = အညီအညွတ် အပြေအပြစ် မရှိသဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။
...
၅။ လိုချင်တပ်မက်ရှိသူ = မိမိအခွင့်အရေးကိုသာ ရှေးရှုလွန်းသဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၆။ ပျင်းရိသူ = နိုးကြားထက်သန်မှု မရှိသဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၇။ မိမိတစ်ဦးတည်းသာ ကြံစည်တတ်သောသူ = အသိအမြင် မကျယ်ပြန့်သဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၈။ မိုက်မဲသောသူ = ထောက်ထား ဆင်ခြင်တတ်သူ မဟုတ်သဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

မှ...တစ်ပါး

မမြင် ဝေးပေမယ့်
ရင်ဆွေးအောင် တမ်းတ
(...မိငယ်ရေ...)
လွမ်းလှပေါ့ကွယ်...။

ချောင်(ဂျောင်)ကွယ်ပုန်းပေမယ့်
မြင်တုန်းလေ ဟိုအတိတ်
(...မိငယ်ရေ...)...
စိုးထိတ်လှတယ်...။

တိုးတိတ်,တ ပေမယ့်
ရှေ့ဘ၀ အကြောင်းကံ
ဝေးစေဖန် နယ်ခြားသမို့
(...မိငယ်ရေ...)
အားငယ်သားကွယ်...။

ကြားစေရည်မေတ္တာပါးပေမယ့်
သိပါ့မလား စိုးစိတ်ရည်
ရင်ကိုချည် ဖိထားသမို့
(...မိငယ်ရေ...)
လွမ်းအားပိုဖွယ်...။

သတိတရ များပေမယ့်
သိပါ့မလား စိုးထိတ်တွေး
ရှိပါ့မလား ကိုယ့်,အရေးငဲ့
ရင်လးဖွယ့် အချေရယ်မို့
(...မိငယ်ရေ...)
တိုးတိတ်ဆွေးတယ်...။

ကြား...ကြားစေကွယ်
စကားဆိုဖွယ် မရှိငြားမို့
(...မိငယ်ရေ...)
ထား...ထားသလိုကွယ်
.............. မှတစ်ပါး
အခြားမရှိတယ်...။

********************
ချစ်လွမ်းဝေ(ရွှေမျှောင်)

ဖခင်တစ်ယောက်ရဲ့ ဘဝ နှင့် ဆန္ဒ

သားရေ
သားလိုအရွယ်အဖေ့ငယ်ဘဝ
ချပြရရင် မယ်မယ်ရရ ဘာမှမရှိပါဘူးကွာ
ပတ်ဝန်းကျင်က အညတရ
မိဘတွေက ဆင်းရဲလှ
အဖေ့ကိုယ်၌က ထုံအအ
အဲဒီလိုနဲ့ လူ့ဘဝကို...
ပုပ္ပါးတောင်ခြေ ကျောက်ပန်းတောင်းဆိုတဲ့
နယ်မြို့လေးက စခဲ့ ။

ခေတ်စနစ်ဆိုးကြီးထဲလူဖြစ်ခဲ့ရတဲ့
ကလေးတစ်ယောက်ဘဝမှာ
အတွေးတွေက ဒွိဟ
ရည်မှန်းချက်က မှုံပြပြ
ပိုင်ဆိုင်တာက သုည
နေရတာက မပြည့်မစုံဘဝနဲ့ပေါ့။

" စားဝတ်နေ "အရေးသုံးပါးနဲ့
လုံးထွေးပြေးလွှားရုန်းကန်နေတဲ့အဖေ့မိဘ
သားကိုကျောင်းထားတာ
ဆရာဝန်ဖြစ်ဖို့
အင်ဂျင်နီယာဖြစ်ဖို့
အဲလို ရည်ရွယ်ချက်ကြီးကြီးမထား
အစဉ်အလာနဲ့ဝတ္တရား
မပျက်ပြားရအောင်ဆိုပြီထားခဲ့တာပါ ။

မှုံတေတေ အဖေ့ကျောင်းသားဘဝ
မပြည့်စုံမှုတွေက စခဲ့
ကျောက်သင်ပုန်း၊ ကျောက်တံ
ဗလာစာအုပ် နဲ့ ခဲတံ
ဘာသာရပ်လိုက်အစုံအစိ မရှိ
သင်္ချာကုန်တဲ့အခါ
မြန်မာစာမှာပေါင်းရေး
အင်္ဂလိပ်စာအုပ်နောက်ဖက်မှ လှမ်ရေးရင်း
စာအုပ်သစ်လေးရဖို့ စောင့်ခဲ့ရ
ယ္ခုသားမှာလို တပွေ့တပိုက်ကြီးမရှိတဲ့ဘဝပါ။

ညရောက်ပြီလားဆိုရင်
ရေနံဆီမီခွက်က အလင်းရောင်နဲ့
ပြူးပြဲနေအောင် မျက်လုံးဖြဲ
အသံဗြဲကြီးနဲ့ စာကျက်ခဲ့ရ
လျှပ်စစ်မီဆိုဝေလာဝေး
ဘတ္ထရီအိုးနဲ့မီသီးလေးတောင်မရှိ
ပြန်တွေးကြည့်ရင်
ရေနံဆီမီခွက်နဲ့ ဟောဒီအဖေ
လင်ကွန်းရဲ့ ငယ်ဘဝထက်တောင်သာလေမလား?
သိုသော်....သမ္မတလင်ကွန်းလောက်တော့
ဒီအဖေ မတော်၊ မထူးချွန်ခဲ့ပါ ။

ထုံပေပေ အဖေ့သဏ္ဌာန်
ဂုဏ်ရွှေငွေ မရှိမှန်လည်း
မာနနဲ့ဇွဲမှာ အတန်းထဲ ပထမစွဲခဲ့
သူဌေးသားတွေလိုမဝတ်နိုင်
သူတို့လို မစားနိုင်
ကျောင်းစာတော့ပြိုင်ခဲ့
အဆင့်ကိုကြည့် အတန်းထဲ တစ်နှစ်သုံးမှာရှိခဲ့ ။

မဆလခေတ်ပျက်
လမ်းစဉ်လူငယ်လဲဖြစ်ခဲ့
ဘောလုံးကန်၊ခြင်းခတ်၊စစ်တိုက်တမ်းဆော့
လှုပ်လှုပ်ရှားရှား အားကစား
ကာယအချိန်များမှာ ပျော်ခဲ့ ။

ကျောင်းနဲ့လမ်းစဉ်လူငယ်မှာ
နို့ဆီနဲ့သကြား၊ဘီစကစ်များပေးပလားဆို
အပြေးအလွားတန်းစီထုတ်
ခြေကုန်သုတ် အိမ်အပြန်
အကြိုက်နှံကာ စားခဲ့
ထိုစကားများ သားပြန်ကြားတော့
ထူးဆန်းထွေလာ အံဖွယ်ကမ္ဘာပေါ့။

အဖေ့အတွက်ကျောင်းဝတ်စုံ
အပြေးအလွှားကြည့်ပါမှ သုံးစုံတည်း
တထွန်နဲ့မာစရိုက် ကျောင်းဝတ်စုံ
အဖေ့အတွက်တော့သုံးမကုန်တဲ့ပဒေသာပင်
ဝတ်စရာတွေတစ်ပုံတစ်ပင် အပြည့်
သားပိုင်တဲ့ဗီဒိုကြီးတစ်လုံးနဲ့ယှဉ်ကြည့်တော့
မိုး နဲ့ မြေကြီး ။

ငယ်စဉ်အဖေ့ဘဝ
အကောင်းဆုံးအစားအစာ
ကြံသကာ နဲ့ ကပ်စေးနှဲ
တစ်နှစ်တစ်ခါမှမြင်ရတဲ့ "ရှားမီချိုချင်"
အဖိုးချိုပြန် ရေခဲချောင်းဆယ်ပြားတန်
ဓါးလှီးတဲ့ရေခဲချောင်းဆို အဖေ့တွက်မလို (မစားနိုင်လို့)
ထိပ်မှာပဲပါရေခဲချောင်း အဖေနဲ့လုံးဝမပေါင်း (ပိုက်ဆံမရှိလို့)
ခါးပိုက်ထောင်ထဲက ပဲကြီးလှော်
ထန်းလျက်နဲ့ တွဲစော်
အဖေ့အတွက် မဟာပွဲတော်
သားရဲ့လက်မှာ စားဖို့ အမြဲဆုပ်
နိုင်ငံခြားလုပ် မုန့်ပုံးနဲ့ချောကလက်
အဖေ့ငယ်ဘဝမှာ တပ်မက်ခဲ့ဘူးတယ် ။

တေဇ၊ရွှေသွေး၊မိုးသောက်ပန်းနဲ့စာစောင်တွေ
အဖေ့ဝယ်ကိုယ်ပိုင်မရှိ
ကိုယ်စီကိုသူမလာ
ကိုယ်ကသူ့စီသွားခဲ့တယ်(သူငယ်ချင်းထံမှငှါး)
ဦးပေါ်ဦးနဲ့သိခဲ့
စကားတောင်စားနဲ့ သိခဲ့
မင်းသုဝဏ်နဲ့ သိခဲ
အောင်ဆန်းနဲ့ သိခဲ့
သိုသော်.....အဖေနဲ့သိတဲ့သူ နည်းခဲ့
သိသင့်တဲ့လူတွေနဲ့ အလှမ်းဝေးခဲ့
သားကတောလူတွေအားလုံးနဲ့သိရမယ်။

ခေတ်ပညာမတတ်ရှာတဲ့ အဖေ့မိဘ
စာအုပ်စာပေနဲ့အလွန်ဝေး
သားရဲ့အဘ အဖေ့အဖေ
ဘာကြောင့်ခေတ်ပညာမတတ်
သားရဲ့အဘ ကိုးနှစ်သားသူ့အဖေဆုံး
သားလိုအရွယ် အဘမှာအဖေမရှိ
လေးတန်းနဲ့ကျောင်းထွက်
ရိုးအတဲ့မိခင်နဲ့သူ့ညီကို လုပ်ကိုင်ကျွေးခဲ့
ခေတ်ပညာမတတ် ဘုန်းကြီးစာတတ်တယ်
ဘာသာရေးစာတော်တော်ရောက်ခဲ့
ဟောဒီ့သားအဖေ ဘွဲရခဲ့
ပါဠိစာပေဘာမှမသိ ငါဆိုတဲ့ဘဝင်ပဲရှိ
လောကသဘော ပြီးပြည်စုံတယ်မရှိ
အေဘီစီ အစအဆုံးမသိတဲ့ အဖေ့အဖေ
နိုင်ငံခြားမှာနှစ်ကြာစွာနေပြီးငွေရှာဖူးတယ် ။

အဖေနဲ့ သားရဲ့အဘ အတူနေရတာနည်းခဲ့
အဖေ့အဖေဟာ မိသားစုဘဝပန်းတိုင်ရောက်ဖို့
သံလက်ကိုင်ပြီး ချီတက်ခဲ့
သူ့သားရဲ့ဘဝပုံပေါ်လှပဖို့
အဲဒီ့သံလက်နဲ့ ပန်းပုထုခဲ့
တစ်သက်စာစကားတစ်ခွန်းနဲ့ဆုံးမ
"လူပီသဖို့ ရိုးသားမှုရှိရမယ်"
အဲ့ဒီအချိန်က အဖေ နားမလည်ခဲ့
လူပီသတာ၊ ရိုးသားတာ ဘာမှမသိ
ယ္ခုသားကိုပြောပြမယ်
ရိုးသားဖို့ သီလရှိရ
သီလခိုင်မြဲဖို့ ယုံကြည်မှုရှိရ
သီလ၊ယုံကြည်မှုကို သတိနဲ့ထိန်းရ
ဒီသုံးချက်ပြည်စုံမှ ရိုးသားမှုဂုဏ်မြောက်
ဒီသုံးချက်က ဝါးသုံးချောင်းထိပ်ဆိုင်ထောင်
အောက်ခြေကားထာပုံနဲ့တူ
ဝါးတစ်လုံးလဲ ကျန်ဝါးတွေပါပြို
ပါးစပ်ကျယ်နိုင်သလောက် အလုပ်ခက်တယ် ။

မပြည်စုံမှုနဲ့ အဖေ့ငယ်ဘဝ
ရိုးသားမှုတွေ ချမ်းသာခဲ့
အဲ့ဒီချမ်းသာတဲ့ ရိုးသားမှုက အားလုံးကိုနိုင်ခဲ့
တွေ့ကြုံခဲ့အကျိုးတွေကို ဒါငါ့ဘဝလိုလက်ခံခဲ့
လောကသဘော
အမြဲ မဆိုး/မကောင်း ၊ မမှောင်/မလင်း
ဒါသူ့အဆင်းနိယာမ
သိပါမှ လူပီသစွာနေနိုင်တယ် ။

အဖေ့ငယ်ဘဝ သံလက်နဲ့ပုံထုခံခဲ့ရ
အခုသားဘဝ ဒီဖေပေးတဲ့လူပီသမှုနဲ့စပါ။

ငယ်ဘဝက ဇွဲ၊သတ္တိနဲ့ ရုန်းထခဲ့တဲ့ဒီအဖေ
သားကိုအမြင့်ရောက်အောင်ထမ်းတင်ဖို့
ဒူးတစ်ဖက်လှေကားလိုထောက်ထိုင်
ရင်ကိုမော့ ပခုံးကိုအသင့်ပြင်
သားတက်အလာလမ်းစောင့်
အားကို နိုင်အောင်စု
ခါးကို သန်အောင်ပြုမို့
အဖေ့ပခုံးပေါ်ခုတက်လိုက်ပါသားငယ်။ ။

ကျော်မိုး ( စကားဝါမြေ )

ဗေဒါလမ်းကဗျာများ

မြစ်တန်းမှာတဲ့လေကြမ်းစဉ်
ထန်လိုက်လေ လေမုန်တိုင်း၊
လှိုင်းကဘောင်ဘင်
တစ် လှိုင်းထွက်တစ်လှိုင်းဝင်၊
ဗေဒါခင်ဖြစ်နဲ
စိုးရွံ့မှာပဲ။

မြစ်ရိုးမှာတဲ့မိုးသက်ဆင်...
လျှပ်ကြိုးပျံမိုးသံထစ်၊မိုးစစ်ဘုရင်
မိုးညစ်လို့မြစ်မမြင်၊ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွနဲ့
မိုးသက်လေရေတစ်ရိုးမှာ စိုးရွံ့မှာပဲ။

စိုးမရွံ့တွန့်မတုန်
မိုးနှင့်လေ ရေရှုပ်ထွေး။ရွေးမှမဖြုံ
ဆန်လိုက်ပြန်တုံစုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင်သည်မြစ်ထဲရဲခဲ့သည် ပါ။

(ဇော်ဂျီ)

အချိုမှုန့် ဆိုတာ ဘာလဲ

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တ...ဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား.?

ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။

ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း

(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တ...ဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

မြတ်ဗုဒ္ဓအလင်း
Credit.... အင်းလေးမီဒီယာSee more



ရေနဲငါး

အမေ....
မွေးရုံသက်သက်ဘဲလား အမေ
မတူကြတဲ့လောက လူ့သဘာဝ...
ဆင်းရဲနွမ်းပါး ဘဝမခြားသ၍
အမေ့ကိုတွေ့ချင်သေးတယ်အမေ။

အဖေနဲ့မှားခဲ့တဲ့အမေ
ကျွန်တော့်ကို သန္ဓေတည်မှ
အမေနောင်တရတော့တယ်ပေါ့။

အမေချစ်တဲ့အမေ့လူကြီး(အဖေ)ဟာ
ဘယ်သူဘယ်ဝှါဆိုတာ
ကျွန်တော် မသိလိုတော့ပါဘူး။

မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတဲ့
ပရဟိတ ကျောင်းလေးထဲမှာ
ဘဝတူသူငယ်ချင်းများနဲ့
သားနေတတ်နေပါပြီ အမေ။

သားကိုထားခဲ့ပြီး ပြန်လှည့်သွားတဲ့
အမေ့ရဲ့ကျောပြင်ကို
မျက်ရည်စတွေကြားက
အမေဆိုတာ မသိတသိ
ကြည့်မိခဲ့ဘူးတယ် အမေ။

အမှတ်သညာသေးတဲ့ ဥမမယ်သား
ဘဝခါးမှန်းလည်း မသိ
ချိုမှန်းလည်း မသိခဲ့။

မေတ္တာတရားတွေသာ ရှိပြီး
နို့ချိုရည် မရှိတဲ့ သူတချို့က
ရင်ဝယ်ပိုက်ပြီး အမေ့နေရာယူ
အမေပစ်ခဲ့တဲ့သား ရေနဲငါးကို
ဂရုဏာလက်တွေနဲ့ကြိုဆိုထွေးပွေ့
ရင်ခွင်နွေးနွေးမှာ....
ငြိမ်းအေးစေခဲ့ပါတယ်...အမေ။

နို့သီးခေါင်းအတုနဲ့ နို့ချိုရည်
အမေ့ကိုယ်စား အားဖြစ်
မမြင်ဘူးတဲ့ မျက်နှာ
မတွေ့ဘူးတဲ့ လက်နဲ့
ထွေးပွေ့ထားတဲ့ သူတွေကို
အမေမြင်လှည့် စေချင်တယ်။

မှားတာ အဖေလား?
မှားတာ အမေလား? မမေးတော့ပါ
ဘဝမခြားသေးတဲ့ ကျွန်တော်
လူဘောင် လူလောကမှာ
မိဘမဲ့ အခေါ်ခံ
မိပစ်ဖပစ် နွံမနစ်တာကိုဘဲ
ကျေနပ်လှပါပြီ အမေ။

မမြင်ဘူးတဲ့ မွေးသမိခင်
မမြင်ဘူးတဲ့ မွေးသဖခင်
ဝဋ်ကြွေးရှိခဲ့ရင်..,
သားကျေအောင်ဆပ်မှာပါ...

တပါးသူရဲ့ ရင်ခွင်
တပါးသူရဲ့ မေတ္တာလက်တွေနဲ့
ထွေးပွေထားတဲ့ အမေ့သားကို
တစ်ခါတစ်ခေါက် ကလေးတော့
လာကြည့်လှည့်ကြပါဦးဗျာ....။

ကိုစိုးမိုး ( ၂/၁၀/၂၀၁၃ )

( ရတနာ အလင်းရောင် )
မိဘမဲ့ ပရဟိတကျောင်း
၅၈လမ်း/စက်မှု(၂ )လမ်းတောင်ဘက်
ပြည်ကြီးတခွန်၊မန္တလေးမြို့။

၀၉/၉၁၀၃၃၂၁၉
၀၉/၂၀၀၀၃၈၃
၀၉/၂၄၆၀၉၆၀။ သို့
ဆက်သွယ်လှူတန်းနိုင်ပါသည်။

နေ့ဆွမ်း။---။၁၂၀၀၀၀/ကျပ်။
ညနေစာ။---။၇၀၀၀၀/ကျပ်။

နို့တိုက်အရွယ်----(၄)ယောက်။
မူကြိုအရွယ်-----(၃၂)ယောက်။
စုစုပေါင်း--------(၂၈၃)ယောက်။.

ကင် ဆာအမြစ်ပြတ်သမြားနီဆေးကြီး

(ခွဲစိတ်ကုသရန် မလိုဘဲ ငွေကြေးအကုန်အကျသက်သာစွာဖြင့် ကိုယ်တိုင်ဖော်စပ်ခဲ့ သည့် လက်တွေ့ အမြစ်ပြတ်ဆေးကောင်းတစ်လက်ဖြစ်ပါသည် )့

ဂန့် ဂေါမှာ တော်တော်နာမည် ရ နေတဲ့ ဆေးစွမ်းကောင်းတစ်ခုပါ ။ တစ်ခြားမြို့ တွေကလည်းမှာယူ... သုံးစွဲနေ ကြပါပြီ ....

ဂန့် ဂေါကိုပြန်ရောက်တော့ ဒီဆေးအ ကြောင်း တော်တော်စိတ်ဝင် စားနေပြီ ......လက် ရှိရောဂါ ဖြစ်နေသူတွေ လက်တွေ့ ပျောက်သွားကြတာကိုး ...ဆရာကြီးဦးမြင့်ကိုနှင့် သွားတွေ့ ပြီး မေးဖြစ်ခဲ့ ပါတယ် ။ ဆရာကြီးဦးမြင့် ကိုရဲ့  ဇနီးဒေါ်ကြံမေ ကိုယ်တိုင် သားအိမ် ကင် ဆာအရှင်းပျောက်သွားလို့  ဒီဆေး ဖြန့် ဖြစ်သွားတာလို့ သိရပါတယ်။လက် ရှိ လက်လှမ်းမှီသ လောက် တော်တော်များများနေရာတွေမှာ ဖြန့် နေပါပြီ ....

အဓိက ပျောက်ကင်းနိုင် တဲ့ရောဂါတွေက တော့

- HIV - AIDS (A) ခုခံအားကျဆင်းသည့် ရောဂါ- သားအိမ်ကင် ဆာ , သားဥပြွန်ကင် ဆာ , ရင် သားကင် ဆာ, သွေးကင် ဆာ(လုံးဝ သွေးသွင်းရန် မလို ), အသည်း , လည်ချောင်း , အဆုတ် , အစာအိမ် စတဲ့ ကင် ဆာရောဂါများကို  ဆေး(၂) လစားလျှင် အမြစ်ပြတ်ပျောက်ကင်းကြောင်း သိခဲ့ရပါတယ် ။ လက် ရှိအသည်းရောင် အသားဝါ "B" ပိုး "C" ပိုးဖြစ်နေသူတွေပါ လက်တွေ့ ပျောက်ကင်းသွားပြီ လို့ သိခွင့်ရခဲ့ပါတယ် ။ ဆရာကြီး ကလည်းသူ့ ဆီ မှာယူသောက်ပြီး ရောဂါ ပျောက်ကင်းသွားသူတွေ ရ့ဲ့ စာရင်းများကိုလည်းပြုစုထားတာ တွေ့ ခဲ့ရပါတယ် ။

ရောဂါပျောက်ကင်းသွားသူတွေ တော်တော်များနေပါပြီ ။ HIV- AIDS (A) ခုခံအားကျဆင်းသူတွေ မှာယူသုံးစွဲပြီး တော်တော်ထူးခြားစွာ တိုးတက်လာကြတာလည်း တွေ့ ခဲ့ရပါတယ် ။

ဆေးစားရန် အညွှန်းမှာ

* ခွဲစိတ်ပြီး ဓာတ်ကင် ထားသောလူနာများ ။ ရောဂါ ဝေဒနာပြင်းထန်စွာ ခံစားနေ သောလူနာများ တစ် ရက်လျှင် (၃) ကြိမ် ။ တစ်ကြိမ်လျှင် (၅) လုံးစားရန်

* သွေးအဖြူ အနီ ဆင်းနေသူများ ။ ဒွါရများမှ သွေးထွက်နေသူများ တစ် ရက်လျှင်(၃) ကြိမ် တစ်ကြိမ်လျှင် (၃) လုံးစားရန်

*အစာစားပြီးတိုင်း ပျို့ အန်ခြင်း ပြန်လှန်ခြင်း စသည့် (အစာအိမ် ကင် ဆာရောဂါ လက္ခဏာ) ဖြစ်နေပါက တစ် ရက်လျှင် (၃) ကြိမ် တစ်ကြိမ်လျှင် (၂) လုံးစားရန်
ရန်ကုန်ဖြန့် ချိရေး တွင် ဖုန်းဆက်မှာယူနိုင်ပါသည်

ဖုန်းနံပါတ် - 09 421001025

Sunday, October 13, 2013

သင့်ကို ဝစေသော အချက်ရှစ်ရပ်

၁။ ဖတ်ရှုလေ့လာနိုင်စွမ်း
အစားအသောက်တွေကို ပုံမှန် စားနေပေမယ့် ကိုယ်အလေးချိန် တက်မလာတဲ့သူတွေ ရှိနေသလို  အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန် မကျသွားတဲ့ သူတွေလည်း ရှိနေပါ လိမ့်မယ်။ ဘာကွာခြားလို့လဲ ဆိုတာ သိချင်နေမှာပါ။ အကြောင်းကတော့ ကိုယ်အလေးချိန် တက်မလာတဲ့သူတွေက အစားအသောက်တွေကို ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထ ရှိပြီး ပါဝင်ပစ္စည်းတွေထဲက ဆောင်ရန် ရှောင်ရန်တွေကိုပါ သိထားလို့ပါ။

၂။ ဆော်ဒါသောက်သော အလေ့အထ
လေ့လာမှုတွေအရ တစ်နေ့မှာ ဆော်ဒါ အချိုရည် နှစ်ခွက်နဲ့ အထက် သောက်ရင် မသောက်တဲ့သူတွေထက် ခါးအတိုင်းအတာ ခြောက်ဆလောက် ပိုတုတ်လာတယ်လို့ သိရပါတယ်။

၃။ အိပ်ရေးပျက်ခြင်း
လေ့လာမှုအသစ်တစ်ရပ်အရ အိပ်ရေးပျက်တဲ့အခါ နောက်တစ်နေ့မှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိတော့ဘဲ အစာကို အလွန်အကျွံ စားချင်တဲ့ ဓာတ်တွေ အထွက်များလာတာကြောင့် အစာ စားသုံးမှု များပြီး ကိုယ်အလေးချိန် များလာရတယ်လို့ သိရပါတယ်။ အိပ်ရေးပျက်တဲ့သူတွေက ကောင်းကောင်း အိပ်ရေးဝသူတွေထက် ကယ်လိုရီ လောင်ကျွမ်းနှုန်း ပိုမို လျော့နည်းတယ်လို့ ရုစဗဲ့ဆေးရုံရဲ့ လေ့လာမှုအရ သိရပါတယ်။

၎။ အခန်း အပူချိန်
ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အခန်း အပူချိန်ကို လျှော့ချလိုက်ပါ။ နွေးထွေးထွေးရှိတဲ့ အိမ်မှာနေရင် ကိုယ်အလေးချိန် တက်လာစေတယ်လို့ အဝလွန်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ ခန္ဓာကိုယ်က အေးနေတဲ့အခါ ကြွက်သားတွေက အပူထုတ်နိုင်ဖို့ ကျုံ့ရတာကြောင့် ကယ်လိုရီကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။

၅။ ဝသော သူငယ်ချင်းများ ရှိခြင်း
နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှုအရ လူတွေမှာ အဝလွန်တဲ့ သူငယ်ချင်းရှိရင် အဝလွန်တာမျိုး ဖြစ်နိုင်ခြေ များတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်ကျော်သူ ၁၂၀၆၇ ဦးကို လေ့လာမှုအရ အဝလွန်သူတွေရဲ့ ရင်းရင်းနှီးနှီး ပေါင်းဖော်လေ့ ရှိသူတွေက အဝလွန်နိုင်ခြေ ၁၇၁ ရာခိုင်နှုန်း ပိုမြင့်လာနိုင်ခြေရှိကြောင်း တွေ့ရှိရပါတယ်။ ဒါက သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ တကယ်လို့ သင်က သွယ်လျပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားသူနဲ့ ပေါင်းဖော်နေရင် သင်ပါ ကိုယ်အလေးချိန် လျော့ကျလာနိုင်ပါတယ်။

၆။ အစာကို အလွန်အမင်း စားခြင်း
တစ်နေ့လုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားနေတာက ကယ်လိုရီအများစုကို လျော့ကျဖို့ လွယ်ကူပါတယ်။ တကယ်လို့ အစာကို တစ်ချိန်တည်းမှာ အများကြီး စားတတ်တဲ့ အလေ့အထရှိရင်တော့ ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။

၇။ အဆိပ်ရှိသော ဓာတုပစ္စည်းများ
ကျန်းမာနေတဲ့ ကိုယ်ခံစွမ်းအားစနစ်က ဝစေတဲ့ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ သင့်အနေနဲ့ အစားအသောက်တွေကို ပလတ်စတစ်ထဲ ထည့်ပြီး စားရင် ပလတ်စတစ်ထဲမှာ phthalate ဆိုတဲ့ ဓာတ် ပါဝင်ကာ အဲဒီဓာတ်ဟာ အဝလွန်စေတဲ့ ဓာတုပစ္စည်းတွေကို ထွက်နှုန်း တိုးစေပါတယ်။

၈။ စိတ်ဖိစီးမှု အဆင့်
နာတာရှည် ဖိစီးမှုခံစားနေရင် သင့်ခန္ဓာကိုယ်ကနေ ကော်တီဆောနဲ့အတူ အင်ဆူလင် ထွက်နှုန်း များစေပါတယ်။ ဒီဓာတ်တွေက အစာစားချင်စိတ်ကို တိုးစေပါတယ်။ အဲဒီအခါ ကယ်လိုရီများတဲ့ အချိုစာနဲ့ အဆီစာတွေကို များများ စားဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာနဲ့ ဖိစီးမှုကို ဖြေဖျောက်ရာက စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် ကိုယ်အလေးချိန်တော့ မြင့်တက်လာပါလိမ့်မယ်။

ကြယ်စင်

သမိုင်းကျမ်းများက ညွှန်းဆိုသော မြန်မာ

စတုထ္တပိုင်း


ခေတ်ပညာတတ် မြန်မာ များ၏ မြန်မာ သမိုင်းကျမ်းများ
၁၉၂၀ ပြည့်နှစ် လောက်က စလို့ မျိုးချစ် စိတ်ဓါတ် ရှိတဲ့ ခေတ်ပညာတတ် မြန်မာ လူငယ် တွေပေါ်ထွန်း လာပါတယ်။ အမျိုးသားစိတ် နိုးကြားတဲ့ အခါ သမယ ကြီးဖြစ်လို့မို့ နိုင်ငံခြားသား အထူး သဖြင့် အင်္ဂလိပ် ရေးတဲ့ မြန်မာ ရာဇ၀င် ကျမ်း တွေမှာ ပါတဲ့ ကလိတိတိ၊ စော်ကား မော်ကား အရေး အသား တွေအပေါ် မခံ မရပ် နိုင်အောင် စိတ်ဆိုး ဒေါသ ထွက်ကြတယ်။
ထွန်းနေ့စဉ် သတင်းစာ အယ်ဒီတာ ဦးထွန်းဖေ ကစလို့ မြန်မာ့ ဇာတိသွေး၊ ဇာတိမာန် ကိုမြှင့်တင် ပေးနိုင်တဲ့ ဇာတ်ကွက် တွေကို အသားပေးပြီး၊ ရှေးမြန်မာ သူရဲကောင်း များရဲ့  စွန့်စားခန်း တွေကို ပေါ်လွင် ထင်ရှား စေတဲ့ ၀တ္တု၊ အထ္ထု ပ္ပတ္တိ၊ ရာဇ၀င် စာအုပ်တွေ ကို ရေးသား ကြပါ လို့တိုက်တွန်း လှုံ့ ဆော် တယ်။
မြန်မာ ရာဇ၀င် ရေးတဲ့ အင်္ဂလိပ် ကိုမကျေနပ် လို့ ပြန်ရေးတယ် လို့ အမှာစာ မှာ ဗြောင်ရေးပြီး ဆရာဖီ၊ မှော်ဘီ ဆရာ သိန်း နဲ့ ဆရာ ဘကျော် တို့ရေး တဲ့ သုသော ဓိတ ရာဇ၀င် ခြောက်တွဲ ထွက်လာတယ်။ ရှည်လွန်း အားကြီး လို့ လူတွေ လက်ထဲ မြန်မြန် နဲ့ များများ မရောက် နိုင်ခဲ့ဘူး။ ဒါနဲ့ပဲ ဆရာ ဦးဘသန်း က ကျောင်းသုံး မြန်မာ ရာဇ၀င် ကိုရေးပြန်တယ်။ အမျိုးသား ပညာဝန် ဦးဖိုးကျား က ခေတ်မှီ ရာဇ၀င် အကျဉ်း နဲ့ မြန်မာ့ ဂုဏ်ရည် ကျမ်း များ ကိုသီကုံး ပြုစုတယ်။ နောက်ပိုင်းမှာ တော့ ဦးအုန်းမောင် ရဲ့  ကျောင်းသုံး မြန်မာ ရာဇ၀င် သစ် သုံးတွဲ ၊ သခင် ကိုယ်တော်မှိုင်း ရဲ့  မှန်နန်း ရာဇ၀င် သစ် ၊ ဦးဖေ ရဲ့  ပုဂံ ရာဇ၀င်၊ ပုဂံ ၀န်ထောက် ဦးတင် ရဲ့ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း လေးတွဲ စတဲ့ သမိုင်းကျမ်း တွေ အပြင် လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး ရဲ့  တပင်ရွှေထီး ၀တ္တု လေးတွဲ၊ သတင်းစာ ဆရာ ဦးသိမ်းမောင် ရဲ့  မြန်မာ့ သူရဲကောင်း လေးဦး (မင်းရဲ ကျော်စွာ၊ ဘုရင့်နောင်၊ ဗန္ဓုလ နဲ့ အလောင်း ဘုရား)၊ ရွှေစကြာ ရဲ့  နာခံတော် စတဲ့ ရာဇ၀င် ၀တ္တု များလည်း ပေါ်ပေါက်ခဲ့ ပါတယ်။
ဒီလို ရေးသား သမျှ ရာဇ၀င် ကျမ်းများ နဲ့ ၀တ္တု များရဲ့  အချုပ် သဘောကတော့ အင်္ဂလိပ် ကသူ့ အုပ်ချုပ်ရေး ကို အမွှန်း တင်ပြီး မြန်မာ ဘုရင် စနစ် ကို တစက် မှ မကောင်း အောင်အပုပ် ချတယ် လို့ယူဆ တဲ့ အတွက် တန်ပြန်လက်နက် အနေနဲ့ မြန်မာ လူစွမ်းကောင်း တွေကို တန်းစီ ဒရိန်းပြ တဲ့ သဘောပါပဲ။ ဆိုခဲ့တဲ့ ဆရာ များက မြန်မာဟေ့ လို့ လက်သီး လက်မောင်းတန်း ပြီး ဟစ်ကြွေးလို့ ရတဲ့ အကွက် ကလေးတွေ ကိုချည်း ရွေးပြီး ဖော်ထုတ် ခဲ့တာကို အပြစ်တင် ဖို့ ပြောတာ မဟုတ်ပါဘူး။ မြန်မာ့ မျိုးချစ်စိတ် ကို အခေါင်အထွတ် ကိုပို့ချင် တဲ့ရည်ရွယ်ချက် နဲ့ ရေးတာ ပါလို့ ဗြောင်ပြော ပြီးသားပဲ၊ ရည်ရွယ် တဲ့ အတိုင်းလည်း အောင်မြင်တာ ကိုတွေ့ ရပါတယ်။ ဒါပေမဲ့ သရုပ်မှန် ကိုခွဲခြမ်း လေ့လာ မြင်သာ အောင် မြန်မာ ဘုရင် လက်ထက် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး ကို မြင်သာ အောင်ဖော်ပြ တဲ့ကျမ်းမျိုး တွေ မဟုတ် တာက တော့သေချာ ပါတယ်။ မျိုးချစ်စိတ် တယူသန် ပြီး “ဘာပဲ ဖြစ်ဖြစ် ဒို့မြန်မာပေါ့” ဆိုပြီး ရေးကြတဲ့ သဘောမျိုး ဖြစ်နေပါတယ်။
ဂျပန် ခေတ်မှာလည်း ပါမောက္ခ ဦးဘညွှန့် ရဲ့  မြန်မာနိုင်ငံ သမိုင်း အခြေပြ ဆိုတဲ့ ကျမ်းပေါ်ဖူးသေးတယ်။ ရောင်ခြည် ဖြာနေတဲ့ စုလစ် မွန်ချွန် ပြာသာဒ် ရှေ့ မှာ ဗမာ၊ ရှမ်း၊ ကရင်၊ ကချင်၊ ချင်းတို့ လက်သီးဆန့် အော်နေပုံ နဲ့ အောက်က တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတဲ့စာတမ်း ထိုးထားတဲ့ မျက်နှာဖုံး ကြီးနဲ့။ အာဏာရှင် သဘောကို ကျောင်းသား တွေက စလို့ လက်ခံအောင် ကျောင်းသုံး ဖြစ်ဖို့ ရေးတဲ့ စာအုပ်ပါ။
ဒုတိယ ကမ္ဘာစစ် အပြီး ဗိုလ်မှူး ဘရှင် ရဲ့  မြန်မာ နိုင်ငံတော် သမိုင်း စာအုပ်၊ ဗန်းမော် တင်အောင် ရဲ့  မြန်မာ နိုင်ငံတော် သမိုင်း စာအုပ်၊ ငါးသိုင်းချောင်း မောင်မောင် ရဲ့  နယ်ချဲ့  မြန်မာ အရေး တော်ပုံ စာအုပ် တွေ ထွက်လာပါတယ်။ ခေတ်ပြောင်း ကာလ မှာ ဇော်ဂျီ ရဲ့  တို့ပြည်ထောင်စု သမိုင်း ပုံပြင်များ ၂ တွဲ၊ ပြည်ထောင်စု သမိုင်း မှတ် တိုင်များ စာအုပ် တွေ၊ ဦးဘဖေ ရဲ့  အလယ်တန်း မြန်မာ့ သမိုင်း အကျဉ်းချုပ်၊ ဦးကွန်း ရဲ့  ခေတ်မှီ အထက်တန်း မြန်မာ ရာဇ၀င် နဲ့ ဒေါက်တာ ကျော်သက် ရဲ့  အထက်တန်း ပြည်ထောင်စု မြန်မာ နိုင်ငံ သမိုင်း စတဲ့ ကျောင်းသုံး စာအုပ်တွေ ဆင့်ကဲ ဆင့်ကဲ ပေါ်ထွန်း လာပါတယ်။ ဒီစာအုပ် တွေရဲ့  အဓိက ရည်ရွယ်ချက် ကတော့ ခေတ်နဲ့ အညီ ပြည်ထောင်စု စိတ်ဓါတ် ကို သွင်းပေးဖို့ ပါပဲ။
အားလုံး ကိုခြုံငုံ ကြည့်လိုက် တော့ မျိုးချစ်စိတ် လှုံ့ဆော်ဖို့၊ လူတန်းစား တိုက်ပွဲ ကိုသရုပ်ဖော်ဖို့၊ ပြည်ထောင်စု စိတ်ဓါတ် ကိုဆွဲဆောင် သွတ်သွင်း ဖို့ ရည်ရွယ်ချက် တွေနဲ့ သမိုင်း ကိုရေးခဲ့ ကြတယ်။ အမှန်တော့ မြန်မာ ရဲ့  ဖြစ်ကြောင်းရယ် ကုန်စင် ကို အပို မပါပဲ အမှန် ကို သုတေသန ပြုပြီး တင်ပြ နိုင်မှ သာ မြန်မာ့ သမိုင်း စစ်စစ် လို့လက်ခံ ရပါမယ်။ အစ မှာ ရိုင်း၊ နောက်ပိုင်း မှာ ယဉ်၊ အောင်မြင် တာလည်း ရှိ၊ နိမ့်ကျ တာလည်း ရှိမှာပေါ့။ ဒါကို အမှန် အတိုင်း မြင်တတ် ရင် သမိုင်း တန်ဖိုး ရှိတာ ပါပဲလေ။
ကိုးကား။
  1. သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။
  2. သိန်းနိုင်၊ ရှာရှာ ဖွေဖွေ မြန်မာ့ သမိုင်း။

ရတနာနတ်မယ်နဲ့ခဏတာ

ရတနာနတ်မယ်
အမည်သာ ကြားဖူးရုံရှိတဲ့ ရတနာနတ်မယ်နဲ့ တွေ့ဆုံဖူးဖို့ဆိုတာ ကျွန်မ တစ်ခါမှ စိတ်မကူးဖူးပါဘူး။ ဖြစ်ချင်တော့ စစချင်း လွဲပုံက ရတနာနတ်မယ်ကို အငြိမ့်မင်းသမီးလို့ ထင်ခဲ့တာပဲ။ လူတော်တော်များများအတွက် ဟားစရာဖြစ်လောက်အောင်ကို ကျွန်မဆိုတဲ့ ကျွန်မကလည်း အလွဲကြီးကို လွဲခဲ့တာပါ။  ကျွန်မ ငယ်ငယ်က အိမ်နားက အဒေါ်ကြီးရဲ့ ထမီကို လှလိုက်တာလို့ ပြောတော့ ဒါ ရတနာနတ်မယ် အဆင်လေတဲ့။ ရတနာနတ်မယ်ဆိုတာ ဘယ်သူတုန်းလို့ ကျွန်မစပ်စုတော့ “သြော် ညည်းနယ်အေ.. ရတနာနတ်မယ်ဆိုတာ မင်းသမီး။ ချောလိုက် လှလိုက်တာလည်း လွန်ပါရော။ စတိုင်လည်း ကျမှကျတဲ့၊ ချောလို့လှလို့။ အဲဒါကြောင့် (ဟိုတစ်ချိန်က) လူကြီးက သူ့ကို ယူလိုက်တာတဲ့”။ ကျွန်မလည်း ဘာမင်းသမီးဆိုတာ မမေးတော့ဘဲ အငြိမ့်မင်းသမီးလို့ရမ်းသမ်းပြီး ပုံဖော်ခဲ့တာ အသက် ၃၀အထိပါပဲ။ ကျွန်မရဲ့ လေ့လာမှုအားနည်းတာရော၊ ကျွန်မတို့လူမျိုးကလည်း ရတနာဆိုတဲ့ နာမယ်ကို အတော်ကြိုက်မို့လား.. ရတနာခင်.. ရတနာမိုင်.. ရတနာပုံ.. ရတနာဘာညာဘာညာတွေအများကြီး ဆိုတော့ ကျွန်မလည်း ရတနာနတ်မယ်ကို ဟိုးတစ်ချိန်က အငြိမ့်မင်းသမီးထင်ခဲ့လိုက်တဲ့အထိ ညံ့ခဲ့မိတယ်။
 
မမျှော်လင့်ပဲ.. ကံကောင်းထောက်မစွာ အီတလီကို ရောက်ဖို့ အကြောင်းဖန်လာတယ်။ ကျွန်မ နေတဲ့ ပါဗီးယားဆိုတဲ့ မြို့လေးမှာ ကျွန်မ တစ်ယောက်ပဲ မြန်မာရှိတယ်။ စုံစမ်းကြည့်ပေမယ့် တခြားမြန်မာကို မတွေ့ရဘူး။ အဲဒါနဲ့ အခြား မြန်မာတွေ အီတလီရဲ့ ဘယ်မှာများ ရှိမလဲလို့ အင်တာနက်ကနေ လိုက်ရှာကြည့်တော့ ရတနာနတ်မယ်ကို သွားတွေ့တယ်။ သူ့အီးမေးလိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဖလောရင့်မှာနေတယ်ဆိုတဲ့အကြောင်းတွေ သိရတယ်။ ဖြစ်ချင်တော့ ဖလောရင့်ကို ပထမတစ်ခေါက် အသိတစ်ယောက်နဲ့ ခဏရောက်ခဲ့ဖူးတာ မကျေနပ်လို့ ဒုတိယ အခေါက်အဖြစ် သွားဖို့လက်မှတ်ဝယ်ထားပြီးသားဆိုတော့ ကြုံတုန်း မြန်မာလူမျိုးအချင်းချင်းမို့ သွားနှုတ်ဆက် မိတ်ဖွဲ့မယ်ဆိုပြီး လက်ဆော့ပြီး အီးမေးရေးလိုက်တယ်။ အန်တီရယ် သမီးက မြန်မာနိုင်ငံကပါ။ သမီးဖလောရင့်ကို လာလည်မလို့ အန်တီရှိရင် အန်တီ့ဆီကို အလည်လာချင်ပါတယ်ဆိုတော့ နှစ်ရက်လောက်နေတော့ စာပြန်လာတယ်  “အန်တီက ရတနာနတ်မယ်ပါ။ လင်းပင် မင်းသားကြီးရဲ့မြေးတော် (ဟိုတစ်ချိန်က)လူကြီးဟောင်းရဲ့ ဇနီးပါ” ဆိုပြီး စာပြန်လာတော့ ကျွန်မမှာ တအံ့တသြဖြစ်ရပါတယ်။ ပဒေသရာဇ်အနွယ် မင်းသမီးတစ်ပါးဆိုတော့လည်း မြင်ဖူး သိကျွမ်းဖူးချင်ပါတယ်။ ကျွန်မက သာမန် အငြိမ့်မင်းသမီးလောက်ပဲ ထင်ထားခဲ့တဲ့ ရတနာနတ်မယ်ကို ကျွန်မရဲ့ ဖလောရင့် ဒုတိယအခေါက်မှာလည်း မတွေ့ခဲ့ရပါဘူး။ ထုံးစံအတိုင်း လွဲတာပဲပေါ့။ သူက ကျွန်မ ရောက်မယ့်နေ့မှာပဲ အခြားအရေးကြီးတဲ့ကိစ္စတွေနဲ့ ရှုပ်နေတာနဲ့ နောက်တစ်ခေါက်လောက် ထပ်လာခဲ့ပါ သမီးရယ်ဆိုပြီး ကျွန်မဆီကို ဖုန်းဆက်တယ်။ ကျွန်မလည်း ကျွန်မ မထင်ထားခဲ့တဲ့ မင်းသမီးတစ်ပါးနဲ့ အသိမိတ်ဆွေဖြစ်ပြီး၊ တွေ့ရမှာ ၀မ်းသာသာနဲ့
“လာမယ်အန်တီ.. တစ်ခေါက် ထပ်ပြန်လာခဲ့ဦးမယ်” လို့ ကတိပေးလိုက်တယ်။ ပြီးတော့ “သမီးက မြန်မာနိုင်ငံကို ခဏပြန်မှာ မြန်မာနိုင်ငံက ပြန်လာမှ ထပ်လာခဲ့မယ်” ဆိုတော့ အန်တီ တစ်ခုလောက် မြန်မာနိုင်ငံကနေမှာချင်တယ်တဲ့၊ ၀ယ်လာခဲ့ပေးမလားတဲ့။ ဘာများပါလိမ့်ဆိုပြီး ရုတ်တရက်ထိတ်သွားမိပြီး မင်းသမီးဆိုတော့ သူ့ကို ပေးရတဲ့ လက်ဆောင်တန်ဖိုးကတော့ နည်းမှာမဟုတ်ဘူး၊ ပိုက်ဆံပြန်တောင်းလို့လည်း မကောင်း၊ ကိုယ်ကလည်း ရှိတဲ့ပိုက်ဆံကို ခြစ်ခြစ်ခြုတ်ခြုတ် သုံးစွဲနေရတဲ့သူဆိုတော့ တွေးရင်း စိတ်မောနေတုန်း သူမှာချင်တာက ငါးပိကြော်ပါတဲ့၊ သိပ်မစပ်ပါနဲ့တဲ့၊ နည်းနည်းတော့စပ်လို့ရပါတယ်တဲ့။ ဒီမှာ ဘယ်မှာမှ ရှာဝယ်လို့မရနိုင်တဲ့ တန်ဖိုးကြီးပစ္စည်းလေလို့ ပြောပါတယ်။ ကျွန်မဖြင့် ဘာတွေများ ထွေထွေထူးထူးမှာမလဲလို့ စဉ်းစားနေတာ သူမှာတာက ငါးပိကြော်တဲ့။ ကိုယ့်ဘာသာ အတွေးချော်ခဲ့မိတာကို စဉ်းစားမိတော့ သူ့ကိုတောင် အားနာသွားမိတယ်။ ပြီးတော့ သူက ပြောသေးတယ်။ “မြန်မာဆိုတာ ဘယ်ပဲရောက်ရောက် ဘယ်လောက်ပဲ အသက်ကြီးကြီး ကိုယ့်ဒေသထွက် အစားအစားလေးကို ပါးစပ်က တောင့်တတတ်ကြတာချည်းပဲ သမီးရယ်” တဲ့။ ကျွန်မလည်း မြန်မာအစားအစာ ငတ်နေတာဆိုတော့ ကိုယ်ချင်းစာသွားတယ်။

အဲဒါနဲ့ပဲ မြန်မာနိုင်ငံက ပြန်လာလာချင်း စနေတနင်္ဂနွေကျောင်းပိတ်ရက် ဖလောရင့်ကို ထပ်သွားဖို့ လက်မှတ်ဖြတ်ရတာပေါ့။ ဖြစ်ချင်တော့ ဖလောရင့်မှာက ဘူတာတွေ အများကြီးရှိတယ်။ အများကြီးထဲမှာမှ ကျွန်မက မြို့အပြင်ဘက်လောက်ကျတဲ့ ဘူတာကို သွားမယ့် ရထားလက်မှတ်ကို အသွားအပြန် ဖြတ်လိုက်မိတယ်။ သွားခါနီး နှစ်ရက်အလိုမှ လက်မှတ်ကို သေချာပြန်ကြည့်၊ ဂူးဂဲမှာ လိုက်ရှာကြည့်တော့မှ သိလိုက်ရတာက အဲဒီကနေ ရတနာနတ်မယ်နေတဲ့ နေရာကို လမ်းလျှောက်ရင် တစ်နာရီလောက် လျှောက်ရမယ်၊ ဘတ်စ်ကားစီးရင်တော့ နာရီဝက်ပဲ။ ဒါပေမယ့် ကားပြောင်းစီးရမှာကို မစီးတတ်၊ သူတို့နဲ့လည်း စကားမပေါက်ဆိုတော့ အဲဒီဘူတာရောက်မှပဲ မီးစင်ကြည့်ကမယ်လို့ စိတ်ဒုန်းဒုန်းချထားလိုက်တယ်။

လေးနာရီကျော် ငါးနာရီနီးပါး ရထားစီးပြီး ဖလောရင့်ကို မနက် (၁၁) နာရီ ကျော်ကျော်မှာ ရောက်တယ်။ မြေပုံကို သေချာထုတ်ကြည့်ပြီး လမ်းစလျှောက်တယ်။ လမ်းမကြီးတစ်ခုရောက်တော့ ဘယ်နဲ့ညာ မှားပြီးချိုးမိလို့ မျက်စိလည်ရော။ ဘယ်သွားရမှန်းမသိဖြစ်နေတုန်း ရတနာနတ်မယ်က ဖုန်းလှမ်းဆက်တယ်။ “သမီးဘယ်မှာလဲ အဆင်ပြေလား” ပေါ့။ ဒီကလည်း ဘာလုပ်ရမယ်မှန်းမသိဖြစ်နေတုန်း အဲ့တော့မှ ၀မ်းသာအားရနဲ့ လမ်းပျောက်နေတဲ့အကြောင်းပြောပြတော့ အန်တီချက်ချင်းလာခေါ်မယ်တဲ့။ ကျွန်မလည်း သူ့ကို စောင့်ရင်း တွေ့ရင် မြန်မာလို လက်အုပ်ချီပြီး ဂါရ၀ပြုရမလား (ကိုယ့်ထက် အသက်ကြီးသူဆိုတော့) ဒါမှမဟုတ် သူက အီတလီနိုင်ငံသားဖြစ်နေပြီဆိုတော့ အီတလီလို နမ်းပြီးပဲ နှုတ်ဆက်ရမလား၊ အင်္ဂလိပ်ထုံးစံလို လက်ဆွဲနှုတ်ဆက်ရမလား.. ဘယ်လိုစနှုတ်ဆက်ရမလဲ စဉ်းစားနေတုန်း ကျွန်မ နာမည်ကို ပီပီသသ ခေါ်တဲ့ အသံကြားလိုက်ရတယ်။ “ငြိမ်း.. ငြိမ်းလား.. သမီးလာလာ.. မြန်မြန်လာ.. အန်တီ ကားကို ဘယ်နားထားရမှန်းမသိလို့၊ ဘတ်စ်ကားပဲ ရပ်ရမယ့်နေရာမှာ ရပ်ထားပစ်ခဲ့ရလို့ မြန်မြန်လာ” တဲ့။ ကျွန်မလည်း အပြေးအလွှားနဲ့ သူ့နောက်ပြေးလိုက်ပြီး ကားပေါ်ခုန်တက်ပေါ့။ ဘတ်စ်ကား ဒရိုင်ဘာက မှတ်တိုင်မှာ ရပ်ထားတဲ့ ကျွန်မတို့ကားကို ဒေါသတကြီး အော်ပြောရင်း ကျန်ရစ်ခဲ့တယ်။ ဘယ်လိုနှုတ်ဆက်မလဲ တွေးထားတာတွေလည်းမေ့ကုန်ရော။ ဘယ်လိုမှကို မနှုတ်ဆက်နိုင်ဘဲ ကားပေါ်ခုန်တက်ရင်း စကားစကြတယ်။ ကျွန်မအကြောင်းတွေမေးတယ်။ လက်ရှိ အီတလီမှာ ဘာဘာသာရပ်သင်ယူနေတာလဲ၊ ဘယ်လောက်နေရမှာလဲ၊ ကျောင်းပြီးရင် ဘာလုပ်မှာလဲ အစရှိတဲ့ သူ့မေးခွန်းတွေကို ဖြေပြီးမှ သူ့အကြောင်းစပြောတယ်။ သူလည်း နောက်တစ်နေ့ သင်တန်းပေးဖို့ကိစ္စတွေ အခြားကိစ္စတွေ ရှိနေတာနဲ့ အားတာမဟုတ်ဘူးတဲ့။ အခု သမီး အဆင်ပြေမယ်ဆိုရင် သူနဲ့အတူ စူပါမားကတ်မှာ ပစ္စည်းဝယ်ဖို့လိုက်ခဲ့ပါတဲ့။

ကျွန်မကတော့ တွေးထားတာပေါ့လေ။ ရတနာနတ်မယ်.. ဗိုလ်ချုပ်ကြီးဟောင်းရဲ့ First Lady မင်းမျိုးမင်းနွယ် မင်းသမီးဟိတ်နဲ့ဟန်နဲ့၊ မာနလည်း ကြီးကြီးပေါ့လေ။ တွေ့တော့မှ ကိုယ့်စိတ်ကူးထဲက ရတနာနတ်မယ်နဲ့ အပြင်နဲ့က တစ်ခြားစီမှ..တစ်ခြားစီ။ ကျွန်မကိုလာခေါ်တာ သူ့ကားကလေးနဲ့ ဘာဟိတ်ဟန်မှမရှိဘူး။ အ၀တ်အစားကလည်း အိမ်နေရင်းအ၀တ်အစားနဲ့ ရိုးရိုးရှင်းရှင်း ဖော်ဖော်ရွေရွေ။ ဒါပေမယ့် မဟုတ်ရင် ခေါင်းငုံ့မခံတတ်တဲ့ စိတ်ဓါတ်ရယ် ထက်ထက်မြက်မြက်၊ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အကျင့်တွေနဲ့ တခါက အငြိမ့်မင်းသမီးလို့ ထင်ခဲ့ဖူးတဲ့ သူ့ကို ငေးကြည့်နေမိခဲ့တယ်။

ဟိုအကြောင်း ဒီအကြောင်းပြောရင်း ရတနာနတ်မယ်က သူ သီလရှင်တစ်ပါး အိုင်ပတ်ဒ် (iPad) နဲ့ ဓါတ်ပုံရိုက်နေတဲ့ ပုံတွေ့လိုက်ရတယ်တဲ့။ သီလရှင်နဲ့ အိုင်ပတ်ဒ်နဲ့ ဘာဆိုင်လို့လဲတဲ့၊ သူသိထားတဲ့ ဘုန်းကြီး သီလရှင်တွေက စာသင်ကျောင်းမှာ  ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ စာအံနေတာကိုပဲ သိထားခဲ့တာဆိုတော့.. သီလရှင် အိုင်ပတ်နဲ့ ခေတ်မှီနေတာကို သူ့မှာ တအံ့တသြနဲ့ လက်မခံနိုင်ဖြစ်နေတော့ ကျွန်မက သူ့ကို ပြောရတယ်။ အန်တီရေ ခေတ်ပြောင်းသွားပြီ။ ဒီလို အဆင့်မြင့် နည်းပညာတွေနဲ့ဆိုတော့ ဘာသာရေးစာပေတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်တာပဲပေါ့လို့ ကိုယ့်အမြင်ကို ပြောပြတော့ ဂဏန်းပေါင်းစက်တွေပေါ်လာမှ လူတွေ သင်္ချာညံ့တယ်ဆိုတဲ့အကြောင်း သူကပြန်ပြောတယ်။

ကျွန်မလည်း စကားလမ်းကြောင်း လွှဲတဲ့အနေနဲ့ အန်တီ့ရဲ့စာအုပ်ဖြစ်တဲ့ လူကြီးဟောင်းနဲ့ ရက် (၁၀၀) စာအုပ်ကို ဘယ်မှာ ရှာဝယ်လို့ရမလဲလို့ မေးလိုက်မိတယ်။ အဲဒီကျတော့မှ သူ စိတ်တိုတော့တာပဲ။ အဲဒီစာအုပ်ကို သူ ရေးလည်းမရေးဘူး။ ရေးဖို့လည်း မရည်ရွယ်ဘူး။ ရေးမှာလည်း မဟုတ်ဘူး။ ဘယ်သူက ဘာတွေပြောပြီး လူတွေသိနေကြလည်းဆိုတာ သူနားမလည်ဘူးတဲ့။ သူ အရင်လူကြီးကို လက်ထပ်တာဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက် လက်ထပ်တယ်၊ ကွဲတယ်။ ဒါပဲ။ ပြီးသွားပြီ။ ပြီးပြီးသားကိစ္စ သူဘာမှ ပြန်မစဉ်းစားချင်ဘူးလို့ စိတ်ပျက်တဲ့ပုံစံနဲ့ သူ ပြောပါတယ်။ အဲဒီစာအုပ်သူရေးတယ်၊ ထွက်တယ်ဆိုတာ သူများတွေ သူ့ကိုလာပြောမှ သူလည်း သိရတယ်တဲ့။ သမီးရှာလို့တွေ့ရင် အန်တီ့ကိုလည်း ပေးဖတ်ပါဦး။ သူ မရေးဘဲ သူ ရေးတယ်ဆိုတဲ့ စာအုပ်ကို ဖတ်ချင်လွန်းလို့လို့လည်း သူက ပြန်တောင်းဆိုပါသေးတယ်။ ဒီတော့ ကျွန်မမှာ သူ့ကို လေပြေပြန်ထိုးရတယ်။ အန်တီ့ကို မြန်မာတွေက ချစ်ကြတာက အဲဒီ လူကြီးဟောင်းရဲ့ ဇနီးအနေနဲ့မဟုတ်ဘူး။ ကနောင်မင်းသား လင်းပင်မင်းသားရဲ့မြေးတော် မြစ်တော်အနေနဲ့ ချစ်ကြတာလေ ဆိုတော့မှ သူ နည်းနည်း စိတ်ပြေသွားတယ်။ အဲဒါနဲ့ သမိုင်းအကြောင်း စကားဆက်ကြရောဆိုပါတော့။ သမိုင်းဘာတွေ သင်ခဲ့ရလဲတဲ့။ သူက အဲ့လို စမေးတယ်။ မြန်မာ့သမိုင်းအကြောင်း အမှန်ကို သူမတွေ့ဘူးတဲ့။ မြန်မာတွေက ရေးတော့ ဘယ်လိုဖြစ်စေချင်တယ်ဆိုတဲ့ ပုံစံအနေနဲ့ သမိုင်းကို ပုံဖော်တယ်။ အင်္ဂလိပ်တွေကကျတော့ အချက်အလက် အထောက်အထားတွေတော့ မှန်ကန်ပေမယ့် သူတို့ ဖြစ်စေချင်တဲ့ဘက်ကို ဆွဲရေးတယ်။ သီပေါမင်းပါတော်မူတာ၊ စစ်ရှုံးတာကို ဘယ်လိုသိထားလဲမေးလို့ သမိုင်းကို အိပ်ရာဝင်ပုံပြင်လောက်သာ သိထားပြီး ကျွန်မနဲ့ အလှမ်းဝေးတဲ့ဘာသာရပ်ဖြစ်နေလို့ ကျွန်မလည်း ပြည်သူတွေ အထိနာမှာစိုးလို့ အသာပဲ လက်နက်ချ အရှုံးပေးလိုက်တယ်လို့ ကိုယ်သိသလိုပဲ ရိုးရိုးသားသားပဲ ဖြေလိုက်ပါတယ်။ အမှန်က အဲလိုမဟုတ်ဘူးတဲ့။ အဲဒါကလည်း အကြောင်းတစ်ရပ် ဖြစ်နိုင်ပေမယ့် တကယ့်အကြောင်းမဟုတ်ဘူးလို့ ပြောနေတုန်း စူပါမားကတ်ရောက်တာနဲ့ စကားစ ပြတ်သွားရော။ ကျွန်မမှာ တစ်ဖက်က သူနဲ့ စကားသာပြောနေရတာ။ စိတ်ကတော့ ဘုရားတ နေရတယ်။ သူ ကားမောင်းတာ အရမ်းမြန်ပြီး ကြမ်းလည်းကြမ်းတယ်။ ၀ုန်းဝုန်း ဒိုင်းဒိုင်းနဲ့ကိုး။

စူပါမားကတ်ထဲမှာ အများကြီး ၀ယ်တယ်။ ရတနာနတ်မယ်က အသက် ၈၂ နှစ် ရှိပြီဆိုပေမယ့် အရမ်းသန်မာတယ်။ ဘီယာပုလင်း ၁၀ ပုလင်းလောက် ထည့်ထားတာကိုလည်း အသာလေး မ နိုင်တယ်။ သူတောင် မ နိုင်တာပဲ။ ပေါ့ပေါ့လေးနေမှာလို့ ထင်ပြီး “ပေး.. ပေး အန်တီ။ သမီး မ ပေးမယ်” ဆိုပြီး သူ့ဆီကနေ လက်လွှဲယူလိုက်တော့ အမလေးလေး… လေးလိုက်တာ။ သူက ကျွန်မ အဖြစ်ကို ရယ်ရယ်မောမောနဲ့ ကူပြီး မ ပေးတယ်။ ဈေးဝယ်ပစ္စည်းတွေ ကားပေါ်တင်ပြီးတော့ အိမ်ပြန်လမ်းပေါ်မှာ သူနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြောင်းပြောဖြစ်ကြတယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းကို အရမ်းတော်တဲ့သူ၊ ကျောင်းသားဘ၀ကတည်းက ကျောင်းသားခေါင်းဆောင်အနေနဲ့ စံနမူနာထားလောက်အောင် တော်တဲ့လူလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့အမြင်မှာ အောင်ဆန်း မှားတာတွေ တွေ့တယ်တဲ့။ အန်တီရယ် ဘာတွေတုန်းဆိုတော့ သူက သူတွေးမြင်တာတွေကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ အတိုချုံးပြောရရင် ဗိုလ်ချုပ်အောင်ဆန်းက သူ့ယုံကြည်မှုအတွက် သူ့အသက်ကို ပေးဖို့ရည်ရွယ်ထားတဲ့လူ၊ သူ့ရည်ရွယ်ချက်က ကိုယ့်မင်းကိုယ့်ချင်းနဲ့ လွတ်လပ်တဲ့ တိုင်းပြည်ပေါ့။ အဲဒါကြောင့်ပဲ သူ ဂျပန်နဲ့ ပေါင်းပြီး အင်္ဂလိပ်ကို တိုက်တယ်။ ဂျပန်တွေက ပိုဆိုးတယ်ဆိုတာသိတော့ အင်္ဂလိပ်နဲ့ ပြန်ပေါင်းပြီး ဂျပန်ကို ပြန်တိုက်ပေးတယ်။ ငါတို့ဂျပန်ကို တိုက်ပေးမယ်။ ဒါပေမယ့် ငါတို့ကို လွတ်လပ်ရေးတော့ပေးဆိုတဲ့ သဘောတူညီချက်နဲ့ပေါ့။ ဒါပေမယ့် သမီးရယ်… ငါတို့မြန်မာနိုင်ငံက ဒုတိယ ကမ္ဘာစစ်မှာ စစ်မြေပြင်ဖြစ်ခဲ့ရတယ်၊ ပျက်စီးဆုံးရှုံးခဲ့ရတယ်၊ အင်္ဂလိပ်တွေ ဘာပြန်လုပ်ပေးလဲ…ဘာမှမလုပ်ပေးဘူး။ ဖွတ်ဖွတ်ညက်ညက်ကျေနေတဲ့ တိုင်းပြည်ကို လွတ်လပ်ရေးပေးပြီး ထွက်သွားတယ်။ အောင်ဆန်းမှားတယ်တဲ့။ အဲဒီအချိန်မှာ လွတ်လပ်ရေးမတောင်းသင့်ဘူး။ ပြန်လည်ထူထောင်ရေးတွေ ဘာညာလုပ်ပြီးမှ လွတ်လပ်ရေးတောင်းရမှာ။ အခုတော့ အန်တီတို့က ဘာမှမရလိုက်ဘဲ အင်္ဂလိပ် ရန်သူကို အသက်အသေခံ၊ ပစ္စည်းတွေ အဆုံးခံပြီး တိုက်ပေးလိုက်ရပြီး အင်္ဂလိပ်တွေက အသာစီးနဲ့ ပြန်ထွက်သွားတာ သမီးရဲ့တဲ့။ ဒါပေမယ့် အောင်ဆန်း အသတ်ခံလိုက်ရတာ အရမ်းနှမြောဖို့ကောင်းတယ်၊ ပိုနှမြောဖို့ကောင်းတာက အောင်ဆန်း ကြိုးစားခဲ့တဲ့ လွတ်လပ်ရေး အရသာကို ပြည်သူတွေကောင်းကောင်းမခံစားရပဲ တစ်နိုင်ငံလုံး ပြည်တွင်းစစ်ဒဏ် ခံခဲ့ရတာကိုပဲတဲ့။ အန်တီ့ကို အခြားသူတွေက မေးကြတယ်။ စုကြည်ကို ဘယ်လိုမြင်လဲပေါ့။ အန်တီကတော့ စုကြည်ကို သူ့အဖေ အောင်ဆန်းလို လူမျိုးပဲလို့ မြင်တယ်တဲ့။ ကိုယ့်ယုံကြည်မှုတစ်ခုအတွက် အားလုံးစွန့်လွှတ်နိုင်တဲ့သူ၊ စတေးနိုင်တဲ့ သူလို့မြင်တယ်။ ဒါပေမယ့် သမီးရယ်.. နိုင်ငံရေး လောကမှာ ယုံကြည်မှုတစ်ခုအတွက် တိုက်ပွဲဝင် စွန့်လွှတ်နိုင်ရုံနဲ့တင် မဖြစ်ဘူး။ စုကြည် အိမ်ထဲမှာ အကျဉ်းချခံရတယ်။ သူပြောတယ်.. ပြောတယ်.. သူ့စကားတွေ အရမ်းကောင်းတယ်။ အဲလို ကောင်းတဲ့ စကားတွေ ပြောနေရုံ၊ ပြောနိုင်ရုံ၊ ပြောတတ်ရုံနဲ့ မဖြစ်ဘူး။ ဘယ်နိုင်ငံရေးမှာမဆို လှည့်ကွက်တွေ နားလည်ပါးနပ်မှပဲ နိုင်ငံရေးသမားကောင်းလုပ်နိုင်မှာ။ စုကြည်က သူ့အဖေလိုလူစားမျိုး ဖြောင့်တယ်၊ ရိုးတယ်။ နိုင်ငံရေးသမားကောင်းဖြစ်နိုင်မှာ မဟုတ်ဘူးတဲ့။ သူနဲ့ စကားပြောရတာ ကျွန်မအတွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ လက်ချာနားထောင်ရသလိုပဲ။ သူ့အမြင်တွေ သူ့အတွေးတွေ ကျွန်မလို သမိုင်း စိတ်မ၀င်စားတတ်တဲ့သူ၊ မြန်မာ့သမိုင်းဆိုတာ တပ်မတော်ကြီးက နိုင်ငံ ချောက်ကမ်းပါးကျခါနီး လက်မတင်လေးအလိုမှာ ကယ်တင်ခဲ့တယ်ဆိုတဲ့ စာကြောင်းကိုပဲ အလွတ်ကျက်ရင်း ကြီးပြင်းလာခဲ့သူအတွက် အသစ်အဆန်းဖြစ်နေလေတော့ သူပြောတာကိုပဲ ဟုတ်ကဲ့လို့ အလိုက်သင့်ပြောရင်း သူ့အိမ်ကို ရောက်ခဲ့တယ်။

သူ့အိမ်က အတော်ကို ကျယ်ပါတယ်။ ၀င်လျှင်ဝင်ချင်း ဧည့်ခန်းမှာ အရှေ့တိုင်းလက်ရာတွေနဲ့ အလှဆင်ထားပါတယ်။ ဆွမ်းအုပ်တွေ ဆွမ်းချိုင့်တွေ သပိတ်တောင်ပါပါသေးတယ်။ မြတ်စွာဘုရား ခြေတော်ရာကို ရွှေချည်ထိုးထားတဲ့ပုံကိုလည်း ၀င်ဝင်ချင်း ဖူးရတယ်။ ပုဂံခေတ်ပုံစံမျိုး အရုပ်တွေလည်း ရှိတယ်။ ငွေရေတကောင်း ငွေဖလားတွေက စားပွဲရဲ့ ဘေးမှာပါ။ အပေါ်ထပ်ကိုတော့ မရောက်ခဲ့ပါဘူး။ မီးဖိုချောင်ကလည်း အတော့်ကို ကျယ်ပါတယ်။  အချက်အပြုတ် သင်တန်းဖွင့်ထားတာဆိုတော့ ဓားတွေကလည်း အမျိုးမျိုး၊ ပန်းကန်တွေကလည်း ဘီရို သုံးလုံး၊ ဇွန်းတွေ ခရင်းတွေကလည်း ဘီရိုတစ်လုံး၊ လက်သုတ်ပုဝါလေးတွေထည့်တာကလည်း အခြားဘီရိုတစ်လုံးနဲ့ ထည့်ထားပါတယ်။ အင်တာနက် ယူကျူမှာ သူ့ဟင်းချက်နည်းပေးနေတဲ့ ဗီဒီယိုက သူ့အိမ် မီးဖိုချောင်မှာ ရိုက်ထားတာလို့ သိလိုက်ရတယ်။ သူက အပြင်စားသောက်ဆိုင်မှာ သွားစားဖို့ခေါ်တယ်။ ကျွန်မက သူ မြန်မာ အစားအစာစားချင်နေမှန်း သိတာနဲ့ “အန်တီရယ်.. ဆန်ရှိလား။ ဆန်ရှိရင် ထမင်းတည်ပြီး လက်ဖက်သုတ်နဲ့ပဲဖြစ်ဖြစ်၊ ငါးပိကြော်နဲ့ပဲဖြစ်ဖြစ် စားကြရအောင်” ဆိုတော့ သူ သဘောတူပြီး နှစ်ယောက်သာ ထမင်းအိုးတည်၊ လက်ဖက်သုတ်ကြနဲ့ပေါ့။ ကျွန်မက လက်ဖက်သုတ်ကို နယ်ဖို့ ဇွန်းလိုက်ရှာတော့ ဘာဇွန်းလဲ ကျွန်မလည်း မြန်မာ၊ သူလည်းမြန်မာ လက်သေချာဆေးပြီး လက်နဲ့နယ်ပေါ့တဲ့။ ထမင်းစားရင်းနဲ့ သူ့ကို မေးကြည့်တယ်။ အန်တီပစ္စည်းတွေ အများကြီး မြန်မာနိုင်ငံကနေ သယ်လာနိုင်သားပဲဆိုတော့ သမီးရယ် အန်တီတို့ ဂျပန်ဝင်တော့ အားလုံး လက်လွတ်နီးပါး ကုလားပြည်ကို ထွက်ပြေးခဲ့ရတာ၊ ဘာပစ္စည်းမှ မသယ်နိုင်ခဲ့ပါဘူးတဲ့။ အခု အန်တီ့အိမ်မှာ ရှိတဲ့ ပစ္စည်းတွေက နောက်ပိုင်းမှ တဖြည်းဖြည်းချင်း စုပြီး အလှဆင်ထားရတာတဲ့။ ဓါတ်ပုံတွေတောင် မသယ်နိုင်ပါဘူးတဲ့။ အန်တီ့ပုံတွေ အင်တာနက်မှာတွေ့တယ်ဆိုတော့… ဟုတ်တယ်.. အန်တီလည်း သူများတွေ အန်တီ့ဓါတ်ပုံ အင်တာနက်မှာ တင်ကြတော့မှပဲ ကြည့်ရတော့တယ်လို့ ဆိုပါတယ်။ ကျွန်မလည်း ကျွန်မညီမ အင်တာနက်ကနေ ရှာပေးလိုက်တဲ့ လင်းပင်မျိုးဆက် ရှေးဟောင်းပုံတွေ သူ့ကိုပြကြည့်ပြီး မေးတော့ အံ့သြနေတယ်။ အရင်တုန်းက ဓါတ်ပုံတွေလည်း ကောင်းကောင်းမရှိပါဘူး။ စစ်ဖြစ် ဘာညာနဲ့ဆိုတော့. သူ့အမျိုးတွေလည်း ရှိတဲ့ ဓါတ်ပုံတွေတောင် ပျောက်ကုန်ကြပြီလို့ပြောတယ်လို့ သူက ပြောပါတယ်။ သူ နာဂစ်ဖြစ်တုန်းက မြန်မာနိုင်ငံကို ပြန်လာပြီး အလှူငွေကူတဲ့အကြောင်းကို မေးကြည့်တော့ သူက ၀န်ခံပါတယ်။ သူက ဒီကနေ ရန်ပုံငွေ နည်းနည်းရအောင် ရှာပေးတာပါ။ ဘာလို့လဲဆိုတော့ သူ့အမျိုးတွေက မုန်တိုင်းကယ်ဆယ်ရေးလုပ်နေတော့ သူက ပိုက်ဆံကူညီပေးတဲ့သဘောပါပဲလို့ ရှင်းပြပါတယ်။ သူ့မြေးက ပူဆာလို့ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ အဲဒီ ၂၀၀၈ ခုနှစ်က ပြန်ဖြစ်တာပါတဲ့။ သူ့သားဖြစ်တဲ့ အဲဒီမြေးရဲ့အဖေကတော့ ကွယ်လွန်သွားပါပြီ။ ဒါပေမယ့် မြေးဖြစ်သူက အဘွားတိုင်းပြည်ကို တွေ့ချင်တယ်လို့ ပြောဖူးတာကို သူကလည်း လိုက်ပို့မယ် ကတိပေးဖူးတာမို့ အစိုးရက ဗီဇာပေးရင်လည်း တို့ ပြန်ကြတာပေါ့ဆိုပြီး သူ ပြန်လာခဲ့ပါတယ်။ သူ မြန်မာပြည်ကနေထွက်ခွာလာတဲ့ နှစ်ပေါင်း ၄၀ ကျော်အတွင်းမှာ နှစ်ခေါက်ပဲ ပြန်ခဲ့တယ်လို့ ပြောပါတယ်။ ပထမတစ်ခေါက်မှာ ဘယ်သူမှ သတိမထားလိုက်မိကြပေမယ့် ဒုတိယအခေါက်ကျတော့ ရေဒီယိုကနေ ရတနာနတ်မယ် မြန်မာနိုင်ငံ ပြန်လာတယ် သတင်းလွှင့်လိုက်လို့ ထောက်လှမ်းရေးတွေ သူ့နောက်ကို နောက်ယောင်ခံလိုက်ကြပါတယ်။ သူ့အမျိုးတွေက သူဘယ်သွားသွား အဆင်ပြေအောင်ဆိုပြီး ဧည့်လမ်းညွှန်တစ်ယောက်ကို သူနဲ့အတူ ထည့်ပေးထားပါတယ်။ အဲဒီ ဧည့်လမ်းညွှန်လေးက … အမေကြီး..ဘာမှစိတ်မပူနဲ့။ ဘာမှမဟုတ်ဘူး.. ဘာမှမဟုတ်ဘူး..ခဏခဏပြောတော့ သူလည်း စိတ်ပူလာပြီး၊ ဘာလဲ.. ဘာဖြစ်တာလဲဆိုတော့မှ ထောက်လှမ်းရေးတွေက သူ့နောက်ကို လိုက်တဲ့အကြောင်း သိရပါတော့တယ်။ သူဘယ်သွားမယ်၊ ဘယ်သူနဲ့ တွေ့မယ် အားလုံးထောက်လှမ်းရေးကို ပြောရတယ်လို့ ဆိုတယ်။ သူက မြန်မာပြည်ကို ရောက်ကတည်းက ပြောထားတယ်။ ဘယ်အမျိုးအိမ်မှမတည်းချင်ဘူး၊ တည်းခိုခန်းမှာပဲတည်းမယ်ဆိုတော့ ဧည့်လမ်းညွှန်လေးကပြောတယ်.. အမေကြီး.. အမေကြီးတည်းချင်ရင်တောင် တည်းလို့မရဘူး။ ကျွန်တော်တို့က ပေးတည်းချင်ပေမယ့် အစိုးရ ပေါ်လစီအရ ပေးတည်းလို့ မရတဲ့အကြောင်း သူ့ကို ရှင်းပြတဲ့အကြောင်းတွေ သူ ပြောပြပါသေးတယ်။ ကျွန်မလည်း အခုလည်း အဲလိုပဲ အန်တီ။ ကျွန်မ အသိ မိတ်ဆွေ နိုင်ငံခြားသားတွေ အလည်လာရင်လည်း ကျွန်မအိမ်မှာ ပေးတည်းချင်ပေမယ့် အဆင့်ဆင့် ခွင့်တောင်းတာတွေ၊ မျက်နှာအောက်ချ ပြောဆိုရတာတွေနဲ့ စိတ်ညစ်လို့ ဟိုတယ်မှာပဲ တည်းခိုင်းရတယ်လို့ ပြောပြတော့… သြော် ဘာမှကို မပြောင်းလဲပါလားလို့ သူ ညည်းရှာတယ်။ သူ့အမျိုးတွေကတော့ ဒီနှစ် တန်းဆောင်တိုင်ကို ပြန်လာမယ်လို့မျှော်နေကြတယ်။ ဒီနှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦးဆိုပြီး ခေါ်နေကြတယ်ပေမယ့် သူ မပြန်နိုင်ပါဘူး.. ပြန်လည်း မပြန်ချင်ဘူး။ သူ့သား မိုက်ကယ်ကလည်း ပြန်ဖို့ပြောပေမယ့်.. မပြန်ချင်ဘူးလို့ ခပ်လေးလေး ပြောတယ်။ သူတို့တွေကတော့ မြန်မာပြည်မှာ အေးအေးသက်သာနေရမယ် ဘာညာလို့ပြောပေမယ့် ဘာအလုပ်မှမလုပ်ဘဲနေရင် သူ မြန်မြန်သေမှာတဲ့။ ဒါကြောင့်ဒီမှာပဲ နေဖို့ သူ ဆုံးဖြတ်တဲ့အကြောင်း ပြောပြတယ်။

ကျွန်မ ပြန်တော့ သူ အလုပ်မအားတဲ့ ကြားထဲကနေ လိုက်ပို့ပေးရှာတယ်။ အဲဒါနဲ့ ဘူတာရုံကို သွားတဲ့လမ်းမှာ သူ့ကို မေးကြည့်မိတယ်။ အန်တီ့ဘ၀ကို အန်တီ ဘယ်လိုမြင်လဲဆိုတော့ သူ့အဖြေက ရိုးရှင်းသလို စိတ်မကောင်းစရာလည်း ကောင်းပါတယ်။ အမေက တော်ဝင် မင်းမျိုးမင်းနွယ် မြန်မာ၊ အဖေက ဂုဏ်သရေရှိ သြစတြေးလျနိုင်ငံသား၊  အိမ်ထောင်ကျတော့ အီတလီ ဆရာဝန်။ နောက်ဆုံး အခုနေတော့ အီတလီမှာ။ အမေဘက်က ဆွေမျိုးလည်း မရှိ။ အဖေဘက်က ဆွေမျိုးလည်း မရှိနဲ့ဆိုတော့ သူကပြောတယ် သူလည်း မသိတော့ပါဘူးတဲ့။ သူ့ဘ၀ ဒီလို အကြောင်းတွေ ဖန်လာမယ်လို့တော့ သူလည်း ဘယ်သိခဲ့မလဲ.. ဒီလိုပဲပေါ့ သမီးရယ်တဲ့လေ။

ကျွန်မက သူ့ကို အန်တီ့အကြောင်းကို သူများတွေကပဲ စာရေးကြတယ်။ အန်တီ့အကြောင်းကို အန်တီကိုယ်တိုင် စာရေးပါဦးလို့ဆိုတော့.. သူက စာရေးတယ်ဆိုတာ အချိန်လိုတယ်ဆိုတဲ့အကြောင်း၊ သူ့မှာ သူ့စားဝတ်နေရေးအတွက် လုံးပန်းနေရတာမို့ စာရေးဖို့ မအားနိုင်တဲ့အကြောင်း ရှင်းပြပါတယ်။ ဒါပေမယ့် သူရေးထားတဲ့ စာအုပ်သေးသေးလေး သုံးအုပ်ရှိတယ်တဲ့။ တစ်အုပ်က သင်္ကြန်အကြောင်း၊ တစ်အုပ်က တန်ဆောင်တိုင်အကြောင်း၊ နောက်တစ်အုပ်က ဘုန်းကြီးတွေ ၀ိနည်းနဲ့အညီ ဘယ်လိုနေသင့်တယ်လို့ သူမြင်တဲ့အကြောင်း.. ဒါပါပဲတဲ့။ မြန်မာနိုင်ငံနဲ့ ပတ်သတ်တာက အခြားက သူဟင်းချက်နည်းစာအုပ်တွေ ရေးတယ်တဲ့၊ ဒါမှ ၀င်ငွေရမှာကိုးတဲ့။

ဘူတာရုံရောက်တော့ ကားပေါ်မှာပဲ  သူ့ကို လက်အုပ်ချီကန်တော့ပြီး နှုတ်ဆက်ပါတယ်။ ဒီလို ကန်တော့နှုတ်ဆက်တာဟာ သူဟာ မင်းသမီးတစ်ပါးမို့ ပဒေသရာဇ်အနွယ်ကို ကိုးကွယ်လိုရင်းစိတ်ကြောင့် မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်မိဘနဲ့ ဝေးရာမှာ ဆုံတွေရတဲ့ ချစ်ခင်စရာမြန်မာအမျိုးသမီးတစ်ဦးကြီး တစ်ဦးအနေနဲ့ရော၊ သူ့ရဲ့ပလွှားဝါကြွားဟန်မရှိတဲ့ နှစ်လိုစရာကောင်းတဲ့အချက်တွေကြောင့် စိတ်ထဲမှာ ချစ်ခင်မိလို့ ကန်တော့နှုတ်ဆက်တာပါ။ အဲဒီအခါမှာ သူကလည်း မြန်မာလိုပဲဆုပေးတယ်။ ကျန်းမာပါစေ၊ ချမ်းသာပါစေပေါ့။ ကျွန်မ မိသားစုကိုလည်း သူက ဆုတောင်းနှုတ်ဆက်တဲ့အကြောင်း ပြောပေးပါတဲ့။ ကျွန်မလည်း အန်တီ ရတနာနတ်မယ် အသက်ရှည်ရှည်နဲ့ ဘ၀အကြောင်း အတွေ့အကြုံတွေအကြောင်း စာရေးဖို့ အချိန်ရပါစေဆိုပြီး ပြန်ဆုတောင်းပေးတော့ သူ ရယ်နေတော့တာပဲ။ ကျွန်မကို နမ်းပြီးနှုတ်ဆက်ပြီးတော့ သူ့ပုံစံအတိုင်း ကားကို ၀ူးကနဲ ၀ုန်းဒိုင်း ကွေ့ပြီး ပြန်သွားတယ်။

အပြန်လမ်းမှာ သူ့အကြောင်းပဲ စဉ်းစားနေမိတယ်။ ရတနာနတ်မယ်ဆိုတာ ကျွန်မအတွက်တော့ လေးစားအားကျရတဲ့ အတုယူ စံတင်ရမယ့် ထက်မြက်တဲ့ အမျိုးသမီး၊ ချစ်ခင်စရာ သားချင်းလိုမျိုး ခံစားမိတော့ သူနဲ့ ခွဲပြီး ရထားပေါ်တက်ချိန်မှာ မျက်ရည်ဝဲမိပါတယ်။ ကျွန်မ ဆွေမျိုးမိဘကို ခွဲခွာရသလိုမျိုး စိတ်မကောင်း ၀မ်းနည်းဖြစ်မိတယ်။ နောက်တစ်ချိန် ပြန်တွေ့နိုင်မလားဆိုတာ မသိနိုင်ပေမယ့် ကျွန်မ ပြန်တွေ့ချင်ပါသေးတယ်။ သူ့ဆီက သူ့အတွေ့အကြုံကို အခြေခံပြီးပြောပြမယ့် ဇာတ်လမ်းတွေ နားထောင်ချင်ပါသေးတယ်။


ခင်ငြိမ်းသစ်
၂၀ရက် ဂျွန်လ ၂၀၁၃

သူ့လမ်းစဉ်

ကမ်းစပ်ကိုမင်
လမုပင် အခြေကြီးနဲ့ အသီးတွေဖြိုး ။
ကမ်းစပ်ကို ဒီရေတိုး ၊ ပြိုလဲမှာစိုး ။
 
ကမ်းစပ်ကိုမင်
ဓနိပင် ယိုင်ငိုက်လို့ ၊ ခိုင်လိုက်ကယ်ဖြိုး ။
ဓနိခိုင် အလက်ထဲကခွဲရမှာစိုး ။
 
ကမ်းစပ်ကိုမင်
လတာပြင် ငါးပျံလူးလို့ ၊ ပျော်မြူးကြရိုး ။
ဒီတတ်လျှင် လတာနုန်း ၊ ဒီဖုံးမှာစိုး ။
 
စိုးပါဘု သူ့မူရာ
ချောင်းတစ်ခွင် ပင်လယ်ဝက ၊ ပန်းလှဗေဒါ ။
ဆန်တတ်ချိန်မှာ ဆန်လာနိုင်ပါဘိ ။
စုန်ဆင်းချိန်မှာ စုန်လာနိုင်ပါဘိ ။
သူ့လမ်းစဉ် သူမြင်ရဲ ၊ သူစွဲတတ်ဘိ ။
ဇော်ဂျီ
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဖင်း(၁၉၅၉ - ၁၉၆၀)

ပန်းခဲ့သည်ပဲ

နေလုံးရယ်နီ
တိမ်ပန်းချီ နေသွေးနဲ့ ၊ နတ်ရေးသည်သို့။
ဒီ အကျပေမို့
အလှလတာပြင်က ၊ ကျူရိုးရှင် လှေကလေးနဲ့
မျှော်ငေးလိုလို့။

သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန် နဲ့
ဟိုငပျံလတာစွန်းမှာ၊ သူ့ ကျွမ်းသံချည့်။

 
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘုတ်မ ခုနှစ်သံနဲ့
တညံညံ လတာစွန်းမှာ ၊ သူ့ လွမ်းသံချည့် ။
 
အိုအချင်း ကျူရိုးရှင်။
သူ့မူရာ သူ့အတင်း ၊ မင်း ဆိုခဲ့စဉ်။
မင်းကိုယ်လည်း မင်းပင်လျှင်၊
ဘာထင်လို့လေလဲ။
မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ပဲ။
ဇော်ဂျီ

ငွေတာရီ ၊ အမှတ် ၂၄၊ ဇွန် ၊ ၁၉၆၂ ။

ရဲခဲ့သည်ပါ့



မြစ်တန်းမှာတဲ့ လေကြမ်းဆင်
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းက ဘောင်ဘင် ။
တစ်လှိုင်းထွက် တစ်လှိုင်းဝင်
ဗေဒါခင် ဖြစ်နဲ ။
မုန်တိုင်းလေ ရေတစ်ရိုးမှာ
စိုးရွံ့မှာပဲ ။

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှပ်ကြိုးပျံ မိုးသံထစ်
မိုးစစ်ဘုရင် ။
မိုးညစ်လို့ မြစ်မမြင်
ဗေဒါခင် ဖြစ်နဲ ။
မိုးသက်လေ ရေတစ်ရိုးမှာ
စိုးရွံ့မှာပဲ ။

စိုးမရွံ့ တွန့်မတုံ
မိုးနဲ့လေ ရေရှုပ်ထွေး
ရွေးမှ မဖြုံ ။
ဆန်လိုက်ပြန်တုံ စုန်လိုက်ပြန်ရ
ခေါက်ပေါင်း မရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ
ရဲခဲ့သည်ပါ့ ။
ဆရာဇော်ဂျီ
ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်(၁၉၅၇ - ၁၉၅၉)

ချောင်းကထွေထွေ


ချောင်းဝမှာပွေ ၊ တေချင်လို့လေလား
မတိုးသာ ဒိုက်သရော ၊ မျောဆို့နိုင်အား ။

ဒီတတ်ချိန်တန် ၊ ဆန်နိုင်ပါ့မလား
မဗေဒါ မယ့်ခရီးမှာ ၊ သူဆီးလို့တား ။

အိုအချင်း ကျူရိုးဖေ
မယ့်လမ်းမှာ ရာထောင်သောင်း ၊
ချောင်းကထွေထွေ ။
သည်ချောင်းက တားပါစေ
ဟိုချောင်းရေရှိသေး ။
ဆန်ချိန်တော် ရေကျော်ဆိုက်အောင်
မင်းလိုက်ခဲ့လေး ။
 ဆရာဇော်ဂျီ
ဆေးသိပ္ပံ နှစ်လည်စာစောင်
အတွဲ ၂ ၊အမှတ် ၅ ၊၁၉၆၁ - ၆၂ ။

တင်းရပုံပဲ


ဖူးတံက ညိုတိုတို ။
စုန်ရေ ဆန်ရေနဲ့
ဗေဒါဆွေ ရေအလှ ၊ ချောင်းမတစ်ခို ။
ရေငန်နှင့်ရေချို ၊ ဥဒဟိုမစဲ
နေ့မရှောင်ညမအား ၊ နားရရှာပဲ ။

နားချင်လို့ ခါတစ်ရံ ။
မဗေါ ရွာသူပန်းပေမို့ ၊ ကမ်းကပ်မယ်ကြံ ။
အစုန်မှာကပ်ရပြန် ၊ အဆန်မှာခွာရမြဲ
အဆန်မှာကပ်လျှင်လည်း ၊ စုန်ဆင်းတော့ခွဲ ။

ကပ်ပြန်ရ၀ပ်းမသာ ၊ ခွာပြန်ရ၀မ်းမနည်း
မဗေဒါ စုန်ဆန်ရင်း ၊ တင်းရပုံပဲ ။
ဆရာဇော်ဂျီ
 ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်(၁၉၅၇ - ၁၉၅၉)

ပန်းပန်လျက်ပဲ


ညိုပြာပြာ လတာ့ပြင့်ခြေရင်း ။
လှိုင်းတက်ရဗေဒါတက် လှိုင်းသက်ရာဆင်း ။

ဆင်းရလည်း မသက်သာ
အုန်းလက်ကြွေရေပေါလော ၊ မျောစုန်လို့လာ ။
အဆင်းနှင့်အလာ ၊ ဗေဒါမအထွေး
အုန်းလက်ကြွေ သူ့နံဘေး ဆောင့်ခဲ့ရသေး ။

ဆောင့်ခဲ့လည်း မသက်သာ ။
နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ ။
မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။
တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ ။

ပေါ်ပြန်လည်း မသက်သာ ။
ချောင်းအစွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ ။
ဘဲအုပ်က တစ်ရာ နှစ်ရာ
မဗေဒါ တစ်ကောင်ထဲ(တည်း) ။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျက်ပဲ ။ 
ဆရာဇော်ဂျီ
တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀

တစ်လှည့်စီ စုန်ဆန်မြဲ


မနက်ခင်းဆီက ၊ စုန်ဆင်းခဲ့ မဗေဒါ
မွန်းတည့်ချိန် ညနေခင်း ၊
သင်းပြန်တတ်လာ ။
 
ညနေစောင်းလာတော့ ၊
ချောင်းဖျားရောက် ဆိတ်ငြိမ်ရာ
မဗေဒါ မအိပ် ။
စုန်ချိန်မှာ စုန်ရပြန်ပေါ့
ချောင်းဝမှာ ပြန်စည်ကား
ချောင်းဖျားမှာတိတ် ။
 
အိုအချင်းမဗေဒါ
ကျူရိုးရှင် ကျူတံသေးနဲ့
တေးချိုလို့သာ ။
ဆိတ်ငြိမ်ရာ စည်ကားရာ
ရောက်ရာမှာ မယ်မစွဲ ။
ကပ်ချည် ခွာချည်နဲ့
တစ်လှည့်စီ စုန်ဆန်မြဲ
ညည်းတတ်ပါပဲ ။
 ဆရာဇော်ဂျီ
ဖျာပုံစာပေလုပ်သား မဂ္ဂဇင်း ၊ ၁၉၈၁။