အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Wednesday, December 10, 2014

ဗျာဒိတ်ပေးဘုရားများနှင့်မြတ်စွာဘုရားဗျာဒိတ်တော်ခံဘဝ

၁) ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်တွင်သူမေဓာရသေ့ဘ၀ဖြင့်စတင်ဗျာဒိတ်ခံသည်။
၂) ကောဏ္ဍညမြတ်စွာဘုရားလက်ထက်တွင် ၀ိစိဘာဝီစင်္ကြာဝတေးမင်းဘ၀ဖြင့်ရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၃) မင်္ဂလမြတ်စွာဘုရားရှင်လက်ထက်တွင် သုဝဋ်စိပုဏ္ဏားဘ၀ဖြင့်ရဟန်းပြုပြီးဗျာဒိတ်ခံသည်။...
၎) သုမနမြတ်စွာဘုရားရှင်လက်ထက်တွင် နဂါးဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၅) ရေ၀တမြတ်စွာဘုရားရှင်လက်ထက်တွင် ပဋိဒေ၀ပုဏ္ဏားဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၆) သောဘိတမြတ်စွာဘုရားရှင်လက်ထက်တွင် အဇိတပုဏ္ဏားဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၇) အနောမဒဿီမြတ်စွာဘုရားရှင်လက်ထက်တွင် ဘီလူးဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၈) ပဒုမမြတ်စွာဘုရားရှင်လက်ထက်တွင် ခြင်္သေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၉) နာဒရမြတ်စွာဘုရားရှင်လက်ထက်တွင် ရသေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၀) ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်တွင် ခြင်္သေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၁) သုမေဓမြတ်စွာဘုရားရှင်လက်ထက်တွင် ဥတ္တရလုင်ဘ၀ဖြင့်ရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၁၂) သုဇာတဘုရားရှင်လက်ထက်တွင် စင်္ကြာဝတေးမင်းဘ၀မှရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၁၃) ပိယဒဿီဘုရားရှင်လက်ထက်တွင် ကဿဖလုင်ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၄) အတ္တဒဿီဘုရားရှင်လက်ထက်တွင် သုသိမရသေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၅) ဓမ္မဒဿီဘုရားရှင်လက်ထက်တွင် သိကြားမင်းဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၆) သိဒ္ဓတ္ထဘုရားရှင်လက်ထက်တွင် မင်္ဂလာရသေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၇) တိဿဘုရားရှင်လက်ထက်တွင် သုဇာတရသေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၈) ဖုဿဘုရားရှင်လက်ထက်တွင် ၀ိစိတာဝီမင်းဘ၀မှရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၁၉) ၀ိပဿီဘုရားရှင်လက်ထက်တွင် အတုလနဂါးမင်းဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၂၀) သိခီဘုရားရှင်လက်ထက်တွင် အရိန္ဒမမင်းဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၂၁) ဝေဿဘူဘုရားရှင်လက်ထက်တွင် သုဒဿနမင်းဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၂၂) ကကုသန္ဓဘုရားရှင်လက်ထက်တွင် ခေမဘုရင်ဘ၀မှရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၂၃) ကောဏာဂမနဘုရားရှင်လက်ထက်တွင် ပဘဒ္ဒမင်းဘ၀မှရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၂၄) ကဿပဘုရားရှင်လက်ထက်တွင် ဇောတိပါလပုဏ္ဏားဘ၀ဖြင့်ဗျာဒိတ်ခံသည်။

သူမရှိ ငါမရှိ

ပုထုဇဉ်ဖြစ်သော လူသတ္တ၀ါတို့သည် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌

၁။ ရုပ်(၀ါ)ရူပက္ခန္ဓာကို သူ့သဘာဝအတိုင်းပြောင်းလဲဖောက်ပြန်နေသော ပရမတ္ထသဘာဝ ကြိယာ သဘောသက်သက်မျှဖြစ်သည်ဟု ...မသိမြင်ဘဲ ဒြပ်သဏ္ဍာန်အဖြစ်မှတ်ယူပြီး ပုဂ္ဂိုလ်သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူသောအနေဖြင့် မှားယွင်းစွာထင်မြင်ခြင်း၊ မှားယွင်းစွာစွဲလမ်းခြင်း ဖြစ်လျက်ရှိသည်။

၂။ ဝေဒနာ(၀ါ)ဝေဒနက္ခန္ဓာကိုအာရုံတို့၏အရသာ ကိုခံစားတတ်သော ပရမတ္တသဘာဝ ကြိယာ သဘောသက်သက်မျှသာဖြစ်သည်ဟုမသိဘဲ အာရုံအမျိုးမျိုးကိုငါခံစားသည်ဟူသောအနေ ဖြင့် မှားယွင်းစွာထင်မြင်ခြင်း၊ မှားယွင်းစွာ စွဲလမ်းခြင်းဖြစ်လျက်ရှိသည်။

၃။ သညာ(၀ါ)သညာက္ခန္ဓာကိုအာရုံအမျိုးမျိုး ကို မှတ်သားတတ်သော ပရမတ္တသဘာဝ ကြိယာသဘောသက်သက်မျှဖြစ်သည်ဟု မသိမြင်ဘဲ အာရုံအမျိုးမျိုးကိုငါမှတ်သား သည်ဟူသောအနေဖြင့် မှားယွင်းစွာစွဲလမ်း ခြင်းဖြစ်လျက်ရှိသည်။

၎။ သင်္ခါရ(၀ါ) သင်္ခါရက္ခန္ဓာကို အမှုကိစ္စ အမျိုးမျိုး၊ အကောင်းအဆိုးကံအမျိုးမျိုးကို ပြုပြင်ဖန်တီးတတ်သော ပရမတ္တသဘာဝ ကြိယာသဘောသက်သက်မျှသာဖြစ်သည် ဟု မသိမြင်ဘဲ အမှုကိစ္စအမျိုးမျိုး၊ အကောင်း အဆိုးကံအမျိုးမျိုးကို ငါပြုလုပ်ဖန်တီးသည် ဟူသော အနေဖြင့်မှားယွင်းစွာထင်မြင်ခြင်း၊ မှားယွင်းစွာစွဲလမ်းခြင်းဖြစ်ပေါ်လျက်ရှိသည်။

၅။ ၀ိဉာဏ်(၀ါ) ၀ိဉာဏက္ခန္ဓာကို အာရုံ အမျိုးမျိုးကို သိမြင်တတ်သော ပရမတ္တသ ဘာဝ ကြိယာသဘောသက်သက်မျှဖြစ် သည်ဟု မသိမြင်ပဲ အာရုံအမျိုးမျိုးကိုငါသိ သည်ဟူသောအနေဖြင့် မှားယွင်းစွာထင် မြင်ခြင်း၊ မှားယွင်းစွာစွဲလမ်းခြင်းဖြစ်လျက် ရှိသည်။

ပုထုဇဉ်သတ္တ၀ါတို့သည် ခန္ဓာငါးပါး၌ဖော် ပြခဲ့သည့်အတိုင်း အမှန်မမြင်ပဲ မှားယွင်း စွာ စွဲလမ်းတတ်သောကြောင့် ခန္ဓာငါးပါး ကို ဥပါဒါန်ခန္ဓာ(၀ါ)ဥပါဒါနက္ခန္ဓာဟုခေါ်ရ ပေသည်။ ထိုသို့ခန္ဓာငါးပါး၌

၁။ အမှန်မမြင်မှု
၂။ မှားယွင်းစွာစွဲလမ်းမှုတည်းဟူသော ဥပါဒါန်သည် ပုထုဇဉ်လူသတ္တ၀ါတို့တွင် အမှန်ရှိနေသည်။ ထိုအမှန်မမြင်မှု မှား ယွင်းစွာစွဲလမ်းမှုတို့ကိုပင် သမုဒယ ဟု ယေဘုယျပြု၍ လူသတ္တ၀ါတို့တွင် သမုဒယသည် အမှန်ရှိသည်ဟု ဗုဒ္ဓဆိုခဲ့ ခြင်းဖြစ်သည်။

သို့ဖြစ်၍ခန္ဓာငါးပါးကို မှားယွင်းစွာမြင်မှု၊ မှားယွင်းစွာစွဲလမ်းမှုနေရာ၌ အမှန်မြင်မှု၊ အစွဲကင်းမှုဖြစ်အောင်ကြိုးပမ်းအားထုတ် ရေးသည် ဗုဒ္ဓ၀ါဒ၏ပဓါနလုပ်ငန်းဖြစ်၏။ ခန္ဓာငါးပါးကို အမှန်မြင်မှု၊ အစွဲကင်းမှု ဖြစ်လာရေးအတွက် ပဓါနလုပ်ငန်းမှာ ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်အောင် စူးစမ်းရှုမြင်ရန်ပင်ဖြစ်၏။ ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်လာရေးအတွက် စူးစမ်း ရှုမြင်နည်းကို ယေဘုယျအားဖြင့် ဗုဒ္ဓ က အောက်ပါအတိုင်း ဖော်ပြ၏။

ရဟန်းတို့ ရုပ်သည်မမြဲ၊ မမြဲသောရုပ် သည်ဆင်းရဲ၏။ ဆင်းရဲသောရုပ်သည် အတ္တမဟုတ်။ အတ္တမဟုတ်သောရုပ် ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ် သည် ငါမဟုတ်၊ ဤရုပ်သည်ငါ၏ အတ္တမဟုတ်ဟု ဤသို့ဟုတ်မှန်သည့် အတိုင်းပညာဖြင့်ရှုရမည်။ ဝေဒနာ သည် မမြဲ၊ မမြဲသောဝေဒနာသည် ဆင်းရဲ၏။ ဆင်းရဲသောဝေဒနာသည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝေဒနာကို ဤဝေဒနာသည်ငါ့ဥစ္စာ မဟုတ်၊ ဤဝေဒနာသည်ငါမဟုတ်၊ ဤဝေဒနာသည်ငါ၏အတ္တမဟုတ် ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့်ရှုရမည်။ ထိုနည်းအတူ သညာ၊ သင်္ခါရ၊ ၀ိဉာဏ် တို့ကိုလည်း ဟုတ်မှန်သည့်အတိုင်း ပညာဖြင့်ရှုရမည်။ (ယဒနိစ္စသုတ်၊ အနိစ္စသုတ်၊ ခန္ဓသံယုတ်)

သတိပဋ္ဌာန်ကျင့်စဉ်ဖြင့် အားထုတ်၍ သမာဓိစွမ်းအင်ကောင်းမွန်လာသော အခါ ခန္ဓာငါးပါး၌ အနိစ္စသဘောကို ဖြစ်စေ၊ ဒုက္ခသဘောကိုဖြစ်စေ၊ အ နတ္တသဘောကိုဖြစ်စေ တိတိပပသိ မြင်လာသည်။ ရုပ်သည်အပြတ်ပြတ် အပိုင်းပိုင်းကလေးများ ဆင့်ဆက်လျက် အစဉ်ပြောင်းလဲနေသောသဘောမျှဖြစ် သည်ဟု သိမြင်လာသည်။ ဝေဒနာ သည် ခံစားမှုခဏခဏ ကလေးများ (၀ါ) ခံစားမှုအပိုင်းအပိုင်းကလေးများ ဆင့်ဆက်လျက်အစဉ်ပြောင်းလဲနေ သော သဘောမျှဖြစ်သည်ဟု သိမြင် လာသည်။ သညာသည် မှတ်သားမှု ခဏခဏကလေးများ (၀ါ) မှတ်သား မှုအပိုင်းအပိုင်းကလေးများ ဆင့်ဆက် လျက် အစဉ်ပြောင်းလဲနေသော သဘောမျှဖြစ်သည်ဟု သိမြင်လာ သည်။ သင်္ခါရသည် စေ့စော်ပြုပြင်မှု ခဏခဏကလေးများ(၀ါ) စေ့ဆော် ပြုပြင်မှု အပိုင်းအပိုင်းကလေးများ ဆင့်ဆက်လျက်အစဉ်ပြောင်းလဲနေ သော သဘောမျှဖြစ်သည်ဟုသိမြင် လာသည်။ ၀ိဉာဏ်သည် သိမှုခဏ ခဏကလေးများ (၀ါ) သိမှုအပိုင်း အပိုင်းကလေးများ ဆင့်ဆက်လျက် အစဉ်ပြောင်းလဲနေသောသဘောမျှ ဖြစ်သည်ဟု သိမြင်လာသည်။

ထိုသို့ခန္ဓာငါးပါးရုပ်နာမ်သင်္ခါရတရား တို့သည် အပိုင်းအပိုင်းကလေးများ ခဏခဏကလေးများအနေဖြင့်အစဉ် ပြောင်းလဲနေသော သဘောမျှဖြစ် သည်ဟူသော အနိစ္စသဘောကို သိမြင်လာလျှင် အစဉ်ပြောင်းလဲနေ သော ခန္ဓာငါးပါးသည် စင်စစ်ဆင်းရဲ သည်ဟူသော ဒုက္ခသဘော(၀ါ) ဒုက္ခသညာထင်လာလေသည်။ အစဉ်ပြောင်းလဲနေသောမမြဲသော ခန္ဓာငါးပါးသည် စင်စစ်အစိုးရခြင်း မရှိ၊ ဖြစ်လိုရာကိုဖြစ်နိုင်ခြင်းသ ဘောလည်းမရှိဟူ၍မြင်သော အနတ္တသဘော(၀ါ)အနတ္တသညာ လည်းထင်မြင်လာသည်။ ဤ သည်မှာ ဒုက္ခသစ္စာကိုထင်မြင် လာခြင်းဖြစ်၏။ ထိုသို့ခန္ဓာငါးပါး ၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော (ဒုက္ခသစ္စာ)ကို သိမြင်သောအခါ ခန္ဓာငါးပါး၌ငြီးငွေ့ပြီး (ထိုခန္ဓာငါး ပါး သင်္ခါရတရားတို့မှ) လွတ်မြောက် အောင်စိတ်သည် ရုန်းထွက်သွား ၏။ ပထမအကြိမ်ရုန်းထွက်၍လွတ် မြောက်သွားသော စိတ်ရှိသော ပုဂ္ဂိုလ်ကို သောတာပန်အရိယာ ပုဂ္ဂိုလ်ဟုခေါ်သည်။

ထိုသောတာပန်အရိယာပုဂ္ဂိုလ် သည် ရုပ်ကိုအပြတ်ပြတ်အပိုင်းပိုင်း ခဏခဏကလေးများဆင့်ဆက် လျက် အစဉ်မပြတ်ပြောင်းလဲနေ သော သဘောမျှဖြစ်သည်ဟုသိ မြင်လာသောအခါ ရုပ်၌ငါသူတစ် ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ စသည့် နိမိတ်သဏ္ဍာန် အနေဖြင့် ပညတ်ခေါ်ဝေါ်စရာ၊ ထင်မှတ်စွဲလမ်းစရာမရှိကြောင်း သိမြင်လာသည်။ ဝေဒနာကို လည်း ခံစားခြင်းသဘောမျှဖြစ် သည်ဟု သိမြင်လာသောအခါ ဝေဒနာ၌ ငါခံစားသည်ဟူသော အနေဖြင့်ထင်မှတ်စွဲလမ်းစရာမရှိ ကြောင်းသိမြင်လာသည်။ သညာ ကိုလည်း မှတ်သားခြင်းသဘောမျှ အဖြစ် သိမြင်လာသောအခါ သညာ ၌ ငါမှတ်သားသည်ဟူသောအနေ ဖြင့် ထင်မှတ်စွဲလမ်းစရာမရှိကြောင်း သိမြင်လာသည်။ သင်္ခါရကိုလည်း စေ့ဆော်ပြုပြင်ဖန်တီးခြင်းသဘော မျှဖြစ်သည်ဟု သိမြင်လာသော အခါ သညာ၌ငါစေ့ဆော်ပြုပြင် ဖန်တီးသည်အနေဖြင့် ထင်မှတ် စွဲလမ်းစရာမရှိကြောင်းသိမြင်လာ သည်။ ၀ိဉာဏ်ကိုလည်းသိခြင်း သဘောမျှဖြစ်သည်ဟု သိမြင် လာသောအခါ ၀ိဉာဏ်၌ငါသိ သည်ဟူသောအနေဖြင့် ထင်မှတ် စွဲလမ်းစရာအကြောင်းမရှိကြောင်း သိမြင်လာသည်။ ထိုသို့ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမစသည်အနေ ဖြင့်ထင်မှတ်စွဲလမ်းမှုကင်းသွား ခြင်းကိုပင် ပုဂ္ဂလပညတ်ကင်း သွားသည် ကြေသွားသည်ဟု ဗုဒ္ဓဒေသနာတော်၌ ဖော်ပြ၏။

စင်စစ် ရုပ်သည်ပြောင်းလဲနေခြင်း သဘောမျှ၊ ဝေဒနာသည်ခံစား ခြင်းသဘောမျှ၊ သညာသည်မှတ် သားခြင်းသဘောမျှ၊ သင်္ခါရသည် စေ့ဆော်ဖန်တီးခြင်းသဘောမျှ ၀ိဉာဏ်သည်သိခြင်းသဘောမျှ ဖြစ်ပါလျက် သမုဒယ၏ဖုံးကွယ် လှည့်စားမှုကြောင့် ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ပုဂ္ဂလပညတ် တပ်မိရကား ခန္ဓာငါးပါးတွင်တမျိုး တဖုံပြောင်းလဲတိုင်း၊ ဖောက်ပြန် တိုင်း ဒုက္ခဖြစ်ရခြင်းပင်ဖြစ်သည်။ သောတာပန်အရိယာပုဂ္ဂိုလ်သည် ပုဂ္ဂလပညတ်ကင်းစင်သွားရကား ခန္ဓာငါးပါး၌အမြင်မှားမှု၊ သို့လော သို့လော သံသယဖြစ်မှု(ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ)ကင်းသွားလေသည်။ သို့ရာတွင် ခန္ဓာငါးပါး၌ မှားယွင်း စွာစွဲလမ်းမှု အကြွင်းမဲ့ကင်းစင် ခြင်းကား မရှိသေးချေ။

နန္ဒသိန်းဇံဘ၀အဓိပ္ပါယ်နှင့်ဘ၀သစ္စာ

Saturday, October 11, 2014

ကထိန်အလှူ






“ ရဟန်းတော်များအား ဘုရားရှင်ရဲ့ဝိနည်း(၅)ခုကို အချိန်တစ်ခုထိ လျော့ပါးစေတဲ့ကထိန်အလှူ”
★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★

★ ကထိန်သင်္ကန်းတည်းဟူသော လှူဖွယ်ဝတ္ထုဟာ ဘယ်လိုထူးခြားချက်နဲ့ ပြည့်စုံသလဲဆိုရင် မြတ်စွာဘုရားရှင်ပညတ်ထားတဲ့မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တချို့ကို အချိန်ကာလ အကန့်အသန့်တစ်ခုအတွင်း ခေတ္တခဏ ပယ်နုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိနဲ့ပြည့်စုံပါတယ်။ မိမိတို့လှူလိုက်တဲ့ ကထိန်သင်္ကန်းဟာ ကထိန်အာနိသင်ရတဲ့ သံဃာတော်များကို မြတ်စွာဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာပုဒ် ငါးခုကနေ အချိန်ကာလ အကန့်အသတ်အတွင်း ခေတ္တခဏ သက်သာခွင့်ရအောင်ဖန်းတီးပေးနိုင်ပါတယ်။


★ လောကမှာ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာ ဘယ်သတ္တ၀ါမှပယ်လည်းမပယ်နိုင်ပါဘူး။ ဖြည့်လည်းမဖြည့်နိုင်ပါဘူး။ ပြုလည်း မပြင်နိုင်ပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ကို ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် ပယ်နုတ်ဖြည့်စွက်ခြင်း ပြုပြင်ပြောင်းလဲခြင်း လုပ်လို့မရပါဘူး။ ဒါပေမယ့် ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်းသင်္ဃန်းကတော့ လုပ်နိုင်ပါတယ်။ သိက္ခာပုဒ်တွေအားလုံးကိုတော့ မလုပ်နိုင်ပါဘူး။ သိက္ခာပုဒ်ငါးခုကိုတော့ လုပ်နိုင်ပါတယ်။
(များရာ လိုက်ပြီး ငါးခုလို့ပြောတာပါ။ သိက္ခာပုဒ်အနေနဲ့ကတော့ လေးခုပါပဲ)

★ ကထိန်အလှူရှင်များလှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းနဲ့ သံဃာတော်များက ကထိန်ခင်းလိုက်ရပြီဆိုရင် ဒီကထိန်ရဲ့အာနိသင်ရတဲ့သံဃာတော်များဟာ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ကနေစပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ မြတ်စွာဘုရားပညတ်ထားတဲ့ သိက္ခာပုဒ်(ငါးခုကို) မလိုက်နာ မကျင့်သုံးနေလို့ ရပါတယ်။ တစ်နည်းပြောရရင် မြတ်စွာဘုရား နဂိုကပညတ်ထားတဲ့သိက္ခာပုဒ်(ငါး)ခုဟာ ဒီငါးလ အတော အတွင်းမှာတော့ ကထိန်အာနိသင်ရထားတဲ့ သံဃာတော်တွေအတွက် သိက္ခာပုဒ်လို့မဆိုနိုင်ဘူး။ ဒီ ငါးလ အတွင်းမှာ ဒီသိက္ခာပုဒ်မရှိတော့ဘူးလို့ သဘောပေါက်ရင် ပိုရှင်းသွားတော့မှာပေါ့။

★ ဒီသိက္ခာပုဒ်ငါးခုကို ဒီငါးလအတွင်းမှာ မကျင့်ဘဲ နေလို့ရတယ်ဆိုတော့ မကျင့်လို့လည်း အာပတ်သင့်မသွားဘူးလို့ဆိုလိုတာပါ။ ကျင့်စရာမလိုဘူးဆိုရင် မလေးမစားလုပ်ရမှာမျိုးတော့ မဟုတ်ပါဘူး။ မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒီသိက္ခာပုဒ်(၅)ခု မကျင့်လည်းရတယ်။ ဒီသိက္ခာပုဒ်ငါးခု မရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ် ပြောထားတာပါ။ တပေါင်းလပြည့်ကျော်သွားရင်တော့ မူလအတိုင်း ပြန်ပြီးတော့ကျင့်သုံးရမှာပါ။ အဲ့ဒီလို မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လောက်ကြီးကျယ်ခန်းနားတဲ့ဒါနကုသိုလ်ကမှ မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်သန့်စင်တဲ့ သီလကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်တဲ့ ဘာဝနာကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။

★ အဆင့်အတန်းမြင့်လှတဲ့ ၀ိပဿနာကုသိုလ်တွေ မဂ်ကုသိုလ်တွေ လောကုတ္တရာကုသိုလ်တွေကလည်း မြတ်စွာဘုရားရှင်ရဲ့အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို မပယ်နုတ်နိုင်ပါဘူး။ ကထိန်အလှူရှင်များ လှူဒါန်းတဲ့ ကထိန်အလှူတစ်ခုတည်းကသာလျှင် မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်ငါးခုကို ခေတ္တခဏပယ်နုတ်နိုင်ပါတယ်။ အဲ့ဒါကိုက အင်မတန် ထူးခြားမှုတစ်ခုပါပဲ။ ကထိန်အလှူကို အထူးခြားဆုံးအလှူလို့ပြောရတာ ဒီအချက်က အဓိကပဓာန အကျဆုံးပါပဲ။ ဒီတစ်ချက်တစ်ခုနဲ့တင် ကထိန်အလှူဟာ အထူးခြားဆုံး အလှူဖြစ်နေပါပြီ။ ဘာတွေလဲဆိုတော့

★ (၁)“ အနာမန္တစာရ ” ဆိုတဲ့သိက္ခာပုဒ်။ ဘာလဲဆိုတော့ မြို့ရွာထဲက အိမ်တစ်အိမ်က ဆွမ်းစားပင့်ထားတယ်ဆိုရင် အဲ့ဒီအိမ်ကို ဆွမ်းမစားခင်မှာပဲဖြစ်ဖြစ် ဆွမ်းစားပြီးနောက်ပိုင်းမှာပဲဖြစ်ဖြစ် ရပ်ထဲရွာထဲ အကြောင်းကိစ္စ တစ်ခုခုနဲ့ထွက်စရာရှိတယ်ဆိုရင် ကျောင်းတိုက်ထဲမှာ ရှိတဲ့ မိမိရဲ့ မျက်မှောက်မှာ ထင်ရှားရှိတဲ့ သံဃာတစ်ပါးပါးကို ပန်ပြောပြီးမှ သွားရတယ်။ “တပည့်တော် ဘယ်သွားမလို့ပါဘုရား ဘာကိစ္စနဲ့ဘယ်ကြွမလို့ပါဘုရား” စသည်ဖြင့် ရဟန်းသံဃာတစ်ပါးပါးကို ပန်ပြောပြီးမှ မြို့ထဲရွာထဲကို သွားခွင့်ရှိတယ်။ ဘယ်သူ့မှမပန်ဘဲ ငါဆရာတော်ပဲ သွားချင်ရာသွားမယ်၊ မဟုတ်တာလုပ်တာမှ မဟုတ်တာ၊ အချိန်တန်ပြန်မှာပဲဥစ္စာ လို့ ဘယ်သူ့မှမပန်ပဲ မြို့ထဲရွာထဲကိုသွားခွင့်မရှိပါဘူး။အာပတ်သင့်ပါတယ်။ ကထိန်အာနိသင်ရပြီဆိုရင်တော့ မြို့ရွာထဲအကြောင်းကိစ္စရှိလို့ဘယ်သူ့မှ မပန်ဘဲသွားလို့ရပါတယ်။အဲ့ဒီလို သွားလို့လဲ အာပတ်မသင့်တော့ပါဘူး။အပြစ်မရောက်ပါဘူး။ သို့သော်လည်း ယဉ်ကျေးမှုစည်းကမ်းအရတော့ ပြောရမှာပေါ့ ဒါမှလည်း အကြောင်းကိစ္စရှိတဲ့အခါ ဆက်သွယ်လို့ရတာပေါ့။ ပြောလို့ ဆိုလို့ရတာပေါ့။

★ (၂)“အသမာဒါနစာရ” ဆိုတာကတော့ သံဃာတော်များဟာ တိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းကို တစ်ညမှ ကိုယ်နဲ့ကင်းကွာနေခွင့် မရှိပါဘူး။ မိမိ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့သင်္ကန်း၊ ဧကသီရယ်၊သင်းပိုင်ရယ်၊နှစ်ထပ်သင်္ကန်းကြီးရယ် ဒီသုံးထည်ကို နောက်တစ်နေ့အာရုံတက်တဲ့အချိန်မှာ ကိုယ့်ရဲ့နှစ်တောင့်ထွာပတ်ဝန်းကျင်မှာ ရှိနေရမယ်။ခန္ဓာကိုယ်မှာ ၀တ်ထားလို့ပဲဖြစ်ဖြစ် မ၀တ်ရင်လည်း  ကိုယ့်ရဲ့နှစ်တောင်ထွာ အတွင်းမှာ ခေါက်ထားပြီးတော့ပဲဖြစ်ဖြစ် ရှိနေရမယ်။ ကိုယ့်ရဲ့နှစ်တောင့်ထွာအတွင်းမှာ အဲ့ဒီ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းသုံးထည် မရှိဘူးဆိုရင် အာပတ်သင့်သွားပြီ။

★ ဒီနေရာမှာ “တိစီစရိက်အဓိဋ္ဌာန်” ဆိုတဲ့အဓိပ္ပာယ်လေးကို နည်းနည်းလေး အာရုံပြုကြည့်ရအောင်။ တိစီဝရိက် ဆိုတာကတော့ “တိ” ဆိုတာ သုံးခုပါပဲ။“စီဝရိက်” ဆိုတာ သင်္ကန်းပေါ့။ ၀ိနည်း တိဝီ၀ရိက်အဓိဋ္ဌာန်တယ်ဆိုတာကတော့ ဧကသီတစ်ခုကိုလည်း ဤသင်္ကန်းကို ဧကသီအဖြစ်နဲ့အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ ဒီလို အဓိဋ္ဌာန် တင်ထားရတယ်။ သင်းပိုင်းတစ်ခုကိုလည်းပဲ ဤသင်္ကန်းကို သင်းပိုင်အဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ သင်းပိုင်းမှတ်မှတ် အသုံးပြုပါမယ်။နှစ်ထပ်သင်္ကန်းကိုလည်း ဤနှစ်ထပ်သင်္ကန်းကြီးကို နှစ်ထပ်သင်္ကန်းကြီးအဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ အဲ့ဒီလို အဓိဋ္ဌာန်ထားရတယ်။

★ အဲ့ဒီလိုအားဖြင့် ဧကသီတစ်ထည် သင်းပိုင်းတစ်ထည် နှစ်ထပ်သင်္ကန်းတစ်ထည် သင်္ကန်းသုံးထည်ကို သူ့ဆိုင်ရာ ဆိုင်ရာ နာမည်တွေနဲ့ အဓိဋ္ဌာန်ထားတာကို တိစီဝရိက်အဓိဋ္ဌာန်တင်တယ်လို့ ခေါ်တယ်။ သုံးထည်ထက်ပိုပြီးတော့ အဓိဋ္ဌာန်မထားရဘူး။ အဲ့ဒီသုံးထည်ကို ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းလို့ ခေါ်တယ်။ လောကမှာ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းပါမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ စာချုပ်မှာ လက်မှတ်ထိုးသလို ဒီသင်္ကန်းသုံးထည်ကို သင်းပိုင်မှတ်မှတ် ဧကသီမှတ်မှတ် သင်္ကန်းကြီးမှတ်မှတ် အသုံးပြုပါမယ်လို့ လက်မှတ်ထိုးပြီးတော့ မခွဲမခွာသုံးလိုက်တဲ့ သဘောပါပဲ။

★ အဲ့ဒီ ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းဟာ အရုဏ်တက်တဲ့အချိန်မှာ ကိုယ့်နှစ်ထောင့်ထွာအတွင်း ရှိနေရမယ်။ မရှိရင် အာပတ်သင့်ပါတယ်။ တိစီဝရိက်က နှစ်မျိုးရှိပါတယ်။ ခုနကပြောတာက ၀ိနည်းတိစီဝရိက်ပါ။ နောက်တစ်ခုက ဓုတင်တိစီဝရိက်ပါ။ဓုတင်ဆောင်တဲ့ပုဂ္ဂိုလ်များလည်း သင်္ကန်းသုံးထည်ပဲထားရပါတယ်။ အဲ့ဒီ ဓုတင်တိစီဝရိက် ဆောင်ထားတဲ့သူကတော့ သင်္ကန်းသုံးထည်ထက် ပိုထားခွင့်မရှိဘူး။သင်္ကန်းကြီးရယ်၊ သင်းပိုင်ရယ်၊ဧကသီရယ် ဒါပဲထားရတယ်။ ခုနကပြောတဲ့ ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်ထားတဲ့ ရဟန်းတော်က သင်္ကန်းသုံးထည်ကိုသာ သင်းပိုင်မှတ်မှတ်၊ဧကသီမှတ်မှတ်၊သင်္ကန်းကြီးမှတ်မှတ် အဓိဋ္ဌာန်တင်ထားပြီး ကျန်တဲ့သင်္ကန်းတွေကိုတော့ ဆယ်စုံပဲဖြစ်ဖြစ်၊ အစုံတစ်ရာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲဖြစ်ဖြစ် ၊ ပရိက္ခာရစောဠအဓိဋ္ဌာန်လို့ခေါ်တဲ့ သာမန်အသုံးအဆောင်သင်္ကန်းအဖြစ်နဲ့ပဲ အဓိဋ္ဌာန်တင်ထားလို့ရှိရင် အစုံပေါင်းမျာစွာ သိမ်းဆည်းထားပိုင်ခွင့်ရှိပါတယ်။ သိမ်းစည်းထားလို့ ဘာအာပါတ်မှ မသင့်ပါဘူး။

★ ဓုတင်တိစီဝရိက်ဆောင်တဲ့ ရဟန်းကတော့ သုံးထည်ပဲထားရပါတယ်။သင်းပိုင် ဧကသီ သင်္ကန်းကြီး ဘာမှမပိုထားခွင့်မရှိပါဘူး။ သင်္ကန်းသုံးတော်ကလွဲရင် အ၀တ်မှန်သမျှ ဘာမှမထားဘဲနဲ့နေထိုင်ကျင့်သုံးကြတဲ့နည်းပါပဲ။သင်္ကန်းများများထားရင် ကိလေသာများများဖြစ်တယ်လို့ ယူဆပြီး ကိလေသာကို ခါတွက်ဖျက်ဆီးတဲ့ အနေနဲ့ ကျင့်သုံးကြတာပါပဲ။(ဓုတင်=ကိလေသာကို ခါတွက်ခြင်း၏ အကြောင်း)

★ ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းကိုယ့်ရဲ့ နှစ်တောင့်ထွာတွင်းမှာ မရှိဘဲနဲ့ အရုဏ်တက်သွားရင် အာပတ်သင့်တယ်။ ဒါပေမယ့် ခုကထိန်သင်္ကန်းနဲ့ ကထိန်ခင်းလိုက်ပြီဆိုရင်တော့ ကထိန်အာနိသင်ရတဲ့ သံဃာတော်များဟာ နှစ်တောင့်ထွာ မကလို့ နှစ်မိုင်ပဲဝေးဝေး ထားလို့ရပါပြီ။အရုဏ်တက်တဲ့အချိန်မှာ ကိုယ့်အနားမှာ မရှိလည်းပဲဘာပတ်မှ မသင့်တော့ပါဘူး။ဘာအပြစ်မှ မဖြစ်တော့ပါဘူး။ တပေါင်းလပြည့်အထိပေါ့။

★ (၃) "ဂဏဘောဇန" ဆိုတာက လူဝတ်ကြောင် ပုဂ္ဂိုလ်များက သာသနာသုံး သံဃာတော်သုံး ဝေါဟာရနဲ့မဟုတ်ဘဲ လူဝတ်ကြောင်သုံး ဝေါဟာရနဲ့သံဃာတော်များကို ဆွမ်းစားပင့်တယ်။အရှင်ဘုရား တပည့်တော်တို့အိမ် သံဃာငါးပါး မုန့်ဟင်းခါးစားကြွပါ၊တပည့်တော်တို့အိမ်ကို သံဃာငါးပါး ခေါက်ဆွဲစားကြွပါလို့ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဆွမ်းစားပင့်တယ်။အဲ့ဒီလို ဆွမ်းကို သံဃာတော်လေးပါးနဲ့အထက် တစ်ပေါင်းတည်းကြွရောက်ပြီးတော့ မဘုန်းပေးကောင်းပါဘူး။မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဆွမ်းစားပင့်တဲ့ဆွမ်းမျိုးကို ဘုဉ်းပေးသုံးဆောင် လို့ရှိရင် အာပတ်သင့်ပါတယ်။အပြစ်ဖြစ်ပါတယ်။တစ်ပါး၊ နှစ်ပါး၊ သုံးပါးအထိတော့ ဘုဉ်းပေးကောင်းပါတယ်။တစ်ပါးတည်းကို မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ပင့်ရင်တော့ ဘုဉ်းပေးကောင်းပါတယ်။

★ ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်ခင်းလိုက်ပြီဆိုရင်တော့ ကထိန်အာနိသင်ရတဲ့ သံဃာတော်များဟာ မအပ်စပ်တဲ့ အသုံးမနှုန်း နဲ့ ဘယ်လိုပဲလျှောက်လျှောက် ဘယ်လိုပဲဆွမ်းစားပင့်ပင့် တစ်ပေါင်းတည်းကြွရောက်ပြီးတော့ ဆွမ်းဘုဉ်းပေးကောင်းသွားပါပြီ။အဲ့ဒါကြောင့် ကထိန်အာနိသင်ရပြီဆိုရင်တော့ ၀ါးကြောလို့ပဲလျှောက်လျှောက် ၀ိုက်ကြောလို့ပဲလျှောက်လျှောက် သံဃာတော်များဟာ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ပင့်တဲ့ဆွမ်းကို ဘုဉ်းပေးကောင်းပါတယ်။

★ (၄)“ယာဝဒတ္တစီဝရ” ဆိုတာကတော့ ရဟန်းတော်များဟာ မိမိတို့ကို လှူဒါန်းထားတဲ့ သင်္ကန်းတွေကို ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင် ၊၀ိကပ္ပနာ ၀ိနည်းကံတစ်ခုခု ပြုမထားဘဲနဲ့ ဒကာ၊ဒကာမလာလှူတဲ့ သင်္ကန်းတွေကို နိဗ္ဗာနဿပစ္စယော ဟောတု ဆိုပြီး အလှူခံပြီးတော့ ဗီရိုထဲမှာ  သွားထည့်ထားလိုက်တယ်။အဲ့ဒီလို ဆယ်ရက်ကျော်သွားရင် အဲ့ဒီသင်္ကန်းတွေကို မသုံးကောင်းတော့ဘူး။စွန့်ပစ်လိုက်ရတော့မယ်။စွန့်လည်းစွန့်လိုက်ရမယ်၊သိက္ခာပုဒ်ကိုလည်း ဒေသနာကြားပြီးတော့ အာပတ်ဖြေရမယ်။ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင်ခြင်း၊ ၀ိကပ္ပနာပြုခြင်းဆိုတဲ့ ၀ိနည်းကံတစ်ခုကို ပြုထားမှသာ အဲ့ဒီသင်္ကန်းကို သိမ်းထားခွင့်ရှိပါတယ်။ အခုကထိန်အာနိသင်ရတဲ့ သံဃာတော်များကတော့ ဆယ်ရက်မကလို့ ဘယ်နှရက်ပဲဖြစ်ဖြစ် လကျော်ပြီးပဲဖြစ်ဖြစ် အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲနဲ့ ငါးလအတွင်းမှာ လွတ်လပ်စွာ သင်္ကန်းကို သိမ်းဆည်းထားခွင့် ရသွားပါတယ်။

★ (၅)“ယော စ တတ္ထ စီဝရုပ္ပါဒ” ဆိုတာ ကျောင်းတိုက်တစ်တိုက်အတွင်းမှာ သံဃဿ ဒေမလို့ ဆိုပြီးတော့ သံဃာကို ရည်စူးပြီးတော့ သင်္ကန်းလှူဒါန်းကြပြီဆိုရင် အဲ့ဒီသင်္ကန်းကို အဲ့ဒီကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်အားလုံးခွဲဝေပြီးတော့ ယူကြရပါတယ်။ ကျောင်းတိုက်ရဲ့ ပဓာနဆရာတော်က ကိုယ်ဆီလာပြီးတော့ သံဃဿ ဒေမဆိုပြီး လှူထားတာကို ငါ့ကိုလှူတာ ငါပိုင်တယ်ဆိုပြီးဒီလို ဆုံးဖြတ်လို့ မရပါဘူး။ ပဓာနဆရာတော် တစ်ပါးတည်းကိုပဲ သံဃဿ ဒေမဆိုပြီး လှူပေမယ့် သံဃဿ ဒေမလို့ နှုတ်မြွက်ပြီး လှူဒါန်းထားတာဖြစ်လို့ အဲ့ဒီသင်္ကန်းကို အဲ့ဒီကျောင်းတိုက်အတွင်းမှာရှိတဲ့သံဃာတော်အားလုံးနဲ့ ဆိုင်ပါတယ်။ငါးပါးရှိရင် ငါးပါးလုံးနဲ့ဆိုင်ပါတယ်။ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်အားလုံး ခွဲဝေကြရမှာဖြစ်ပါတယ်။

★ အပါးစေ့ မဝေလောက်ရင် မဲချပြီးယူရမှာဖြစ်ပါတယ်။မဲချပြီးမယူချင်ဘူးဆိုရင် သံဃာတော်များက သဘောတူညီချက်နဲ့ နွမ်းပါးတဲ့သံဃာတစ်ပါးပါးကို ပေးရမယ့်တာဝန်ရှိပါတယ်။ သံဃာတော်များအပိုင်းက “သံဃဿ ဒေမ” လို့မြွက်ဆိုပြီးတော့ လှူဒါန်းထားတဲ့ သင်္ကန်းအပေါ် ၀ိနည်းစည်းကမ်းအတိုင်း အဲ့ဒီလို အသုံးပြုရပါတယ်။ဒီနေရာမှာ ဒကာ ဒကာမတွေအနေနဲ့ ကောက်ချက်တစ်ခုချခဲ့ပေါ့။ သံဃာလှူတာအကျိုးပိုရှိတယ်ဆိုပြီး နေရာတကာ နှုတ်က “သံဃဿ ဒေမ” လို့မဆိုမိပါစေနဲ့။ “နိဗ္ဗာနပစ္စယော ဟောတု” ဆိုရင် လုံလောက်ပါတယ်။စိတ်ထဲက သံဃာဂုဏ်ကို အာရုံပြုပြီး သံဃာကို ရည်စူးထားပေါ့။ ဆွမ်းခံကြွလာတဲ့ ရဟန်းတော်ကို “သံဃဿ ဒေမ” လို့ဆိုပြီး ဆွမ်းတစ်ဆွမ်းလောင်းလိုက်ရင် အဲ့ဒီ ဆွမ်းကို ဆယ့်နှစ်တောင်ပတ်ဝန်းကျင်က တွေ့သမျှ ရဟန်းတော်တွေနဲ့ ခွဲဝေသုံးစွဲရတော့မယ်။သံဃာပိုင်းဆွမ်း ဖြစ်သွားပြီကိုး။

★ အခုကထိန်အာနိသင်ရသွားပြီဆိုရင်တော့ သံဃဿ ဒေမဆိုပြီးတော့ သင်္ကန်းကိုသံဃိကအဖြစ်နဲ့ လာလှူလို့ရှိရင် အဲ့ဒီသင်္ကန်းကို ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်တွေ အားလုံးခွဲဝေယူစရာမလိုပါဘူး။ကထိန်အာနိသင်ရတဲ့ သံဃာတော်တွေပဲ ခွဲဝေယူရတော့မယ်။သံဃာ ဆယ်ပါးရှိတဲ့အချိန်မှာ ကထိန်ခင်းထားတယ်။ကထိန်အာနိသင်ရထားတယ်။ နောက်ရက်ပိုင်း လပိုင်း တခြားကျောင်းတိုက်က ငါးပါးလောက်ကြွလာတယ် ဆိုပါတော့ ဆယ့်ငါးပါး ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ဒကာ ဒကာမတစ်ယောက်က သင်္ကန်း(၁၀)ကို “သံဃဿ ဒေမ” ဆိုပြီး လာလှူတယ်။ဒါဆိုရင် (၁၅)ပါးလုံး ခွဲယူစရာ မလိုပါဘူး။ ကထိန်အာနိသင်ရတဲ့ သံဃာ(၁၀)ပါးသာ ခွဲဝေယူလို့ ရပါတယ်။ နောက်မှ ကြွလာတဲ့ ငါးပါးကို ခွဲဝေမပေးလည်းရပါတယ်။ဒါကလည်း ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းကနေ ပေးလိုက်တဲ့ ထူးခြားမှုတစ်ခုပါပဲ။

★ တကယ်လို့ ကထိန်နှုတ်ခဲ့မယ်ဆိုရင်တော့ သံဃိက သင်္ကန်းတွေကို ကထိန်အာနိသင်မရတဲ့ တခြားရဟန်းတော်တွေလည်း ဝေစုရနိုင်ပါတယ်။ဒါပေမယ့် ကထိန်နှုတ်လိုက်မယ်ဆိုရင် ကထိန်အာနိသင် (၁၀)ပါးလုံး ဘယ်သူမှ မရတော့ပါဘူး။ ကထိန်အာနိသင်တွေ ပျက်သွားပါပြီ။ကထိန်နှုတ်တယ်ဆိုတာ ကထိန်ခင်းခြင်းအမှု ကထိန်ကံကို ရုတ်သိမ်းလိုက်တာပါပဲ။ ကထိန်နှုတ်ပြီးမှ နောက်ထပ်ကထိန်ထပ်ခင်းလို့ မရတော့ပါဘူး။ကထိန်ကိုသာ မနုတ်ဘူးဆိုရင် သံဃိကသင်္ကန်းတွေကို ၀ါကျိုးဝါပြတ်သူ၊ ဒုတိယ၀ါဆိုသူ၊ တခြားကျောင်းတိုက်က အသစ်ရောက်လာသူ တွေ မရနိုင်တော့ပါဘူး။ကထိန်နုတ်လိုက်မှ သံဃာအားလုံးရခွင့်ရှိပါတယ်။

★ သံဃိကဆိုတဲ့အထဲမှာ ကထိန်ခင်းထားတဲ့ ကျောင်းတိုက်ရဲ့ ဥပစာအတွင်းမှာ မိမိပိုင်ပစ္စည်းကို ဘယ်သူ့ကိုမှ မပေးမလှူဘဲ ပျံလွန်တော်မူသွားတဲ့ ရဟန်းရဲ့သင်္ကန်း(မတသန္တကသင်္ကန်း) ၊ သံဃာကို လှူဒါန်းလို့ရတဲ့ သင်္ကန်း၊ကထိန်ခင်းတဲ့ ကျောင်းတိုက်ပိုင် လယ်ဟာမြေသည်က ထွက်တဲ့ပစ္စည်းတွေနဲ့ လဲလှဲလို့ရရှိလာတဲ့ သင်္ကန်း စတဲ့ သံဃာပိုင်သင်္ကန်းမှန်သမျှ အကုန်ပါဝင်ပါတယ်။

★ ကထိန်အလှူကြောင့် ကထိန်အလှူခံရဟန်းတော်တွေမှာ သိက္ခာပုဒ် ၀န်ထုပ်ငါးခု သက်သာခွင့် ရသွားပါတယ်။စည်းမျဉ်းစည်းကမ်း ၀န်ထုပ်ကို လျှော့ချပေးတဲ့အလှူ လောကကြီးမှာ ဒီကထိန်အလှူတစ်ခုပဲရှိတယ်။ဒါကြောင့် ကထိန်ဒါနဟာ အထူးခြားဆုံးဒါန ဖြစ်နေပါပြီ။လှူဖွယ်ဝတ္ထူရှု့ထောင့်ကနေ သုံးသပ်မယ်ဆိုရင်လည်း ကထိန်အလှူဟာ အထူးခြားဆုံးအလှူ ဖြစ်ပါတယ်။

{အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}

(အိုဘယ့်အလှူ တရားတော်မှကောက်နှုတ်ချက်)

ဤဓမ္မဒါနကြောင့် သာသနာတော်ကိုထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်စေသား။

♣ ♣ ♣ ♣ ♣ ဓမ္မမိတ်ဆွေများကျန်းမာချမ်းသာကြပါစေဗျာ ♣ ♣ ♣ ♣ ♣

Saturday, June 28, 2014

သာသနာကွယ်ကြောင်း(၁၅)ပါး




တရားမနာ

စာပေမသင်...

နုတ်တွင်မဆောင်

သိအောင်မပြု

ဓမ္မာနုဓမ္မပဋိပတ်ခွာ

ဤငါးဖြာသည်ဘုရားသာသနာကွယ်ကြောင်းတည်း။

စာသင်ပယ်လျော

ကျယ်မဟောကြား

ကျယ်မချနှင့်

ကျယ်စွာ့မအံ

မကြံမစည်

ဤငါးမည်သည်ဘုရားသာသနာကွယ်ကြောင်းတည်း။

အက္ခရာပုဒ်ပျက်လေ့ကျက်သင်ချ

ဒုဗ္ဗစမူ

စာချသူရှား

လာဘ်များအောင်ဖန်

ခိုက်ရန်ကွဲပြား

ဤငါးပါးသည်ဘုရားသာသနာကွယ်ကြောင်းတည်း။
======================================

ကွယ်ကြောင်းသဘာဝ ရင်းဓမ္မတို့ကိုပယ်လိုဆန္ဒ စိတ်တွင်ချ ၍
ထိုမှပြန်လောင်း တည်းကြောင်းသာသနာ၁၅ဖြာကိုပွားလိုပါကြောင်း
ဆုပန်တောင်း ကောင်းကောင်းကြီးအားထုတ်နိုင်ကြပါစေကုန်သတည်း
သာဓု သာဓု သာဓု

 

ပဋ္ဌာန်း ၂၄-ပစ္စည်း (အင်္ဂလိပ် ဘာသာပြန်)

၁။ ဟေတု ပစ္စယ=The relation way of root.
၂။ အာရမ္မဏ ပစ္စယ=The relation of object.
၃။ အဓိပတိပစ္စယ=The relation of dominance....
၎။ အနန္တရ ပစ္စယ=The relation of contiguity.
၅။ သမနန္တရ ပစ္စယ=The relation of immediate contiguity.
၆။ သဟဇာတ ပစ္စယ=The relation of Co-existence.
၇။ အညမည ပစ္စယ=The relation of reciprocity.
၈။ နိဿယ ပစ္စယ=The relation of dependence.
၉။ ဥပနိဿယ ပစ္စယ=The relation of Sufficing condition.
၁၀။ ပုရေဇာတ ပစ္စယ=The relation of pre-existence.
၁၁။ ပစ္ဆာဇာတ ပစ္စယ=The relation 0f post-existence.
၁၂။ အာသေ၀န ပစ္စယ=The relation of habitual recurrence.
၁၃။ ကမ္မ ပစ္စယ=The relation of Kamma.
၁၄။ ၀ိပါက ပစ္စယ=The relation of effect.
၁၅။ အာဟာရ ပစ္စယ=The relation of food.
၁၆။ ဣန္ဒြိယ ပစ္စယ=The relation of control.
၁၇။ ဈာန ပစ္စယ=The relation of jhana.
၁၈။ မဂ္ဂပစ္စယ=The relation of path.
၁၉။ သမ္ပယုတ္တ ပစ္စယ=The relation of association.
၂၀။ ၀ိပ္ပယုတ္တ ပစ္စယ=The relation of dissociation.
၂၁။ အတ္ထိ ပစ္စယ=The relation of presence.
၂၂။ နတ္ထိ ပစ္စယ=The relation of absence.
၂၃။ ၀ိဂတ ပစ္စယ=The relation of abeyance.
၂၄။ အ၀ိဂတ ပစ္စယ=The relation of continuance

Tuesday, May 27, 2014

အလင်းသစ် စာကြည့်တိုက်

 
အလင်းသစ်စာကြည့်တိုက် ပြင်ဆင်ခြင်းနှင့်ဖွင့်ပွဲအခမ်းအနား
 
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရေဆုံးကျေးရွာ တွင် ကျေးလက်နေပြည်သူများ မျိုးဆက်သစ် လူငယ်များ နှင့် စာပေချစ်မြတ်နိုးသူများအတွက် အလင်းသစ် ပေါ်ထွက်လို့လာပါပြီ။
 
 
 
 
































ပညာနို့ရေ သောက်သုံးနိုင်ကြပါစေ။ (ကိုဇော်)

Sunday, May 18, 2014

ရေ နဲ့ ငါး





အမေ....
မွေးရုံသက်သက်ဘဲလား အမေ
မတူကြတဲ့လောက လူ့သဘာဝ
ဆင်းရဲနွမ်းပါး ဘဝမခြားသ၍
အမေ့ကိုတွေ့ချင်သေးတယ်အမေ။

အဖေနဲ့မှားခဲ့တဲ့အမေ
ကျွန်တော့်ကို သန္ဓေတည်မှ
အမေနောင်တရတော့တယ်ပေါ့။

အမေချစ်တဲ့အမေ့လူကြီး(အဖေ)ဟာ
ဘယ်သူဘယ်ဝှါဆိုတာ
ကျွန်တော် မသိလိုတော့ပါဘူး။

မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတဲ့
ပရဟိတ ကျောင်းလေးထဲမှာ
ဘဝတူသူငယ်ချင်းများနဲ့
သားနေတတ်နေပါပြီ အမေ။

သားကိုထားခဲ့ပြီး ပြန်လှည့်သွားတဲ့
အမေ့ရဲ့ကျောပြင်ကို
မျက်ရည်စတွေကြားက
အမေဆိုတာ မသိတသိ
ကြည့်မိခဲ့ဘူးတယ် အမေ။

အမှတ်သညာသေးတဲ့ ဥမမယ်သား
ဘဝခါးမှန်းလည်း မသိ
ချိုမှန်းလည်း မသိခဲ့။

မေတ္တာတရားတွေသာ ရှိပြီး
နို့ချိုရည် မရှိတဲ့ သူတချို့က
ရင်ဝယ်ပိုက်ပြီး အမေ့နေရာယူ
အမေပစ်ခဲ့တဲ့သား ရေနဲငါးကို
ဂရုဏာလက်တွေနဲ့ကြိုဆိုထွေးပွေ့
ရင်ခွင်နွေးနွေးမှာ....
ငြိမ်းအေးစေခဲ့ပါတယ်...အမေ။

နို့သီးခေါင်းအတုနဲ့ နို့ချိုရည်
အမေ့ကိုယ်စား အားဖြစ်
မမြင်ဘူးတဲ့ မျက်နှာ
မတွေ့ဘူးတဲ့ လက်နဲ့
ထွေးပွေ့ထားတဲ့ သူတွေကို
အမေမြင်လှည့် စေချင်တယ်။

မှားတာ အဖေလား?
မှားတာ အမေလား? မမေးတော့ပါ
ဘဝမခြားသေးတဲ့ ကျွန်တော်
လူဘောင် လူလောကမှာ
မိဘမဲ့ အခေါ်ခံ
မိပစ်ဖပစ် နွံမနစ်တာကိုဘဲ
ကျေနပ်လှပါပြီ အမေ။

မမြင်ဘူးတဲ့ မွေးသမိခင်
မမြင်ဘူးတဲ့ မွေးသဖခင်
ဝဋ်ကြွေးရှိခဲ့ရင်..,
သားကျေအောင်ဆပ်မှာပါ...

တပါးသူရဲ့ ရင်ခွင်
တပါးသူရဲ့ မေတ္တာလက်တွေနဲ့
ထွေးပွေထားတဲ့ အမေ့သားကို
တစ်ခါတစ်ခေါက် ကလေးတော့
လာကြည့်လှည့်ကြပါဦးဗျာ....။

ကိုစိုးမိုး ( ၂/၁၀/၂၀၁၃ )

Thursday, May 15, 2014

တိုင်းရင်းဆေးစွမ်း

AIDS ရောဂါပိုးကို ကို နိုင်သည့် တိုင်းရင်းဆေးစွမ်း
**********************************
ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်ေ...သာင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး)မပေးနိုင်သူ နှစ်သောင်းကျော်ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။

ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်
ရောဂါတွေတိုးလာကြတာများတယ်၊ တချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။

ဒီလိုဘဲဆေးရုံက ဆေးကုသရင် စရိတ်တွေ အကုန်မခံနိုင်တဲ AIDS ဝေဒနာရှင်တဦးက ရောဂါ တနေ့ တခြားဆိုးလာလို့  သူမိသားစု တွေပြောရင်လဲ ၀ိုင်းပါယ်ကြမှာစိုးပြီး လူရှင်းတဲ့ ခြံတခုမှာ သေဘို့ ဆုံးဖြတ်ပြီး တဦးတည်း တဲထိုးနေရင်း လဲနေရင်း ရောဂါကလဲဖေါက်နေချိန်မှာ-
အနာတွေပေါက်နေတဲ့ ခွေးပိန်ညောင် တကောင်ဟာ သူ့ အနားက ရှားဇောင်းပင်ကို လာကိုက်ပြီး ထွတ်လာတဲ့ အနှစ်တွေကို ရှာနဲ့လျှက်နေတာတွေ့ ရတယ်...။
ပြီးတော်ရှားဇောင်ပင်နားမှာဘဲ အိပ်နေတယ်၊သူလဲအားနည်းပြီး အိပ်ပျော်သွားခဲ့ပြီး နောက်တနေ့ မှာ ခွေးပိန်က လန်းလန်းဆန်းဖြစ်နေတာတွေ့ ရတယ် ပြည်တွေနဲ့ စိုနေတဲ့အနာတွေလည်းခြောက် သွားတယ်။အဲဒီဝေဒနာရှင် ဟာ ခွေးပိန်ရဲ့ ဆေးကုနည်းကိုအတုခိုးပြီး ရှားဇောင်းလက်ပတ်ပင်တွေ ကို နေ့ စဉ်မှီဝဲရာက ယနေ့ တိုင်းကျန်းကျန်းမာမာနဲ့  အသက်ရှင်နေပါတယ်။

အောက်မှာဖေါ်ပြထားတာကတော့ ဒေါက်တာဖြိုးသီဟဇော်ရဲ့  တိုင်းရင်းဆေးနဲ့ ကုတဲ့နည်း
+++++++++++++++++++++++++++++++++++++++++++++++
၁..။ ကျွန်တော်တို့ သိတဲ့ Aloevia ( ရှားစောင်းလတ်ပတ် ။ တစောင်းလတ်ပ် ) ပင်ဟာ ကိုယ်ခံအားတတ်စေတဲ့အကျိုးအာနီသင် အပြည့်ရှိတယ် လို့  နိုင်ငံတကာ ကလက်ခံယုံကြည် ထားပါတယ်..။ ဒီ ရှားစောင်းလတ်ပတ်ထဲက အသား ( ဂျယ်လီ တုံး ) ပုံလေးတွေကို ချစ် ယူပြီး သကြားနဲ့  အစိမ်းလိုက်ဖြော်ရည်လုပ်သောက် ခိုင်းထားတာတွေ့ ရပါတယ်....။ ဒီလို သောက်သုံး ချင်းအားဖြင့် ကိုယ်ခံအား ကို မြှင့် တင်ပေးပြီး.... အသားအရည်ကိုလည်း စိုပြည်စေတာတွေ့ ရှိရပါတယ် ခင်ဗျာ...။ ဒီလို လုပ်နည်းကို မြနှ်မာမှာသာမက အနောက်နိုင်ငံကြီးများ , Korea , Africa စတဲ့နိုင်ငံတွေမှာပါအခုလက်ရှိသုံးနေကြတာကို တွေ့ ရှိရပါတယ်ခင်ဗျာ။
တစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့ သုံးခွက် မှန်မှန်သောက်ပေးရင် CD4 Cell တွေပြန်တက်လာတဲ့ လူနာတွေအခုမြန်မာနီင်ငံမှာလက်ရှိရှိနေပါတယ်ခင်ဗျာ..။

နောက်တစ်ခုကတော့.
၂ ။ ကြက်သွန်နီ ပါခင်ဗျာ..။
ဒီဟာကတော့ ကျွန်တော်သိတာ မကြာသေးပါဘူး...။ မြန်မာ့ ဆေးကျမ်း ထဲက တိုင်းရင်းဆေးဆရာကြီးတွေ သုံးခဲ့တဲ့နည်းလို့ ဆိုပါတယ်.။ ဒီ ကြည်သွန်နီနဲ့  ရောဂါ ပြင်းထန်ရာကနေ သက်သာသွားတဲ့လူတွေ ရှိနေတာအခု လက်ရှိမှာ တွေ့ နေရပါတယ်.။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် .. AIDS ဖြစ်လို့  ကိုယ်ခံနာ မှာ ယားနာပေါက်တာ တွေ . ၀မ်းသွားတာတွေ . အနာဖြစ်တာတွေ . အားလုံး သက်သာပြီးပျောက်ကင်းသွားတာ တွေ့ ရှိနေရပါတယ်။လူလောကတစ်ခုလုံးက ကုသလို့ မရဘူးဆိုတဲ့ .....ဒီရောဂါ ဆိုးကြီးကို....( ကြက်သွန်နီ ) ဥ က သက်သာအောင်လုပ်ပေးတာ ကျွန်တော်လဲအစကမယုံပါဘူး....။ နောက်မှ ရောဂါရှင်ကိုယ်တိုင် လာပြောမှ သာလက်တွေ့ ယုံခဲ့ပါတယ်.။ ၀မ်းသာစရာပါခင်ဗျာ....။
သုံးပုံသုံးနည်းက တော့ -
ကြက်သွန်နီ ဥကြီး ၃ ဥလောက်ကိုနေ့ စဉ် အခွံနွာ ... ကြက်သွန်နီဘေးမှာရှိတဲ့ မိုမဲမဲလေးတွေကို
ရေစင်အောင်ဆေးပြီး .. အရည်ရအောင် ထောင်းပါ ..။ ထောင်းတဲ့ ငရုပ်ဆုံ ကလည်း သီးသန့် ဖြစ်ဖို့ လိုပါတယ်...။သန့် ရှင်းရပါမယ် .။ ရလာတဲ့ အရည်ကို .. တစ်နေ့  သုံးခွက်မှန်မှန် သောက်ပေးပါ.။ ၁ လ အတွင်းမှာ ရောဂါသက်သာလာတာ .... လက်တွေ့ မြင်ရမှာပါ ခင်ဗျာ..။ သောက်သုံးနေစဉ်အတွင်း ... ၃ . ၄ ရက် အတွင်းမှာ အရေပြားမွေးညှင်းလေးတွေထဲက နေ ရွ စိ ရွစီ နဲ့ ပိုးလေးတွေ ထွက်လာတယ်လို့  ဆေး ပညာရှင်တွေက ဆိုထား ပါတယ်..။ ဆက်သာသောက်ပါ..။ စိုးရိမ်စရာမရှိပါဘူး ..။ နည်းနည်းတော့ အနံ့တော့ဆိုး မှာပေါ့ခင်ဗျာ.။ ရောဂါသက်သာသွားရင်လဲ နေ့ တိုင်းတစ်နေ့ သုံးခွက်သာပုံမှန် သောက်သွား ပါတဲ့.။ သက်တမ်းစေ့အောင် ကျန်းမာစွာ နေနိုင်မှာ ဖြစ်ပါတယ်လို့  တိုင်းရင်းဆေးဆရာများက လက်တွေ့ ဆိုထားပါတယ် ။

Min Burma

Tuesday, April 22, 2014

ကျောက်ကပ် အတွက်ဆေး




(ကုန်းကတက် ) ပင် ရဲ့အခေါက်ကို သွေး ပြီး သံပုရာသီး အစစ်နဲ့
တစ်နေ့  တစ်ကြိမ် သောက်သုံး လာခဲ့ရာ ခြောက်ရက်လျင် တစ်ကြိမ်သာ
ကျောက်ကပ်ဆေး ခြင်း ပြုလုပ်နေရပြီး ညစဉ်တိုင်းမှာလည်း လုံးဝ မနာတော့ပါ ။

အခြားအမော ရောဂါသည် များလည်း သိသာစွာ သက်သာ လာပါတယ် ။
မန္တလေးတိုင်း အတွင်းမှာပင် ကျောက်ကပ် ပျက်စီးသူ ၁၀၀၀ ခန့် ရှိနိုင် ပြီး
တစ်နိုင်ငံလုံး အတိုင်းတာဖြင့် ဆိုလျင် များစွာ ရှိနေပါလိမ့် မယ် ။

ထိုရောဂါ စွဲကပ်လာပါက မည်သူုမဆို တစ်လ လေးသိန်း ငါးသိန်းခန့်  ကုန်ကျပါမှ
အသက်ရှင် နေထိုင်ခွင့် ရသလို မိသားစု လိုက် ဆင်းရဲမွဲတေ စေတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ် ။

သို့ ပါ သောကြောင့် ထိုဆေးနည်း ဖြင့် ဖြစ်ပြီးသား ဝေဒနာ ရှင်များ
သက်သာပါစေကြောင်း နှင့် ဖြစ်ခါစ ဝေဒနာ ရှင်များ ပျောက် ကင်း ပါစေကြောင်း

စေတနာ စစ်စစ်ဖြင့် ဖော်ပြ ပေး လိုက်ပါတယ် ။


ဖိုးလရောင်

ကင်ဆာ အတွက်ဆိုရင် သင်္ဘောရွက်

ကင်ဆာရောဂါသည်များ စိတ်မပူပါနဲ့တော့
သင်္ဘောရွက်ဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ စွမ်းပကားတွေ များစွာပါဝင်ကြောင်း သိရပါတယ်။ ဒါကြောင့် ကင်ဆာရောဂါ ရှိသူများ ဖြစ်ဖြစ...် မရှိအောင် ကြိုတင်ကာကွယ်ချင်တဲ့ သူတွေဖြစ်ဖြစ် သင်္ဘောရွက်ကို မှီဝဲနိုင် ပါတယ်။ ဒါကြောင့် ကင်ဆာ အတွက်ဆိုရင် သင်္ဘောရွက် ကိုသာ ပြေးပြီး မြင်လိုက်ပါ။

ဆေးသောက်ရမည့် အညွန်း
အရွက်ကို ထောင်းပြီး အရည်ကို သောက်ပါ။ အရွက်ကို ပြုတ်ပြီး
အရည်ကို သောက်ပေးပါ။ အရွက်ကို ပြုတ်ပြီးလည်း တို့နိုင်သလို
မိမိနှစ်သက်ရာတို့နှင့် အတူ တွဲဖက်စားသုံးနိုင်ပါတယ်။ သို့သော်
ဆေးအာနိသင် ထိရောက်အောင် အရည်ကို သောက်ပေးပါ။
တကယ်လက်တွေ့ ပျောက်ကင်းသွားတဲ့ သူများလည်း ရှိပါတယ်။

ကျော်လင်းနိုင်

Friday, April 4, 2014

သားကောင်းမိခင်

    
အကျိုး - သားသမီးများအား မြတ်စွာဘုရားထံ ရာသက်ပန် သရဏဂုံတည်သော ဥပသကာ(ဒါယကာ၊ ဒါယကာမ)များအဖြစ် မှတ်ယူတော်မူပါရန်အပ်နှံခြင်းဖြစ်ပြီး။ အန္တရာယ်ကင်းခြင်း၊ လူနတ်တို့ချစ်ခင်စောင့်ရှောက်ခြင်း၊ လိမ္မာယဉ်ကျေး ကြသည့် သားသမီးကောင်းများဖြစ်ထွန်းစေခြင်း စသည့်ကောင်းကျိုးများရရှိစေပါသည်။

Friday, March 28, 2014

ရန်ကုန်မြို့ရှိလမ်းများ၏ ယခင်အမည်များ

၁။ ဒါလဟိုဇီလမ်း (Dalhousie Road) = မဟာဗန္ဓုလလမ်း
၂။ ဘားလမ်း (Barr Street ) = မဟာဗန္ဓုလပန်းခြံလမ်း
၃။ လွစ္စ်လမ်း (Lewis Street) = ဆိပ်ကမ်းသာလမ်း
၎။ ဖယ်ရာလမ်း (Phayre Road) = ပန်းဆိုးတန်းလမ်း
၅။ မဂိုလမ်း (Mogul Road) = ရွှေဘုံသာလမ်း
၆။ ကာနယ်လမ်း (Canal Street) = အနော်ရထာလမ်း (လမ်းမတော် ကျုံကြီးနား)
၇။ ဖရေဇာလမ်း (Fraser Road) = အနော်ရထာလမ်း (ကျောက်တံတား၊ ပန်းဘဲတန်းအနီး မြို့လယ်ခေါင်)
၈။ စထရန်းလမ်း (Strand Road) = ကမ်းနားလမ်း
၉။ စပတ်လမ်း (Sparks Road) = ဗိုလ်အောင်ကျော်လမ်း
၁၀။ သော်မဆင်လမ်း (Thompson Road) = ဗိုလ်တထောင်ဘုရားလမ်း
၁၁။ မောင်ထော်လေးလမ်း (Maung Htaw Lay Street) = ဗိုလ်ဆွန်ပက်လမ်း
၁၂။ ကော်မရှင်နာလမ်း (Commissioner's Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရန်ကုန်ဆေးရုံကြီးရှေ့လမ်း)
၁၃။ မောင့်ဂိုမာရီလမ်း (Montgomery Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း
၁၄။ ဘဂိုးဒါးလမ်း (Pagoda Road) = ရွှေတိဂုံဘုရားလမ်း
၁၅။ အက်ဒွပ်လမ်း (Edward Street) = ကုန်ဈေးတန်းလမ်း
၁၆။ ဂေါ်ဒွင်လမ်း (Godwin Road) = လမ်းမတော်လမ်း
၁၇။ ခရစ်လမ်း (Christ Street) = ဗိုလ်မြတ်ထွန်းလမ်း
၁၈။ ယောက်လမ်း (York Street) = ယောမင်းကြီးလမ်း
၁၉။ စတော့ကိတ်လမ်း (Stockade Road) နှင့် ဂျူဒါအီစကယ်လမ်း (Judah Ezekiel Road) = သိမ်ဖြူလမ်း
၂၀။ မောင်ခိုင်လမ်း (Maung Khaing Street) = ဗိုလ်ရွဲလမ်း
၂၁။ ဟယ်လ်ပင်လမ်း (Halpin Road) = ပြည်ထောင်စုရိပ်သာလမ်း
၂၂။ ကင်းဘဲလ်လမ်း (Campbell Road) = ငါးထပ်ကြီးဘုရားလမ်း
၂၃။ ဒတ်ဖရင်လမ်း (Dufferin Road) = စန္ဒကူးလမ်း
၂၄။ ကုတ်ကိုင်းလမ်း (Kokine Road) = ကမ္ဘာအေးဘုရားလမ်း
၂၅။ မဂျစ်လမ်း (Masjid Road) = သမိန်ဗရမ်းလမ်း
၂၆။ လန်ကက်စတာလမ်း (Lancaster Road) = န၀ဒေးလမ်း
၂၇။ မစ်ရှင်လမ်း (Mission Road) = အလုံလမ်း
၂၈။ ပရုမ်းလမ်း (Prome Road) = ပြည်လမ်း
၂၉။ စတီဗင်ဆန်လမ်း (Stevenson Road) = လှည်းတန်းလမ်း
၃၀။ ဗိုးလ်လမ်း (Voyle Road) = ဦးဝိစာရလမ်း
၃၁။ ၀င်ဒါမီယာလမ်း (Windermere Road) = သံလွင်လမ်း
၃၂။ ၀င်ဆာလမ်း (Windsor Road) = ရှင်စောပုလမ်း
 ၃၃။ ကီလီလမ်း = ၀ါးတန်းလမ်း (လမ်းမတော်)
၃၄။ မော်တင်လမ်း = လမ်းသစ်လမ်း (လမ်းမတော်)
၃၅။ စိန်ဂျွန်းလမ်း = မင်းရဲကျော်စွာလမ်း (လမ်းမတော်)
၃၆။ အောလီဖင်းလမ်း = ရွှေတောင်တန်းလမ်း (လမ်းမတော်)
၃၇။ စတီဘင်ဆင်လမ်း = လှည်းတန်းလမ်း (လမ်းမတော်)
၃၈။ လတ္တာလမ်း = လသာလမ်း (လသာ)
၃၉။ ကရစ္စလမ်း = စဥ့်အိုးတန်းလမ်း (လသာ)
၄၀။ ဂွတ္တလစ်လမ်း = ဆရာစံလမ်း (ဗဟန်း)
၄၁။ လင့်ခ်လမ်း = ရွှေဂုံတိုင်လမ်း (ဗဟန်း)
၄၂။ လောင်းဝစ်လမ်း = အင်းယားမြိုင်လမ်း (ဗဟန်း)
၄၃။ ဂွတ္တလစ်ရိပ်သာလမ်း = သာယာဝတီလမ်း (ဗဟန်း)
၄၄။ ၀ိတိုရိယအဲဗင်းနယူးလမ်း = ဂျိုးဖြူလမ်း (ဗဟန်း)
၄၅။ ကင်းဂျော့အဲဗင်းနယူးလမ်း = ကွမ်းခြံလမ်း (ဗဟန်း)
၄၆။ ချင်းချောင်းအဲဗင်းနယူးလမ်း = ကမ္ဘောဇလမ်း (ဗဟန်း)
၄၇။ ရဲဒီယာအဲဇင်းနယူးလမ်း = ၀င်္ကာဘာလမ်း (ဗဟန်း)
၄၈။ ဟာမစ်တစ်လမ်း = သာသနာ့ရိပ်သာလမ်း (ဗဟန်း)
၄၉။ တာဝါလိမ်းလမ်း = ဗိုလ်ချုပ်ပြတိုက်လမ်း (ဗဟန်း)
၅၀။ မောင့်ပုလဲဆင့်လမ်း = ပုလဲလမ်း (ဗဟန်း)
၅၁။ ပတ်လိန်းလမ်း = နတ်မောက်လမ်းသွယ် ၁ လမ်း (ဗဟန်း)
၅၂။ ပတ်အဲဗင်းနယူးလမ်း = နတ်မောက်လမ်းသွယ် ၂ လမ်း (ဗဟန်း)
၅၃။ ကွန်ဘိုကေးရှင်းလမ်း = ဘွဲ့နှင်းသဘင်လမ်း (ကမာရွတ်)
၅၄။ ချန်စလာလမ်း = အဓိပတိလမ်း (ကမာရွတ်)
၅၅။ စိန်ဗင်ဆင့်လမ်း = ဇောတိကလမ်း (ကမာရွတ်)
၅၆။ မာတင်အဲဗင်နယူးလမ်း = ခပေါင်းလမ်း (ကမာရွတ်)
၅၇။ နစ်ကလပ်အဲဗင်းနယူး = နှင်းပန်းလမ်း (ကမာရွတ်)
၅၈။ ပီတာလမ်း = ကြယ်ပြာလမ်း (ကမာရွတ်)
၅၉။ အာတီးယားလမ်း = သီရိမင်္ဂလာလမ်း (ကမာရွတ်)
၆၀။ ကော်ပိုရေးရှင်းလမ်း = စည်ပင်လမ်း (ကျောက်တံတား)
၆၁။ ရှပ်ဇရပ်ဇ်လမ်း = ဘဏ်လမ်း (ကျောက်တံတား)
၆၂။ စိန်မိုက်ကယ်လမ်းကျယ် = မဏိမေခလာလမ်း (ကြည့်မြင်တိုင်)
၆၃။ စိန်မိုက်ကယ် ၁ လမ်း = ရေတွင်းကုန်း ၁ လမ်း (ကြည့်မြင်တိုင်)
၆၄။ စိန်မိုက်ကယ် ၂ လမ်း = ရေတွင်းကုန်း ၂ လမ်း (ကြည့်မြင်တိုင်)
၆၅။ ဝိုင်းလမ်း = သိန္နီလမ်း (ကြည့်မြင်တိုင်)
၆၆။ ဘလုတ်လမ်း = ဗာဒံပင်လမ်း (ကြည့်မြင်တိုင်)
၆၇။ ဟာဂျီ အေ နှင့် ဘီ လမ်း = သရက်တော ၁ လမ်း (ကြည့်မြင်တိုင်)
၆၈။ ဟာဂျီ ၂ လမ်း = သရက်တော ၂ လမ်း (ကြည့်မြင်တိုင်)
၆၉။ ဟာဂျီ ၃ လမ်း = သရက်တော ၃ လမ်း (ကြည့်မြင်တိုင်)
၇၀။ ဟာဂျီ ၄ လမ်း = သရက်တော ၄ လမ်း (ကြည့်မြင်တိုင်)
၇၁။ ကိုတင်းလမ်း = သစ်ခွပန်းလမ်း (ကြည့်မြင်တိုင်)
၇၂။ ချင်းချောင်း ၁ လမ်း = ဒေါန ၁ လမ်း (ကြည့်မြင်တိုင်)
၇၃။ ချင်းချောင်း ၂ လမ်း = ဒေါန ၂ လမ်း (ကြည့်မြင်တိုင်)
၇၄။ ချင်းချောင်း ၃ လမ်း = ဒေါန ၃ လမ်း (ကြည့်မြင်တိုင်)
၇၅။ ချင်းချောင်း ၄ လမ်း = ဒေါန ၄ လမ်း (ကြည့်မြင်တိုင်)
၇၆။ ချင်းချောင်း ၅ လမ်း = ဒေါန ၅ လမ်း (ကြည့်မြင်တိုင်)
၇၇။ ဘောဂါတန်းလမ်း = ဘောဂလမ်း (ကြည့်မြင်တိုင်)
၇၈။ ဝင်ဆာလမ်း = ရှင်စောပုလမ်း (စမ်းချောင်း)
၇၉။ ဟုမ်းလမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၀။ အင်းနစ်လမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၁။ ကာလီမာလမ်း = မဟာဘောဂလမ်း (စမ်းချောင်း)
၈၂။ ခရစ်ရှနာလမ်း = ရန်ကင်းလမ်း (စမ်းချောင်း)
၈၃။ ဂုရုလမ်း = သုခမိန်လမ်း (စမ်းချောင်း)
၈၄။ စုပရာမန်းနီးလမ်း = ရတနာလမ်း (စမ်းချောင်း)
၈၅။ စူရတီပန်းခြံလမ်း = ပန်းခြံလမ်း (စမ်းချောင်း)
၈၆။ ဒူဗလီလမ်း = မြေနီကုန်းဈေးလမ်း (စမ်းချောင်း)
၈၇။ နာသာလမ်း = မြဝတီလမ်း (စမ်းချောင်း)
၈၈။ မော်ဂင်ဝတ်လမ်း = ဓမ္မာရုံလမ်း (စမ်းချောင်း)
၈၉။ မူဆာကြီးလမ်း = အောင်တော်မူလမ်း (စမ်းချောင်း)
၉၀။ မဟာမက်ပတေးလမ်း = စေတနာလမ်း (စမ်းချောင်း)
၉၁။ မူလာအီစမန်လမ်း = ပဒေသာလမ်း (စမ်းချောင်း)
၉၂။ မဒရာစာလမ်း = ဗိုလ်မိုးလမ်း (စမ်းချောင်း)
၉၃။ ယူနီယံလမ်း = ပြည်ထောင်စုလမ်း (စမ်းချောင်း)
၉၄။ ရှောလမ်း = ခတ္တာလမ်း (စမ်းချောင်း)
၉၅။ ရစ်ရှီလမ်း = သပြေညိုလမ်း (စမ်းချောင်း)
၉၆။ လက်ချမီးလမ်း = သုခလမ်း (စမ်းချောင်း)
၉၇။ အင်ဂလန်မင်လမ်း = သီရိမင်္ဂလာလမ်း (စမ်းချောင်း)
၉၈။ အလဝါလမ်း = သော်တာလမ်း (စမ်းချောင်း)
၉၉။ ဂျိုးဇက်လမ်း = မြန်မာ့ဂုဏ်ရောင်လမ်း (တာမွေ)
၁၀၀။ ဂေါ်ဒွင်လမ်း = မြို့မကျောင်းလမ်း (ဒဂုံ)
၁၀၁။ စင်ဂနယ်ပဂိုးဒါးလမ်း = အလံပြဘုရားလမ်း (ဒဂုံ)
၁၀၂။ ဘောင်ဒရီလမ်း = ဓမ္မစေတီလမ်း (ဒဂုံ)
၁၀၃။ စတီးဝပ်လမ်း = မော်ကွန်းတိုက်လမ်း (ဒဂုံ)
၁၀၄။ ဆင်းဒဝစ်လမ်း = နတ်သျှင်နောင်လမ်း (ဒဂုံ)
၁၀၅။ ဆင်မဆင်လမ်း = ပန်တျာလမ်း (ဒဂုံ)
၁၀၆။ လင့်ခ်လမ်း = သံတမန်လမ်း (ဒဂုံ)
၁၀၇။ ထရန်စပို့လမ်း = အာဇာနည်လမ်း (ဒဂုံ)
၁၀၈။ နယူးလင့်လမ်း = စကားဝါလမ်း (ဒဂုံ)
၁၀၉။ လင်တက်စတာလမ်း = နဝဒေးလမ်း (ဒဂုံ)
၁၁၀။ လီဒီစလမ်း = ခရေပင်လမ်း (ဒဂုံ)
၁၁၁။ ဝင်ဒါမီယာအောက်လမ်း = ချင်းတွင်းလမ်း (ဒဂုံ)
၁၁၂။ ဝင်ဒါမီယာကုတ် = ရွှေလီလမ်း (ဒဂုံ)
၁၁၃။ ဝင်ဒါမီယာဂါးဒင်း = ဥယျာဉ်လမ်း (ဒဂုံ)
၁၁၄။ ဝင်ဒါမီယာပတ်ခ် = ဇော်ဂျီလမ်း (ဒဂုံ)
၁၁၅။ ဝင်ဒါမီယာကရဲဆင့်လမ်း = ပန်းဝါလမ်း (ဒဂုံ)
၁၁၆။ ကဲင့်လမ်း = စမုံလမ်း (ဒဂုံ)
၁၁၇။ ချပ်ခ်ျလမ်း = အိမ်တော်ရာလမ်း (ဒဂုံ)
၁၁၈။ ဇဖါးရှားလမ်း = ဇီဝကလမ်း (ဒဂုံ)
၁၁၉။ ဖရေဇာလမ်း = တော်ဝင်လမ်း (ဒဂုံ)
၁၂၀။ ဖော်ဆိုက်လမ်း = ကင်းဝန်မင်းကြီးလမ်း (ဒဂုံ)
၁၂၁။ ဘဒ်လမ်း = ပဒုမ္မာလမ်း (ဒဂုံ)
၁၂၂။ လှိုက်လမ်း = မင်းကျောင်းလမ်း (ဒဂုံ)
၁၂၃။ လော့ဖို့ဒ်လမ်း = စွယ်တော်လမ်း (ဒဂုံ)
၁၂၄။ အီဒင်လမ်း = ဗိုလ်တထောင်ဈေးလမ်း (ပုဇွန်တောင်)
၁၂၅။ ကေလမ်း = ကရမက်လမ်း (ပုဇွန်တောင်)
၁၂၆။ ကိတ်လမ်း = ကြာညိုလမ်း (ပုဇွန်တောင်)
၁၂၇။ ဂျေလမ်း = နံသာဖြူလမ်း (ပုဇွန်တောင်)
၁၂၈။ နေကရွန်းလမ်း = နေကြာလမ်း (ပုဇွန်တောင်)
၁၂၉။ ပို့ကော်မရှင်နာလမ်း = ရေဝန်လမ်း (ပုဇွန်တောင်)
၁၃၀။ ဟိဝ်လမ်း = စိန်ခြယ်လမ်း (ပုဇွန်တောင်)
၁၃၁။ လင်းစဒေါင်းလမ်း = ရာဇဓိရာဇ်လမ်း (ဗိုလ်တထောင်)
၁၃၂။ ကလပ်လမ်း = ၅၅ လမ်း (ဗိုလ်တထောင်)
၁၃၃။ တင်းပယ်လ်လမ်း = ဝတ်ကျောင်းလမ်း (ဗိုလ်တထောင်)
၁၃၄။ ဒပ်ဖရင်လမ်း = စန္ဒကူးလမ်း (ဗိုလ်တထောင်)
၁၃၅။ မေရိုးလမ်း = မေယုလမ်း (ဗိုလ်တထောင်)
၁၃၆။ သွန်မဆင် ပထမရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၁ လမ်း (ဗိုလ်တထောင်)
၁၃၇။ သွန်မဆင် ဒုတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၂ လမ်း (ဗိုလ်တထောင်)
၁၃၈။ သွန်မဆင် တတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၃ လမ်း (ဗိုလ်တထောင်)
၁၃၉။ သွန်မဆင် စတုတ္ထရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၄ လမ်း (ဗိုလ်တထောင်)
၁၄၀။ ဟိဇယ်ဝတ်လမ်း = ဧရာမြိုင်လမ်း (ဗိုလ်တထောင်)
၁၄၁။ အဒမိမ်ဆင်လမ်း = ၅၄ လမ်း (ဗိုလ်တထောင်)
၁၄၂။ ဂရန့်လမ်း = ကြာဖြူလမ်း (ဗိုလ်တထောင်)
၁၄၃။ ဘက်ထရီလမ်း = ဝရစိန်လမ်း (ဗိုလ်တထောင်)
၁၄၄။ လစ်ဖိလမ်း = မီးပြလမ်း (ဗိုလ်တထောင်)
၁၄၅။ အယ်လ်ဂျင်လမ်း = ဧကရာဇ်လမ်း (ဗိုလ်တထောင်)
၁၄၆။ ဘရွတ်ကင်းလမ်း = ဗိုလ်ကလေးဈေးလမ်း (ဗိုလ်တထောင်)
၁၄၇။ စပတ်လမ်း = ဗိုလ်အောင်ကျော်လမ်း (ဗိုလ်တထောင်)
၁၄၈။ ကနေဒီလမ်း = ဦးအောင်မြတ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၄၉။ ကင်းအက်ဒွပ်အဲဗင်းနယူး = ဗိုလ်မင်းခေါင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၀။ လစ်ကင်းလံစစ်စတားလမ်း = ဒေါ်သိန်းတင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၁။ အီဗင်ဆင်လမ်း = မြယာကုန်းလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၂။ ဘိုးလိန်းလမ်း = ဗညားဒလလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၃။ စိန်အန်ထော်နီလမ်း = ဦးဖိုးကျားလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၄။ နီကိုလ်းလမ်း = ငမိုးရိပ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၅။ မတ္တရီကာလမ်း = သစ္စာလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၆။ အဲရိုးလိန်းလမ်း = နောင်ရိုးလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၇။ သမိုင်းလင့်ခ်လမ်း = ကျိုက်ဝိုင်းဘုရားလမ်း (မရမ်းကုန်း)
၁၅၈။ ဒူးဘန်းလမ်း = မေလိခလမ်း (မရမ်းကုန်း)
၁၅၉။ ယာဒီလမ်း = သလ္လာဝတီလမ်း (မရမ်းကုန်း)
၁၆၀။ ကိုဟင်းလမ်း = ရွက်လှလမ်း (မရမ်းကုန်း)
၁၆၁။ ကရ်စ်ခ်လမ်း = သိင်္ဂီလမ်း (သင်္ဃန်းကျွန်း)
၁၆၂။ ချန်စဖို့လမ်း = အောင်သီရိလမ်း (သင်္ဃန်းကျွန်း)
၁၆၃။ စော်လမွန်လမ်း = ဥယျာဉ်လမ်း (သင်္ဃန်းကျွန်း)
၁၆၄။ တင်းပယ်လ်လမ်း = ဘောဂလမ်း (သင်္ဃန်းကျွန်း)
၁၆၅။ ကာပင်တိုင်လမ်း = ယုဇနလမ်း (သင်္ဃန်းကျွန်း)
၁၆၆။ ပနဒီယာလမ်း = သော်ကလမ်း (သင်္ဃန်းကျွန်း)
၁၆၇။ ဘာတာဖီလ်းလမ်း = နှင်းဆီကုန်းလမ်း (သင်္ဃန်းကျွန်း)
၁၆၈။ ဘတ်စ်လမ်း = မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၆၉။ မဟူရာဂျာလမ်း = မဟာမြိုင်လမ်း (သင်္ဃန်းကျွန်း)
၁၇၀။ ရှီမူရမ်လမ်း = အောင်မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၇၁။ ရမ်းမင်းလမ်း = ယုဝလမ်း (သင်္ဃန်းကျွန်း)
၁၇၂။ ဝိတိုရိယလမ်း = ရတနာလမ်း (သင်္ဃန်းကျွန်း)
၁၇၃။ ဝီလျံလမ်း = သီတာအေးလမ်း (သင်္ဃန်းကျွန်း)
၁၇၄။ ဟာဒင်လမ်း = အောင်သုခလမ်း (သင်္ဃန်းကျွန်း)
၁၇၅။ ဟာမစ်ရှင်လမ်း = ဟင်္သာတလမ်း (သင်္ဃန်းကျွန်း)
၁၇၆။ အဗူးကေတဘာလမ်း = ကြိုးစက်ရုံလမ်း (သင်္ဃန်းကျွန်း)
၁၇၇။ အားနိုလ်းလမ်း = ပြည်တော်သာလမ်း (သင်္ဃန်းကျွန်း)
၁၇၈။ ကောလိပ်လမ်း = သခင်မြပန်းခြံလမ်း (အလုံ)
၁၇၉။ ကူရှင်လမ်း နှင့် အနောက်လမ်း = အောင်ရတနာလမ်း (အလုံ)
၁၈၀။ ဆူပါပင်လမ်း = ငုဝါလမ်း (အလုံ)
၁၈၁။ ဖူးကားလမ်း = စကားစိမ်းလမ်း (အလုံ)
၁၈၂။ ဖိုက်ခ်ျလမ်း = ရှမ်းလမ်း (အလုံ)
၁၈၃။ ချန်းမာဖီလမ်း = နှင်းဆီလမ်း (အလုံ)
၁၈၄။ စတားရက်လမ်း = နွယ်သာကီလမ်း (အလုံ)
၁၈၅။ နော်မန်ကျောင်းလမ်း = နံ့သာလမ်း (အလုံ)
၁၈၆။ ဖွိုင်လမ်း = ရန်ပိုင်လမ်း (အလုံ)
၁၈၇။ ဘင်တန်လမ်း = သီတာလမ်း (အလုံ)
၁၈၈။ ဆရာမတ်ကြီးလမ်း = ဝေဘာဂီလမ်း (အလုံ)
၁၈၉။ ပိုင်းလမ်းဖြတ်လမ်း ၁ = သိန္နီဖြတ်လမ်း ၁ လမ်း (အလုံ)
၁၉၀။ ပိုင်းလမ်းဖြတ်လမ်း ၂ = သိန္နီဖြတ်လမ်း ၂ လမ်း (အလုံ)
၁၉၁။ ပိုင်းလမ်းဖြတ်လမ်း ၃ = သိန္နီဖြတ်လမ်း ၃ လမ်း (အလုံ)
၁၉၂။ ဖရင်ကလင်လမ်း = သဇင်လမ်း (အလုံ)

Sunday, March 23, 2014

သိမ် နှင့် သာသနာ

သာသနာတော်၌ သိမ်သည် လွန်စွာအရေးပါ၏။ သိမ်မရှိလျှင် ရဟန်းမဖြစ်နိုင်သဖြင့် မျိုးဆက်ပြတ်နိုင်၏။ ရဟန်းဖြစ်ဖို့ သိမ်ရှိရမည်။

ဘုရားပွင့်တုံ၊ လူဖြစ်ကြုံမှ

ပြည့်စုံသမဏ၊ ဖြစ်နိုင်စွာ့မို

ရဟန်းဘဝ၊ ရခဲလှ၏။

ရဟန်းဖြစ်ပြန်၊ အကျင့်မှန်ဖြင့်၊

ကျင့်ကြံကျန၊ ပျော်ခဲလှ၏။

သမဏချွန်၊ ဘဝမွန်ကို

အကျွန်မျှော်ကိုး၊ အားမာန်ကြိုးမည်

မြတ်နိုးသာသနာ အမြဲတည်း။

ဝိနည်းသည် သာသနာတော်၏ အသက်ဖြစ်သည့်နည်းတူ သိမ်နှုတ်ခြင်း၊ သိမ်သမုတ်ခြင်းသည်လည်း သာသနာ၏အသက်ပင်ဖြစ်သည်။ ရတနာမှာစိန်၊ သဒ္ဒါမှာလိင်၊ ဝိနည်းမှာသိမ်ဟုပင် ဆိုထုံးစကားရှိခဲ့ဖူး၏။ သိမ်ဟူသည် သီမာဟူသော ပါဠိမှ ဆင်းသက်၍ အပိုင်းအခြားဟူသော အဓိပ္ဗါယ်ကို ဆောင်ပါသည်။ အပိုင်းအခြားဟူသည်မှာလည်း သာမန်အပိုင်းအခြားမျိုးမဟုတ်၊ မြတ်စွာဘုရား၏ သားတော် ရဟန်းသံဃာတော်များ ကံကြီး ကံငယ်ပြုနိုင်ရန်အတွက် ရေ၊ မြေ၊ နယ်သီးခြားတစ်ခု အနေဖြင့် ဝိနည်းတော်နှင့် အညီ အသိအမှတ်ပြု၍ သတ်မှတ်ထားသည့် အပိုင်းအခြားမျိုးဖြစ်ပါသည်။ ထိုသို့ပိုင်းခြားထားရာ သိမ်တော်အတွင်း၌ပင် သံဃာတော်အရှင်မြတ်များ စုဝေးညီညာ ပေါင်းစည်း၍ ရဟန်းခံခြင်း ဥပုသ်ပြုခြင်းစသော ကံကြီး ကံငယ် အမျိုးမျိုးတို့ကို ကောင်းစွာ ဆောင်ရွတ်ကြရပေသည်။

ထို့ကြောင့် သိမ်ဟူသည် သံဃာတော်များ၏ မွေးဖွားရာလည်းဖြစ်၍ ကြီးပြင်းရာလည်း ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုရပါလျှင် မြတ်စွာဘုရားရှင်၏ သာသနာအရုဏ်ဦး ကာလများ၌ ဧဟိဘိက္ခု-သရဏဂုံစသော နည်းအမျိုးမျိုးဖြင့် ရဟန်းတော်ဘဝမျိုးကို ရနိုင်ခဲ့ကြသော်လည်း နောက်ပိုင်းကာလများမှာကား ထိုသို့ မရနိုင်တော့ပေ။ သတ်မှတ်ပေးသည့် သိမ်တော်အတွင်း၌သာ ဝိနည်းတော်နှင့်အညီ လိုက်နာဆောင်ရွတ်၍ ပစ္စယ- ဓမ္မ အနုဂ္ဂဟနှစ်ပါးဖြင့် မြင့်မြတ်သော ရဟန်းတော်ဘဝသို့ တက်လှမ်းကြရ၏။ ဤနည်းမှတစ်ပါး တခြားမှန်ကန်သောနည်းလမ်းဟူ၍ မရှိတော့ပေ။

ဦးပဉ္စင်းဟူသောဝေါဟာရသည်ပင် သာမန်ဝေါဟာရမျိုးမဟုတ်၊ ဝတ္ထု၏ပြည့်စုံခြင်း၊ ဉတ်၊ ကမ္မဝါ-သိမ်-ပရိသတ်၏ပြည့်စုံခြင်းဟူ၍ အင်္ဂါငါးမျိုးပြည့်စုံမှသာလျှင် ရဟန်းတော်အဖြစ်သို့ ရောက်နိုင်၏။ အထူးအားဖြင့် လောက၌ ဝိနည်းပျောက်ကွယ်လျှင် သာသနာတော်မြတ်ကြီး ပျောက်ကွယ်နိုင်သကဲ့သို့ သိမ်ပျောက်သွာလျှင်လည်း ရဟန်းစစ်၊ ရဟန်းမှန်၊ သံဃာစစ်၊ သံဃာမှန်များ ပျောက်ကွယ်သွားနိုင်ပေသည်။ ဝိနည်းမတည်လျှင် သာသနာတော် မတည်နိုင်သကဲ့သို့ သိမ်မရှိလျှင်လည်း ရဟန်းသံဃာတော်အစစ်အမှန်ဟူ၍ ရှိလာနိုင်တော့မည် မဟုတ်တော့ပေ။ ထို့ကြောင့် ဝိနည်းသည် သာသနာတော်၏ အသက်ဖြစ်သကဲ့သို့ သိမ်သည်လည်း သံဃာတော်အဆက်ဆက်၏ အသက်(ဝါ) မြတ်စွာဘုရားသာသနာတော်မြတ်ကြီး၏ အသက်ပင်ဖြစ်ပါသည်။

သာသနာတော်ပိုင်းအရ အတိတ်သာသနာတော်ကိုရှုမြင်၍ အနာဂတ်သာသနာအရေးကို မျှော်တွေးကြည့်လျှင် ပစ္စုပ္ဗန်သာသနာတော်ပိုင်းသည် အလွန်ပင် အရေးကြီးကြောင်း ထင်ရှားလှပါသည်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပစသော အဂ္ဂသာဝက= မဟာသာဝကမထေရ်ကြီးများမှစ၍ ထေရဝါဒ ဆရာဒကာ အဆက်ဆက်တို့သည် မိမိတို့ခေတ်၊ ကာလအားလျှော်စွာ သာသနာတော် အစဉ်မပျက်အောင် ဆောင်ရွတ်ကြရာ၌ တခြားသာသနာ့တာဝန်များအပြင် ဤ-သိမ်ဟူသော အပိုင်းကဏ္ဍကိုလည်း အထူးဂရုပြု၍ ဆောင်ရွတ်ခဲ့ကြကြောင်း ထင်ရှားသည်ဖြစ်၏။ ဆိုလိုသည်မှာ မြတ်စွာဘုရား သာသနာတော်ကို စဉ်လာမပျက် အသက်ဆက်၍ လက်ဆင့်ကမ်းသယ်ဆောင်တော်မူကြ ရာ၌ ဤသိမ်မှုဆိုင်ရာကိစ္စတို့သည်လည်း ရေသောက်မြစ်ပမာ လွန်စွာအရေးကြီး သောကြောင့် အထူးဂရုပြုသင့်သော အခန်းကဏ္ဍမျိုးမှာ ပါဝင်နေကြောင်း ဖော်ပြလိုခြင်း ဖြစ်ပါတယ်။ ထိုကြောင့် လိုအပ်နေသော သိမ်တော်သစ်များကိုလည်း နည်းလမ်းတကျ သမုတ်ကြရာသကဲ့သို့၊ အောင်မြင်ပြီးသော သိမ်တော်ဟောင်းများကိုလည်း စနစ်တကျ အထူးပြု၍ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သင့်ပေသည်။ အမှန်တကယ်အားဖြင့်လည်း သာသနာတော်သုံးပါးလုံး၏ အရင်းတကာတို့ထက် အရင်းမြစ်ဖြစ်သော သိမ်ဟူသည် အလွန်နက်နဲပါ၏။ အမြစ်အရင်း ပျက်စီးသော် သစ်ပင်သည် ပျက်စီးရသကဲ့သို့ သိမ်ပျက်စီးသော် သာသနာတော် သုံးပါးလုံးအရင်းမှစ၍ ပျက်စီးသည် မည်ပါ၏။ (ဒေါက်တာအရှင်ဝိလာလင်္ကာရ-အဂ္ဂမဟာကျော်) ၏ သိမ်တော်မှ အပြန်ခရီး ဆောင်းပါးမှ ကောက်နှုတ်ပူဇော်၏။
လူ့ဘုံမှာသာ ရှိသောသိမ်

ရဟန်းတွေရှိမှ သာသနာတည်နိုင်တယ်။ ဒီရဟန်းတော်တွေ ဘယ်ကဖြစ်ကြသလဲ၊ သိမ်က ဖြစ်လာကြတယ်။ သိမ်ရှိမှ ရဟန်းပြုလို့ရတယ်။ သိမ်မရှိရင် ရဟန်းပြုလို့မရဘူး။ ရဟန်းတွေ မရှိရင် သာသနာလည်း မရှိနိုင်တော့ဘူး။ ဒါကြောင့် သာသနာတည်ဖို့ အကြောင်းတွေထဲမှာ သိမ်ဟာလည်း အရေးကြီးပြန်ပါတယ်။ သိမ်ဆိုတာလည်း ဘယ်ဘုံမှာပဲ ရှိနိုင်သလဲ၊ ဒီ လူ့ဘုံမှသာ ရှိနိုင်ပါတယ်။ လူ့ဘုံမှာလည်း မြတ်စွာဘုရား သာသနာထွန်းကားတဲ့ တိုင်းပြည်မျိုးမှာပဲ ရှိနိုင်ပါတယ်။ လူဘုံမှ အပ ကျန်သော ဘုံများမှာ သိမ်မရှိပါ။

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Sunday, March 2, 2014

ဇလွန်ပြည်တော်ပြန် ဘုရားသမိုင်း


ရှေးလွန်ခဲ့သော ရခိုင်ပြည့်ရှင် ဘုရင်စန္ဒသူရိယမင်း ပင့်လျှောက်ချက်အရ မဟာသက္ကရာဇ် (၁၁၃) ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသခင်သည် ရခိုင်ပြည်သို့ ကြွရောက်ပြီး သရဏဂုံ သီလဖြင့် ချီးမြှင့်ကာ ဓညဝတီတိုင်းပြည် တစ်ခုလုံး ဗုဒ္ဓဘာသာဝင် ဥပါသကာ ဥပါသာကီများ အဖြစ်လို့ ရောက်ရှိခဲ့ကြပါတယ်။
ဇလွန်ပြည်တော်ပြန် ဘုရားသမိုင်း ရှေးလွန်ခဲ့သော ရခိုင်ပြည့်ရှင် ဘုရင်စန္ဒသူရိယမင်း ပင့်လျှောက်ချက်အရ မဟာသက္ကရာဇ် (၁၁၃) ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသခင်သည် ရခိုင်ပြည်သို့ ကြွရောက်ပြီး သရဏဂုံ သီလဖြင့် ချီးမြှင့်ကာ ဓညဝတီတိုင်းပြည် တစ်ခုလုံး ဗုဒ္ဓဘာသာဝင် ဥပါသကာ ဥပါသာကီများ အဖြစ်လို့ ရောက်ရှိခဲ့ကြပါတယ်။ ဓညဝတီမှ မြတ်စွာဘုရားရှင် ပြန်လည်ကြွချီရာတွင် စန္ဒသူရိယမင်း၏ တောင်းပန်လျှောက်ထားချက်အရ ကိုယ်စားတော် ပုံသွင်းကိုသွန်းလုပ်ကိုးကွယ်ခွ င့်ပြုပြီး ရင်ငွေ့တော် ခုနှစ်ကြိမ်ပေးခဲ့သဖြင့် မဟာမုနိဘုရားဟု ဘွဲ့တော်ထင်ရှားခဲ့ပါတယ်။ ကိုယ်စားတော် မဟုမုနိသွန်းလုပ်ပြီး ကြွင်းကျန်သော ကြေး-ငွေ-ရွှေရတနာတို့ကို သွန်းလုပ်ကြရာ (ရှင်ကျော်) (ရွှေဘုံသာ) (ရန်အောင်မြင်) ဟူသော ရုပ်ပွားတော်ငယ်သုံးဆူ သွန်းလုပ်ကိုးကွယ်ခဲ့ပါတယ်။ အထက်ဖော်ပြပါ ဆင်းတုတော် သုံးဆူအနက်မှ ရန်အောင်မြင်ရုပ်ပွားတော်မှာ မဟာမုနိရုပ်ပွားတော်၏ လက်ယာဘက်တွင် ထားပြီး ကိုးကွယ် ပူဇော်သောကြောင့် လက်ယာ ရုပ်ပွားတော်ဟု ခေါ်တွင်ခဲ့ ပါတယ်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် အမရပူရ ရွှေနန်းရှင် ဘိုးတော်ဘုရား၏ သားတော်အိမ်ရှေ့ ဥပရာဇာက ဓည၀တီရခိုင်ပြည်ကို သိမ်းယူပြီး မဟာမုနိရုပ်ပွားတော်နှင့် အရံရုပ်ပွားတော် (၃) ဆူပါပင့်ဆောင်လာခဲ့ပြီး မဟာမုနိရုပ်ပွားတော်ကို ဂန္ဓကုဋိတိုက်တော်နှင့်ထားပြီး ကျန် (၃) ဆူကို ရွှေနန်းတော်ဦးတွင် ကိုးကွယ်ထားခဲ့ပါတယ်။ သက္ကရာဇ် ၁၂၁၄ ခုနှစ် ၊ ပုဂံမင်းလက်ထက် ဇလွန်မြို့သူကြီး ဦးရွှေပွင့်သည် မြို့သူ-မြို့သားများ ကိုးကွယ်ရန် ရုပ်ပွားတော် တစ်ဆူသွန်းလုပ်ရန် တစ်မြို့လုံး လှူဒါန်းသော ရွှေငွေကြေးသံ တို့ကို (ရန်လွင့်) ခေါ် လှေကြီးနှင့်တင်ပြီး အမရပူရသို့ရောက်ရှိလာပြီး အစ်မဝမ်းကွဲတော်သူ ပုဂံမင်း မိဖုရားကြီးထံ ဝင်ရောက်ခစားကာ ပန်းပဲဖိုဆရာ မောင်မောင်လပ်အား ခေါ်ယူပြီး မိဖုရားကြီးက ရုပ်ထုတော် သွန်းလုပ်စေခဲ့ပါတယ်။ ထိုအချိန်တွင် ပုဂံမင်းနှင့် မင်းတုန်း၊ ကနောင်မင်းတို့ မသင့်မတင့်ဖြစ်ကာ နေပြည်တော်တွင် အရေးအခင်းများပေါ်ပေါက်လာသဖြင့် ရုပ်ပွားတော်သွန်းလုပ်မှုများ မပြီးစီးသဖြင့် သိမ်းယူရာ ဇလွန်မြို့ မာရ်အောင်မြင် ဘုရားကိုပါသိမ်းယူပြီး ဆာဂျွန်ဆင်ဆိုသူ ကုလားဖြူဗိုလ်က (ရွှေဆင်) ဆိုသော သင်္ဘောဖြင့် တင်ယူသွားခဲ့ပါတယ်။ ဘုံဘိုင်မြို့သို့ရောက်သောအခါ ကြေးဆင်းတုများကို ကျိုပြီး ကြေးပိုက်ဆံ ကျည်ဆံလုပ်ခဲ့ကြပါတယ်။ မာရ်အောင်မြင် ဆင်းတုတော်မှာမူ မီးနှင့်ကြိုရာ အရည်မပျော်ပဲ မိုးကြီးလေကြီးများ ကျရောက်ကာ မီးကျိုသူ ကုလား (၆၄) ဦး သွေးအန် ဝမ်းလျှော သေဆုံးကုန်ကြတယ်လို့ဆိုပါတယ်။ ထိုအချိန်တွင် ဝိတိုရိယဘုရင်မကြီးမှာ ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာ ဖြစ်ပြီး ဒေါက်တာများ ဆရာဝန်များကုသမရပဲရှိသဖြင့် (တစ်ညတွင် ဘုံဘိုင်ရှိ ဗမာဘုရားကို မူလနေရပ်သို့ ပြန်ပို့မှ ရောဂါပျောက်ကင်းမည် ပြန်မပို့ပါက နတ်ရွာစံမည်။) ဟု အိမ်မက် မြင်မက်သဖြင့် ဘုံဘေရှိ ဂိုဒေါင်အတွင်းရှာေ ဖွပြီး မြန်မာပြည်သို့ ပြန်ပို့မှသာ ရောဂါပျောက်ကင်းသွားသည်ဟု ဆိုခဲ့ ပါတယ်။ ထိုကြောင့် ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန် ဘုရားဟုဘွဲ့အမည်ဖြင့် ဟင်္သာတမြို့အနီး ဇလွန်မြို့ရှိ စံကျောင်းတော်တွင် ကိန်းဝပ်စံပါယ်တော်မူလျှက်ရှိရာ ပြည်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်များဖြင့်စည်ကား သိုက်မြိုက်လျှက်ရှိပါတယ်။ မေတ္တာဖြင့်စုစည်းဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ 1.3.2014
ဓညဝတီမှ မြတ်စွာဘုရားရှင် ပြန်လည်ကြွချီရာတွင် စန္ဒသူရိယမင်း၏ တောင်းပန်လျှောက်ထားချက်အရ ကိုယ်စားတော် ပုံသွင်းကိုသွန်းလုပ်ကိုးကွယ်ခွ င့်ပြုပြီး ရင်ငွေ့တော် ခုနှစ်ကြိမ်ပေးခဲ့သဖြင့် မဟာမု...နိဘုရားဟု ဘွဲ့တော်ထင်ရှားခဲ့ပါတယ်။ ကိုယ်စားတော် မဟုမုနိသွန်းလုပ်ပြီး ကြွင်းကျန်သော ကြေး-ငွေ-ရွှေရတနာတို့ကို သွန်းလုပ်ကြရာ (ရှင်ကျော်) (ရွှေဘုံသာ) (ရန်အောင်မြင်) ဟူသော ရုပ်ပွားတော်ငယ်သုံးဆူ သွန်းလုပ်ကိုးကွယ်ခဲ့ပါတယ်။

အထက်ဖော်ပြပါ ဆင်းတုတော် သုံးဆူအနက်မှ ရန်အောင်မြင်ရုပ်ပွားတော်မှာ မဟာမုနိရုပ်ပွားတော်၏ လက်ယာဘက်တွင် ထားပြီး ကိုးကွယ် ပူဇော်သောကြောင့် လက်ယာ ရုပ်ပွားတော်ဟု ခေါ်တွင်ခဲ့ ပါတယ်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် အမရပူရ ရွှေနန်းရှင် ဘိုးတော်ဘုရား၏ သားတော်အိမ်ရှေ့ ဥပရာဇာက ဓည၀တီရခိုင်ပြည်ကို သိမ်းယူပြီး မဟာမုနိရုပ်ပွားတော်နှင့် အရံရုပ်ပွားတော် (၃) ဆူပါပင့်ဆောင်လာခဲ့ပြီး မဟာမုနိရုပ်ပွားတော်ကို ဂန္ဓကုဋိတိုက်တော်နှင့်ထားပြီး ကျန် (၃) ဆူကို ရွှေနန်းတော်ဦးတွင် ကိုးကွယ်ထားခဲ့ပါတယ်။

သက္ကရာဇ် ၁၂၁၄ ခုနှစ် ၊ ပုဂံမင်းလက်ထက် ဇလွန်မြို့သူကြီး ဦးရွှေပွင့်သည် မြို့သူ-မြို့သားများ ကိုးကွယ်ရန် ရုပ်ပွားတော် တစ်ဆူသွန်းလုပ်ရန် တစ်မြို့လုံး လှူဒါန်းသော ရွှေငွေကြေးသံ တို့ကို (ရန်လွင့်) ခေါ် လှေကြီးနှင့်တင်ပြီး အမရပူရသို့ရောက်ရှိလာပြီး အစ်မဝမ်းကွဲတော်သူ ပုဂံမင်း မိဖုရားကြီးထံ ဝင်ရောက်ခစားကာ ပန်းပဲဖိုဆရာ

မောင်မောင်လပ်အား ခေါ်ယူပြီး မိဖုရားကြီးက ရုပ်ထုတော် သွန်းလုပ်စေခဲ့ပါတယ်။

ထိုအချိန်တွင် ပုဂံမင်းနှင့် မင်းတုန်း၊ ကနောင်မင်းတို့ မသင့်မတင့်ဖြစ်ကာ နေပြည်တော်တွင် အရေးအခင်းများပေါ်ပေါက်လာသဖြင့် ရုပ်ပွားတော်သွန်းလုပ်မှုများ မပြီးစီးသဖြင့် သိမ်းယူရာ ဇလွန်မြို့ မာရ်အောင်မြင် ဘုရားကိုပါသိမ်းယူပြီး ဆာဂျွန်ဆင်ဆိုသူ ကုလားဖြူဗိုလ်က (ရွှေဆင်) ဆိုသော သင်္ဘောဖြင့် တင်ယူသွားခဲ့ပါတယ်။ ဘုံဘိုင်မြို့သို့ရောက်သောအခါ ကြေးဆင်းတုများကို ကျိုပြီး ကြေးပိုက်ဆံ ကျည်ဆံလုပ်ခဲ့ကြပါတယ်။

မာရ်အောင်မြင် ဆင်းတုတော်မှာမူ မီးနှင့်ကြိုရာ အရည်မပျော်ပဲ မိုးကြီးလေကြီးများ ကျရောက်ကာ မီးကျိုသူ ကုလား (၆၄) ဦး သွေးအန် ဝမ်းလျှော သေဆုံးကုန်ကြတယ်လို့ဆိုပါတယ်။ ထိုအချိန်တွင် ဝိတိုရိယဘုရင်မကြီးမှာ ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာ ဖြစ်ပြီး ဒေါက်တာများ ဆရာဝန်များကုသမရပဲရှိသဖြင့် (တစ်ညတွင် ဘုံဘိုင်ရှိ ဗမာဘုရားကို မူလနေရပ်သို့ ပြန်ပို့မှ ရောဂါပျောက်ကင်းမည် ပြန်မပို့ပါက နတ်ရွာစံမည်။) ဟု အိမ်မက် မြင်မက်သဖြင့် ဘုံဘေရှိ ဂိုဒေါင်အတွင်းရှာေ ဖွပြီး မြန်မာပြည်သို့ ပြန်ပို့မှသာ ရောဂါပျောက်ကင်းသွားသည်ဟု ဆိုခဲ့ ပါတယ်။

ထိုကြောင့် ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန် ဘုရားဟုဘွဲ့အမည်ဖြင့် ဟင်္သာတမြို့အနီး ဇလွန်မြို့ရှိ စံကျောင်းတော်တွင် ကိန်းဝပ်စံပါယ်တော်မူလျှက်ရှိရာ ပြည်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်များဖြင့်စည်ကား သိုက်မြိုက်လျှက်ရှိပါတယ်။ 

ဘာတွေ ဖြစ်ကုန်ကြပြီလဲ


(၁)

အော်…… ဒုက္ခ ဒုက္ခ...
သူတို့ကြီးစိုးတဲ့ခေတ်မှာ... အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ ၀တ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂)

ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား

(၃)

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..

(၅)

သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့

(၆)

ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ

မင်းလူ(၁၉၈၉)

---------------------------------------
( ဒီကဗျာကြောင့် ဆရာမင်းလူ အဖမ်းခံရတယ်လို့ဆိုပါတယ် )

ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ

Acacia - ကင်မွန်းချဉ်ရွက်
Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်
Marrow / chayote / chaico - ဂေါ်ရခါးသီး
Cabbage - ဂေါ်ဖီထုပ်ဖြူ
Asparagus - ကညွတ်
Spinach - ဟင်းနုနွယ်...
... Egg plant / Aubergine - ခရမ်းသီး
Bamboo shoot - မျှစ်
Bean curds - ပဲပြား
Bean spouts - ပဲပင်ပေါက်
tomato - ခရမ်းချဉ်သီး
Gourd - ဗူးခါးသီး ( အသေးစား )
Calabash - ဘူးသီး

Calabash shoot - ဘူးညွှန့်
Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး
carrot - မုန်လာဥနီ ( ရှည် မျောမျော ပုံ )
beet root - မုန်လာဥနီ ( အလုံး ပုံ )
White radish / turnip - မုန်လာဥဖြူ အကြီး။
Red radish - မုန်လာဥ နီ အလုံးသေး
Cauliflower - ပန်းဂေါ်ဖီ
Chinese cabbage - မုန်ညင်းဖြူ ( တရုပ် )
White mustard - မုန်ညင်းဖြူ ( ကြံမဆိုင် )
cucumber - သခွားသီး
Gherkin - သခွားငယ် ( ချဉ် )
Musk melon - သခွားသီးမွှေး
White pumpkin - ကျောက်ဖရုံသီး
yellw pumpkin - ရွှေဖရုံသီး
Okra / lady's fingure - ရုံးပတေသီး

capsicum - bell pepper
spring onion - ကြက်သွန်မြိတ်
garlic - ကြက်သွန်ဖြူ
cardamon - ဖာလာစေ့
star of aniseed - နာနတ်ပွင့်
ginger - ဂျင်း
chives - ဂျူးဖူး
clove - လေးညှင်းပွင့်
cumin - ဇီယာ။
basil - ပင်စိမ်းရွက်
bay leave - ကရဝေးရွက်။
lemon grass - စပါးလင်
nut meg - ဇာဒိပိုသီး။
Cinnamon bark - သစ်ဂျပိုးခေါက်။
licorice or sweet wood - နွယ်ချို
shallot or small onion - ကြက်သွန်နီအသေးစား။

salt - ဆား
chilli powder - ငရုပ်သီးမူန့်
green chilli - ငရုပ်သီးစိမ်း
pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း
curry leaf -ပျဉ်းတော်သိမ်းရွက်
pepper corn/ black pepper - ငရုပ်ကောင်း။
leek ( shallot, scallion ) - ကြက်သွန်မြိတ်
seasoning powder ( monosodium glutamate powder ) - အချိုမူန့်
celery or chinese persley- တရုပ်နံနံ
coriander leaf/ seeds - နံနံရွက်။ နံနံပင်။
mustard seeds - မုန့်ညင်းစေ့။
mustard leaf - မုန့်ညင်းရွက်။
mint - ပူစီနံ။
tamarind - မန်ကျည်းသီး။
turmeric powder - နနွင်းမှုန့်။
saffron - ဂုန်မာန်။
 
Credit to - Amara Learning Center

Thursday, February 27, 2014

ကုန်းဘောင်မင်း ၁၁-ဆက်


ကုန်းဘောင်မင်း ၁၁-ဆက်။ ။ ဒေ၀ဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အ၀, တိုင်အောင် သာကီနွယ်ရိုး သတိုး အဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်ဖြစ်သော ဟံသာဝတီပါမင်းတရားကြီး
လက်ထက် ရတနာပူရ အ၀နေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေ ဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ်
ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော "ဂဗ္ဘေ"ဓါတ်ရိုက်၍ "ကုန်းဘောင်" မြို့တော်ဟု သမုတ်လေသည်၊ ထိုသည့် ကုန်းဘောင်မင်း ၁၁-ဆက်တို့ကို အကျဉ်းမျှပြအံ့။
(၁) ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့်
၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ် ဟူသေး၏။)
(၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း၊ နောင်တော်ကြီးလည်းခေါ် မဟာနန္ဒ
ကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပ၀ရ ဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်တော် ဦးလောက်။
(၃) ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အ၀မြို့တည်၊ ဆင်ဖြူ
ရှင်မင်းတရား၊ သီရိပ၀ရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော် ၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ ဒုတိယသားတော်၊ငယ်မည် ဦးရွ။
(၄) သားတော် စဥ့်ကူးမင်း မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ်
၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊ ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။
(၅) ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ "နောင်တော်ကြီးဘုရား၏သားတော်" ငယ်မည် မောင်မောင်။
(၆) ဘိုးတော် ပဒုံမင်းခေါ် ဘိုးတော်ဦးဝိုင်းခေါ် ဆင်ဖြူများရှင်မင်းတရားကြီးခေါ် ဘိုးတော်
ဘုရားခေါ် အောင်မြေလောကစေတီဒါယကာ အမရပူရ ပဌမမြို့တည် နန်းတည် မင်းတရားကြီး သိရီပ၀ရ၀ိဇယာနန္တ ယသတြိ ဘ၀နာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်၇၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။
(၇) ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထ
အ၀မြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘ၀နာဒိတျ ပ၀ရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့
တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည် မောင်စိန်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။
(၈) ညီတော် သာယာဝတီမင်း ကုန်းဘောင်မင်းလည်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာ
အမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပ၀ရာဒိတျ လောကာဓိပတိ ၀ိဇယ မဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။
(၉) သားတော် ပုဂံမင်းခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပ၀ရ
မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။
(၁၀) ပုဂံမင်း၏ညီတော် မင်းတုန်းမင်းခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ
မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘ၀ရှင်မင်းတရားကြီး သိရီပ၀ရ ၀ိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။
(၁၁) သားတော် သီပေါမင်း မာန်အောင်ရတနာစေတီ ဒါယကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊
သိရီပ၀ရ ၀ိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ကုလားဖြူတို့က မင်းနှစ်ပါးဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး သိမ်းပိုက်ကြီးစိုးလျက် မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘ၀ထားကာ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။
 
ဖျာပုံတိုက်သစ်ဆရာတော်

Saturday, February 22, 2014

မြန်မာစကားပုံများ (က မှ အ အထိ)

မြန်မာစကားပုံများ (က မှ အ အထိ)
=====================

က
...
၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”

၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား”
၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စားမနိုင်”
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်”
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျားဝင်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးလေးပြင်”
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်သက်”
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”



၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၎. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...ခါးကမသန်”
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်မ”
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်”


၁. “ဂိုက်ကောင်း..ဆိုက်ကောင်း”



၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”
၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”
၃. “ငိုချင်ရက်...လက်တို့”
၎. “ငွေမရှိ...စကားမတည်”



၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ”
၂. “စကားနောက် တရားပါ”
၃. “စုပ်လဲဆူး..စားလဲရူး”
၎. “စည်းကမ်းသည်..လူ့တန်ဖိုး”
၅. “စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ...ဆေးရိုးသည်က ကန့်လန့်”
၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တ၀င်းဝင်း”
၇. “စိုင်ကော်လို့...ချုံပေါ်ရောက်”
၈. “စကားနည်း...ရန်စဲ..”
၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...”
၁၀. “စစ်မရောက်ခင်..မြှားကုန်”
၁၁. “စလယ်ဝင်... -င်မမည်းခင်.ကွဲ”
၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ”
၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ”
၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ”
၁၅. “စကောလောက်မှ..စောက်မနက်”
၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း”
၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်”
၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်”
၁၉. “စစ်ရောက်မှ...မြှားချွန်”



၁. “ဆရာမပြ..နည်းမကျ”
၂. “ဆရာထက်..တပည့်လက်စောင်းထက်”
၃. “ဆင်သွားရင်.လမ်းဖြစ်တယ်”
၎. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်”
၅. “ဆရာများ..သားသေ”
၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ”
၇. “ဆင့်ပါးစပ်...နှမ်းပက်”
၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး”
၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ”
၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်”
၁၁. “ဆရာ့ထက်..သားတစ်လကြီး”
၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်”
၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့”
၁၄. “ဆုပ်လည်းစူး...စားလည်းရူး”
၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ”
၁၆. “ဆန္မရွိ...ေ-ာက္စားႀကီး”
၁၇. “ဆင်စွယ်မှန်..ပိုးမစား”
၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်”
၁၉. “ဆပ်ပြာသည်..လင်ပျောက်”
၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်”



၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား”
၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်”
၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီးလောက်ကုသိုလ်ရ”
၎. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”



၁. “တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်”
၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်”
၃. “တလုတ်စားဖူး သူ့ကျေးဇူး”
၎. “တီးတိုးတီးတိုး သဖန်းပိုး”
၅. “တစ်ရွာ..တစ်ကျီဆောက်”
၆. “တပည့်မကောင်း ဆရာ့ခေါင်း”
၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ”
၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး”
၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား”
၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်”
၁၁. “တရားမပျက်...ကျောင်းမခက်”
၁၂. “တစ်ယောက်စကား...တစ်ယောက်နား”
၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်”
၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခတ်”
၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိတောက်”
၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ”
၁၇. “တစ်နွယ်ငင်...တစ်စင်ပါ”
၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း”
၁၉. “တောပြော..တောင်ပြော”
၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်”
၂၁. “တစ်လ.ကိုးသီတင်း”
၂၂. “တိတ်တိတ်နေ..ထောင်တန်”
၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း”
၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့”
၂၅. “တော်သလင်းနေ ပုစွန်သေ”
၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်”
၂၇. “တောင်လဲရာ...မြက်ပြတ်”
၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလည်း ကြက်သွန်”
၂၉. “တတ်သည့်ပညာ...မနေသာ”
၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး”
၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း”
၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ”



၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ”
၂. “ထောင်မြင်ရင် ရာစွန့်”
၃. “ထမင်းရည်ပူ..လျှာလွှဲ”
၎. “ထမင်းကြမ်းက..အငွေ့ထွက်ချင်”
၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်”
၆. “ထီးဖြူ..ဖိနပ်ပါး”
၇. “ထောင်အပြင်..တန်းမရှိ”
၈. “ထိပ်ပေါက်မှ..ထိမှန်းသိ”
၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်”
၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့”
၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်”
၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်”
၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်”
၁၄. “ထားရာနေ...စေရာသွား”
၁၅. “ထုံးလိုမွှေ..ရေလိုနှောက်”
၁၆. “ထုလေ.မာလေ..ငါးဖယ်တေ”
၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး”
၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ”
၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်ဝင်ရိုးထုံးစံမရှိ”



၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”
၂. “နွားရှေ့ထွန်ကျူး”
၃. “နတ်ကရာ...ကျီးမော့”
၎. “နေရိပ်လို..နေပူကစောင့်”
၅. “နီးရာပေါင်..ပြေးကပ်”
၆. “နှုတ်တစ်ရာ စာတစ်လုံး”
၇. “နွားကွဲရင်....ကျားဆွဲ”
၈. “နဂိုရှိမှ...နဂိုင်းထွက်”
၉. “နောင်ခါလာ..နောင်ခါဈေး”
၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်”
၁၁. “နီးရာဓား...ကြောက်ရတယ်”
၁၂. “နေသာသပ...လေညာက”
၁၃. “နွားသိုး.ကြိုးပြတ်...”
၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်”
၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်”
၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”
၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား”
၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်”
၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်”
၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်းဝန်ထက်ကဲ”
၂၁. “နောင်တဆိုတာ..နောင်မှရ”
၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း”
၂၃. “နေပူတုန်း...စပါးလှန်း”
၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး”
၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်”
၂၆. “နှာရည်စိုရွှဲ...တပို့တွဲ”
၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်”
၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း”
၂၉. “နဖူးစာ...ရွာလည်”
၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့”
၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ”
၃၂. “နွားအို...မြက်နုကြိုက်”



၁. “ပညာရှိသတိဖြစ်ခဲ”
၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်”
၃. “ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊ တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်”
၎. “ပညာရှာ ပမာသူဖုန်းစား”
၅. “ပညာရွှေအိုး လူမခိုး”
၆. “ပွဲပြီး မီးသေ”
၇. “ပိုနေမြဲ..ကျားနေမြဲ”
၈. “ပျော်ပျော်နေ သေခဲ”
၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...”
၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..”
၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်”
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃. “ပွဲလန့်တုန်း.ဖျာခင်း”
၁၄. “ပြောတော့မူး..လူးတော့အိုင်”
၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရင်မေ့”
၁၆. “ပျာသလောက်...ဖွဲမထွက်”
၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ”
၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်းဆောင်”
၁၉. “ပညာရှိအမျက်..အပြင်မထွက်”
၂၀. “ပုလင်းတူ...ဘူးဆို့”
၂၁. “ပညာလို...အိုသည်မရှိ”
၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်”
၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်”
၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ”
၂၅. “ပါးစပ်က..ဘုရား.ဘုရား..လက်က..ကားယား.ကားယား”
၂၆. “ပျားအုံကို..တုတ်နဲ့ထိုး”
၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်”
၂၈. “ပညာရဲရင့်...ပွဲလယ်တင့်”
၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း”
၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်”
၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစားနဲ့..
၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်”
၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး”
၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်”
၃၅. “ပါးပုပ်၍..လက်ဝှက်သည်”
၃၆. “ပြဿနာမရှိ...ပြဿနာရှာ”
၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ”
၃၈. “ပျားရည်နဲ့ဝမ်းချ”
၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း”
၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ”
၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..”
၄၂. “ပလီစိ...ချောက်ချက်”
၄၃. “ပါးစပ်ပါ..ရွာရောက်”
၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ”
၄၅. “ပလူမွှေး..ပလူတောင်”
၄၆. “ပေါက်တဲ့ နဖူး မထူး”
၄၇. “ပိုးဖလံမျိုး...မီးကိုတိုး”
၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်”
၄၉. “ပြန်မပြော....နားမထောင်”
၅၀. “ပုထုဇနော..ဥမ္မတကော”



၁. “ဖောင်စီးရင်း ရေငတ်”
၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့”
၃. “ဖြစ်သမျှအကြောင်း..အကောင်း”
၎. “ဖွတ်မရ...ဓားမဆုံး”
၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျလဲ..ဖတ်ပေါက်”
၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမသိ”
၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ”
၈. “-င်မနိုင်ဘဲ..ပဲကြီးဟင်းစား”
၉. “ဖွတ်ကျော..ပြာစု”
၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်”
၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်”
၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်”
၁၃. “ဖာတစ်လုံး..ခေါင်းကျား”



၁. “ဘနဖူး သိုက်တူးမယ့်သူ”
၂. “ဘူးကောင်းမှ စင်ခံ”
၃. “ဘမျိုး...ဘိုးတူ”



၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်စား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချင်နဲ့”
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”



၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန်ကမတိုး..ပိုက်ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”



၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၎. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..၀ါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိဝမ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရွာနားကမြက်...ရွာနွားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”



၁. “လူလိမ္မာသား ယဉ်ပါး”
၂. “လသာတုန်း ဗိုင်းငင်”
၃. “လည်လွန်းတဲ့ဘီး ချီးသင့်”
၎. “လူမိုက်သား ရမ်းကား”
၎. “လင်ကိုဘုရား..သားကိုသခင်”
၅. “လယ်ထွန်သွား..နွားမေ့”
၆. “လူပျို့လက်..၀က်မြီး”
၇. “လိုတာမရ...ရတာမလို”
၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”
၉. “လမ်းမသိ....ခွေးနောက်လိုက်”
၁၀. “လူမလေး....ခွေးမခန့်”
၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ”
၁၂. “လူတူမရှား...နာမည်တူမရှား”
၁၃. “လူ့အလို..နတ်မလိုက်နိုင်”
၁၄. “လူအကြောင်း..ပေါင်းမှသိ”
၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”
၁၆. “လှတာမက်ရင်...ညစာခက်တယ်”
၁၇. “လှေအဆင်း...ကုန်းအတက်”
၁၈. “လူ့စည်း..ဘီလူးစည်း”
၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”
၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”
၂၁. “လူပြောမသန်...လူသန်မပြော”
၂၂. “လာမယ့်ဘေး...ပြေးတွေ့”
၂၃. “လင်နဲ့မယား...လျှာနဲ့သွား”
၂၄. “လွတ်တဲ့ငါး..ကြီး”
၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လင်းနို့”
၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”
၂၇. “လိုက်လေ...ဝေးလေ”
၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..ကံလည်းမ”
၂၉. “လူပျင်းလုံ့လ..တစ်ခဏ”
၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”
၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”
၃၂. “လျင်သူ...စားစတမ်း”
၃၃. “လှေနံ..နှစ်ဖက်နင်း”
၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”



၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့”
၂. “၀ါးလုံးခေါင်းထဲ..လသာ”
၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”
၎. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်”



၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”
၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”
၃. “သူခိုးပြေးမှ ထိုးကွင်းထ”
၎. “သေချင်တဲ့ကျား တောပြောင်း”
၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်တွေ့”
၆. “သတိမမူ ဂူမမြင်”
၇. “သခွပ်ပင်က..မီးတကျည်ကျည်”
၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှန်းမြောက်မှန်းမသိ”
၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”
၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”
၁၁. “သားသမီးမကောင်း မိဘခေါင်း”
၁၂. “သက်ကြီးစကား သက်ငယ်ကြား”
၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”
၁၄. “သေမြေကြီး....ရှင်ရွှေထီး”
၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ”
၁၆. “သားကိုသခင်..လင်ကိုဘုရား”
၁၇. “သားရေပေါ်အိပ်...သားရေနားစား”
၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”
၁၉. “သိသာသိစေ...မမြင်စေနဲ့”
၂၀. “သဲထဲရေသွန်”
၂၁. “သမီးမွေးမှ...ဓားတသွေးသွေး”
၂၂. “သူများတံတွေးခွက်....ပက်လက်မျော”
၂၃. “သူခိုးကျင့်...သူခိုးကြံ”
၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားကောင်”
၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”
၂၆. “သခင်အားရ...ကျွန်ပါးဝ”
၂၇. “သူတော်ကောင်း..နတ်ကောင်းမ”
၂၈. “သူခိုးက..လူဟစ်”
၂၉. “သူခိုးရွှေရ...တပြပြ”
၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”
၃၁. “သမင်မွေးရင်း...ကျားစားရင်း”
၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”
၃၃. “သားသမီးယုံ...စုံလုံးကန်း”
၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”
၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်”
၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”
၃၇. “သစ်မရခင် ၀ါးကူ”
၃၈. “သောင်မတင်..ရေမကျ”
၃၉. “သူ့ဆန်စား ရဲရ”
၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”
၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”
၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”



၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”
၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”



၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”



၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၎.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တစ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်"