အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, September 29, 2013

စစ်မှန်တဲ့ ခွင့်လွှတ်ခြင်းဆိုတာ

 
# မေ့ပျောက်မပစ်လိုက်တာလို့ ယုံကြည်ချင်တယ်ဘယ်လိုမျိုးလဲဆိုရင်
အဖြစ်အပျက်တစ်ခုကိုမေ့ပျောက်ပစ်လိုက်တယ်ဆိုရင် ဒါဟာ ခွင့်လွှတ်တာမဟုတ်တော့ဘူး။ မေ့ပစ်လိုက်တာပဲ ဖြစ်သွားရော။သတိရတော့ ရနေတယ် ဒါပေမယ့် ခွင့်လွှတ်တယ်ဆိုမှ

ဒါဟာ တကယ့်ကိုခွင့်လွှတ်ခြင်းဖြစ်တယ်။ တချို့အရာတွေကို အနာဂတ်မှာကောင်းဖို့အတွက်မေ့လိုက်လို့ မဖြစ်ဘူး။ အမှားတစ်ခုကို နောက်ထပ်တစ်ခါ မကျူးလွန်ဖို့။
မိမိကိုယ်တိုင်က အလားတူ ထိခိုက်ခံစားရတာမျိုးထပ်မံ မခံစားရဖို့၊ တခြားလူတွေလည်း ဒီလိုအလားတူ ဒုက္ခ္ခတွေကို ထပ်ခါထပ်ခါမခံစားရဖို့။ဒါကြောင့် ကျမကတော့ မေ့မေ့ပျောက်ပျောက်ဆိုတာကို အားမပေးဘူး။ "
# ''ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာ ရှိတယ်ဆိုတာ အများသိပြီးသား ဖြစ်ပါတယ် ပဋိပက္ခ ဖြေရှင်းရေးအခြေခံက
တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားဖို့ ဖြစ်တယ်။ ကိုယ်နဲ့မတူတဲ့ အတွေးခေါ်တွေကို မလေးစားနိုင်ရင် ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေကို နားလည်မှုမပေးနိုင်ရင် ကျွန်မတို့ဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ မထူထောင်နိုင်ပါဘူး''
# "ကျွန်မတို့ လုပ်နေတဲ့ အလုပ်ဟာ ရည်ရွယ်ချက် တစ်ခုကြောင့် ဖြစ်တယ်.. ယုံကြည့်ချက် တစ်ခုကြောင့်
ဖြစ်တယ်.. မျှော်မှန်းချက် တစ်ခုကြောင့် ဖြစ်တယ်.. ပန်းတိုင် တစ်ခုကြောင့် ဖြစ်တယ်.. ဒီရည်ရွယ်ချက်..
ယုံကြည်ချက်.. ဒီပန်းတိုင်ကြောင့် ခံရလျင်လည်း အဲဒါကြောင့် ခံရတာဖြစ်တယ်... သူလုပ်လို့ ခံရတာ မဟုတ်ဘူးလို့ ကျွန်မတို့ ခံယူပါတယ်..
ဒါကြောင့်...ကျွန်မတို့ ကိုယ့်ရဲ့ ဒေါသစိတ်တွေ ထိန်းရမယ်..

ကိုယ့်ရဲ့ မခံချင်စိတ်တွေ ထိန်းရမယ်..
ကိုယ့်ရဲ့ အာဃာတတွေ ထိန်းရမယ်..
တက်နိုင်သမျှ....ကိုယ့်ဟာ ကိုယ်နေ နေရတဲ့ ကမ္ဘာကြီးအတွက် တန်ဖိုးရှိအောင်လို့ နေနိုင်လို့ ကြိုးစားပါ..
အထူးသဖြင့်... လူငယ်များ ကြိုးစားကြပါလို့ ကျွန်မ မေတ္တာ ရပ်ခံအပ်တယ်...။
" ဒါတွေ အားလုံးဟာ ငြိမ်းချမ်းရေးနှင့် လူ့ဘဝရဲ့ ညီမျှခြင်းတွေ ဖြစ်ပါတယ်...

ဒေါ်အောင်ဆန်းစုကြည်

No comments: