အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Saturday, September 28, 2013

ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။



'' ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီခေတ်စားလာတဲ့အခါမို့ ရောယောင်သံဖမ်းပြီး ပြောကြတာတွေလဲ အများကြီးဘဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း ၊လူတန်းစားအချင်းချင်း ၊ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့် မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး။

လူမျိုး၊ ဘာသာ၊ လိင်မရွေး တိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပါရမယ်။ လူမျိုးရေးအရ ကွဲပြားခြားနားတဲ့လူများစုလူနည်းစုကိစ္စတွေမှာတော့
လူများစုလူမျိုးစုက လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးမှု မရှိစေမှ ၊ ဒီမိုကရေစီမှန်မယ်။
မြင့်မြတ်တဲ့ လွတ်လပ်ရေးဆိုတာ လွတ်လပ်စွာ ဘာသာတရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူနဘ၀မှ လွတ်မြောက်မှု့ တို့ ဖြစ်တယ်။ လူမျိုးအရ ဘာသာအရ လိင်အရ အခွင့်အရေးခွဲခြားမှု ၊ နှိမ့်ချမှုတွေကို ဥပဒေအရပယ်ဖျက်ပြီး ဒီလိုနှိမ်နင်းတာမျိုးတွေ့ရင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်''


လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း

No comments: