အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Saturday, September 21, 2013

ပန်းသည်


 မောင်လေးရေ
ထပါတော့
ရောင်နီ လာလှပေါ့ ။
တစ်ကျော့ နှစ်ကျော့
တေးကိုသီ
ငှက်ကျား နှုတ်ပလီ ။
တောင်ဆီနားက
ခရေပန်း
ပင်အောက် ကြိုင်လို့လန်း ။
ဗန်းလေးယူခဲ့
မောင်လေးရယ်
သွားကောက်ချေစို့ကွယ် ။
ပန်းသည်လုပ်စို့
တပြုံးပြုံး
ပန်းတွေ တစ်ကုံးကုံး ။

No comments: