အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Thursday, September 26, 2013

၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့အတွေး

ဆွေးမိသည်တည့် ဆွေးမိသည်။
မလေးမောင် သည်ယနေ့
ဆွေးမြေ့မိသည်။
သွေးစက်နှင့် ကျမျက်ရည်၊ ပြည်နိုင်ငံ့ အရေး။
လူ့လမ်းစဉ် လူ့ခရီးမှာ
စီးရတယ်လေး။

ငေးမိသည်တည့် ငေးမိသည်။
မလေးမောင် သည်ယနေ့
ငေးမေ့မိသည်။
ဝမ်းမ၀ မျှမညီ၊ ပြည်နိုင်ငံ့ အရေး။
လူ့လောကီ သည်ရှုပ်ထွေး
ရှင်းပါမှလေး။

ရေးမိသည်တည့် ရေးမိသည်။
မလေးမောင် သည်ယနေ့
ရေးမွေ့မိသည်း
စီးခဲ့တဲ့ သွေးမျက်ရည်၊ ပြည်နိုင်ငံ့အရေး။
စာတေး သည်မြိုင်ချောင်က
သည်ကလောင် ရောင်ခြည်လွှတ်
ညီးညွတ်တယ်လေး။

ဇော်ဂျီ

No comments: