အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Saturday, September 21, 2013

ကြာဆစ်ကြိုး


 ကြာဖြူ ကြာနီ ကြာညိုနှောလို့
တို့လယ်တောမှာ ပွင့်ကြာတယ်။
ကောက်စိုက်အပြန် ရေကန်ကြီး
ကြာတစ်ညစ်ညးလောက် ချိုးခဲ့ကွယ်။
ကြာပွင့် ကြာငုံ ထုံထုံမွှေးကို
မလေးဘယ်သို့ သုံးပါ့မယ်။
ကြာရိုး ကြာနွယ် ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်။
ဆွဲပါ့မယ်။

No comments: