အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, September 22, 2013

အရိန္ဒမာသိပါသည်

မြင်ကတည်းက
ရင်ထဲမှာစွဲခဲ့တယ် မဏိစန္ဒာ။
ဘုရင့်ဘဏ္ဍာမတော်မတရားနဲ့...
အရှင့်အာဏာစော်ကားခဲ့သူမို့
(သြော်...)
ဓါးထိကာအသေသတ်ရင်လည်းကျေနပ်မှာပါ။

မလျော်တာအခက်ကြံဆမိလို့
အနော်ရထာမာန်ရှမှာလည်း
ခံရမယ်သေအချာ သိပေမယ့်
ဝေဒနာရှိသူရင်မှာမအေးလေတော့
သေဘေးကိုတဲ့မမြင်သာ
အကြင်နာကနှစ်ဆင့်ပိုကဲ။

အရှင့်ဘဏ္ဍာမတော်မတရားနဲ့
ဘုရင့်အာဏာစော်ကားခဲ့သူလို့
ကဲ့ရဲ့ကာဆိုချင်ဆို
ငြိုငြင်လိုငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ကိုယ့်ကြမ္မာပေါ့။

အရှင့်အာဏာမဖီဆန်ရဲတာကြောင့်
လက်လွှဲကာရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ်သခင်ထင်သလား
ရင်ခွင်မှာဆယ်နေကဲသလို
အမြဲပူလောင်လှချည့်
ရင်ထဲကိုလှံမထိက
ချစ်မိသူအသည်းကြွေပြုန်းကာ
မဏိစန္ဒာရယ်...
ကိုယ်ကတော့အမြဲသေဆုံးခဲ့ပြီပဲ။

မောင်စိန်ဝင်း(ပုတီးကုန်း)

No comments: