အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Saturday, September 21, 2013

ရွှေဥသြ


 စိမ်းစိမ်း ညိုညို ဟိုဘက်တောက
ရွှေဥသြလေး တွန်သံသာ။
နွေဦးပေါက်ရင် တွန်သံကြားရ
မြင်ဖူးကြလား မောင်တို့ရာ။
ကျီးသိုက်ထမြှာ သူ့မေထားလို့
ငှက်ဝင်စားလေး သူ့ခမျာ၊
သနားစရာ အမေပျောက်လို့
သူ့တစ်ယောက်တည်း ဖော်မပါ။
သာသာယာယာ သူတွန်ညည်းတော့
တို့ကျောင်းကြီးလဲ ပိတ်တော့မှာ။
ပိတ်မှာ ပိတ်မှာ။

No comments: