အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Wednesday, December 10, 2014

ဗျာဒိတ်ပေးဘုရားများနှင့်မြတ်စွာဘုရားဗျာဒိတ်တော်ခံဘဝ

၁) ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်တွင်သူမေဓာရသေ့ဘ၀ဖြင့်စတင်ဗျာဒိတ်ခံသည်။
၂) ကောဏ္ဍညမြတ်စွာဘုရားလက်ထက်တွင် ၀ိစိဘာဝီစင်္ကြာဝတေးမင်းဘ၀ဖြင့်ရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၃) မင်္ဂလမြတ်စွာဘုရားရှင်လက်ထက်တွင် သုဝဋ်စိပုဏ္ဏားဘ၀ဖြင့်ရဟန်းပြုပြီးဗျာဒိတ်ခံသည်။...
၎) သုမနမြတ်စွာဘုရားရှင်လက်ထက်တွင် နဂါးဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၅) ရေ၀တမြတ်စွာဘုရားရှင်လက်ထက်တွင် ပဋိဒေ၀ပုဏ္ဏားဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၆) သောဘိတမြတ်စွာဘုရားရှင်လက်ထက်တွင် အဇိတပုဏ္ဏားဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၇) အနောမဒဿီမြတ်စွာဘုရားရှင်လက်ထက်တွင် ဘီလူးဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၈) ပဒုမမြတ်စွာဘုရားရှင်လက်ထက်တွင် ခြင်္သေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၉) နာဒရမြတ်စွာဘုရားရှင်လက်ထက်တွင် ရသေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၀) ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်တွင် ခြင်္သေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၁) သုမေဓမြတ်စွာဘုရားရှင်လက်ထက်တွင် ဥတ္တရလုင်ဘ၀ဖြင့်ရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၁၂) သုဇာတဘုရားရှင်လက်ထက်တွင် စင်္ကြာဝတေးမင်းဘ၀မှရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၁၃) ပိယဒဿီဘုရားရှင်လက်ထက်တွင် ကဿဖလုင်ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၄) အတ္တဒဿီဘုရားရှင်လက်ထက်တွင် သုသိမရသေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၅) ဓမ္မဒဿီဘုရားရှင်လက်ထက်တွင် သိကြားမင်းဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၆) သိဒ္ဓတ္ထဘုရားရှင်လက်ထက်တွင် မင်္ဂလာရသေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၇) တိဿဘုရားရှင်လက်ထက်တွင် သုဇာတရသေ့ဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၁၈) ဖုဿဘုရားရှင်လက်ထက်တွင် ၀ိစိတာဝီမင်းဘ၀မှရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၁၉) ၀ိပဿီဘုရားရှင်လက်ထက်တွင် အတုလနဂါးမင်းဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၂၀) သိခီဘုရားရှင်လက်ထက်တွင် အရိန္ဒမမင်းဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၂၁) ဝေဿဘူဘုရားရှင်လက်ထက်တွင် သုဒဿနမင်းဘ၀ဖြင့်ဗျာဒိတ်ခံသည်။
၂၂) ကကုသန္ဓဘုရားရှင်လက်ထက်တွင် ခေမဘုရင်ဘ၀မှရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၂၃) ကောဏာဂမနဘုရားရှင်လက်ထက်တွင် ပဘဒ္ဒမင်းဘ၀မှရဟန်းပြုပြီးဗျာဒိတ်ခံသည်။
၂၄) ကဿပဘုရားရှင်လက်ထက်တွင် ဇောတိပါလပုဏ္ဏားဘ၀ဖြင့်ဗျာဒိတ်ခံသည်။

သူမရှိ ငါမရှိ

ပုထုဇဉ်ဖြစ်သော လူသတ္တ၀ါတို့သည် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌

၁။ ရုပ်(၀ါ)ရူပက္ခန္ဓာကို သူ့သဘာဝအတိုင်းပြောင်းလဲဖောက်ပြန်နေသော ပရမတ္ထသဘာဝ ကြိယာ သဘောသက်သက်မျှဖြစ်သည်ဟု ...မသိမြင်ဘဲ ဒြပ်သဏ္ဍာန်အဖြစ်မှတ်ယူပြီး ပုဂ္ဂိုလ်သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူသောအနေဖြင့် မှားယွင်းစွာထင်မြင်ခြင်း၊ မှားယွင်းစွာစွဲလမ်းခြင်း ဖြစ်လျက်ရှိသည်။

၂။ ဝေဒနာ(၀ါ)ဝေဒနက္ခန္ဓာကိုအာရုံတို့၏အရသာ ကိုခံစားတတ်သော ပရမတ္တသဘာဝ ကြိယာ သဘောသက်သက်မျှသာဖြစ်သည်ဟုမသိဘဲ အာရုံအမျိုးမျိုးကိုငါခံစားသည်ဟူသောအနေ ဖြင့် မှားယွင်းစွာထင်မြင်ခြင်း၊ မှားယွင်းစွာ စွဲလမ်းခြင်းဖြစ်လျက်ရှိသည်။

၃။ သညာ(၀ါ)သညာက္ခန္ဓာကိုအာရုံအမျိုးမျိုး ကို မှတ်သားတတ်သော ပရမတ္တသဘာဝ ကြိယာသဘောသက်သက်မျှဖြစ်သည်ဟု မသိမြင်ဘဲ အာရုံအမျိုးမျိုးကိုငါမှတ်သား သည်ဟူသောအနေဖြင့် မှားယွင်းစွာစွဲလမ်း ခြင်းဖြစ်လျက်ရှိသည်။

၎။ သင်္ခါရ(၀ါ) သင်္ခါရက္ခန္ဓာကို အမှုကိစ္စ အမျိုးမျိုး၊ အကောင်းအဆိုးကံအမျိုးမျိုးကို ပြုပြင်ဖန်တီးတတ်သော ပရမတ္တသဘာဝ ကြိယာသဘောသက်သက်မျှသာဖြစ်သည် ဟု မသိမြင်ဘဲ အမှုကိစ္စအမျိုးမျိုး၊ အကောင်း အဆိုးကံအမျိုးမျိုးကို ငါပြုလုပ်ဖန်တီးသည် ဟူသော အနေဖြင့်မှားယွင်းစွာထင်မြင်ခြင်း၊ မှားယွင်းစွာစွဲလမ်းခြင်းဖြစ်ပေါ်လျက်ရှိသည်။

၅။ ၀ိဉာဏ်(၀ါ) ၀ိဉာဏက္ခန္ဓာကို အာရုံ အမျိုးမျိုးကို သိမြင်တတ်သော ပရမတ္တသ ဘာဝ ကြိယာသဘောသက်သက်မျှဖြစ် သည်ဟု မသိမြင်ပဲ အာရုံအမျိုးမျိုးကိုငါသိ သည်ဟူသောအနေဖြင့် မှားယွင်းစွာထင် မြင်ခြင်း၊ မှားယွင်းစွာစွဲလမ်းခြင်းဖြစ်လျက် ရှိသည်။

ပုထုဇဉ်သတ္တ၀ါတို့သည် ခန္ဓာငါးပါး၌ဖော် ပြခဲ့သည့်အတိုင်း အမှန်မမြင်ပဲ မှားယွင်း စွာ စွဲလမ်းတတ်သောကြောင့် ခန္ဓာငါးပါး ကို ဥပါဒါန်ခန္ဓာ(၀ါ)ဥပါဒါနက္ခန္ဓာဟုခေါ်ရ ပေသည်။ ထိုသို့ခန္ဓာငါးပါး၌

၁။ အမှန်မမြင်မှု
၂။ မှားယွင်းစွာစွဲလမ်းမှုတည်းဟူသော ဥပါဒါန်သည် ပုထုဇဉ်လူသတ္တ၀ါတို့တွင် အမှန်ရှိနေသည်။ ထိုအမှန်မမြင်မှု မှား ယွင်းစွာစွဲလမ်းမှုတို့ကိုပင် သမုဒယ ဟု ယေဘုယျပြု၍ လူသတ္တ၀ါတို့တွင် သမုဒယသည် အမှန်ရှိသည်ဟု ဗုဒ္ဓဆိုခဲ့ ခြင်းဖြစ်သည်။

သို့ဖြစ်၍ခန္ဓာငါးပါးကို မှားယွင်းစွာမြင်မှု၊ မှားယွင်းစွာစွဲလမ်းမှုနေရာ၌ အမှန်မြင်မှု၊ အစွဲကင်းမှုဖြစ်အောင်ကြိုးပမ်းအားထုတ် ရေးသည် ဗုဒ္ဓ၀ါဒ၏ပဓါနလုပ်ငန်းဖြစ်၏။ ခန္ဓာငါးပါးကို အမှန်မြင်မှု၊ အစွဲကင်းမှု ဖြစ်လာရေးအတွက် ပဓါနလုပ်ငန်းမှာ ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်အောင် စူးစမ်းရှုမြင်ရန်ပင်ဖြစ်၏။ ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်လာရေးအတွက် စူးစမ်း ရှုမြင်နည်းကို ယေဘုယျအားဖြင့် ဗုဒ္ဓ က အောက်ပါအတိုင်း ဖော်ပြ၏။

ရဟန်းတို့ ရုပ်သည်မမြဲ၊ မမြဲသောရုပ် သည်ဆင်းရဲ၏။ ဆင်းရဲသောရုပ်သည် အတ္တမဟုတ်။ အတ္တမဟုတ်သောရုပ် ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ် သည် ငါမဟုတ်၊ ဤရုပ်သည်ငါ၏ အတ္တမဟုတ်ဟု ဤသို့ဟုတ်မှန်သည့် အတိုင်းပညာဖြင့်ရှုရမည်။ ဝေဒနာ သည် မမြဲ၊ မမြဲသောဝေဒနာသည် ဆင်းရဲ၏။ ဆင်းရဲသောဝေဒနာသည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝေဒနာကို ဤဝေဒနာသည်ငါ့ဥစ္စာ မဟုတ်၊ ဤဝေဒနာသည်ငါမဟုတ်၊ ဤဝေဒနာသည်ငါ၏အတ္တမဟုတ် ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့်ရှုရမည်။ ထိုနည်းအတူ သညာ၊ သင်္ခါရ၊ ၀ိဉာဏ် တို့ကိုလည်း ဟုတ်မှန်သည့်အတိုင်း ပညာဖြင့်ရှုရမည်။ (ယဒနိစ္စသုတ်၊ အနိစ္စသုတ်၊ ခန္ဓသံယုတ်)

သတိပဋ္ဌာန်ကျင့်စဉ်ဖြင့် အားထုတ်၍ သမာဓိစွမ်းအင်ကောင်းမွန်လာသော အခါ ခန္ဓာငါးပါး၌ အနိစ္စသဘောကို ဖြစ်စေ၊ ဒုက္ခသဘောကိုဖြစ်စေ၊ အ နတ္တသဘောကိုဖြစ်စေ တိတိပပသိ မြင်လာသည်။ ရုပ်သည်အပြတ်ပြတ် အပိုင်းပိုင်းကလေးများ ဆင့်ဆက်လျက် အစဉ်ပြောင်းလဲနေသောသဘောမျှဖြစ် သည်ဟု သိမြင်လာသည်။ ဝေဒနာ သည် ခံစားမှုခဏခဏ ကလေးများ (၀ါ) ခံစားမှုအပိုင်းအပိုင်းကလေးများ ဆင့်ဆက်လျက်အစဉ်ပြောင်းလဲနေ သော သဘောမျှဖြစ်သည်ဟု သိမြင် လာသည်။ သညာသည် မှတ်သားမှု ခဏခဏကလေးများ (၀ါ) မှတ်သား မှုအပိုင်းအပိုင်းကလေးများ ဆင့်ဆက် လျက် အစဉ်ပြောင်းလဲနေသော သဘောမျှဖြစ်သည်ဟု သိမြင်လာ သည်။ သင်္ခါရသည် စေ့စော်ပြုပြင်မှု ခဏခဏကလေးများ(၀ါ) စေ့ဆော် ပြုပြင်မှု အပိုင်းအပိုင်းကလေးများ ဆင့်ဆက်လျက်အစဉ်ပြောင်းလဲနေ သော သဘောမျှဖြစ်သည်ဟုသိမြင် လာသည်။ ၀ိဉာဏ်သည် သိမှုခဏ ခဏကလေးများ (၀ါ) သိမှုအပိုင်း အပိုင်းကလေးများ ဆင့်ဆက်လျက် အစဉ်ပြောင်းလဲနေသောသဘောမျှ ဖြစ်သည်ဟု သိမြင်လာသည်။

ထိုသို့ခန္ဓာငါးပါးရုပ်နာမ်သင်္ခါရတရား တို့သည် အပိုင်းအပိုင်းကလေးများ ခဏခဏကလေးများအနေဖြင့်အစဉ် ပြောင်းလဲနေသော သဘောမျှဖြစ် သည်ဟူသော အနိစ္စသဘောကို သိမြင်လာလျှင် အစဉ်ပြောင်းလဲနေ သော ခန္ဓာငါးပါးသည် စင်စစ်ဆင်းရဲ သည်ဟူသော ဒုက္ခသဘော(၀ါ) ဒုက္ခသညာထင်လာလေသည်။ အစဉ်ပြောင်းလဲနေသောမမြဲသော ခန္ဓာငါးပါးသည် စင်စစ်အစိုးရခြင်း မရှိ၊ ဖြစ်လိုရာကိုဖြစ်နိုင်ခြင်းသ ဘောလည်းမရှိဟူ၍မြင်သော အနတ္တသဘော(၀ါ)အနတ္တသညာ လည်းထင်မြင်လာသည်။ ဤ သည်မှာ ဒုက္ခသစ္စာကိုထင်မြင် လာခြင်းဖြစ်၏။ ထိုသို့ခန္ဓာငါးပါး ၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော (ဒုက္ခသစ္စာ)ကို သိမြင်သောအခါ ခန္ဓာငါးပါး၌ငြီးငွေ့ပြီး (ထိုခန္ဓာငါး ပါး သင်္ခါရတရားတို့မှ) လွတ်မြောက် အောင်စိတ်သည် ရုန်းထွက်သွား ၏။ ပထမအကြိမ်ရုန်းထွက်၍လွတ် မြောက်သွားသော စိတ်ရှိသော ပုဂ္ဂိုလ်ကို သောတာပန်အရိယာ ပုဂ္ဂိုလ်ဟုခေါ်သည်။

ထိုသောတာပန်အရိယာပုဂ္ဂိုလ် သည် ရုပ်ကိုအပြတ်ပြတ်အပိုင်းပိုင်း ခဏခဏကလေးများဆင့်ဆက် လျက် အစဉ်မပြတ်ပြောင်းလဲနေ သော သဘောမျှဖြစ်သည်ဟုသိ မြင်လာသောအခါ ရုပ်၌ငါသူတစ် ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ စသည့် နိမိတ်သဏ္ဍာန် အနေဖြင့် ပညတ်ခေါ်ဝေါ်စရာ၊ ထင်မှတ်စွဲလမ်းစရာမရှိကြောင်း သိမြင်လာသည်။ ဝေဒနာကို လည်း ခံစားခြင်းသဘောမျှဖြစ် သည်ဟု သိမြင်လာသောအခါ ဝေဒနာ၌ ငါခံစားသည်ဟူသော အနေဖြင့်ထင်မှတ်စွဲလမ်းစရာမရှိ ကြောင်းသိမြင်လာသည်။ သညာ ကိုလည်း မှတ်သားခြင်းသဘောမျှ အဖြစ် သိမြင်လာသောအခါ သညာ ၌ ငါမှတ်သားသည်ဟူသောအနေ ဖြင့် ထင်မှတ်စွဲလမ်းစရာမရှိကြောင်း သိမြင်လာသည်။ သင်္ခါရကိုလည်း စေ့ဆော်ပြုပြင်ဖန်တီးခြင်းသဘော မျှဖြစ်သည်ဟု သိမြင်လာသော အခါ သညာ၌ငါစေ့ဆော်ပြုပြင် ဖန်တီးသည်အနေဖြင့် ထင်မှတ် စွဲလမ်းစရာမရှိကြောင်းသိမြင်လာ သည်။ ၀ိဉာဏ်ကိုလည်းသိခြင်း သဘောမျှဖြစ်သည်ဟု သိမြင် လာသောအခါ ၀ိဉာဏ်၌ငါသိ သည်ဟူသောအနေဖြင့် ထင်မှတ် စွဲလမ်းစရာအကြောင်းမရှိကြောင်း သိမြင်လာသည်။ ထိုသို့ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမစသည်အနေ ဖြင့်ထင်မှတ်စွဲလမ်းမှုကင်းသွား ခြင်းကိုပင် ပုဂ္ဂလပညတ်ကင်း သွားသည် ကြေသွားသည်ဟု ဗုဒ္ဓဒေသနာတော်၌ ဖော်ပြ၏။

စင်စစ် ရုပ်သည်ပြောင်းလဲနေခြင်း သဘောမျှ၊ ဝေဒနာသည်ခံစား ခြင်းသဘောမျှ၊ သညာသည်မှတ် သားခြင်းသဘောမျှ၊ သင်္ခါရသည် စေ့ဆော်ဖန်တီးခြင်းသဘောမျှ ၀ိဉာဏ်သည်သိခြင်းသဘောမျှ ဖြစ်ပါလျက် သမုဒယ၏ဖုံးကွယ် လှည့်စားမှုကြောင့် ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ပုဂ္ဂလပညတ် တပ်မိရကား ခန္ဓာငါးပါးတွင်တမျိုး တဖုံပြောင်းလဲတိုင်း၊ ဖောက်ပြန် တိုင်း ဒုက္ခဖြစ်ရခြင်းပင်ဖြစ်သည်။ သောတာပန်အရိယာပုဂ္ဂိုလ်သည် ပုဂ္ဂလပညတ်ကင်းစင်သွားရကား ခန္ဓာငါးပါး၌အမြင်မှားမှု၊ သို့လော သို့လော သံသယဖြစ်မှု(ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ)ကင်းသွားလေသည်။ သို့ရာတွင် ခန္ဓာငါးပါး၌ မှားယွင်း စွာစွဲလမ်းမှု အကြွင်းမဲ့ကင်းစင် ခြင်းကား မရှိသေးချေ။

နန္ဒသိန်းဇံဘ၀အဓိပ္ပါယ်နှင့်ဘ၀သစ္စာ