အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, September 29, 2013

ကျွန်မတို့ပြောင်းလဲနိုင်မှ လိုချင်တဲ့ငြိမ်းချမ်းရေးကိုရမှာပါ



“ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဓိက စဉ်းစားရမှာပါ။
ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရမှသာလျှင် ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ သက်သာမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းတယ်ဆိုတာ ခပ်တိုတိုပြောရရင်အသက်အန္တရာယ်ကြောင့်ကြခြင်းမှ ကင်းဝေးတာ။
စိုးရိမ်ကြောင့်ကြရမယ့် ကိစ္စတွေက ကင်းဝေးတာ။

တစ်ကယ် ငြိမ်းချမ်းတယ်ဆိုတာစိတ်ထဲကနေလာတာ။ စိတ်ထဲမှာ ငြိမ်းချမ်းရေးရှိမှ တစ်ကယ်ငြိမ်းချမ်းတယ်လို့ပြောရမှာ။
ကိုယ့်ရဲ့ ပတ်ဝန်းကျင်ဟာ မငြိမ်းချမ်းရင်၊ မလုံခြုံရင် ဘယ်လိုမှ စိတ်ထဲမှာ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။
ကျွန်မတို့ပြည်သူပြည်သားတွေ စိတ်အတွင်း အေးချမ်းရေးရဖို့ဆိုလို့ရှိရင်
တစ်ယောက်ချင်းတစ်ယောက်ချင်းစီမှာ ကြိုးစားဖို့တာဝန်ရှိပါတယ်။
ငြိမ်းချမ်းရေး မရတဲ့အကြောင်းကလည်း အများစုက ငြိမ်းချမ်းရေး မရတာ ဘာကြောင့်လဲဆိုတာ ကိုယ့်ကိုယ်ကို လက်ညှိုးမထိုးဘူး။ ကိုယ့်ဘက်ကနေ သူများကိုပဲ လက်ညှိုးထိုးနေတော့ ငြိမ်းချမ်းရေး မရဘူး။ ဒါကို ကျွန်မတို့ပြောင်းလဲနိုင်မှ လိုချင်တဲ့ငြိမ်းချမ်းရေးကိုရမှာပါ။
တစ်ယောက်ချင်း တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း ကနေပြီးတော့ ငြိမ်းချမ်းရေး ရအောင်
ဘယ်လိုလုပ်နိုင်သလဲ ဆိုတာ စဉ်းစားပြီးတော့ ကိုယ့်ရဲ့ စဉ်းစား သုံးသပ်ချက်အပေါ်မှာ မှန်မှန်ကန်ကန်နဲ့ ရဲရဲဝံ့ဝံ့လုပ်ဖို့လိုပါတယ်”

ဒေါ်အောင်ဆန်းစုကြည် (မုန်းမြို့-January 20, 2013)

No comments: