အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Wednesday, October 9, 2013

လူမျိုးစု ၁၃၅-မျိုး

စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ဗိုလ်မှူးဝင်းမောင်မောင် (ဒုတိယဦးစီးမှူး) ပြုစု တင်ပြ ထားတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးစာရင်းကို လေ့လာကြည့်ကြလျင် အောက်ပါအတိုင်း
တွေ့ကြ ရမှာပါ။ 
 

• ၁- ကချင်
• ၂- ကယား(ကရင်နီ)
• ၃- ကယမ်း(ပဒေါင်)
• ၄- ကရင်ဖြူ
• ၅- ကလင်တော(လူရှေ)
• ၆- ကော်
• ၇- ကိုးကန့်
• ၈- ကြီ
• ၉- ခမီ
• ၁၀- ခေါနိုး
• ၁၁- ခေါင်းအိုင်ချင်း
• ၁၂- ခန္တီးရှမ်း
• ၁၃- ချင်း
• ၁၄- ချောင်းသား
• ၁၅- ခွါဆင်းမဲ
• ၁၆- ခွန်လီ ခေါ်ဆင်းမ်
• ၁၇- ဂဒူး
• ၁၈- ဂဏန်း
• ၁၉- ဂေခို
• ၂၀- ဂေဘာ
• ၂၁- ဂုံ (ခွန်ရှမ်း)
• ၂၂- ဂျိန်ဖေါ့
• ၂၃- ဂွေးသဲ
• ၂၄- စကောကရင်
• ၂၅- စနော
• ၂၆- စမူ
• ၂၇- စုံ(သဲ)
• ၂၈- ဆလိုင်
• ၂၉- ဆလုံ
• ၃၀- ဆင်ထန်
• ၃၁- ဆိုင်ထန်
• ၃၂- ဇယိန်း
• ၃၃- ဇာထောင်
• ၃၄- ဇိဖေ
• ၃၅- ဇိထုံး
• ၃၆- ဇို
• ၃၇- ဇိင်ဝါး
• ၃၈- ဇိန်ညှပ်(ဇန်နီယပ်)
• ၃၉- ဇွန်း
• ၄၀- တပေါင်
• ၄၁- တလယ်ပွါ
• ၄၂- တာဒိုး
• ၄၃- တီးတိန်
• ၄၄- တေဇန်
• ၄၅- တောရ်
• ၄၆- တောင်ရိုး
• ၄၇- တိုင်ချွန်း
• ၄၈- တိုင်းခန္တီး
• ၄၉- တိုင်းဆာ (မိုင်းသာ)
• ၅၀- တိုင်းလေ
• ၅၁- တိုင်းလိုင် (တိုင်းလျန်)
• ၅၂- တိုင်းလုံ
• ၅၃- တိုင်းလွယ်
• ၅၄- တန်ဒူး
• ၅၅- ထမံ
• ၅၆- ထားဝယ်
• ၅၇- ဒင်မ်
• ၅၈- ဒိုင် (ယင်ဒူး)
• ၅၉- ဒိုင်းနက်
• ၆၀- ဓနု
• ၆၁- နာဂ
• ၆၂- ပနမ်း
• ၆၃- ပရဲ (ဘရဲ)
• ၆၄- ပလေဂီး
• ၆၅- ပလေး
• ၆၆- ပလောင်
• ၆၇- ပသျှူး
• ၆၈- ပအိုဝ့် (အီကော)
• ၆၉- ပါကင်းမ်
• ၇၀- ပိုးကရင် (အနောက်)
• ၇၁- ပိုးကရင် (အရှေ့)
• ၇၂- ဖိုပွါ
• ၇၃- ဖုန် (ဖွန်)
• ၇၄- ဖျင်
• ၇၅- ဗမာ
• ၇၆- ဘန်ဂဲ
• ၇၇- ဘွဲ့
• ၇၈- မကန်း
• ၇၉- မရူ
• ၈၀- မနူမနော
• ၈၁- မဟူ
• ၈၂- မာရင်
• ၈၃- မီရမ် (မရာ)
• ၈၄- မီအဲ
• ၈၅- မောရှမ်း
• ၈၆- မော်နေပွါ
• ၈၇- မိုယ့်ထိုင် (ကသဲ)
• ၈၈- မြို
• ၈၉- မြောင်ဇီး
• ၉၀- မြိတ်
• ၉၁- မွင်း
• ၉၂- မွန်
• ၉၃- ယော
• ၉၄- ယင်းကြား
• ၉၅- ယင်းတလဲ
• ၉၆- ယင်းနက်
• ၉၇- ယင်းဘော်
• ၉၈- ယွန် (လာအို)
• ၉၉- ရခိုင်
• ၁၀၀- ရဘိန်
• ၁၀၁- ရဝမ်
• ၁၀၂- ရီရန်
• ၁၀၃- ရောင်ထု
• ၁၀၄- ရှမ်း
• ၁၀၅- ရှမ်းကလေး
• ၁၀၆- ရှမ်းကြီး
• ၁၀၇- ရှမ်းဗမာ
• ၁၀၈- လရှီ
• ၁၀၉- လာချိတ်
• ၁၁၀- လားဟူ
• ၁၁၁- လီစူး
• ၁၁၂- လီရှော
• ၁၁၃- လု
• ၁၁၄- လူရှိုင်း (လူရှေ)
• ၁၁၅- လေးမြို့
• ၁၁၆- လော်ဝေါ်
• ၁၁၇- လောက်ထူ
• ၁၁၈- လင်လဲ
• ၁၁၉- လိုင်
• ၁၂၀- လိုင်ဇို
• ၁၂၁- လမ်း
• ၁၂၂- လျင်းထု
• ၁၂၃- လွယ်လ (ဝ)
• ၁၂၄- သက်
• ၁၂၅- ဟွားလ်ငို
• ၁၂၆- အခါ
• ၁၂၇- အဇီး
• ၁၂၈- အနူး
• ၁၂၉- အနန်း
• ၁၃၀- အရှိုချင်း (မြေပြန့်)
• ၁၃၁- အောဝခမီ
• ၁၃၂- အူပူ
• ၁၃၃- အိုက်ကွယ်
• ၁၃၄- အင်
• ၁၃၅- အင်းသား

တူနေတာတွေည်းရှိ ၊ မပါတာတွေလည်းရှိနိုင်။  အဲသည် မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရဲ့ စာရင်းကို ကျနော်တို့ သာမန်ကာလျှံကာ ကြည့်မယ် ဆိုရင် ဟုတ်သလိုလို ထင်ရပါတယ် ။ အဲသည်စာရင်းမှာ တူနေတာတွေ တော်တော်ပါနေပါတယ်။ ကျနော် သိသလောက်ပြောရရင်တော့

(၁) ကချင် နှင့် (၂၂) ဂျိန်ဖေါ့ (Jing Phaw) ဟာ အတူတူဖြစ်ပါတယ် ။ ဗမာတွေက ကချင်လို့ ခေါ်တယ် ။ ကချင်တွေက မိမိကိုယ်ကို မိမိ ဂျိန်ဖေါ့ (Jing Phaw) လို့ ခေါ်ပါတယ်။

နောက်ပြီး (၄၈) တိုင်းခန္တီးနှင့် (၁၂) ခန္တီးရှမ်း ၊ (၃၁) တိုင်းလိုင် နှင့် (၁၀၇) ရှမ်းဗမာ (၁၀၅-ရှမ်းကလေး လို့လည်းခေါ်သလို ရှမ်းနီ ဆိုပြီးတော့လည်း ခေါ်ကြပါသေးတယ်) ၊ (၅၂)တိုင်းလုံ နှင့် (၁၀၆)ရှမ်းကြီး ဆိုတာတွေက အတူတူ ဖြစ်ပါတယ်။ ရှမ်းလိုခေါ်တာ နှင့် ဗမာလိုခေါ်တာပဲ ကွာပါတယ်။

ကျန်တာတွေတော့ ကျနော် မသိပါ ။ ကျန်တဲ့ စာရင်းမှာလည်း တူတာတွေအများကြီးရှိနိုင်သေးသလို မပါတာတွေ ကျန်ခဲ့ တာတွေလည်း အများကြီး ရှိနိုင်ပါသေးတယ် ။

No comments: