အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, October 13, 2013

စာပေ ဖတ်ကြ မှတ်ကြစို့

 သုတပညာ၊ ကင်းတုံပါမူ၊
ရေရာမသိ၊ ငုံးတိတိနှင့်။
နွား၏အလား၊ ပုံမခြားဟု၊
ဘုရားဘဂ၀န်၊ ဟောမိန်ညွှန်၏။
ညိဥာဏ်ေ၀၀ါး၊ ယောင်မှားမှားမို့၊
အများတကာ၊ ဟားစရာနှင့်၊
လိမ်ညာသမျှ၊ ခံခဲ့ရ၏။
သုတပညာ၊ ပြည့်စုံပါမှ၊
ရေရာပိုင်းဖြတ်၊ တွေးခေါ်တတ်၍၊
တည့်မတ်ကျန၊ အခြေလှလျက်၊
ဘ၀တက်လမ်း၊ ဖြူးဖြောင့်တန်း၏။
ရည်မှန်းချက်များ၊ ကြီးကြီးထား၍၊
ကြိုးစားမသွေ၊ တို့တစ်တွေ၊
စာပေဖတ်ကြ၊ မှတ်ကြစို့။

(တိပိဋကဓရ အရှင်အဘိဇာတာဘိဝံသ)

No comments: