အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Wednesday, October 2, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ငွေရတုနှင့် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း

 
   “အခု ကျွန်မတို့နိုင်ငံမှာဆိုရင် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ အပြောင်းအလဲ တွေရှိကြပါတယ်။ရှိခဲ့ပါတယ်။ဒါပေမဲ့ ဒီအပြောင်းအလဲတွေဟာ ကျေနပ် စရာမဟုတ်ဘူးဆိုတာ ကျွန်မပြောခဲ့ပြီးဖြစ်ပါတယ်။ ဥပမာဆိုရင် ကျွန်မတို့ဟာ အခြေအနေတစ်ခုကို သုံးသပ်ရင် ပြည့်ပြည့်ဝဝသုံးသပ်ရပါမယ်။ တစ်ဖက်ကပဲ ကြည့်လို့မရပါဘူး။ တချို့က လည်း မြန်မာနိုင်ငံကြီးက တိုးတက်တယ်။ ဘာဖြစ် လို့လဲ ရန်ကုန်မြို့မှာ ကားတွေပိုများလာတယ်။ ကားတွေက ပိုပြီးများလာတော့ လမ်းတွေက ပိုပြီးတော့ပိတ်တယ်။ လမ်းတွေပိတ်တော့အလုပ်တွေပိုပြီး အလုပ် ပျက်တယ်။ ဒီလို လမ်းတွေပိတ်တာ ဘာဖြစ်လို့ပိတ်တာလဲဆိုတာ အမှန်ပြောရ မယ်ဆိုရင် သေသေချာချာစီမံကိန်း ချပြီးေ တာ့ရန်ကုန်မြို့ကြီးမှာရှိတဲ့လမ်းတွေနဲ့၊ ရှိတဲ့ကားတွေနဲ့ မျှတအောင် မလုပ်နိုင်လို့ပဲ။ ဒီလိုကျွန်မတို့ဟာ နိုင်ငံတော်စီမံကိန်းတွေအများကြီးလိုပါတယ်။ ရန်ကုန်မြို့ တစ်မြို့ တည်းတင်ပြောနေတာမဟုတ်ပါဘူး။တစ်နိုင်ငံ လုံး မှာ နိုင်ငံတော် စီမံကိန်းတွေလိုပါတယ်။ ဥပမာဆိုရင် ရေရ ရှိရေးစီမံကိန်း၊ လျှပ်စစ်ရရှိရေးစီမံကိန်း၊လမ်းပန်းဆက်
သွယ်ကောင်းမွန်ရေးစီမံကိန်းစသည်ဖြင့်နိုင်ငံတော် စီမံကိန်းများ အများကြီးကျွန်မတို့လိုနေတဲ့အချိန်ဖြစ်ပါတယ်။ဒီလို လိုနေတဲ့အချိန်မှာလည်း ကျွန်မတို့ပြည်သူလူထုက ဝိုင်းပြီးတော့၊ ပါဝင်ပြီးတော့ ကူညီရမှာပါ။ အခု လမ်းတွေကျပ်နေတဲ့အထဲမှာ ယာဉ်စည်းကမ်းတွေကို မလိုက်နာတဲ့အခါကျတော့ပိုပြီးတော့ ပြဿနာ တက်ပါတယ်။ အားလုံးအားလုံး ယာဉ်စည်းကမ်းတွေလိုက်နာဖို့ ကြိုးစားရမှာပါ။အမှန် ပြောရရင်ဒီမနက်ကျွန်မလာတုန်းက ကျွန်မကားအတွက်ရှင်းပေးတဲ့ အခါကျ တော့ယာဉ်စည်း ကမ်းနဲ့ကိုက်ညီရဲ့ လားလို့ ကျွန်မလည်းစဉ်းစားမိပါတယ်။ ဒီလို အခြေအနေမျိုးမှာဆိုတာလူတိုင်းလူတိုင်း ဟာ ကိုယ်လုပ်တဲ့ကိစ္စတစ်ခုဟာမှန်ရဲ့လားဆို တာစဉ်းစားရမှာပါ။ ဒီလိုစဉ်း စားပြီးဆက်သွားမှ ကျွန်မတို့နိုင်ငံဟာ တိုးတက်နိုင်မှာဖြစ်ပါတယ်။”
 
ဒေါ်အောင်ဆန်းစုကြည်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား မိန့်ခွန်းမှ ကောက်နုတ်ချက်)
popularmyanmar.com မှ

No comments: