အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, October 13, 2013

ပန်းပန်လျက်ပဲ


ညိုပြာပြာ လတာ့ပြင့်ခြေရင်း ။
လှိုင်းတက်ရဗေဒါတက် လှိုင်းသက်ရာဆင်း ။

ဆင်းရလည်း မသက်သာ
အုန်းလက်ကြွေရေပေါလော ၊ မျောစုန်လို့လာ ။
အဆင်းနှင့်အလာ ၊ ဗေဒါမအထွေး
အုန်းလက်ကြွေ သူ့နံဘေး ဆောင့်ခဲ့ရသေး ။

ဆောင့်ခဲ့လည်း မသက်သာ ။
နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ ။
မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။
တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ ။

ပေါ်ပြန်လည်း မသက်သာ ။
ချောင်းအစွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ ။
ဘဲအုပ်က တစ်ရာ နှစ်ရာ
မဗေဒါ တစ်ကောင်ထဲ(တည်း) ။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျက်ပဲ ။ 
ဆရာဇော်ဂျီ
တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀

No comments: