အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Monday, October 14, 2013

မတိုင်ပင်အပ်သူ (၈) ဦး

၁။ ရာဂလွန်သူ = ပျော်ပါးမှု၌သာ စိတ်ထက်သန်သူဖြစ်၍ အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၂။ စိတ်ခက်ထန်သူ = ယဉ်ကျေးချေငံမှု မရှိသဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၃။ တွေဝေထိုင်းမှိုင်းသူ = ကောင်းဆိုးမှား/မှန်ကို မသိတတ်၍ အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၎။ ထောင်လွှားတက်ကြွသူ = အညီအညွတ် အပြေအပြစ် မရှိသဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။
...
၅။ လိုချင်တပ်မက်ရှိသူ = မိမိအခွင့်အရေးကိုသာ ရှေးရှုလွန်းသဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၆။ ပျင်းရိသူ = နိုးကြားထက်သန်မှု မရှိသဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၇။ မိမိတစ်ဦးတည်းသာ ကြံစည်တတ်သောသူ = အသိအမြင် မကျယ်ပြန့်သဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

၈။ မိုက်မဲသောသူ = ထောက်ထား ဆင်ခြင်တတ်သူ မဟုတ်သဖြင့် အကျိုးစီးပွား ပျက်စီးစေတတ်ခြင်း။

No comments: