အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, October 13, 2013

သူ့လမ်းစဉ်

ကမ်းစပ်ကိုမင်
လမုပင် အခြေကြီးနဲ့ အသီးတွေဖြိုး ။
ကမ်းစပ်ကို ဒီရေတိုး ၊ ပြိုလဲမှာစိုး ။
 
ကမ်းစပ်ကိုမင်
ဓနိပင် ယိုင်ငိုက်လို့ ၊ ခိုင်လိုက်ကယ်ဖြိုး ။
ဓနိခိုင် အလက်ထဲကခွဲရမှာစိုး ။
 
ကမ်းစပ်ကိုမင်
လတာပြင် ငါးပျံလူးလို့ ၊ ပျော်မြူးကြရိုး ။
ဒီတတ်လျှင် လတာနုန်း ၊ ဒီဖုံးမှာစိုး ။
 
စိုးပါဘု သူ့မူရာ
ချောင်းတစ်ခွင် ပင်လယ်ဝက ၊ ပန်းလှဗေဒါ ။
ဆန်တတ်ချိန်မှာ ဆန်လာနိုင်ပါဘိ ။
စုန်ဆင်းချိန်မှာ စုန်လာနိုင်ပါဘိ ။
သူ့လမ်းစဉ် သူမြင်ရဲ ၊ သူစွဲတတ်ဘိ ။
ဇော်ဂျီ
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဖင်း(၁၉၅၉ - ၁၉၆၀)

No comments: