အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, October 13, 2013

ဘယ်မောင်း ကားများ ကိုသာ ခွင့်ပြုမည်

  


၂၀၁၄ ခုနှစ်မှ စတင်၍ Free Permit ဖြင့် ကားသစ်များ တင်သွင်းရာတွင် ဘယ်မောင်း ကားများကိုသာ တင်သွင်းခွင့် ပြုမည်ဟု ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ရရှိသည်။


လက်ရှိတွင် Free Permit ဖြင့် ကားသစ်များ တင်သွင်းရာတွင် ဘယ်မောင်း၊ ညာမောင်း နှစ်မျိုးစလုံးကို ခွင့်ပြုပေး ထားသော်လည်း ရှေ့နှစ်မှစ၍ ဘယ်မောင်းကိုသာ တင်သွင်းခွင့် ပေးတော့ မည် ဖြစ်သည်။ ထိုသို့ ဘယ်မောင်းကိုသာ တင်သွင်းခွင့် ပေးရခြင်းမှာ ညာမောင်း ကားများသည် လမ်းအသုံးပြုမှုနှင့် ဆန့်ကျင်နေ သဖြင့် ယာဉ်အန္တရာယ် ဖြစ်နိုင်မှု များသည့် အတွက် ပြောင်း လဲခြင်း ဖြစ် သည်ဟု သိရသည်။

ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ လာမည့်နှစ် အတွက် CIF တန်ဖိုးများ၊ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများနှင့် ကားအမျိုးအစား မော်ဒယ်လ် သတ်မှတ် ချက်များကို ယခုနှစ်မကုန်ခင် ရေးဆွဲ သွားရန်ရှိသည်ဟု သိရသည်။



ကိုဟိန်း

အင်တာနက်ဂျာနယ်

No comments: