အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Wednesday, October 16, 2013

ခင်ပွန်းကြီး (၁၀)ပါး

{ ခင်ပွန်းကြီး (၁၀)ပါး ကန်တော့နည်း }
======================

ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင်-

၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးအပေါ်၌

၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ် ကြီးတို့အပေါ်၌

၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌

၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌

၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့်အပေါ်၌

၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတက်သော ဆရာသမားတို့်၏အပေါ်၌

၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့ အပေါ်၌

၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မ တို့ကို ဟောပြောပြသဆုံးမ တက်သော ဆရာသမားတို့ အပေါ်၌

၁၀။ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏ အပေါ်၌ ကာယကံ၊ ၀စိကံ၊ မနောကံ သုံး ပါးသောကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါ စေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား….။
 
{ ခင်ပွန်းကြီး (၁၀)ပါးအား ပြစ်မှားသူတို့ကြုံတွေ့ရမည့် ဒဏ် (၁၀)ပါး }
=======================================

၁။ ပြင်းထန်သော ဦးခေါင်းနာစသည် ဝေဒနာများဖြစ်ခြင်း

၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း

၃။ လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း

၎။ ကုသ၍မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း

၅။ ရူးသွပ်ခြင်း၊ စိတ်မတည် မငြိမ်ဖြစ်ခြင်း

၆။ မင်းပြစ်မင်းဒဏ်ခံရခြင်း

၇။ မတရားသဖြင့်စွပ်စွဲခံရခြင်း

၈။ ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းမရရှိခြင်း

၉။ စည်းစိမ်ဥစ္စာ အခြွေအရံများပျက်စီးခြင်း

၁၀။ နေရာတိုက်အိမ် မီးလောင်ပျက်စီးခြင်း

ပစ္စုပ္ပန်ဘ၀၌ ထိုဒဏ် ၁၀ ပါး သင့်မည့်အပြင် သေလွန်သော အခါ၌လည်း အပါယ်ငရဲသို့ ကျရောက်နိုင်ပါသည်။
 
{ ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ခြင်းအကျိုး }
=======================

၁။ အစားအစာမရှားပါးခြင်း

၂။ ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း

၃။ ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း

၎။ လူချစ်လူခင်ပေါများခြင်း

၅။ ပရိသတ်အလယ်၌ တင့်တယ်စွာနေနိုင်ခြင်း

၆။ ကောင်းသတင်းဂုဏ် ကျော်စောခြင်း

၇။ အခြွေအရံများခြင်း

၈။ စီးပွားဥစ္စာ ဖွံဖြိုးတိုးတက်ခြင်း

၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း

၁၀။ သားကောင်း သမီးကောင်းရရှိနိုင်ခြင်း

ဤသို့ရိုခိုးပူဇော်ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီး လျှင်မြန်စွာဖြင့် ဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ၀င်နိုင်သောကိုယ် ဖြစ်ရ ပါစေသား အရှင်ဘုရား။ လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျှင်မြန်စွာ ပြည့်စုံ၍၊ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား……

No comments: