အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Sunday, September 29, 2013

သည်းခံတယ်ဆိုတာ

 
သည်းခံတယ်ဆိုတာ မနိုင်လို့ လက်လျှော့ကြိတ်မှိတ် သည်းခံတာလည်းရှိတယ်။
အကျိုးအမြတ် တစ်စုံတစ်ရာမျှော်လင့်လို့ သည်းခံတာလည်းရှိတယ်။
ကိုယ်ကမှန်နေပါလျက် ကိုယ်ဘက်က နိုင်နေပါလျက်
ငြိမ်းချမ်းမှုကို မြတ်နိုးလို့ လိုက်လျောပြီး သည်းခံတာလည်းရှိတယ်။
မယှဉ်ချင်လို့ သည်းခံတာလည်းရှိတယ်။

မနိုင်လို့ လက်လျှော့ကြိတ်မှိတ်သည်းခံတာ၊ အကျိုးအမြတ် တစ်စုံတစ်ရာမျှော်လင့်လို့
သည်းခံတာတွေဟာ တကယ်တော့စစ်မှန်တဲ့ သည်းခံတာမျိုး မဟုတ်ဘူး။

ကိုယ်ကမှန်နေပါလျက် ကိုယ်ဘက်ကနိုင်နေပါလျက် ငြိမ်းချမ်းမှုကိုမြတ်နိုးလို့
လိုက်လျောပြီး သည်းခံတာ မယှဉ်ချင်လို့ သည်းခံတာမျိုးသာလျှင်
တကယ်တော့ စစ်မှန်တဲ့၊ အဖိုးတန်တဲ့ သည်းခံတာမျိုးဖြစ်တယ်။
သူတစ်ပါးကို စာနာညှာတာတဲ့စိတ်နှင့် အပြစ်မတင်၊ အနိုင်မကျင့်ဘဲ သည်းခံခွင့်လွှတ်ခြင်းသည်သာလျှင်
စစ်မှန်တဲ့၊ အဖိုးတန်တဲ့ သည်းခံတာမျိုးဖြစ်တယ်။ သည်းခံခြင်းတရားအစစ် ဖြစ်တယ်။

တကယ်တော့ သည်းခံတယ်ဆိုတာ အကြောက်တရား မဟုတ်ဘူး၊ အရှုံးတရားလည်း မဟုတ်ဘူး ။
ပညာရှိသူတွေ၊ သူတော်စဉ် သူတော်ကောင်းတွေဟာ သည်းခံခြင်းနှင့်ပဲ အနိုင်ယူကြတယ်။

ဘ၀မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ရှည်ဖို့၊ သည်းခံဖို့ လိုပါတယ်။
စိတ်ရှည်နိုင်ဖို့၊ သည်းခံနိုင်ဖို့ အရည်အချင်းမွေးမြူထားဖို့လိုပါတယ်။
စိတ်ရှည်ရှည်ထားနိုင်လေလေ၊ သည်းခံနိုင်လေလေ ဘ၀မှာအောင်မြင်လေဖြစ်ပါတယ်။
စိတ်ရှည်သည်းခံခြင်းဖြင့်သာ ဘ၀မှာအောင်မြင်ရမှာဖြစ်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်

အနာဂါတ်ကို တူတူလက်တွဲပြီးတော့




“နိုင်ငံရဲ့ အနာဂတ်အတွက် အတိတ်ကို သင်ခန်းစာယူရမယ့် အရာတခုအဖြစ် မြင်ပြီးတော့ အနာဂါတ်ကို တူတူလက်တွဲပြီးတော့ ချီတက်နိုင်မယ် ဆိုလို့ရှိရင် ကျမတို့ ပြည်သူပြည်သားများအတွက် အင်မတန်မှ အဆင်ပြေပါလိမ့်မယ်။ ကျမတို့ နိုင်ငံ ကျမတို့ မျှော်မှန်းတဲ့ ခိုင်မာညီညွတ် သာယာဝပြောတဲ့နိုင်ငံကြီးတခု ဖြစ်လာပါလိမ့်မယ်။
နိုင်ငံ တနိုင်ငံက တကယ်တော့ ပြည်သူများနဲ့ ပေါင်းစည်းပြီးတော့ ဖွဲ့ထားတာပါ။ အဲဒီတော့ နိုင်ငံတနိုင်ငံရဲ့ အရည်အချင်း၊ နိုင်ငံ တနိုင်ငံရဲ့တန်ဖိုးက နောက်ဆုံးကျတော့ ပြည်သူတွေ တဦးချင်းစီ တဦးချင်းစီိရဲ့ တန်ဖိုးတွေ ပေါင်းစည်းခြင်းအားဖြင့် တဦးချင်းက နိုင်ငံပေါ် ထားတဲ့ မေတ္တာတရားနဲ့ တဦးပေါ် တဦး ဆက်ဆံမယ်ဆိုရင် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်သာ မဟုတ်ဘဲနဲ့ ကျမတို့ တနိုင်ငံလုံး အတွက် မျှော်လင့်စရာတွေ အများကြီးရှိတယ်လို့ ကျမယုံကြည်ပါတယ်။ တူညီတဲ့ ဒီမိုကရေစီ လိုလားတဲ့ စိတ်ဓာတ်အပေါ်မှာ အခြေခံပြီးတော့ လက်တွဲပြီးတော့ ဆောင်ရွက်သွားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်”
ၹၹ
“တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများကို လေးလေးနက်နက်ကို ကျေးဇူးတင်ပါတယ်။ အခိုင်မာဆုံး မဟာမိတ်တွေက တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ၂၅ နှစ်အတွင်းမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေက ကျမတို့ရဲ့ မဟာမိတ်တွေအဖြစ် ရပ်တည်ခဲ့ကြပါတယ်။ အဲဒီလို ရပ်တည်ခဲ့တဲ့အခါမှာ ကျမတို့အတွက် အင်မတန်မှ အင်အားဖြစ်စေပါတယ်။ ကျမတို့နိုင်ငံက တကယ့်ကို ခိုင်မာတဲ့ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်တဲ့ ပြည်ထောင်စုဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ကျမတို့ကို ပေးခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြားထဲက ကျမတို့ကို လက်မလွှတ် လက်တွဲခဲ့တဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့များကြောင့် ဒီယုံကြည်ချက်က ခိုင်မာခဲ့ရပါတယ်”


ဒေါ်အောင်ဆန်းစုကြည်
(ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ အဆောက်အအုံတွင် ကျင်းပသော နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့)
http://www.newmoekaungkin.blogspot.com

ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်း

 
“ကြောက်ရွံ့ခြင်းဟာ ဆွံ့အခြင်း၊ လုပ်သမျှခံတဲ့အဖြစ်ကို ရောက်စေပါတယ်။ ကြောက်ရွံ့ခြင်းဟာ အရာရာကို မစွမ်းဆောင်နိုင်တဲ့အဖြစ်ကို ဖြစ်စေ ပါတယ်” “ပြောဖို့ ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ပြောဆိုခွင့်ရအောင် ဘာမှ လုပ်နိုင်မှာမဟုတ်ပါဘူး
“မတရားမှုကို စိန်ခေါ်ဖို့ သိပ်ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ရပိုင်ခွင့်ကို ကာကွယ်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်မတို့ရဲ့ ဘဝတွေ ဆိုးဝါးစေတဲ့ လူမှုရေးနဲ့ စီးပွားရေးမှားယွင်းမှုတွေကို ပြင်ဆင်ပေးဖို့ ပြောရဲလိမ့်မယ် မထင်ပါဘူး”
“ကျွန်မတို့ရဲ့ ကြိုးပမ်းရုန်းကန်မှုတွေမှာ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးကို အလေးအနက်ထား ပြောရတာကတော့ တခြားလွတ်မြောက်ခြင်း တွေ အတွက် တံခါးဖွင့်နိုင်မယ်၊ ဒါကို အဓိကသော့ချက်(master key) အဖြစ် မြင်လို့ပါပဲ”

ဒေါ်အောင်ဆန်းစုကြည်

ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင်



“ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာအဓိက စဉ်းစားရမှာပါ။ ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရမှသာလျှင်ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ သက်သာ မှာ ဖြစ်ပါတယ်။ငြိမ်းချမ်းတယ်ဆိုတာ ခပ်တိုတို ပြောရရင်အသက်အန္တရယ် ကြောင့်ကြခြင်းမှ ကင်းဝေးတာစိုးရိမ်ကြောင့်ကြရမယ့်ကိစ္စတွေက ကင်းဝေးတာ။ တစ်ကယ် ငြိမ်းချမ်းတယ်ဆိုတာစိတ်ထဲကနေလာတာ။ စိတ်ထဲမှာ ငြိမ်းချမ်းရေးရှိမှ တစ်ကယ် ငြိမ်းချမ်းတယ်လို့ ပြောရမှာ။

ကိုယ့်ရဲ့ ပတ်ဝန်းကျင်ဟာမငြိမ်းချမ်းရင်၊ မလုံခြုံရင် ဘယ်လိုမှ စိတ်ထဲမှာ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ ပြည်သူပြည်သားတွေ စိတ်အတွင်း အေးချမ်းရေးရဖို့ ဆိုလို့ရှိရင် တစ်ယောက်ခြင်းတစ်ယောက်ခြင်းစီမှာ ကြိုးစားဖို့ တာဝန်ရှိပါတယ်။ ငြိမ်းချမ်းရေး မရတဲ့
အကြောင်းကလည်း အများစုက ငြိမ်းချမ်းရေး မရတာ ဘာကြောင့်လဲဆိုတာ ကိုယ့်ကိုယ်ကို လက်ညှိုးမထိုးဘူး။ ကိုယ့်ဘက်ကနေ သူများကိုပဲ လက်ညှိုးထိုးနေတော့ ငြိမ်းချမ်းရေး မရဘူး။ ဒါကို ကျွန်မတို့ ပြောင်းလဲနိုင်မှ လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရမှာပါ။ တစ်ယောက်ချင်း တစ်ယောက် ချင်း တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း ကနေပြီးတော့ ငြိမ်းချမ်းရေး ရအောင်
ဘယ်လိုလုပ်နိုင်သလဲ ဆိုတာ စဉ်းစားပြီးတော့ ကိုယ့်ရဲ့ စဉ်းစားသုံးသပ်ချက် အပေါ်မှာ မှန်မှန်ကန်ကန်နဲ့ ရဲရဲဝံ့ဝံ့ နဲ့ လုပ်ဖို့လို ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအချို့

 
"ငြိမ်းချမ်းရေးဆိုတာ အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး။ ကြိုးစားပြီးလုပ်ယူရမယ့် ကိစ္စပါ။ ဒီလိုမကြိုးစားနိုင်လို့ ရှိရင် ငြိမ်းချမ်းရေးမရှိခြင်းရဲ့ အနိဌာရုံတွေကိုကျွန်မတို့ ခံစားရမှာ ဖြစ်ပါတယ်, ကိုယ့်ရဲ့ ပက်ဝန်းကျင်က မငြိမ်းချမ်းရင် ကိုယ့်ရဲ့ ပက်ဝန်းကျင်က မလုံခြုံရင် ဘယ်သူကငြိမ်းချမ်းမှာလဲ၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ဆိုရင် တစ်ယောက်ခြင်း တစ်ယောက်ခြင်းမှာ ကြိုးစားဖို့လိုတယ်, အများစုက ကိုယ့်ကိုကိုယ် ဘယ်တော့မှ လက်ညိုးမထိုးဘူး၊ ဟိုဘက်က လူတွေကိုဘဲ လက်ညိုးထိုးတာ။ ဒါက ဖြစ်လေ့ဖြစ်ထရှိတာပါ။ ဒါပေမယ့် ကျွန်မတို့က ဒီဟာတွေကိုပြောင်းလဲနိုင်မှ လိုချင်တဲ့ငြိမ်းချမ်းရေးကို ရမှာပါ"
ဒေါ်အောင်ဆန်းစုကြည်- (20-1-2013)

ကျမကိုယ်ကျမ စစ်တပ်အပေါ် ဆန့်ကျင်ဘက်ပြုနေသူတစ်ယောက်အဖြစ် ဘယ်တုန်းကမှ မတွေးပါဘူး ။
ဂုဏ်သိက္ခာရှိတဲ့ ၊ ပြည်သူလေးစားလောက်အောင် တာဝန်ကျေပြွန်တဲ့ တပ်မတော်တစ်ခုသာ ဖြစ်စေချင်ခဲ့တာပါ ။ ဒီမိုကရက်တစ် ဖြစ်စဉ်အပေါ် အန္တရာယ်ပြုလာနိုင်တဲ့ အရာတွေကိုတော့ ကျမဆန့်ကျင်တယ် ။ မရှိသင့်တဲ့ အာဏာအမျိုးစားတွေ စစ်တပ်လက်ထဲမှာ ရှိနေတာဟာ ဒီမိုကရက်တစ်ဖြစ်စဉ်အပေါ် တစ်နေ့ ကောင်းကောင်းကြီး အန္တရာယ်ပြုလာနိုင်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်
(Switzerland နိုင်ငံတွင် ၂၀၁၂ခုနှစ် ဇွန် ၁၅ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ)

"နှစ်ဘက်ကြားဆွေးနွေးတယ်ပြောဆိုတယ်ဆိုတာ
ကိုယ်လိုချင်တာချည်းပဲရဖို.မဟုတ်ဘူး။အပေးအယူဆိုတာရှိတယ်။
သူလည်းယူ-ကိုယ်လည်းယူ၊ကိုယ်လည်းပေး-သူလည်းပေး ဆိုတာမျိုးဖြစ်ရမယ်။
ဒါမှ ညှိနှိုင်းဆွေးနွေးတဲ့အပေးအယူဆိုတာဖြစ်လီမ့်မယ်။
ဒါပေမဲ့ စစ်တပ်ကလူတွေနားးလည်တဲ့ အပေးအယူဆိုတာ ငါကအကုန်ယူမယ်
မင်းကအကုန်ပေးဆိုတာမျိုးဖြစ်နေတယ်။
ဒီနည်းနဲ.တော့ဘယ်လိုမှငြီမ်းချမ်းရေးရမှာမဟုတ်ဘူး၊
တိုက်ပွဲမှာသေရဲ တိုက်ရဲမှ သတ္တိရှိတာမဟုတ်ဘူး
စစ်ပွဲတွေရပ်သင့်ဖို.ပြောတာလည်းသတ္တိလိုတာပဲ။စစ်ပွဲတွေရပ်သင့်ပြီလို.
အပြောသင့်ဆုံးလူတွေကတော့ ဒီတိုက်ပွဲတွေ၊ဒီပဋိပက္ခတွေကို
ဖန်တီးခဲ့တဲ့သူတွေ၊အဓွန်.ရှည်အောင်လုပ်ခဲ့တဲ့သူတွေကိုယ်တိုင်ပဲဖြစ်တယ်။
သူတို.တတွေအနေနဲ. စစ်ပွဲတွေကိုရပ်ဖို.သတ္တိရှိရှိမဆုံးဖြတ်နိုင်သ၍တော့
ငြီမ်းချမ်းရေးဆိုတာမရနိုင်ဘူး၊စစ်တပ်စိတ်၊စစ်တပ်နောက်ခံစိတ်ရှိနေတဲ့သူတွေဟာ
ညှိနှီုင်းဆွေးနွေးဖို.အားမသန်သူတွေဖြစ်ပါတယ်"။

လူငယ်တွေကိုလည်း ကျမတစ်ခုတော့ သတိပေးချင်ပါတယ်။
မေတ္တာလည်း ရပ်ခံချင် ပါတယ်။ နောက်ဆုံးတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရတာပါပဲ..။ ဘယ်သူ့ကိုမှ လက်ညိုးထိုးပြီးတော့.. ပုံပြီးတော့ အပြစ်ဖို့လို့ မရဘူး..။ ဘယ်သူကြောင့်..၊ ဟိုလူ.ကြောင့်..၊ ဒီလူ့ကြောင့်..၊ အဖေ့ကြောင့်.. အမေ့ကြောင့်.. မိသားစုကြောင့်..၊ ဆရာ.. ဆရာမကြောင့်.. ပတ်ဝန်းကျင်ကြောင့်.. အဲ့ဒီလို လက်ညိုးထိုးပြီးတော့.. အပြစ်ဖို့လို့မရပါဘူး။

ကိုယ့်ဘ၀ကို ကိုယ်ပဲဖန်တီးသွားရမှာပဲ..။
အဲ့တော့ ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓါတ်ကိုတော့မွေးကြပါလို့ ကျမ လူငယ်တွေကို မေတ္တာရပ်ခံချင်ပါတယ်။
မွေးလို့ရပါတယ်။ စိတ်ဓါတ်မကျပါနဲ့..၊ ငါတို့ ဘာလုပ်နိုင်မှာလဲ ဆိုတဲ့စိတ်တွေမထားပါနဲ့..။
ငါတို့ ဘာမှမျော်လင့်စရာ မရှိပါဘူးဆိုတဲ့ စိတ်ဓါတ်တွေလဲမထားပါနဲ့..။

လူငယ်တွေရဲ့ အရှေ့မှာ အချိန်တွေအများကြီးရှိ ပါတယ်။ အချိန်တွေကို အလဟသဖြစ်အောင် မလုပ်ပါနဲ့..။ ကျမတို့ဖက်ကလည်း လူငယ်တွေ မိမိတို့အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချနိုင်အောင်လို့ ကြိုးစားပြီးတော့ အခွင့်အရေးတွေ ဖန်တီးပေးပါ့မယ်။ ဒါဟာကျမ တို့ဖက်ကကြိုးစားရမှာပါ။

လူငယ်တွေကလည်း ငါတို့ဘ၀အတွက် ငါတို့တာဝန်ယူမယ် ဆိုတဲ့ အင်မတန်မှ မွန်မြတ်တဲ့ စိတ်ကိုမွေးမြူကြပါလို့ ကျမတိုက်တွန်း ချင်ပါတယ်...။

ဒေါ်အောင်ဆန်းစုကြည်