အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Saturday, June 28, 2014

သာသနာကွယ်ကြောင်း(၁၅)ပါး




တရားမနာ

စာပေမသင်...

နုတ်တွင်မဆောင်

သိအောင်မပြု

ဓမ္မာနုဓမ္မပဋိပတ်ခွာ

ဤငါးဖြာသည်ဘုရားသာသနာကွယ်ကြောင်းတည်း။

စာသင်ပယ်လျော

ကျယ်မဟောကြား

ကျယ်မချနှင့်

ကျယ်စွာ့မအံ

မကြံမစည်

ဤငါးမည်သည်ဘုရားသာသနာကွယ်ကြောင်းတည်း။

အက္ခရာပုဒ်ပျက်လေ့ကျက်သင်ချ

ဒုဗ္ဗစမူ

စာချသူရှား

လာဘ်များအောင်ဖန်

ခိုက်ရန်ကွဲပြား

ဤငါးပါးသည်ဘုရားသာသနာကွယ်ကြောင်းတည်း။
======================================

ကွယ်ကြောင်းသဘာဝ ရင်းဓမ္မတို့ကိုပယ်လိုဆန္ဒ စိတ်တွင်ချ ၍
ထိုမှပြန်လောင်း တည်းကြောင်းသာသနာ၁၅ဖြာကိုပွားလိုပါကြောင်း
ဆုပန်တောင်း ကောင်းကောင်းကြီးအားထုတ်နိုင်ကြပါစေကုန်သတည်း
သာဓု သာဓု သာဓု

 

No comments: