အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Friday, November 1, 2013

ဒါနရှစ်မျိုး


အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ပထမသုတ်၌ဖေါ်ပြသော ဒါနရှစ်မျိုး

၁။ အလှူခံရောက်လာလျှင် ကြန့်ကြာမနေဘဲ အရေးတယူ လှူဒါန်းခြင်း။
၂။ အကဲ့ရဲ့ခံရမည်ကိုလည်းကောင်း၊ အပါယ်ကျမည်ကိုလည်းကောင်း ကြောက်၍ လှူဒါန်းခြင်း။
၃။ မိမိအား ရှေးက ပေးကမ်းခဲ့ဖူးသူဟူ၍ မိမိက လှူဒါန်းခြင်း။...
၎။ ဤပုဂ္ဂိုလ်သည် ယခု ငါက ပေးလှူလိုက်လျှင် နောင်အခါ ငါ့အား ပြန်၍ ပေးလှူလိမ့်မည်ဟု ရည်ရွယ်၍ ပေးလှူခြင်း။
 
၅။ လှူဒါန်းခြင်းသည် ကောင်းသောအလုပ်ဖြစ်သည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၆။ ငါသည် ချက်ပြုတ်၍ စားနေသူဖြစ်ပါလျက် မချက်မပြုတ်ရသော (ချက်စရာမရှိသော) ပုဂ္ဂိုလ်အား မလှူဘဲ စားခြင်းငှာ မသင့်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၇။ ဤအလှူကို ငါလှူလိုက်လျှင် ငါ၏ ကောင်းသောဂုဏ်သတင်း ကျော်စောသံများ လွှမ်းမိုးပြန့်နှံ့သွားပေလိမ့်မည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၈။ သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်ဘဲရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်ဆာဖြစ်စေဖို့ ရည်ရွယ်၍ လှူဒါန်းခြင်း။
ဤရှစ်ပါးတို့ ဖြစ်၏။

(ရောက်လာ၍လှူ ကြောက်၍လှူသည်။ ပေးဖူး၍လှူ ပေးလိမ့်လှူသည်။ ရှေးသူတို့ငြား ချက်စားလှူသည်။ ချီးမွမ်း၍လှူ မဂ်ဖိုလ်လိုသည်။ )

No comments: