အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Tuesday, November 19, 2013

သီရိဇော် မွေးနေ့မင်္ဂလာ

၁၇/၁၁/၂၀၁၂ (တနင်္ဂနွေ) တန်ဆောင်မုန်းလပြည့်နေ့မှာ သမီးရဲ့ ကထိန်သင်္ဃန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရက်(၁၀၀) ပြည့်မွေးနေ့ပွဲကို ကြွရောက်လာကြသော ဦးဦး ဒေါ်ဒေါ် ကိုကို မမ များအားလုံးကို ကျေးဇူး အထူးပင်တင်ရှိပါကြောင်း သမီးအနေနဲ့ ဦးစွာပထမ ပြောကြားပါရစေရှင်။
သမီးရဲ့ ဧည့်ခံပွဲလေးမှာ လိုအပ်တာများ အမှားအယွင်းများရှိခဲ့ရင်လဲ ခွင့်လွှတ်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ မအားလပ်တဲ့ကြားက လာရောက်ဂုဏ်ပြုကြလို့ ၀မ်းသာမဆုံး ပီတိဖြစ်ရပါတယ်ရှင်။ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုအစုစုကို သမီးနဲ့တကွ ဖေဖေမေမေ ဦးဦး ဒေါ်ဒေါ် ကိုကို မမ များအားလုံး ထပ်တူထပ်မျှ ရကြပါစေရန် အမျှပေးဝေပါတယ် .. အားလုံး အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေသော်... (သမီး.... သီရိဇော်)။
 















 
 
 
 
 
 
 

No comments: