အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Thursday, March 19, 2015

၂၅ ပါးသောဘေးအပေါင်းမှကင်းဝေးကြပါစေ

၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။...
၎။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏ ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာတို့၏ ဘေးမှလည်းကောင်း။
၁၂။ ဟတ္ထိ - ဆင်ဘေးမှလည်းကောင်း။
၁၃။ အဿ - မြင်းဘေးမှလည်းကောင်း။
၁၄။ ဂေါဏ - နွားရိုင်းဘေးမှ လည်းကောင်း။
၁၅။ ကုက္ကုရ - ခွေးဘေးမှ လည်းကောင်း။
၁၆။ အဟိ - မြွေဘေးမှလည်းကောင်း။
၁၇။ ဝိစ္ဆိကာ - ကင်းမြီးကောက်ဘေးမှ လည်းကောင်း။
၁၈။ ဒီပိ - သစ်ဘေးမှ လည်းကောင်း။
၁၉။ အစ္ဆ - ဝံဘေးမှလည်းကောင်း။
၂၀။ သူကရ - ဝက်ဘေးမှလည်းကောင်း။
၂၁။ မဟိံသ - ကျွဲရိုင်းဘေးမှ လည်းကောင်း။
၂၂။ သီဟ - ခြင်္သေ့ဘေးမှ လည်းကောင်း။
၂၃။ ဗျဂ္ဃ - ကျားဘေးမှလည်းကောင်း။
၂၄။ ယက္ခ - ဘီလူးဘေးမှ လည်းကောင်း။
၂၅။ ရက္ခသာဒီဟိ - ရေစောင့် ဘီလူးဘေးမှ လည်းကောင်း။

Saturday, March 14, 2015

မေတ္တာသုတ် မြန်မာပြန်

၁။ ယဿာနုဘာဝတော ယက္ခာ ၊ နေ၀ ဒဿန္တိဘီသနံ။ ယဥှိစေ၀ါနုယုဉ္စန္တော ၊ ရတ္တိန္ဒိဝ မတန္ဒိတော
( မေတ္တာသုတ်အစွမ်းတန်ခိုးကြောင့် နတ်တွေ ဘီလူးတွေ ဘယ်ပုဂ္ဂိုလ်တွေမဆို ကြောက်စရာ လန့်စရာ တွေကိုမပြ၀ံ့ကြဘူး မခြောက်လှန့်ကြဘူး။ အဲဒီမေတ္တာဘာဝနာလုပ်ငန်းမှာ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်မယ်ဆိုရင်. . )
၂။ သုခံ သုပတိ သုတ္တောစ ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧ၀မာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ
( ချမ်းသာစွာအိပ်စက်နိုင်ခြင်း ချမ်းသာလျက်နိုး အိပ်မက်ဆိုးမမက်ခြင်း နတ်များစောင့်ရှောက် လူသားလည်းချစ် နတ်လည်းချစ် လက်နက် အဆိပ် မီးဘေးမှကင်းဝေး၏ မျက်နှာကြည်လင်၍ နှလုံးရည်တည်ကြည်၏ သေလျှင်လည်းဗြပ္မာပြည်ရောက်နိုင်၏။ )
၃။ ကရဏီယာမတ္ထကုသလေန၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူစ သုဟုဇူ စ၊ သုဝစော စဿ မုဒု အန တိမာနီ။
( လိမ္မာရေးခြားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်အောင်လုပ်ပါ။ ဘ၀မှာငြိမ်းငြိမ်းချမ်းချမ်းနေချင်ပြီဆိုရင် စွမ်းနိုင်သူ၊ အထူး ဖြောင့်မတ်သူ နူးညံ့သူ၊ မမောက်မာသူ နိဗ္ဗာန်ကိုရည်ညွှန်း တဲ့သီလ သမာဓိ ပညာနဲ့ ပြည့်စုံအောင် လုပ်ပါ။ )
၎။ သန္တုဿကောစ သုဘရောစ၊ အပ္ပကိစ္စောစ သလ္လဟုက၀ုတ္တိ။ သန္တိန္ဒြိယောစ နိပကောစ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
( ရောင့်ရဲသူ၊ ဆုံးမမှုလွယ်ကူသူ၊ သူ့အတွက်ဆောင်ရွက်မှုလျော့ပါးသူ၊ ကိုယ်ရောစိတ်ပါ ပေါ့ပါးသူ၊ က္ကုနြေ္ဒငါးပါးငြိမ်းသူ၊ ရင့်ကျက်သူ၊ ကိုယ် စိတ်ယဉ်ကျေးသူ၊ ချစ်ခြင်း မုန်းခြင်းကိုတွယ်တာကင်းသူ။ )
၅။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ၀ိညူပရေ ဥပ ၀ဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘ၀န္တု သုခိတတ္တာ။
( သူတစ်ပါးမေးငေါ့စရာ အသေးအဖွဲလေးမှအစ မလုပ်ပါစေနဲ့။ ၃၁ဘုံသားတို့ ကိုယ်ချမ်းသာ စိတ်ချမ်းသာ စွာဖြင့် ဘေးရန်ကင်းကြပါစေ။ )
၆။ ယေကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ န၀သေသာ။ ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
( လောကကြီးမှာ သတ္တ၀ါတွေကို နှစ်ပိုင်း သုံးပိုင်းခွဲလိုက်တယ်။ ကြောက်လန့်တတ်သူ (ပုထုဇဉ်) ၊ ဘ၀မှာ ခိုင်မြဲသွားတဲ့ ရဟန္တာရော အားလုံးချမ်းသာကြပါစေ )
၇။ ဒိဌာ ၀ါ ယေ၀ အဒိဌ၊ ယေ၀ ဒုရေ ၀သန္တိ အ၀ိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
( မြင်အပ် မမြင်အပ်၊ ဝေးနေ နီးနေသတ္တ၀ါတွေ ချမ်းသာကြပါစေ၊ ခန္ဓာကိုယ် မပီပြင်သေးသောအရွယ်၊ ပီပြင်ပြီးအရွယ် အစားအားလုံးချမ်းသာကြပါစေ )
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ နကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။
( တစ်ယောက်နှင့်တစ်ယောက် မလိမ်ကြပါစေနဲ့ မလှည့်စားကြပါစေနဲ့ ဆက်ဆံတဲ့အခါ ရိုးသားကြပေါစေ၊ အထင်မြင်မသေးကြပါစေနဲ့၊ စော်ကာခြင်း မုန်းတီးခြင်း မရှိကြပါစေနဲ့ ၊ တစ်ဦးနှင့်တစ်ဦး ဒုက္ခဖြစ်မှုကို မလိုလားကြပါစေနဲ့ )
၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
( သားသမီးတစ်ယောက်ထဲထွန်းကားတဲ့မိခင်သည် ထိုသားသမီးကို အသက်ပေးပြီးစောင့်ရှောက်သလို သတ္တ၀ါတွေအပေါ်မှာ မေတ္တာထားနိုင်အောင်ကြိုးစားပါ၊ အတိုင်းအတာ အကန့်အသတ်မရှိ မေတ္တာမျိုး ဖြစ်အောင်ထားပါ )
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ မာနသံ ဘ၀ယေ အပရိမာဏံ။ ဥဒ္ဓံ အဓောစ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
( တစ်လောကလုံးအပေါ်မှာ အဲဒီမိခင်၏ စိတ်ဓါတ်မျိုးထားနိုင်အောင် ကြိုးစားရမယ်။ အထက် အလယ် အောက်အရပ်ရှိတဲ့ သတ္တ၀ါတွေအားလုံးချမ်းသာကြပါစေ။ ကျဉ်းမြောင်းတဲ့စိတ်မထားရဘူး၊ အလွန်ကျယ် ပြန့်တဲ့စိတ် မေတ္တာထားရမည် )
၁၁။ တိဌံ စရံ နိသိန္နော ၀၊ သယာနောယာဝတာဿ ၀ိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဌေယျ၊ ဗြဟ္မမေတံ ဂိဟာရ မိဓမာတု။
( မတ်တပ်ရပ်နေတုန်းလည်းပွါးလို့ရတယ်၊ လမ်းလျှောက်ရင်းလည်းပွါးလို့ရတယ် ထိုင်ရင်းပွါးလို့ရတယ်၊ လျောင်း ထိုင် ရပ် သွား က္ကုရိယာပုဒ်မှာလည်း မေတ္တာသတိလေးကိုပွါးပါ ဒီသာသနာမှာ အမြတ်ဆုံးနေခြင်း တစ်ခုဖြစ်သည် )
၁၂။ ဒိဌဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော၊ ကာမေသု ၀ိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ ၻေသယ် ပုန ရေတိ။ မေတ္တသုတ္တံ နိဌိတံ။
( အတ္တဒိဌိကို ပယ်ရှားလိုက်ပါ၊ ကိုယ့်မှာရှိတဲ့ ရုပ်တရား နာမ်တရား သူတစ်ပါး၏သန္တာန်မှာဖြစ်တဲ့ ရုပ်တရား နာမ်တရားတွေ့အောင်ရှာပါ၊ သီလရှိရမယ်၊ သီလကိုအကြောင်းပြုပြီးကြည်နူးနေတယ် ကျေနပ်မှု ပီတိ ဖြစ်နေတယ်၊ ကိုယ်စိတ်ငြိမ်းချမ်းနေတယ်၊ ကာမဂုဏ်အာရုံတွေမှာ တပ်မက်တဲ့တဏှာကို ဖယ်ရှားပါ။ ကာမဂုဏ်တရားဖယ်ရှားပြီးနောက် ၀ိပဿနာအရှိန်မြှင့်လိုက်တာနဲ့ ထပ်ပြီးဝိပဿနာညဏ်မြှင့်လိုက်လို့ မေတ္တာ စိတ်ကလေးကိုလည်း နာမ်တရားအဖြစ်ဖြင့် ရှုလိုက်မယ် ထိုနာမ်တရားရဲ့တည်ရာ နှလုံးသားကို လည်းရုပ် တရားအဖြစ်ဖြင့် ရှုလိုက်မယ် ဆိုရင် သောတာပန် သကဒါဂါမ် အနာဂါမ် ကနေ အာသဝေါ တရားကုန်ခမ်းပြီး နောက်ထပ်ဘ၀ဆိုတာ ဘယ်တော့မှ မရတော့တဲ့ ညဏ်အဆင့်ဆင့်တက်ပြီး နိဗ္ဗာန်ကို မြင်တယ် )

Monday, March 9, 2015

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေးကုန်ကျမှု
များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။
သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီ ခံရသော ရောဂါပါ ။
ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။
အချိန်အခိုက်အတန့်တစ်ခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။
ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူများသက်သာပြီး
ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။
သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။
ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။
အနောက်နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို
သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှထုတ်ယူသော
ဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ
ကမ္ဘာတွင် နံမည်ရနေပါပြီ။ ယခုတင်ပြသောဆေးနည်းမှာ
ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။

၁။ ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ ငါး မရောပါနှင့်၊
ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊
ယောက်ျားများအတွက်၊ယောင်္ကျားပီသစေပါသည်)

၂။ တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။
လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။
အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။
အိပ်ချိန်နှင့်ဝေးပါစေ။ သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။
ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ
အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။
ဖြေးဖြေးသက်သာလာပါမည်။

၎။ ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။
ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။

Ref:Warazein Min

ဆီးချိုရောဂါအတွက်

( ခရေရွက်လက်တစ်ဆုပ် )
တန်ဘိုးကြီးအင်္ဂလိပ်ဆေးတွေဝယ်ပြီး အမြဲမမှီဝဲနိုင်သူတွေအတွက်ပါ။
ခရေပင်ကခရေရွက်လက်တစ်ဆုပ်ပြုပ်။ နံနက်စာစားပြီးရေနွေးကြမ်းတစ်ခွက်စာ။
ညနေစာစားပြီးတစ်ခွက်သောက်ရင်ဆီးချိုကို ထိန်းနိုင်တယ် ပြောပါတယ်။
ကုသိုလ်တော်ဘုရားဝင်းမှာဝေယျာဝစ္စလုပ်နေတဲ့အဘတစ်ဦးမှာ
ခြေမခလုတ်တိုက်မိရာကအနာမကျက်နိုင်ပဲ ခြေတရွတ်ဆွဲသွားနေတာ။
ဘုရားလာနေကျဆရာဝန်ကြီးတစ်ဦးကဆေးခန်းခေါ်စစ်ဆေးပေးရာ ဆီးချိုအဆင့် ၁၂ အထိ
တက်နေတယ်ပြောပါတယ်။
ဆီးချိုဆေးတွေပေးလို့ အနာလည်းသက်သာသွားပါတယ်။
ဒါပေမဲ့ကံဆိုးတာကသူ့ကိုကုပေးတဲ့ဆရာဝန်ကြီးက မလာတော့ပါဘူး။
သားသမီးတွေခေါ်လို့နိုင်ငံခြားမှာနေဖို့ထွက်သွားပြီလို့ကြားသိရပါတယ်တဲ့။
ဒီနောက်ပိုင်းမှာတော့ဘုရားလာသူတွေသဒ္ဓါကြေး ပေးတဲ့ပိုက်ဆံနဲ့ဆီးချိုကျဆေးကို ဆရာဝန်ကြီး
ပေးနေကျအတိုင်းဝယ်သောက်ပေမဲ့နောက်ပိုင်းမှာမှန်မှန်ဝယ်မသောက်နိုင်ခဲ့ဘူး။
အနာဟောင်းတစ်ခုကပြန်ထပြီးရောင်ကိုင်းလာပါတယ်။
ဒါပေမဲ့တလောကလက်တွေ့ဆီးချိုပျောက်တဲ့ဘုန်းတော်ကြီးတစ်ပါးကမိန့်လို့
ဘုရားထဲကခရေပင်ကြီးကအရွက်ကိုနေ့စဉ်လက်တစ်ဆုပ်ခူးပြီး ပြုတ်သောက်ရာက
ဆီးချိုအနာများကျက်ပြီးလူလည်းနေကောင်းကျန်းမာ။
ခြေထောက်ထုံကျင်လို့တရားမထိုင်နိုင်တာလည်းပြန်ထိုင်နိင်လာတယ်လို့ပြောပါတယ်။
ဆီးချိုသမားများဟာထုံကျင်ရောဂါနဲ့အခန့်မသင့်ရင်လေငန်းလေဖြတ်ပါဖြစ်နိုင်ပါတယ်။
ဆီးချိုရောဂါကဆေးမီးတိုကောင်းတာနဲ့တွေ့ရင် အမြစ်ပြတ်ပျောက်နိုင်ပေမဲ့
တစ်ယောက်တစ်မျိုးဖြစ်နိုင်ပါတယ်။
သင်္ဘောသီးစိမ်းရေနွေးနဲ့ဆီးချိုမပျောက်တဲ့သူတွေ
ကြောင်လျာသီးနဲ့မပျောက်တဲ့သူတွေ
ခွေးတောက်ရွက်နဲ့၊ကြက်ဟင်းခါးရွက်နဲ့ဆီးချိုမကျသူတွေ
ခရေရွက်လက်တစ်ဆုပ်နည်းကိုစမ်းကြည့်ကြပါ။
 
ကြည်လွင်မြင့်( မုဒြာ )

Sunday, February 1, 2015

ဘာကြောင့်အကျိုးကြီးမားရသလဲ

မြတ်ဗုဒ္ဓကို ကြည်ညိုစိတ်ဖြစ်ရုံနဲ့ အနည်းငယ် လှူဒါန်းပူဇော်ရုံနဲ့ ဘာကြောင့် အကျိုးကျေးဇူးကြီးမားရသလဲ၊ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေဟာ ဘာကြောင့် အစွမ်းထက်မြက်ရသလဲ။

ဗုဒ္ဓမြတ်စွာဟာ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ပါပဲ။


ဗုဒ္ဓမြတ်စွာဟာ လူသားတစ်ယောက်ဖြစ်လျက်နဲ့ ဘာကြောင့် နတ်တွေ ဗြဟ္မာတွေထက်တောင် ပိုပြီးမြင့်မြတ်ရသလဲ။

မြင့်မြတ်တာကို ရာထူး ဌာနန္တရ၊ ဓနဥစ္စာတို့နဲ့ တိုင်းတာလို့မရဘူး၊ တန်ခိုးတေဇော် အာနုဘော်တို့နဲ့ လည်းတိုင်းတာလို့မရဘူး၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နဲ့ တိုင်းတာရတယ်။ သတ္တ၀ါတွေကို ယုတ်ညံ့နိမ့်ကျစေတာက လောဘ၊ ဒေါ်သ၊ မောဟ စတဲ့ ကိလေသာတွေပဲ။ ဒီကိလေသာတွေကို သီလ၊ သမာဓိ၊ ပညာတို့နဲ့ အဆင့်ဆင့်ပယ်သတ်ရတယ်။ ကိလေသာ လုံးဝကင်းစင်သွားတဲ့ ပုဂ္ဂိုလ်ဟာ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်လာတယ်။ ကိလေသာကင်းတဲ့ လူတစ်ယောက်ဟာ ကိလေသာမကင်းစင်သေးတဲ့ နတ်တွေ၊ ဗြဟ္မာတွေထက် ပိုပြီးမြင့်မြတ်တယ်။

ဗုဒ္ဓမြတ်စွာဟာ လူနတ်ဗြဟ္မာတွေ အားလုံးထက် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားတယ်။ ကိလေသာတွေကိုလည်း ၀ါသနာအထုံအငွေ့မျှ မကြွင်းကျန်ရစ်အောင် ပယ်သတ်ထားပြီးဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဟာ လူနတ်ဗြဟ္မာတို့အထဲမှာ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူတယ်။ နတ်တွေ ဗြဟ္မာတွေဟာ မြတ်စွာဘုရားက သူတို့ထက် မြင့်မြတ်နေတာကို သိကြလို့ ဘုရားကို ရှိခိုးပူဇော်ကြတာပဲ။ ဘီလူး၊ တစ္ဆေ၊ သရဲ စသည်တွေက သူတို့ထက် များစွာ တန်ခိုးပိုကြီးတဲ့ နတ်ဗြဟ္မာတွေကတောင် ဘုရားကို ရိုသေလေးမြတ် ကြတာကိုမြင်လို့ သူတို့လည်း မြတ်စွာဘုရားကို ကြောက်ရွံ့ရိုသေကြတာပဲ။ ခုလို ကိလေသာကင်းစင်ပြီး အမြင့်မြတ်ဆုံးဖြစ်လို့ လူနတ် ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့ ဂုဏ်တော်ဟာ “အရဟံ“ ဂုဏ်တော်ပါပဲ။