အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Monday, June 20, 2016

သဒ္ဓါတရား ၄ မျိုး

သဒ္ဓါတရား ၄ မျိုး ၄ စားရှိသည်ကို သိစေချင်ပါသည်။
(၁) ပသာဒ သဒ္ဓါ
(၂) သြကပ္ပန သဒ္ဓါ
(၃) အာဂမသဒ္ဓါ
(၄) အဓိဂမ သဒ္ဓါ
(၁) ပသာဒ သဒ္ဓါ (သို့ ) ပသန္နသဒ္ဓါ
ယုံကြည်သင့် ယုံကြည်ထိုက်သောဂုဏ်ကို မြင်ရကြားသိရရုံနှင့် ဝေဖန်ဆန်းစစ်မှုမပါဘဲ လွယ်လွယ်နှင့် ယုံကြည်တတ်သော သဒ္ဓါကိုခေါ်သည်။ ပညာနှင့်ယှဉ်၍ ယုံကြည်ခြင်းမျိုး မဟုတ်ဘဲ သဒ္ဓါအရင်းခံမျှ ကြည်ညိုခြင်းဖြစ်သဖြင့် မခိုင်မြဲတတ်ပါ၊ အချိန်မရွေး ပျက်ပြယ်သွားနိုင်သော သဒ္ဓါမျိုးဖြစ်သည်။
(၂) သြကပ္ပန သဒ္ဓါ
ဘုရားတရားသံဃာ ရတနာမြတ်သုံးပါး၏ဂုဏ်များကိုသိမြင်ပြီးမှ သက်ဝင်ယုံကြည်သော သဒ္ဓါမျိုးဖြစ်သည်။ ပညာနှင့်ယှဉ်၍ ယုံကြည်ဖြစ်ပေါ်လာသော သဒ္ဓါတရားမျိုးဖြစ်သဖြင့် ယခုဘဝတွင် ခိုင်မြဲသော သဒ္ဓါဖြစ်သည် ဟူ၍ စိတ်ချရသည်။ ယခုဘဝတွင်ဘာသာပြောင်းသွားသူ လုံးဝမဖြစ်နိုင်ပါ။ သို့ သော် နောင်ဘဝများတွင် စိတ်ချ၍မရပြန်ပါ။ ယခုဘဝမှ သေသွားလျှင် ပျောက်သွားတတ်သော သဒ္ဓါမျိုး ဖြစ်သည်။
(၃) အာဂမသဒ္ဓါ
နိယတဗျာဒိတ်တော် ခံယူရရှိထား ပြီးသော ဘုရားလောင်းတို့ ၏ သဒ္ဓါမျိုးဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားဖြစ်တော်မူသည့် ဘဝအထိ ဘဝတိုင်းအစဉ်မြဲလျက်ရှိသည်။
(၄) အဓိဂမ သဒ္ဓါ
ဝိပဿနာဘာဝနာတရား ပွားများအားထုတ်လျှင် ဒုက္ခဆုံးရာ သန္တိသုခ အငြိမ်းဓာတ် နိဗ္ဗာနဓာတ် ကို မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် သိမြင်ရရှိတော်မူသွားကြသော အရိယာပုဂ္ဂိုလ်များ၏ ယုံကြည်မှုသဒ္ဓါတရားကို ခေါ်သည်။ ဘယ်နှစ်ဘဝဘဲ ဖြစ်ဖြစ်၊ ဘယ်နှစ်ဘဝဘဲ ပြောင်းပြောင်း ပရိနိဗ္ဗာန်ဝင်စံသော အချိန်အထိ ဘဝဆက်တိုင်းမှာ ခိုင်မြဲ ပကတိ ခိုင်မြဲလျက်ရှိနေမည့် သဒ္ဓါမျိုးဖြစ်သည်။
နတ်ပြည်မှ စုတိခါနီးတွင် အခြားသောနတ်များ၏နောက်ဆုံးမှာတမ်းမှာ လူ့ ဘုံဘဝသွားဖြစ်ကာ ဤ အဓိဂမ သဒ္ဓါ မျိုးရှိသောအဆင့် ရောက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရန် အထူးသတိပေးမှာကြားကြသည်။-
ကုသိုလ်အစ သဒ္ဓါက
သဒ္ဓါတရားသည် ကုသိုလ်ကောင်းမှုများ အနန္တပြုလုပ်အောင်မြင်နိုင်ရန် အဓိကလိုအပ်ပေသည်။ အိုနာသေရေး သံသရာဘေးဘယ ဝဲသြဃ ရေအယဉ်ကို ကူးမြောက်ကျော်လွှားသွားနိုင်ရန်မှာဤ သဒ္ဓါတရား ကိုအမှီပြုပြီးကူးခတ်သွားရမည်ဖြစ်သည်။ ထို့ ကြောင့် ပိဋကတ်တော်များတွင် သဒ္ဓါတရား ကိုဥပမာအမျိုးမျိုးဖြင့် ဂုဏ်ယူဖွင့်ဆို ထောပနာပြုထားကြပေသည်။
 
သဒ္ဓါဆိုတာ စကြာမင်း၏ ပတ္တမြားနှင့် တူသည်။
သဒ္ဓါတရားသည် လက်နှင့်တူသည်။
သဒ္ဓါတရားသည် အရင်းအနှီးဥစ္စာနှင့် တူသည်။
သဒ္ဓါတရားသည် မျိုးစေ့နှင့်တူသည်။

Monday, June 13, 2016

ဝိပဿနာဆိုတာ ဘာလဲ

ဝိပဿနာဆိုတာဟာ အရှိကိုအရှိတိုင်းမြင်တဲ့ ဥာဏ်ပါပဲ။ စာစကားနှင့်ပြောရရင် ပရမတ္ထသဘာဝကို ပရမတ် သဘာဝအတိုင်း မြင်တဲ့ဥာဏ်ပါပဲ။ ယနေ့မြင်နေကြတာက ပရမတ်သဘာဝကို ပညတ်အပေါ်ကဖုံးပြီး မြင်နေကြ ပါတယ်။ အဲဒီပညတ်အဖုံးကိုခွာပြီး ပရမတ်အတိုင်း မြင်တဲ့ဥာဏ်ကို ဝိပဿနာဥာဏ်လို့ခေါ်ပါတယ်။ သတ္တဝါတွေမှာ အဖုံး(၄)မျိုး ဖုံးထားခြင်း ကွယ်ထားခြင်း ခံနေရပါတယ်။ အဲဒါတွေက ဘာတွေလဲလို့ဆိုတော့
(၁)။ နာမည်ပညတ်ခေါ်တဲ့ အမည်ဖုံးနေခြင်း။
(၂)။ သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေခြင်း။
(၃)။ သမူဟပညတ်ခေါ်တဲ့ အပေါင်းအစု ဖုံးနေခြင်း။
(၄)။ သဏ္ဌာနပညတ်ခေါ်တဲ့ အသွင်သဏ္ဌန်ဖုံးနေခြင်းတို့ဖြစ်ပါတယ်။ ဒီလေးမျိုးဖုံးထားခြင်း ခံနေရတဲ့အတွက် အမှန်တကယ်အရှိကို မမြင်နိုင်ဘဲ ဖြစ်နေကြတယ်။

၁။ လောကမှာ အရာဝတ္ထုမှန်သမျှတွေဟာ တကယ်ကတော့ ပရမတ်တွေချည်းဖြစ်ကြပါတယ်။ဒါကိုပင် နာမည် မတပ်ရင် ခေါ်လို့မဖြစ်တော့ ၊စကားပြောလို့မဖြစ်တော့၊ (ငါ၊ သူ၊တစ်ပါး၊ ယောင်္ကျား၊ မိန်းမ၊ မောင်ဖြူ၊ မောင်မဲ၊ မချော) စသည်ဖြင့် နာမည်အသီးသီးတပ်ကြပါတယ်။ ကြာတော့ သတ္တဝါတွေဟာ မူလပရမတ်အပေါ် စိတ်မရောက်ဘဲ နာမည်တင်ပဲ စိတ်စွဲသွားတော့တယ်။ နာမည်ကို ရိုးရိုးစွဲရုံတင်မကဘဲ တချို့ဆိုရင် နာမည်ကပဲ ခိုက်တယ်။ နာမည်ကပဲ အကျိုးပေးတယ်ဆိုပြီး နာမည်ပြောင်းရတာနဲ့ ရွေးရတာနဲ့ ရှုပ်ကုန်တော့တာပါ။ ဒါဟာ မူလ(ခန္ဓာငါးပါး- တနည်း- ရုပ်တရား၊ နာမ်တရား လို့ခေါ်တဲ့ ပရမတ်)ကို မမြင်အောင် (မောင်ဖြူ၊ မောင်မဲ) စတဲ့ နာမည်ပညတ်က ပရမတ်အမှန်ကို ဖုံးလိုက်တာပါ။

၂။ “သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေတယ်” ဆိုတာက ပရမတ္ထသဘာဝ အစစ်အမှန်ဟာ တစ်ခုနှင့် တစ်ခု တစ်စပ်တည်းမဟုတ်ဘူး။ (အပြတ်တွေ) ဖြစ်ကြပါတယ်။ ဒါပေမယ့် တစ်ဆက်တည်းလို့ထင်ရလောက် အောင် ဖြစ်ပျက်မှုက မြန်လေတော့ ဥာဏ်က ထိအောင်မစူးစိုက်နိုင်လို့ တဆက်တည်း ထင်မှတ်နေကြတယ်။ မီးစ တစ်ခုကို ညဥ့်အခါ လူတစ်ယောက်က အဝေးကနေပြီး စက်ဝိုင်းဖြစ်အောင် မြန်မြန်လှည့်ပြရင် မသိတဲ့သူက မီးစက်ဝိုင်းလို့ ထင်ရသလိုပါပဲ။ဒါဟာ ပရမတ်အမှန်ကို သန္တတိပညတ်က ဖုံးလိုက်တဲ့သဘောပါပဲ။

၃။”သမူဟပညတ်ခေါ်တဲ့ အပေါင်းအစုကနေဖုံးနေပုံ” ကိုတော့ ဒီလိုမှတ်သားရပါမယ်။ ပရမတ်သဘာဝမှာ ရုပ်တွေလဲ သူ့ဘာသူ၊ သူ့ကလာပ်စည်းနှင့်သူ တစ်ခုပြီးမှ တစ်ခုဖြစ်နေကြတယ်။ စိတ်တွေလဲ တစ်စိတ်ပြီးမှ တစ်စိတ်ဖြစ်နေကြတယ်။ အပေါင်းအစုရယ်လို့ မရှိပါဘူး။ ဒီလိုမရှိပါဘဲလျက် အပေါင်းအစုရယ်လို့ ထင်မှတ် နေကြတယ်။ အထူးသဖြင့် ရုပ်အပေါ်မှာ ရုပ်တုံးကြီးပဲ ရုပ်ခဲကြီးပဲလို့ ထင်မှတ်နေကြတာဟာ သမူဟပညတ် အဖုံးခံရတာပါပဲ။

၎။သဏ္ဌာနပညတ်ခေါ်တဲ့ သဏ္ဌာန်အသွင် ဖုံးပုံကတော့ ပရမတ္ထသဘာဝမှာ ယောက်ျားသဏ္ဌာန်၊ မိန်းမသဏ္ဌာန် ခွေးသဏ္ဌာန်၊ ငှက်သဏ္ဌာန်၊ လက်သဏ္ဌာန်ရယ်လို့ မရှိပါဘူး။ အဝိုင်း လေးထောင့် ဆိုတဲ့ သဏ္ဌာန်တွေလဲ မရှိပါဘူး။ ဒီသဏ္ဌာန်တွေဆိုတာက ပရမတ္ထသဘာဝရဲ့ တည်နေဟန်ကို လိုက်ပြီး ခေါ်နေကြတာ၊ တကယ်အရင်းခံ ပရမတ်ကတော့ သဏ္ဌာန်အနေဖြင့် မရှိပါဘူး။ ဒါကို ဥပမာဖြင့်ပြရရင် မြေမှုန့်တွေကိုစု၊ ရေနှင့်နယ်၊ ပြီးတော့ အမှုန့်တွေကို နွားရုပ်လုပ်ရင်နွားရုပ်လို့ ခေါ်နိုင်တယ်။ လူရုပ်လုပ်ရင် လူရုပ်လို့ခေါ်နိုင်တယ် လုပ်ချင်ရာအရုပ်တွေလုပ်ပြီး ခေါ်နိုင်ကြတယ်။ ဒါပေမယ့်တကယ်အရင်းခံကတော့ မြေမှုန့်အစစ်သာ ဖြစ်တယ်။ ဒါကိုပင် သူ့တည်နေဟန်ကိုလိုက်ပြီး အမျိုးမျိုးခေါ်နေကြတာဖြစ်ပါတယ်။ ဒီဥပမာနှင့်တထပ်တည်းပင် ပရမတ်တွေကိုလဲ သူတို့တည်နေဟန်ကိုလိုက်ပြီး လူလို့ခေါ်ချင်ခေါ်ကြတယ်။ နတ်လို့ခေါ်ချင်ခေါ်ကြတယ်။ အိမ် ကျောင်း၊ ဇရပ်အသီးသီးခေါ်ကြတယ်။ ဒါပေမယ့် မူလပရမတ်ကတော့ လူလည်းမဟုတ်၊ နတ်လည်းမဟုတ်၊ အိမ်၊ကျောင်း၊ ဇရပ်လည်းမဟုတ်ဘူး။ သတ္တဝါတွေဟာ ဒီသဏ္ဌာန်တွေကိုချည်း မျက်မှန်း တန်းမိနေတာက ကမ္ဘာအနမတဂ္ဂ ကြာလေတော့ အမှားကြာတော့ အမှန်ဖြစ်တာလို တကယ် ပရမတ်တွေကိုတော့ မမြင်လိုတော့ဘဲ သဏ္ဌာန်ပညတ်တွေ အပေါ်မှာ ထင်မြင်စွဲလမ်း နေကြတယ်။ ဒါဟာ ပရမတ်အမှန်ကို သဏ္ဌာန်ပညတ်ဖုံးတာပဲ။

“ဝိပဿနာဆိုတာဘာလဲ” ဆိုတဲ့ အမေးကို ပေါင်းပြီး ဖြေရရင် အမှား အဝိဇ္ဇာကြီးဖုံးထားတာကိုခွာပြီး အမှန် ပရမတ် အပေါ်မှာ(တစ်နည်း) ပင်ကိုယ်အရှိတရားအပေါ်မှာ အဲဒီအရှိတရားရဲ့ ပင်ကိုယ်သဘောကို မြင်ခြင်း၊ ကြည့်ခြင်းဖြစ်တယ်လို့ပြောရပါမယ်။ ပရမတ္ထသဘာဝတွေဟာ ပင်ကိုယ်သဘာဝအားဖြင့်ဖြစ်ပြီး ဖြစ်လိုက်၊ ပျက်လိုက်နေပါတယ်။ ဝိပဿနာဥာဏ်ဆိုတာက အဲဒီအမှန်သဘာဝကို အမှန်အတိုင်းရှုမြင်မှုသာဖြစ်ပါတယ်။ ကိုယ်လိုချင်သလိုဆွဲပြီး ကြည့်တဲ့ဥာဏ်မျိုးမဟုတ်ဘဲ အရှိကို အရှိတိုင်း ကြည့်တဲ့ဥာဏ်မျိုးဖြစ်ပါတယ်။ (တစ်နည်း) နိဗ္ဗာန်ရောက်ကြောင်းလက်တွေ့ကျင့်စဉ်သည် (ဝိပဿနာ)ပင်ဖြစ်သည်။ ဝိပဿနာဟူသည် ဝိ= အထူး၊ ပဿ= ရှုကြည့်ရခြင်း၊ (ဝိပဿနာ) ဟူသည် (ရုပ်-နာမ်) တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုကြည့်ရခြင်းပင် ဖြစ်ပါသည်။
“ခန္ဓာဒိ သင်္ခတဓမ္မေ၊ အနိစ္စာဒိ ဝိဝိဓာကာရေန ပဿတီတိ ဝိပဿနာ”၊ “ ပညတ္တိံဌပေတွာ အနိစ္စာဒိကာရေန ဝိဝိဒံပဿတီတိ ဝိပဿနာ” (မဟာသတိပဋ္ဌာနသုတ်)
ဟူ၍ပြဆိုထားရာ၊ (ဝိပဿနာ)ဟူသည် (နိဗ္ဗာန်)ရောက်ကြောင်းအတွက် (ပညတ်) တို့ကို ပယ်ခွာပြီး (ရုပ်နာမ်)တို့၏ (အနိစ္စ) မမြဲခြင်း၊ (ဒုက္ခ) ဆင်းရဲခြင်း၊ (အနတ္တ) အစိုးမရခြင်း၊ ကိုယ့်အလို မဟုတ် ခြင်း စသည့် အထူးထူးအပြားပြားသော အခြင်းအရာတို့ကို (ဥာဏ်)ဖြင့်မြင်အောင် ရှု့ကြည့်ခြင်းသည် (ဝိပဿနာ) မည်ပါတယ်လို့ ဖြေကြားလိုက်ရပါမယ်။

ဒီဝိပဿနာဥာဏ်ဟာ ဆင်ခြင်ပုံ အဆင့်ဆင့်ကို လိုက်ပြီး အသီးသီးဥာဏ်စဉ် ၁၀-ပါး ရှိပါတယ်။ ပရမတ်တရား တွေကို မူလအခြေခံအားဖြင့် အာရုံဆီသို့ ညွတ်တတ်သော သဘောကတစ်မျိုး၊ မာသဘော၊ ပူသဘော၊ အေးသဘော၊စတဲ့ သဘောကတစ်မျိုးလို့ သိခြင်းကို နာမ်နှင့် ရုပ် ပိုင်းခြားသိတဲ့အတွက် (နာမရူပပဋိစ္ဆေဒဥာဏ်) လို့ခေါ်တယ်။ ပြီးတော့ နာမ် တရား၊ ရုပ်တရားဆိုတာ သူ့အလိုလို ဖြစ်တာမဟုတ်ဘဲ အကြောင်းကြောင့် ဖြစ်တယ်လို့ စသည်ဖြင့် အကြောင်းနှင့်တကွ ပိုင်းခြာသိတဲ့ဥာဏ်ကိုတော့ (ပစ္စယပရိဂ္ဂဟဥာဏ်) လို့ခေါ်တယ်။ ဒီဥာဏ်နှစ်ပါးကိုတော့ ဝိပဿနာရဲ့ အခြေခံဥာဏ်လို့မှတ်ရပါမယ်။ ဒီဥာဏ်နှစ်ပါးကိုရရင် စူဠသောတာပန်လို့ ခေါ်ပါတယ်။ ဒုတိယဘဝမှာ ဂတိမြဲပြီး အပါယ်မကျတဲ့ သောတာပန်အငယ်စားလို့ ခေါ်ပါတယ်။ ဒီအထက်က ဝိပဿနာဥာဏ်များကတော့
၁။ သမ္မသနဥာဏ်။ (၂)။ ဥဒယဗ္ဗယဥာဏ်။ (၃)။ဘင်္ဂဥာဏ်။ (၄)။ဘယဥာဏ်။ (၅)။ အာဒီနဝဥာဏ်။ (၆)။နိဗ္ဗိဒါဥာဏ်။ (၇)။ မုဉ္စိတုကမျတာဥာဏ်။ (၈)။ ပဋိသင်္ခါဥာဏ်။ (၉)။ သင်္ခါရုပေက္ခဥာစ်။ (၁၀)။ အနုလောမဥာဏ် ဆိုပြီး ဝိပဿနာဥာဏ် ဆယ်ပါးရှိပါတယ်။ ဒီလို တစ်ပါးတည်းသော ဝိပဿနာဥာဏ်က (၁၀) ဖြစ်ရတယ်ဆိုတာဟာ ဥာဏ်ရဲ့မြင်ပုံ အခြင်းအရာ အနုအရင့်ကိုလိုက်ပြီး ကွဲပြားရတယ်လို့ မှတ်ရပါမယ်။ နာမည်တပ်ထားခြင်းသာဖြစ်ပါတယ်။ ဒီဝိပဿနာဥာဏ်တွေဟာ လောကီဥာဏ်တွေသာ ဖြစ်ပါတယ်။ လောကုတ္တရာဥာဏ် မဟုတ်သေးပါဘူး။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကူးမှ လောကုတ္တရာဥာဏ်တွေ ဖြစ်ပါတယ်။

မဂ်ဥာဏ်သို့ကူးပုံ
အနုလောမဥာဏ်ကို ရောက်ရင် မဂ်သို့ကူးတော့မည်ဟု မှတ်ရပါမယ်။ အဲဒီအခါမှာ စိတ်ကလေးဖြစ်ပုံကို အဘိဓမ္မသင်္ဂဟကျမ်းမှာ ပြထားတာရှိပါတယ်။ ပါဠိတော်ကို မပြတော့ပါဘူး။ အနုလောမဥာဏ်ဖြစ်ပြီးရင် ပုထုဇဉ်အနွယ်ကို ဖြတ်လျက် အရိယာအနွယ်ကို ဖြစ်စေတတ်တဲ့ ဂေါတြဘူစိတ်ဖြစ်ပါတယ်။ ဒီစိတ်ဟာ နိဗ္ဗာန်အာရုံပြုပါတယ်။ ဒါပေမယ့် အဲဒီ ဂေါတြဘူစိတ်ဟာ လောကီ မဟာကုသိုလ်စိတ်ပဲ ဖြစ်ပါသေးတယ်။ အဲဒီနောက်မှာ မဂ်စိတ်ဖြစ်လာပုံက ဒီလိုပါ။ အဲဒီ ဂေါတြဘူဥာဏ်ရဲ့အခြားမဲ့မှာ သိ၊ ပယ်၊ဆိုက်၊ ပွား (၄)ပါး ကိစ္စကို တစ်ချက်တည်း ပြီးစေတဲ့ မဂ်စိတ်ဖြစ်ပေါ်လာပါတယ်။ အဲဒီမဂ်စိတ် တစ်ကြိမ်ဖြစ်ပြီး ဖိုလ်စိတ် ၂-ကြိမ်၊ ၃-ကြိမ်ဖြစ်ပြီးနောက် ဘဝင်ကျပါတယ်။ အဲဒီ ဖိုလ်စိတ်လည်း နိဗ္ဗာန်ကိုပဲအာရုံပြုပါတယ်။ အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေနဲ့ နိဗ္ဗာန်ကို အာရုံပြုတာကိုပင် နိဗ္ဗာန်သို့ ရောက်တယ်လို့ဆိုပါတယ်။ လူကနိဗ္ဗာန်ကိုရောက်သွား တာ မဟုတ်ပါဘူး။ သေပြီးမှ နိဗ္ဗာန်ကို ရောက်သွားတာမဟုတ်ဘူး။ ဒီလိုတစ်ကြိမ်မျှ နိဗ္ဗာန်ကိုမြင်လိုက်ရင် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပြတ်ပြီး သောတာပန်တည်တယ်။ အပါယ်တံခါးလည်းလုံးဝ ပိတ်တယ်။ (၇)ဘဝ အလွန်ဆုံး သံသရာမှာ လည်ပြီး အထက်တန်းကျကျ စံစားပြီးနောက် နိဗ္ဗာန်ဝင်မည့် သေချာသူဖြစ်ပါတယ်ဆိုတာ အသိပေးရေးသားလိုက်ရပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
Credit=အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Monday, April 25, 2016

♠♠ ပါဠိဘာသာ ရွတ်ဖတ်နည်း ♠♠

ရှေးဦးစွာအက္ခရာတို့ကိုသိထားရမည်။
အက္ခရာ(၄၁)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သြ...
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ


သရ(၈)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သြ

ဗျဉ်း(၃၃)လုံး
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ
သရ(၈)လုံး နှင့် ဗျဉ်း (၃၃) လုံး ပေါင်းလျှင် အက္ခရာ(၄၁) လုံးပင်ဖြစ်၏။

၁။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (က.ဂ)အသတ်များသည်(အက်)ဟု အသံထွက်၏။
(အပေါ်စာလုံးကို အသတ်ဟုမှတ်ထား၍ အသံမထွက်ရ၊ အောက်စာလုံးကိုသာ အသံထွက်ရမည်။)
စက္က (စက်က)
ဝိတက္ကော (ဝိတက်ကော)
မဂ္ဂ (မက်ဂ)
သဂ္ဂ (သက်ဂ)

၂။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (စ.ဇ) အသတ်များသည်(အစ်) ဟု အသံထွက်၏။
ပစ္စ (ပစ်စ)
သစ္စ (သစ်စ)
အဇ္ဇ (အစ်ဇ)

၃။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (င.ဉ) အသတ်များသည် (အင်) ဟု အသံထွက်၏။
အင်္ဂ (အင်ဂ)
အလင်္ကာ (အလင်ကာ)
မင်္ဂလာ (မင်ဂလာ)
ပဉ္စ (ပင်စ)
အညမည (အင်ညမင်ည)

၎။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဏ.န.မ.လ.) အသတ် များ သည် (အန်) ဟု အသံထွက်၏။
ကဏ္ဍ (ကန်ဍ)
အန္တ (အန်တ)
ဓမ္မ (ဓမ်မ)
ပလ္လင်္ဂ (ပန်လင်ဂ)

၅။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ)အသတ်များ သည် (အတ်) ဟု အသံထွက်၏။
ဝဋ္ဋ (ဝတ်ဋ)
ဒဍ္ဎေုာ (ဒတ်ဎော)
ကတ္တု (ကတ်တု)
ဗဒ္ဓ (ဗတ်ဓ)
ပဗ္ဗတ (ပတ်ဗတ)
သပ္ပေါ (သပ်ပေါ)
ဒဿန (ဒတ်သန)

၆။ ဣ သရ နှင့် ဥ သရ ပါရာ၌ (က.ဂ.ဇ.စ)တို့ကို(တ)သတ်အသံဖြင့်ဖတ်ရမည်။
ဘိက္ခု (ဘိတ်ခု)
ဝိဇ္ဇာ (ဝိတ်ဇာ)
ကိစ္စ (ကိတ်စ)
သိက္ခာ (သိတ်ခါ)
ဥဂ္ဂ (အုတ်ဂ)
ဒုက္ခ (ဒုတ်ခ)
ဥစ္စာ (အုတ်စာ)

မှတ်ချက်/ပါဠိ၌ ဗျဉ်း နှင့် သရတွဲရာတွင် ဣ သရသည် မြန်မာ၌လုံးကြီးတင်၊
ဤ သရသည် လုံးကြီးတင်ဆံခတ်၊ ဥသရသည် တစ်ချောင်းငင်၊ ဦသရသည် နှစ်ချောင်းငင်၊
သြ သရသည် သဝေထိုး ရေးချ၊ ဧ သရသည် သဝေထိုး-ဟူ၍ အသီးသီးဖြစ်ကြ၏။

၇။ ဣ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အိတ်) ဟု အသံထွက်၏။
ကိဋ (ကိတ်ဌ)
ကိတ္တ (ကိတ်တ)
ဣဒ္ဓိ (အိတ်ဓိ)
သိပ္ပ (သိပ်ပ)
ကိဗ္ဗိသ (ကိတ်ဗိသ)
ဒိဿတိ (ဒိတ်သတိ)

၈။ ဥ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အုတ်) ဟုအသံထွက်၏။
တုဋ္ဌိ (တုတ်ဌိ)
ဝုဍ္ဎို (ဝုတ်ဎိ)
ပုတ္တ (ပုတ်တ)
ဗုဒ္ဓ (ဗုတ်ဓ)
ကုပ္ပ (ကုပ်ပ)
ဒုဗ္ဗလ (ဒုတ်ဗလ)
ဒုဿ (ဒုတ်သ)

၉။ ဧ သရကို နငယ်ဖြင့် သတ်လျှင် (အင်) ဟုအသံထွက်၏။
ဧန္တု (အင်တု)
မေန္တု (မင်တု)
သေန္တိ (သင်တိ)

၁ဝ။ ဧ သရကို နငယ်မှတစ်ပါး ကျန်အသတ်များသည် (အစ်) ဟု အသံထွက်၏။
ဧတ္ထ (အစ်ထ)
ခေတ္တ (ခစ်တ)
မေတ္တ (မစ်တ)
ပေစ္စ (ပစ်စ)
ဇေဋ္ဌ (ဇစ်ဌ)
ဖေဂ္ဂု (ဖစ်ဂု)


၁၁။ သြ သရပါလျှင် (က.ဂ.သ) အသတ်သည်(အောက်)ဟုအသံထွက်၏။
သြက္ကာက (အောက်ကာက)
မောက္ခ (မောက်ခ)
ယောဂ္ဂ (ယောက်ဂ)
ဝေါဿ (ဝေါက်သ)


၁၂။ သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များသည် (အွန်) ဟုဝဆွဲ အသံဖြင့် အသံထွက်ရမည်။
ကောဉ္စ (ကွန်စ)
ကောဏ္ဍည (ကွန်ဍင်ည)
သောဏ္ဏ (သွန်ဏ)
ဟောန္တု (ဟွန်တု)
သောမ္မ (သွန်မ)

၁၃။ သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များမှတပါး ကျန်အသတ်များကို
(အွတ်) ဟုဝဆွဲအသံဖြင့် အသံထွက်ရမည်။
ပါမောဇ္ဇ (ပါမွတ်ဇ)
ပေါတ္ထက (ပွတ်ထက)
ဖောဋ္ဌဗ္ဗ (ဖွတ်ဌပ်ဗ)
ယောဗ္ဗန (ယွတ်ဗန)
သောတ္ထိ (သွတ်ထိ)


၁၄။ ဤ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များနှင့် သေးသေးတင်သည်
(အိန်) ဟုအသံထွက်ရမည်။
လိင်္ဂ (လိန်ဂ)
ကိဉ္စိ (ကိန်စိ)
ဣန္ဒက (အိန်ဒက)
ဝိန္ဒတိ (ဝိန်ဒတိ)
ကိံ (ကိန်)

၁၅။ ဥ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များသည် (အုန်) ဟု အသံထွက်၏။
ဥင်္ဂ (အုန်ဂ)
ဘုဉ္ဇ (ဘုန်ဇ)
ဥဏ္ဏာယ (အုန်ဏာယ)
ကုန္တ (ကုန်တ)
ဘုမ္မ (ဘုန်မ)

၁၆။ ဧ သရပါလျှင် (ဉ) အသတ်သည် (အင်) ဟု အသံထွက်၏။
အာနေဉ္ဇ (အာနင်ဇ)

၁၇။ ဣ သရ နှင့် ဥ သရပါလျှင် (ယ.လ) အသတ်များကို (န) အသတ် အသံဖြင့် ဖတ်ရမည်။
ဘိယျော (ဘိန်ယော)
ယေဘုယျ (ယေဘုန်ယ)
ဝေပုလ္လ (ဝေပုန်လ)

၁၈။ ''ဝ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
တ+ဝ=တွ (ကတွာ-ကတ်တဝါ)
ဒ+ဝ=သွ (ဒိသွာ-ဒိတ်သဝါ)
တ+ဝ=တွ (ဂဟေတွာ-ဂဟစ်တဝါ)

ကျန်သောဗျဉ်းများတွဲရာ၌ မြန်မာအသံအတိုင်းဖြစ်သည်။

၁၉။ ''ရ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
က+ရ=ကြ (စကြ-စက်ကြ)
တ+ရ=တြ (အတြ-အတ်တရ)
ဒ+ရ=ဒြ (ဣန္ဒြိယ-အိန်ဒရိယ)
ဗ+ရ=ဗြ (ဗြဟ္မာ-ဗြန်မာ)

၂ဝ။ ''ဟ''ဗျဉ်း နှင့် အခြားဗျဉ်းတွဲရာ၌ ထွက်ရမည့်အသံများ
ဉ+ဟ=ဥှ (ပဥှ-ပင်ညှ)
ဏ+ဟ=ဏှ (ပုဗ္ဗဏှ-ပုပ်ဗန်ဏှ)
န+ဟ=နှ (နှာန-နဟာန)
မ+ဟ=မှ (အမှ-အမ်မှ ၊ တုမှ-တုမ်မှ)
ယ+ဟ=ယှ (ပဂ္ဂယှ-ပက်ကယ်ယှ)
ဝ+ဟ=ဝှာ (ဇိဝှါ-ဇိန်ဝှါ)
ဠ+ဟ=ဠှ (ရုဠှီ-ရုံလှီ)

မှတ်ရန်/ ဥှ.ဏှ.နှ.မှ.ယှ.ဠှ ပါဌ်ဆင့်များ၌ ဥှ.ဏှ.နှ.မှ.ယှ.ဠှတို့သည် တစ်လုံးတည်းသာဖြစ်သော်လည်း နှစ်လုံးဆင့်ကဲ့သို့ဖြစ်၍ တစ်လုံးကို အသတ်သံ
ထွက်၍ တစ်လုံးကို ဟထိုးသံထွက်ရသည်။

ဤတွင်ပါဠိဖတ်နည်းပြီးပြီ။

Thursday, January 28, 2016

ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ

ပဋ္ဌာန်းကို ပြောမယ်ဆိုရင် အဘိဓမ္မာ (၇)ကျမ်းလုံးကိုလဲ နည်းနည်းစိစစ်ရမယ် ၊ သတ္တ သတ္တာယ (၇) ခုကိုလဲ နည်းနည်းတော့ ရေးဥိးမှ ကောင်းမယ် ။
ပဋ္ဌာန်းကို စပြီးဆင်ခြင်တဲ့ သမိုင်းလေးရယ် ၊ ဆက်နွယ်နေတဲ့ ဖြစ်စဉ်လေးတွေရယ် ပါ သိရတော့ ပိုကောင်းပါမယ်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် -
(က) ပလ္လင်္ကသတ္တာဟ ။ ။ ဘုရားဖြစ်တဲ့ နေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် ( ၁ ) ရက်နေ့မှ (၇) ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါတယ် ။ ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ် ၀င်စားပြီး နေပါတယ် ။ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ သုံးသပ်ဆင်ခြင်တော်မူပါတယ်။ ” ယဒါဟဝေ …” စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ စိတ်ထဲမှ ကျူးရင့်တော်မူပါတယ်။ (သတ္တာဟ-၇-ရက် )
(ခ) အနိမိသ သတ္တာဟ။ ။ ဗောဓိပင်ရဲ.အနီး အရှေ.မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာမှာ ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ” ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ တကား ” ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတ ပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံးကြည့်ရှုဝမ်း မြောက်နေတော်မူသည် ။[ အ = မ ၊ နိမိသ = မျက်စိမှိတ်သည် , အနိမိသ = မျက်စိမမှိတ်ဘဲ ]

(ဂ) (ရတနာ) စင်္ကမ သတ္တာဟ။ ။ နောက်တခါ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆) ရက်နေ့အထိ ၇-ရက် တွင် ဗောဓိပင်ပလ္လင် နဲ့ အနိမိသဌာန အကြား ၊ ဗောဓိပင်၏ မြောက်ဘက်၌ စင်္ကြံကြွကာ ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ဒီနေရာမှာ နတ်တွေက “….ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည် ၊ ဘုရားစင်စစ်မဖြစ်သေး ” ..ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူပါတယ်။ စင်္ကြံကြွရင်း တရားဆင်ခြင်၊ဖလသမပတ် ၀င်စားသောကြောင့် ” စင်္ကမ သတ္တာဟ “ခေါ်သည်။
(ဃ) ရတနာဃရ သတ္တာဟ။ ။ ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း (၆) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော် ကို ဆင်ခြင်နေတော်မူပါတယ်။အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကိုဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ ။နောက်ဆုံး ပဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူးကာ နတ်၊ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်၏ ။
(၁) နီလ = ညိုမှောင်သောအရောင် ( ဆံပင် ၊မွေးညှင်း မျက်လုံး မှ ထွက်သည်)
(၂)ပီတ =ရွှေရောင် (အသားနဲ့ မျက်လုံး မှ ထွက်သည်)
(၃)လောဟိတ = အနီရောင် ( အသွေးအသားထဲမှ နှင့် မျက်လုံး မှ ထွက်သည်)
(၄)သြဒါတ = အဖြူရောင် ( အရိုးတော်များ ၊ သွားတော် စွယ်တော်များ နှင့် မျက်လုံး မှ ထွက်သည်)
(၅)မဉ္ဇိဋ္ဌ = ညိုမောင်းသော အရောင် ( ခန္ဓာ အစိတ်အပိုင်း ကြီးငယ်မှ ထွက်သည်)
(၆)ပဘဿရ =ပြိုးပြိုးပျက်ပျက် အရောင် ( ခန္ဓာ အစိတ်အပိုင်း ကြီးငယ်မှ ထွက်သည်)
တဆက်တည်း မှာ သတိရလာတာလေး ပြောဥိးမယ်။ ဒီ ရောင်ခြည်တော် (၆)ပါးကိုပဲ ၁၉၅၀ ၊မေလ မှာကျင်းပတဲ့ ကိုလံဘို ကမ္ဘာ့ဗုဒ္ဓညီလာခံမှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ အလံ အဖြစ် တီထွင် သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့် အလံတော်မှာ အရောင် (၅) မျိုးပဲပါပါတယ်။
ပဘဿရ ဆိုတဲ့ ပြိုးပြိုးပျက်ပျက် အရောင် သည် ကျန် အရောင် ၅ မျိုးမှာ အကျုံးဝင်ပြီး ဖြစ်ပါတယ်။
နီလ ဆိုတဲ့ ညိုမှောင်သော အရောင်ဆိုတာ အနီးစပ်ဆုံး အပြာရောင် အဖြစ် အတည်ပြုလိုက်ပါတယ်။ အရောင်နဲ့ ဆိုင်တဲ့ ဘာသာပြန်ကွဲလွဲမှုတွေကို မြန်မာနဲ့ သီဟိုဠ် ဆရာတော်တွေ ပြန်ညှိရပါတယ်။
မဉ္ဇိဋ္ဌ ဆိုတဲ့ ညိုမောင်းသော အရောင် ၊ မရမ်းစေ့ရောင် ကို လိမ္မော်ရောင်လို့ အတည်ပြုလိုက်ပါတယ်။
ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ အလံမှာ (၅)ရောင် ရှိနေပါတယ်။
နီလ = Universal Compassion ၊ Loving kindness, peace and universal compassion .. မဟာကရုဏာတော်
ပီတ = The Middle Path ၊ avoiding extremes, emptiness မဇ္စိုမ ပဋိပဒါ လမ်းစဉ်
လောဟိတ = The blessings of practice - achievement, wisdom, virtue, fortune and dignity မင်္ဂလာတရား
သြဒါတ = The purity of Dharma - leading to liberation, outside of time or space ၀ိသုဒ္ဓိ ၊ ၀ိမုတ္တိ တရား
မဉ္ဇိဋ္ဌ = The Buddha’s teachings - wisdom ပညာ
ပဘဿရ = အပေါ် (၅)မျိုးပေါင်းထားခြင်း ..တို့ ဖြစ်တယ် ဆိုပါတော့ ။

(င) အဇပါလသတ္တာဟ ( ဆိတ်ကျောင်း ညောင်ပင်) ။ ။ ဗောဓိပင် ရဲ. အရှေ. (၃၂)လံ အကွာမှာ ဖြစ်ပါတယ် ။ နယုန်လဆန်း (၁၄)ရက်နေ့မှနယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက်ဖြစ်ပါတယ်။ မာရ်နတ်ရဲ. သမီး (၃) ယောက် ( တဏှာ ၊အရတီ ၊ရာဂါ ) က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ( မိန်းကလေးတွေ ဘုရားရှင်ကိုတောင် မာယာနဲ့ လှည့်စားချင်သေးတာ ပုထုဇဉ် ပုရိသ တွေကတော့ ဘာပြောကောင်းမလဲ ၊ ဘာမှကိုပြောလို့ မကောင်းပါဘူး ။ ) ဒီ ဆိတ်ကျောင်း ညောင်ပင် မှာပဲ ဟုန်ဟုန်က ပုဏ္ဏားက အဘယ်သူကို ဗြဟ္မာဏ မည်ပါသလဲ လို့ မေးလျှောက်ပါတယ်။ ဘုရားရှင် ဒီနေရာမှာပဲ သတ္တ၀ါတွေကို တရားဟောဖို့ စပြီး စီစဉ်ဆုံးဖြတ်တော်မူပါတယ် ။ (စ) မုစလိန္ဒ သတ္တာဟ ( မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန) ။ ဗောဓိပင် ရဲ. အရှေ.တောင် (၁၅)လံ အကွာ မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်ထိ ဖြစ်ပါတယ် ။ဒီမှာ ပြောင်းရွေ.သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့ပါတယ်။ ဒီအခါမှာ မုစလိန္ဒာအိုင် နဂါးမင်းဟာ တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်ပေမယ့်် သူရဲ. ပကတိ ကိုယ်တော်နဲ့သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါတယ်။နဂါးမင်းအား သတ္တ၀ါတွေကို မငြင်းဆဲဖို့ ဒေါသကို ထိန်းဖို့ ၊ ငါ ဟူသော မာန်မာန ကို ခွာဖို. ဆုံးမတော်မူပါတယ်။
(ဆ) ရာဇာယတန သတ္တာဟ (လင်းလွန်းပင် )။ ။ဗောဓိပင် ရဲ.တောင်ဘက် (၄၀)လံ အကွာ..[ (၁၁)လံ ဟု စာမှာရှိပေမဲ့ ဗုဒ္ဓဂါယာမှာ လက်တွေ့အားဖြင့် (၄၀) လံ ရှိတယ်လို့ ဆိုပါတယ် ] နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း ( ၄)ရက်နေ့ အထိ (၇) ရက် ပတ်လုံး သမာပတ် ၀င်စား ပါတယ် ။ (၇) ရက်ပြည့်တဲ့ မနက်မှာ သိကြားမင်းက တဇုသီး ၊ တံပူတွေ ဆပ်ကပ်ပါတယ်။ ကိုယ်လက်သန့်စင် အပေါ့ ၊ အလေးသွားပြီး (၄၉)ရက်တာ ပင်ပန်းခဲ့ရသမျှကို သည်းခံတော်မူပါတယ်။
အဲဒီ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ် နေချိန်မှာ မြန်မာနိုင်ငံ ၊ ရာမညတိုင်း ၊ ဥက္ကလာ ဇနပုဒ် ၊ပေါက္ကရ၀တ္တီ ဇနပုဒ် တို့မှ ကုန်သည်ညီနောင် တဖုဿ၊ဘလ္လိက မှ မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါတယ်။ (ပြောရရင် များတယ် ။ စိတ်ဝင်စားစရာဖြစ်လို့ သီတဂူဆရာတော် ရဲ့ တဖုဿ၊ဘလ္လိကညီနောင်တရား နာပါလေ ။ ) ဒီကုန်သည်ညီနောင် ကပ်တဲ့ ဆွမ်းကို လက်ခံဖို့ စတုမဟာရာဇ် နတ်မင်းကြီး (၄)ပါးမှ သပိတ် (၄)လုံး တပြိုင်တည်းကပ်လှူကြရာ ဘုရားရှင်က အဓိဌာန်နဲ့ (၁)လုံးတည်းဖြစ်စေပြီး အလှူခံပါတယ်။ ( ဒီသပိတ်တော်ကို အခုခေတ်မှာပါ ဖူးရရင် သိပ်ကောင်းမှာပဲနော် ) ။ ကုန်သည်ညီနောင် ကို သံဃာမရှိသေးတဲ့ အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါး ပဲ ပေးပါတယ်။ဆံတော် (၈)ဆူ စွန်.တော်မူပါတယ် ။ ဒီဆံတော်တွေကို ရွှေတိဂုံစေတီမှာ ဌာပနာပြုပါတယ်။


အဘိဓမ္မာ ၇-ကျမ်း။
အဘိဓမ္မာ နှင့် အဘိဓမ္မတ္ထမည်ပုံ ။
အဘိဓမ္မာ ၇-ကျမ်းလုံးသည် အဘိဓမ္မာ မည်၏။ စိတ်,စေတသိက်, ရုပ်, နိဗ္ဗာန် ၄-ပါးသည် အဘိဓမ္မတ္ထ မည်၏။ အဘိဓမ္မာသမိုင်း နှင့် အဘိဓမ္မာ ၇-ကျမ်း
အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ်ဆင်ခြင်ခြင်း
(အပေါ်မှာဖော်ပြပြီးသားပါပဲ)
မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် သတ္တဌာန စံတော်မူရာ နယုန်လဆန်း ၇-ရက်နေ့မှ ၁၃ ရက်နေ့ထိတွင် ဗောဓိပင်နှင့် ရွှေပလ္လင်၏ အနောက်မြောက်အရပ်၌ နတ်တို့ဖန်ဆင်း လှူဒါန်းအပ်သော ရတနာရွှေအိမ် (ရတနာဃရ) တွင် သီတင်းသုံးတော်မူပြီး အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ် ဆင်ခြင်တော်မူသည်။
အဘိဓမ္မာ ၇-ကျမ်းကို ဟောကြားတော်မူခြင်း
မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌ၀ါကို မကုဠတောင် စသည့် နေရာဌာနများ၌ ၀ါကပ်တော်မူသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။
အကျယ်နည်း
မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာအကျယ်နည်း ( ၀ိတ္ထာရနယ ) ကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်းဖြစ်သည်။
အကျဉ်းနည်း
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ)တော်မူသည်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အကျဉ်းချုပ်နည်း ( သင်္ခေပနယ ) ကို ဟောတော်မူသည်။
မကျဉ်းမကျယ်နည်း
ရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် နည်း ( နာတိဝတ္ထာရ-နာတိသင်္ခေပနယ )ဖြင့် ပြန်လည် ပို့ချတော်မူသည်။
နောက်တနေ့တွင် ထိုပို့ချချက်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့သည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လပြည့်နေ့ထိ ၃-လအတွင်း နည်း ၃-နည်းဖြင့် လူ့ပြည်-နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့လေသည်။
( ဒီနေရာမှာ ဒီအဘိဓမ္မာတရားကို ညီတော်အာနန္ဒာကိုလည်း မြတ်စွာဘုရားပြန်ဟောသွားမယ်ဆိုတာ သေချာပါတယ်။ အာနန္ဒာရဲ့ ပန်ဆုရှိနေပြီးသား ၊ ဘုရားကလဲ ကတိပေးပြီးသား ဖြစ်နေတာကိုး။ )

အကျဉ်းချုပ် အလျက်အားဖြင့်တော့ -
၁။ ဓမ္မသင်္ဂဏီကျမ်း
ဓမ္မ-တရား၊ သင်္ဂဏီ-ရေတွက်ခြင်း၊
ပရမတ္ထတရားများကို ရေတွက်ပေါင်းရုံးပြသော ကျမ်းဖြစ်သည်။
ထိုသို့ ပေါင်းရုံးပြရာတွင် ဦးစွာ ခေါင်းစဉ် မာတိကာများကို ဟောကြားပြီးမှ ထိုမာတိကာများအလိုက် အဓိပ္ပါယ် အကျယ်ကို ဆက်လက် ဟောကြားတော်မူသည်။ ၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)၀ိဘင်္ဂ-အကျယ်ဝေဖန်ဟောခြင်း။
ဓမ္မသင်္ဂဏီတွင် စုပေါင်းရေတွက်ခဲ့သည့် ပရမတ္ထတရားများကို ၁၈-ပိုင်းခွဲပြီး နည်း ၃-နည်းဖြင့် အကျယ်ဝေဖန် ဟောကြားသည့် ကျမ်းဖြစ်သည်။ နည်း ၃-နည်း မှာ ..
- တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တန္တဘာဇနီယနယ)
- အထက်တန်း တရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း (အဘိဓမ္မာဘာဇနီယနယ)
- တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဥှာပုစ္ဆကနယ) …
တို့ဖြစ်သည်။
၃။ ဓာတုကထာကျမ်း
ခန္ဓာ အာယတန ဓာတ် တို့ဖြင့် ဝေဖန်ဟောကြားသောကျမ်းဖြစ်သည်။
ရုပ် နာမ် ၂-ပါးကိုပင် ခန္ဓာ ဟူ၍လည်းကောင်း၊ အာယတန ဟူ၍လည်းကောင်း၊ ဓာတ် ဟူ၍ လည်းကောင်း ခေါ်သည်။ ထိုတွင် ဓာတ်သည် ခန္ဓာ, အာယတန တို့ထက် အရေအတွက်အားဖြင့် များသောကြောင့် ဓာတ်ကို ခေါင်းတည်ပြီး ‘ဓာတုကထာ’ ဟု ခေါ်ရခြင်းဖြစ်သည်။
ဓမ္မသင်္ဂဏီ၊ ၀ိဘင်းတို့၌ ဟောကြားခဲ့သော ပရမတ္ထတရားများကို ခန္ဓာနည်း၊ ဓာတ်နည်း၊ အာယတနနည်းတို့ဖြင့် ဝေဖန် ဟောကြားထားသည်။
၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)အထက်ပါ ၃-ကျမ်းကို ဟောကြားစဉ်တွင် နတ်ဗြဟ္မာတို့၏ စိတ်၌ ‘လောကတွင် ပရမတ္ထဓမ္မများသာ အရေးပါပြီး ပညတ်တရားတွေက အရေးမပါဘူးလား’ ‘ပရမတ္ထတရားတွေသာ ရှိပြီး ပညတ်တရားတွေဆိုတော မရှိတော့ဘူးလား’ စသဖြင့် သံသယ၀င်လာကြသည်။ ထိုသံသယများကို ဖြေဖျောက်တော်မူရန် ပုဂ္ဂိုလ် ပညတ်များကို ဟောကြားသည့် ပုဂ္ဂလပညတ်ကျမ်းကို ဟောတော်မူသည်။
၅။ ကထာဝတ္ထုကျမ်း
ကထာ-အယူအဆ ၀ါဒရေးရာနှင့် ပတ်သက်သောစကား၊ ၀တ္ထု-ထိုစကား (တရား) များတည်ရာ။
အယူအဆ ၀ါဒရေးရာနှင့် ပတ်သက်ပြီး ဟောပြသောကျမ်း ဖြစ်သည်။
ဟောကြားပြီးဖြစ်သော အထက်ပါ ၄-ကျမ်းနှင့် ဟောလတ္တံ့ ဖြစ်သော ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်း တို့နှင့် ပတ်သက်၍ ၀ိဝါဒဖြစ်လာလျှင် အမှန်အမှား ခွဲခြားနိုင်ရန် မှတ်ကျောက်သဖွယ် ဖြစ်သော ကထာဝတ္ထုကျမ်းကို ဟောကြားတော်မူသည်။
၆။ ယမက (ယမိုက်ကျမ်း)ယမက-အစုံ (တစုံ)။
- အနုလောမ (အနုလုံ) - ပဋိလောမ (ပဋိလုံ) အားဖြင့်တစုံ၊
- ပုစ္ဆာ (အမေး) - ၀ိသဇ္ဖနာ (အဖြေ) အားဖြင့်တစုံ၊
- သန္နိဋ္ဌာန် (ဆုံးဖြတ်ခြင်း) - သံသယ (ယုံမှားခြင်း) အားဖြင့် တစုံ၊
စသဖြင့် ပရမတ္ထတရားများကို အစုံလိုက် အစုံလိုက် ဟောကြားတော်မူသော ကျမ်းဖြစ်သည်။
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ပ-အမျိုးမျိုး၊ ဌာန-အကြောင်းတရား။
အကြောင်းတရား အမျိုးမျိုး (ကြောင်းကျိုးဆက် အမျိုးမျိုး) တို့ကို ဟောတော်မူသောကျမ်း ဖြစ်သည်။
ဓမ္မသင်္ဂဏီ စသော အထက်ပါ ၆-ကျမ်းကို ၂၄-ပစ္စည်းဖြင့် စက်လှည့်ပြီး ဉာဏ်တော်ကျက်စား ဟောကြားထားသည်။ ပဋ္ဌာန်းကျမ်းကြီးကို ဟောကြားတော်မူရာ၌ ဥဒ္ဒေသ (အကျဉ်း)၊ နိဒ္ဒေသ (အကျယ်)၊ ပဋိနိဒ္ဒေသ (ထပ်ဆင့်အကျယ်) တို့ဖြင့် အဆင့်ဆင့် ဟောကြားတော်မူသည်။
***
(ကိုးကား ။ ။ သာကီနွယ်၏ အဘိဓမ္မာကျင့်စဉ်မှ)

———————
လက်ရှိ ပိဋကတ် (၃)ပုံ မြန်မာပြန်မှာက ဓာတုကထာကျမ်း၊ ယမိုက်ကျမ်း နဲ့ ပဋ္ဌာန်းကျမ်း မပါသေးဘူး ။ ဒါကြောင့် အကိုတို့ လေ့လာဖို့ ခက်နေသေးတယ်။ ဒီအပြင် အဋ္ဌကထာနဲ့ ဋီကာ မပါဘဲနဲ့ လဲ လေ့လာလို့ မရဘူး။ မြန်မာပြန်ကို ဖတ်ကြည့်ပေါ့ ။ လက်ရှိမှာတော့ ဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ အရှင်ဆေကိန္ဒ (၂) ပါး တော့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာရှိတယ် ။ သင်တန်းအနေနဲ့ တက်မှပဲ ပိုသိမယ် ။ သင်တန်းကတော့ မမေဒါဝီ ၊ ဓမ္မဗျူဟာ ဒေါ်ခင်လှတင် ၊ဒေါက်တာမင်းတင်မွန် တို့ရဲ့ သင်တန်း တွေကို အင်တာနက်ပေါ်မှာ လေ့လာလို့ ရတယ်။ အကိုကြုံ ရတဲ့ အခက်အခဲတစ်ခုကတော့ သူတို့ ဝေပေးတဲ့ လက်ကမ်းစာစောင်ကို ကိုယ်က မရတော့ ဘယ်စာမျက်နှာမှာ ဘာကို ရှင်းနေတယ်ဆိုတာ ကို မသိပဲ ဖြစ်နေရတာပဲ ။
အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ၀ါတွင်း ( ၃ ) လ မှာ -
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)ကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက်
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။ ရက်အများဆုံးဟော ရတယ်ဆိုတာ သတိထားပါ။
နတ်ပြည်မှာ ဘုရားရှင် ရဲ့ နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာ ဟာလဲ အကြောင်းတစ်ခုလို့ ဆိုပါတယ်။ သာမာန်လူ စကား (၁)ခွန်းပြောရင် အရှင်အာနန္ဒာက (၈) ခွန်း ၊ ဘုရားရှင်က (၁၂၈) ခွန်းပြောနိုင်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ပါရမီဖြည့်စဉ် ကာလတလျောက်လုံး မုသားဝါဒ( ၀စီဒုစရိုက် -၄-ခုလုံးပေါ့ ) ကို လုံးဝ မပြောခဲ့တဲ့ သီလကောင်းမှုကြောင့် ဘုရားရှင်မှာ သွားတော် (၄၀) ရှိတဲ့ အပြင် အသံရဲ့ ကြည်လင်ပီပြင်ခြင်း ၊ လိုအပ်သူကို သာ ကြားစေခြင်း စသော ကောင်းကျိုးတွေပါ ရစေပါတယ်။
အကို တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက်… (ယမိုက်ကျမ်း-အရ)လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီ
လူ့ပြည် (၃) လ = တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ်
နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ အကိုတို့နဲ့ ရေတွက်ပုံ တူရင်ပေါ့ လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့ ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။
ဒါတွေက ပဋ္ဌာန်းနဲ့ ဆက်နွယ်နေတဲ့ ဖြစ်စဉ်တွေပေါ့ ။ မဆိုင်တာတွေပါ ပါနေပေမယ့် ဗဟုသုတရစရာတွေ မို့လို့ အကုန် ရေးပေးလိုက်တာပါ ။ ပဋ္ဌာန်းကို နောက်နေ့ပြောကြတာပေါ့။

———
ပဋ္ဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ ။ ။
ပဋ္ဌာန်း = ပ + ဌာန
ပ = အမျိုးမျိုးအစားစား များပြားသော
ဌာန = အကြောင်း (ဒီနေရာမှာ စာလုံးပေါင်းမူကွဲနေတာ သတိထားမိပါတယ်။ ဋ္ဌ နဲ့ ဌ ဖြစ်ပါတယ်။ စာအုပ်တော်တော်များများမှာ ပဋ္ဌာန်း ကို ဋ္ဌ နဲ့ ဖော်ပြပြီးတော့ ဌာန လို့ ပြန်ခွဲတာကိုတော့ ဌ နဲ့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ကြည့်တော့ ဋ္ဌ = ဋ + ဌ လို့ တွေ့ရပါတယ်။ ပ+ဌာန ကို သီဟိုဠ် ပါဠိ ပြင်လိုက်တော့ ပဋ္ဌာန်း လို့သာ မြန်မာ အက္ခရာနဲ့ ရေးရမယ်ဆိုပါတယ်။ ပဌာန်း လို့ မရေးကြရပါဘူး။ အရေးမကြီးလှပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲသွားမှာစိုးလို့ သတိထားမိပါတယ်။ ) ။
နောက် အမည်တစ်မျိုးကတော့ -
အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်း = အနန္တနယ + သမန္တ
အနန္တနယ = အဆုံးမရှိသောကျမ်း
သမန္တ = ထက်ဝန်းကျင်အဆုံးမရှိသော နည်းလမ်းတို့ဖြင့် တန်ဆာဆင်ထားသော ထက်ဝန်းကျင် ပြည့်စုံသောကျမ်း လို့ခေါ်ကြပါတယ်။
ဒီတော့ ပဋ္ဌာန်း ဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်း တရားများကို လေ့လာဟောကြားတဲ့ တရားတော်ဖြစ်ပါတယ်။
လောကကြီးမှာ ပညတ်သဘောအရ သတ္တလောက ၊ သြကာသ လောက ၊ သင်္ခါရ လောက ရယ်လို့ (၃)မျိုးရှိပါမယ်။ ဒီလောကတွေကို ပရမတ်အားဖြင့် ခွဲစိတ်ရင်တော့ ရုပ် နဲ့ နာမ် ( ၂ ) ပါးပဲ ရှိပါမယ်။ ဒီအထဲမှာမှ အကြမ်းအားဖြင့် နာမ် ကို ထပ်ခွဲတော့ စိတ် နဲ့စေတသိတ် (၂)မျိုး ထပ် ရှိမယ်။ ဒီတော့ သက်ရှိမှန်သမျှမှာ ရုပ်နဲ့ နာမ် ( တနည်း ) ရုပ် ၊ စိတ် ၊ စေတသိတ် တို့ ရှိနေပြီး ၊ သက်မဲ့မှာတော့ ရုပ်သာလျှင် ရှိပါမယ်။ လောကကြီးမှာ ရှိတဲ့ နိယာမတရား(၅)ပါးနဲ့ ထိတွေ့တဲ့ အခါ အချို့သော သက်မဲ့များဟာ သက်ရှိအလား ထင်မှတ်မှားရပါတယ်။ မွေးဖွားတယ် ၊ ကြီးရင့်တယ် ၊ အိုဟောင်းလာတယ် ၊ မျိုးပွားတယ် ၊ သေကြေပျက်စီးတယ် သဘောတွေ တူနေကြလို့ သက်မဲ့ ကို သက်ရှိ အဖြစ် အယူမှားတာတွေ ရှိခဲ့ ၊ ရှိနေကြတယ်။ အထင်ရှားဆုံးကတော့ သစ်ပင်တွေပေါ့ ။ နောက်တစ်ချက် ဒီ လောက (၃)ပါးမှာ အ၀ိဇ္ဖာနဲ့ တဏှာ ကို အရင်းခံပြီး ဥပါဒါန် ၊ ကံ (သင်္ခါရ) နဲ့ အာဟာရ တွေ ထောက်ပံ့ တည်ပေးနေသမျှကတော့ သတ္တလောက က သတ္တ၀ါတွေဟာ သြကာသလောကထဲက ဘုံ အမျိုးမျိုးမှာ ကျင်လည်နေကြရမှာပါပဲ ။ ဒီလို ဒုက္ခတွေ မွေးလိုက်၊သေလိုက်နဲ့ လည်နေတာကို သံသရာလို့ ခေါ်တာပါပဲ ။ ဒီလို လူဖြစ်လိုက် ၊ နတ်ဖြစ်လိုက် ၊ တိရ စ္ဆာန် ဖြစ်လိုက် ၊ အပယ်ရောက်လိုက်၊ ငရဲကျလိုက်ဖြစ်နေတာတွေဟာ ကိုယ် ပြုဖူးတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်တယ်။ ဘယ်တန်ခိုးရှင်တစ်ဦးတစ်ယောက်မှ ဖန်တီးပေးနေတာ မဟုတ်ဘူး။ အကြောင်းတရား ရှိခဲ့ လို့ ဒီလို အကျိုးတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ ပိုင်းခြားဟောထားတာကတော့ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် ပါပဲ ။

မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့ ရဲ့ ညဉ့်ဦးယံမှာ ရှေးက ခန္ဓာ စဉ်ကို ပြန်အောက်မေ့ သိရှိနိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ် ၊သန်းခေါင်ယံမှာ နတ်မျက်စိနဲ့ တူတဲ့ ဒိဗ္ဗစက္ခှုဥာဏ်တွေကို ရရှိပြီးတော့ အာသ၀က္ခာဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို အလွယ်တကူ မရပါဘူး။ ဒါကြောင့် ဘာမှားနေလဲ ဆိုပြီး ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ် နဲ့ ရှေး ဘုရားတွေကို ပြန် ကြည့်ပါတယ်။ ဒီအခါမှာ ရှေးရှေးကပွင့်တော်မူပြီးသော ဘုရားရှင်အားလုံးဟာ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် ကို ဆင်ခြင်ပြီးမှသာ ဘုရားဖြစ်တော်မူကြကြောင်း သိတော်မူပြီး အနုလောမ ၊ ပဋိလောမ အားဖြင့် ဆင်ခြင်နှလုံးသွင်းပါတယ်။ ဒါကြောင့်လဲ မိုးသောက်ယံမှာ အာသ၀က္ခယဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို ရရှိပြီး ဗုဒ္ဓ အဖြစ်ရောက်တော်မူပါတယ်။ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော်ဆိုတာကလည်း ခန္ဓာဥာဏ်ရောက် သဘောပေါက်အောင် ဟောရ ၊ရေးရမယ်ဆိုရင် ခက်လွန်း ၊ ပရိယာယ် များလွန်းလို့ ၀ိသုဒ္ဓမဂ် အဋ္ဌကထာကို စီရင်ရေးသားတဲ့ အရှင်ဗုဒ္ဓဃောသ ကိုယ်တော် ကြီး ကတောင် သမုဒ္ဒရာပြင်ကျယ် ရေပင်လယ်မှာ ယုန်သူငယ် ခြေထောက်လို့ မမီနိုင်သလိုပဲလို့ ညည်းတော်မူခဲ့ရပါတယ်။ ဘုရားရှင်တောင် ပဋိစ္စ သမုပ္ပါဒ်ကို ဆင်ခြင်ပြီးမှ ဘုရားဖြစ်တယ်ဆိုတော့ ကနေ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူ ၀ိပဿနာ ယောဂီတိုင်း ၀ိပဿနာကျင့်စဉ် ၊ သစ္စာတရား နဲ့ ပဋိစ္စ သမုပ္ပါဒ်ကို ယှဉ်တွဲ သွားမှသာ လမ်းမှန်မယ်လို့ ဆိုရပါမယ်။ ပရိညာ (၃) ပါး ရှိတဲ့ အထဲမှာ ဥာတပရိညာ နဲ့ ဒိဋ္ဌိဖြုတ်မှုကို ရှေ့တန်းတင်ရပါမယ်။ တိရဏ ပရိဥာကို ရှေ့တန်းတင်ပါက ရှေ့နောက်လွဲပြီး တရားမရဖြစ်နေတတ်ပါတယ်။
ပဋိစ္စ သမုပ္ပါဒ်ကို နားမလည်ပါက ဒိဋ္ဌိကို ဥာတပရိညာ (အသိ) နဲ့ တောင် ခွာမရတော့ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင် မိစ္ဆာ ဒိဋ္ဌိတွေ ဖြစ်နေကြဦးမှာပေါ့ ။ပဋိစ္စ သမုပ္ပါဒ်ကို နားလည်ရင်တော့ အဟေတုက ၊ နတ္ထိက ၊ အကိရိယ ဟူသော နိယတ မိစ္ဆာ ဒိဋ္ဌိ (၃)ပါးမှ စပြီး အားလုံး (၆၂)ပါးသော မိစ္ဆာ ဒိဋ္ဌိများကို ဥာတပရိညာ (အသိ) နဲ့ ကင်းစင်စေပါမယ် ။ ပိဋကတ်တော်တွေမှာ ရှိတဲ့ အခြားအခြားသော သုတ္တာန် များ ၊ ဓမ္မများကို တဦးတယောက်က ၀င်ရေးသွားခဲ့တာ လို့ ပြောရင် ပြောနိုင်လိမ့်မယ်။ အငြင်းပွားစရာ ရှိနိုင်တယ်။ သစ္စာတရား ၊ ပဋိစ္စ သမုပ္ပါဒ် နဲ့ ပဋ္ဌာန်း ကိုတော့ မည်သူမျှ ကြားဝင် စဉ်းစားနိုင်သော တရားမဟုတ်ပါ ။ ဘုရားရှင်ကိုယ်တိုင် သဗ္ဗညုတ ဥာဏ်တော်နဲ့ ဖော်ထုတ်ဟောပြောခဲ့သော တရားစစ်စစ်များဖြစ်ကြောင်း ခေတ် အဆက်ဆက် ထောက်ခံခဲ့ကြပါတယ်။
ပဋိစ္စ သမုပ္ပါဒ် က အကြောင်းအကျိုး ဆက်နွယ်မှုကို ပြတယ် ။ ဒီအကြောင်းတွေ ကြောင့် ဒီ အကျိုး ပေါ်လာတယ် ၊ ဒီအကြောင်းမရှိရင် ဒီအကျိုးအပေါ်ဘူး။ ဒီအကြောင်းချုပ်ရင် ဒီအကျိုးချုပ်မယ်။ စသည်ဖြင့် ရှင်းလင်းဟောကြားထားတယ်။ သုတ္တန် ဒေသနာ နည်းနဲ့ဟော ပါတယ်။
ဒီတော့ အကျိုးဖြစ်နေတာတွေကတော့ သိပါပြီ။ ဒီအကျိုးပေါင်းစုံကို ဖြစ်စေတဲ့ အကြောင်းတရား တွေနဲ့ သူတို့ရဲ့ စွမ်းအင်တွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ မြတ်စွာဘုရားရှင်က ပဋ္ဌာန်းမှာ ဟောကြားပါတယ်။ ပဋ္ဌာန်းကိုတော့ အဘိဓမ္မာနည်း နဲ့ ပရမတ္တ တိတိကျကျ ခွဲခြားပြီးဟောပါတယ်။ ဒါကြောင့် ပဋ္ဌာန်းဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်းတရား လို့ အဓိပ္ပါယ်အားဖြင့်လဲ ပေါ်လွင်လာပါတယ်။

ပဋ္ဌာန်းကို(၃)မျိုးခွဲလေ့လာကြပါတယ်။
(၁) အမျိုးမျိုးအစားစား များပြားသော အကြောင်းတရားများ
(၂) ကုသိုလ်တရား ၊ အကုသိုလ်တရားများ ကိုဖန်တီးခြင်း
(၃) ကုသိုလ်တရား ၊ အကုသိုလ်တရားများမှ နောက်ဆက်တွဲ ဖြစ်စဉ်များ ဖန်တီးခြင်း ။ အကြောင်းတရားပေါင်းများစွာထဲက အထင်ရှားဆုံး ရွေးထုတ်တဲ့အခါ (၂၄)ပါးထွက်လာပါတယ်။ အခြားသော အကြောင်းတရားများကိုပါ ပေါင်းရင် အများကြီး ရှိပါသေးတယ်။ ဒါကြောင့် ပဋ္ဌာန်းတရားတော်ဟာ သဗ္ဗညုတ ဥာဏ်တော်နဲ့ သာ ပြီးပြည့်စုံအောင် သိနိုင်ပါမယ်။
ဒီတော့ လေးနက်ကျယ်ပြန့်မှု အရ ပဋ္ဌာန်းကျမ်းကို(၃)မျိုးခွဲကြပါတယ် ။
(၁) အတိဝိတ္ထာရ ဒေသနာ
(၂) အတိသင်္ခေပဒေသနာ
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ဆိုပြီး ခွဲပါတယ်။
(၁)အတိဝိတ္ထာရ ဒေသနာ ဆိုတာ အရမ်းကို ကျယ်ပြန့်လွန်းတယ် ၊ မြတ်စွာဘုရား တာဝတိသာမှာ ဟောတဲ့ အပြည့်အစုံပဋ္ဌာန်း ဖြစ်တယ်။
(၂) အတိသင်္ခေပဒေသနာ ဆိုတာ အလွန်ကျဉ်းတဲ့ဒေသနာ နတ်ပြည်မှာ အသံမစဲ တရားဟောနေရာကနေ နိမ္မိတရုပ်ပွားတော်ကို တရားဆက်ဟောနေစေပြီး လူသားစစ်စစ်ဘုရားရှင် ခန္ဒာဝန်ဆောင်ဖို့ လူပြည်ကိုဆင်းပြီး ၀တ်ပြုတဲ့ အရှင်သာရိပုတ္တရာကို ဟောတဲ့ ဒေသနာတော် ဖြစ်ပါတယ်။ (ဖြစ်စဉ်ကို အရှေ့မှာ ရေးပြီးပါပြီ ၊ ပြန်ဖတ်လိုက်ပါ) ။ အလွန်အတိုချုပ်ဟောပေမယ့် အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာနဲ့ တန်ဆာဆင်ပြီး အကျယ်သိနိုင်ပါတယ်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ကတော့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော တရားတော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကတော့ အရှင်သာရိပုတ္တရာက မိမိတပည့် ရဟန်း (၅၀၀)ကို့ ပြန်ဟောတဲ့ တရားဖြစ်ပါတယ်။ လက်ရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ သင်ကြားဟောပြောနေတဲ့ ပဋ္ဌာန်းဟာ အရှင်သာရိပုတ္တရာက ပြန်ဟောတဲ့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော ပဋ္ဌာန်းတရားတော် ဖြစ်ပါတယ်။ ဘုရားရှင်ပဋ္ဌာန်းကို ဟောပုံ၊ဟောနည်းကလည်း (၃)မျိုးရှိပါတယ်။
(၁) ပု စ္ဆာ ၀ါရ = အမေး
မြတ်စွာဘုရားဟောတဲ့ ပဋ္ဌာန်းဟာ ဘယ်လောက်ကျယ်ပြန့်သလဲဆိုရင် အမေးပုစ္ဆာပေါင်း ၄၀၄၉၄ ကုဋေ ၊ ( ၈ ) သန်း၊ ( ၅ )သိန်း ၊ ( ၃ )သောင်း ၊ ( ၃ )ထောင် ၊ ( ၂ ) ရာ ၊( ၄ )ဆယ့် ( ၈ ) ရှစ် ရှိတယ်လို့ ဆိုပါတယ်။
အမေးပု စ္ဆာပေါင်း ဂဏာန်းဖြင့် - (၄၀၄၉၄ ၈၅၃ ၃၂၄၈) ပု စ္ဆာ ရှိတယ်။
အဲဒီတော့ လူတစ်ယောက်က တစ်နေ့ကို အမေးပု စ္ဆာပေါင်း တစ်သိန်း (၁၀၀ ၀၀၀) ကို ရွတ်ပြီး ဘုရားရှင်ကို ပူဇော်မယ်ဆိုရင် ( ပဋ္ဌာန်းတစ်ခုတည်းနော်၊ အဘိဓမ္မာ (၇) ကျမ်းလုံးထဲက မဟုတ်ဘူး) အဲဒီလူ နှစ်ပေါင်း ၁၀၀၀၀ ရွတ်မှာ အမေးပုစ္ဆာတွေ ကုန်နိုင်မယ်လို့ ကျမ်းပြု ဆရာတော်တွေ တင်စားရေးသားကြတယ်။ ဒီအမေးပုစ္ဆာတွေကို ပုံနှိပ်မယ်ဆိုရင်လည်း စာရွတ်လောက်မှာ မဟုတ်ဘူးတဲ့ ။
(၂) ၀ိသဇ္ဖနာဝါရ = အဖြေ
အမေးတောင် ဒီလောက်များတာ အဖြေကတော့ ပြောမနေတော့ဘူး။
(၃) သခ်ာၤ ၀ါရ = သရုပ္ခြဲ
သရုပ်ခွဲပြီး ချဲ့ ဦးမယ် ဆိုရင်တော့ ဘာပြောကောင်းမလဲ ။
ဒါကြောင့် ပဋ္ဌာန်းကို
မဟာ ပကရဏကျမ်း လို့လဲခေါ်တယ်။
မဟာ = ကြီးကျယ်
ပကရဏ = ခမ်းနားခန့် ငြား ဒါကြောင့်လဲ သံဃာယနာတွေမှာ ပဋ္ဌာန်းကို အတိုဆုံးချုပ်ပြီးသာ ချန်ပြီးတင်ပါတယ်။
(၃)မျိုးအားဖြင့် ခွဲခြားဝေဖန်ကြပါတယ်။-
ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်း ဝေဖန်ခြင်း
ပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ = ပစ္စည်း + အကျယ် ဝေဖန်ခြင်း
ပရိ နိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း ။
သံဃာယနာဆဋ္ဌမူအရ ကိုပဲ အကျယ်ဝေဖန်မယ်ဆိုရင် အမေးပုစ္ဆာ တစ်ခုကို ကျယ်ကျယ်ပြန့်ုပြန့် ရှင်းလင်းဖြေကြားနိုင်ဖို့ ကျမ်း ( ၃၀ ) အုပ် ၊ ရွက်ရေ ( ၄၀၀၀ )ကျော် ရိုက်မှ ရမယ်။ အမေး ကုဋေ (၄၀၀၀၀)ကျော်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ပဋ္ဌာန်းအကျယ်ကို အသံမစဲ ပူဇော်ကြတော့ ဆရာတော်တွေက ပ၊ပ၊ပ ၊လ၊လ၊လ စသည် အတိုတွေကို ရွတ်သွားကြတာရှိတယ်။ ဒါကို မြုပ်ပြီးဆိုတာ ၊ ညှို့တယ်လို့လဲ ပြောကြတယ်။ အကျယ်သိချင် ဖော်ပြီးကြည့်ရမယ်လို့ ဆိုလိုတယ်။

အဲဒီလို မတရားချုံ့ ထားတဲ့ ဟာတောင် ပဋ္ဌာန်းက (၅)ကျမ်းရှိတယ် ။ (၅) အုပ်ပေါ့ ၊စာမျက်နှာ - ၂၆၄၀ ရှိတယ်။ အချိန် (၁၃၂)နာရီရွတ်ရမယ်။
ကျမ်းကြီးအနေနဲ့ ကတော့ ပဋ္ဌာန်းကျမ်းကြီး (၄)မျိုး ရှိပါတယ်။
၁- ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း
၂- ဓမ္မပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း
၃- ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ကျမ်း
၎- ဓမ္မပစ္စနီယာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဆိုပြီး ဟောပုံ ဟောနည်းအရ ကျမ်း (၄)မျိုးရှိပါတယ် ။ဒီတော့ အားလုံးက အကျဉ်းအားဖြင့် (၂၄ )ကျမ်း ရှိတယ်။
ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ကို အကျယ်အားဖြင့် ဒီလို ပြန်ခွဲနိုင်ပါတယ် ။
၁- ဓမ္မာနုလောမ တိက ၂၂ ၊
၂- ဓမ္မာနုလောမ ဒုက ၁၀၀ ၊
၃- ဓမ္မာနုလောမ ဒုက တိက ၆၆၀၀ ၊
၎- ဓမ္မာနုလောမ တိက ဒုက ၄၄၀၀ ၊
၅- ဓမ္မာနုလောမ တိကတိက ၁၃၈၆ ၊
၆- ဒုက ဒုက ၁၉၈၀၀ဆိုပြီး ရှိပြန်တယ် ။ ဒါကြောင့် အကျယ် မှာ ဓမ္မာနုလောမ ပဋ္ဌာန်းအတွက် ၃၂၃၀၈ကျမ်း ဖြစ်ပြန်တယ်။
ဒီတော့ ပြည့်ပြည့်စုံစုံ လေ့လာဖို့ အကျဉ်းချည်းပဲ ၆ * ၄ = ၂၄ ကျမ်း ၊ အကျယ်အားဖြင့် ၃၂၃၀၈ * ၄ ဆိုတော့ အားလုံး ၁၂၉၂၃၂ ကျမ်း …ရှိမယ်။ ကြည့်ပါဦး ၊ဘယ်လောက်များတယ်ဆိုတာ ၊ ဘယ်လိုများ အကုန်လေ့လာနိုင်မလဲ ။
အင်မတန်ကို ဥာဏ်ကြီးသူတွေ ပဲ နာကြားနိုင်တဲ့ တရားတော်ကြီးပါပဲ ။
ပဋ္ဌာန်းရဲ့ နက်နဲမှုမှာလဲ (၄)မျိုးရှိပြန်တယ်။ ဂမ္ဘီရ (၄) မျိုး လို့ ခေါ်ပါတယ် ။
ဓမ္မ ဂမ္ဘီရ =ဝေါဟာရ စကားလုံးနက်နဲခြင်း
အတ္ထ ဂမ္ဘီရ = အနက်အဓိပ္ပါယ် နက်နဲခြင်း
ဒေသနာ ဂမ္ဘီရ =ဟောပုံဟောနည်း နက်နဲခြင်း
ပဋိဝေဒ ဂမ္ဘီရ = ထိုးထွင်းသိမြင်နိုင်မှု နက်နဲခြင်း တို့ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော် ကိုနာကြားပြီးချိန်မှာတော့ နတ် ဗြဟ္မာ ကုဋေ ( ၈၀ ၀၀၀ ) ကျွတ်တမ်းဝင် ၊ လူပြည်က ရဟန်း ၅၀၀ - ရဟန္တာ ဖြစ် တယ်လို့ ဆိုပါတယ်။ အခြားသာဓကတွေနဲ့ ပဋ္ဌာန်းဘာလို့ တန်ခိုးကြီးရကြောင်းကိုတော့ ဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ အခြေပြုပဋ္ဌာန်းစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။
ရွတ်ဆိုခြင်းမှာတော့ အသံကို အများနဲ့ဆိုရင်လဲ အားလုံး ညီ အောင် ၊ ပီ အောင် ၊ ကြည်အောင် ရွတ်ဆိုမှ အကျိုးပိုများမယ် လို့ ဆိုပါတယ်။ (ဥပမာ - ပစ္စယော = ပျစ်စယော မဟုတ် -ျ အသံ မပါစေရ ၊၊ ရ (လျှာလိပ်) နဲ့ ယ အသံခွဲ ၊ အင်ညမင်ည ၊ ဿ = နိဿယ = နိတ်သယ ၊ အ-ရူပ (ခွဲပြီးရွတ်) ၊ အ-၀ိဂတ ၊ အိန်ဒရိယ…စသည် )…
ဟေတု စတဲ့ ပစ္စည်း တစ်ခုခြင်းတွေကိုတော့ မရေးတော့ဘူး။ ဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ အရှင်ဆေကိန္ဒ (၂) ပါး တော့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာ စာအုပ်နဲ့ တရားတော်တွေ ရှိတယ် ၊ ဓမ္မဗျူဟာ ဒေါ်ခင်လှတင် ၊ဒေါက်တာမင်းတင်မွန် တို့ရဲ့ တရားတွေ ရှိမယ်။
ဆွေးနွေးချင်တာရှိသေးရင်တော့ ကျွန်တော် ထပ်ရှာပြီး ရေးပေးပါမယ်။

ချမ်းသာကြပါစေ ။
Solomon
Credit to solomonn (ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ) by Pathana (solomonn)

Monday, January 18, 2016

လျှူတန်းခြင်း၏ အကျိုးများ

- ယခုဘ၀၌ ပင် လူအများ၏ ချစ်ခင်မြတ်နိုးမူကို ခံရခြင်း၊
- သူတော်ကောင်းတို့၏ ချီးမြှောက်မူကိုရရှိခြင်း၊ ဂုဏ်သတင်းေးကျာ်ကြားခြင်း၊ ပရိသတ်အလယ်၌ ရဲရင့်ခြင်း
- သေလွန်သောအခါ၌သုဂတိသို့ ရောက်ရှိခြင်း
- ဖြစ်လေရာဘ၀တိုင်းတွင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ အခြံအရံပေါများခြင်း စသောအကျိုးကျေးဇူးများခံစားရ၏။

လှူတန်းခြင်း(၃)မျိုး
- မိမိ၏ပိုင်ဆိုင်သောပစ္စည်းဒါန၊
- မိမိတတ်ထားသောလောကီအတတ်ပညာကိုသင်ကြားပေးလှူခြင်းဒါန၊
- မိမိသိထားသောလောကုတ္တရာဆိုင်ရာဓမ္မအသိကိုပေးလှူခြင်းဒါန၊

ဗုဒ္ဓအလိုကျဒါနပြုနည်း....
၁။ ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရားပြည့်ဝစွာလှူခြင်း၊
၂။ အလှူခံပုဂ္ဂိုလ်အားရိုရိုသေသေလှူခြင်း၊
၃။ အလှူခံပုဂ္ဂိုလ်၏လိုအပ်မှုကိုလှူခြင်း၊
၎။ လှူပြီးဝတ္ထုကို မနှမျှောခြင်း၊
၅။ မိမိအလှူကြောင့်အခြားသူတို့အားမထိခိုက်ခြင်း။

လှူတန်းပုံ (၈) မျိုး
၁။ အာသဇ္ဇဒါန - ရောက်ဆဲခဏ၌ ပေးလှူခြင်း၊
၂။ ဘယဒါန - သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေး ၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍လှူခြင်း၊
၃။ အတီတာပေက္ခဒါန - ငါ့အား ပစ္စည်းဝတ္ထုကို ပေးဘူးသောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၎။ အနာဂတာပေက္ခဒါန - ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောင်ငါ့အား တစ်စုံတစ်ခုသော ၀တ္ထုကို ပေးလတ္တံ့........ ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၅။ သာဟုဒါန - ဒါနဟူသည် ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၆။ နာရဟဒါန - စားနိုင်သောသူသည် ၊ မစားနိုင်သောသူ ( မစားရသူ ) အားမပေးပဲ မနေထိုက်ဟု ပေးလှူခြင်း ၊
၇။ အဗ္ဘုဂ္ဂစ္ဆဒါန - ဤအလှူကိုပေးလှူသည်ရှိသော် ကောင်းသောကျော်စောသံသည် လွှမ်းမိုး၍ တက်လတ္တံ့ .. ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၈။ စိတ္တာလင်္ကာရဒါန - ၀ိပဿနာ စိတ်၏တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။

ကာလဒါန ( ၅ ) ပါး
၁။ အာဂန္တုက ဒါန ... ဧည့်သည်ဖြစ်သော ရဟန်းကိုလှူခြင်း၊
၂။ ဂမိက ဒါန ... ခရီးသွားဖြစ်သော ရဟန်းကိုလှူခြင်း၊
၃။ ဂိလာန ဒါန ... နာဖျားသော ရဟန်းကိုလှူခြင်း၊
၎။ ဒုဗ္ဘိက္ခဒါန ... ငတ်မွတ်ရှားပါးသော ကာလ၌ လှူဒါန်းခြင်း၊
၅။ န၀သဿ န၀ဖလ ဒါန ... ကောက်ဦး ၊ သစ်သီးဦးတို့ကို လှူဒါန်းခြင်း။


အလှူခံပုဂ္ဂိုလ်(၁၄)ဦး
(၁)တိရစ္ဆာန်
(၂)သီလမရှိသောပုဂ္ဂိုလ်
(၃)သီလရှိသောပုဂ္ဂိုလ်
(၄)ဈာန်ရပုဂ္ဂိုလ်
(၅)သောတပတ္တိမဂ္ဂဠာန်ပုဂ္ဂိုလ်
(၆)သောတပတ္တိဖလဠာန်ပုဂ္ဂိုလ်
(၇)သကဒါဂါမိမဂ္ဂဠာန်ပုဂ္ဂိုလ်
(၈)သကဒါဂါမိဖလဠာန်ပုဂ္ဂိုလ်
(၉)အနာဂါမိမဂ္ဂဠာန်ပုဂ္ဂိုလ်
(၁၀)အနာဂါမိဖလဠာန်ပုဂ္ဂိုလ်
(၁၁)အရမာတ္တမဂ္ဂဠာန်ပုဂ္ဂိုလ်
(၁၂)အရမာတ္တဖလဠာန်ပုဂ္ဂိုလ်
(၁၃)ပစ္စေကဗုဒ္ဓါ
(၁၄)မြတ်စွာဘုရားရှင် တို့ဖြစ်ပါတယ် ။

အကျိုးကြီးသော ဒါနဖြစ်ရန် -
အလှုရှင်ဘက်မှရှိရမည့် အင်္ဂါရပ်(၃)ရပ်
(၁) မလှုမီ ရှေ့အဖို့က ကြိုတင်ဝမ်းမြောက်ခြင်း၊
(၂) လှုဆဲအခါမှာ စိတ်စေတနာကောင်းစွာ ကြည်လင်ခြင်း၊
(၃) လှုဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သောစိတ်ရှိခြင်း

အလှူခံဘက်မှရှိရမည့် အင်္ဂါရပ်(၃)ရပ်
(၁) ရာဂကင်းပြီးသူ (သို့မဟုတ်) ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၂) ဒေါသကင်းပြီးသူ (သို့မဟုတ်) ဒေါသကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၃) မောဟကင်းပြီးသူ (သို့မဟုတ်) မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း

အပြည့်အစုံအားဖြင့်-
(၁) အလှုဒါယကာ သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၂) အလှုခံပုဂ္ဂိုလ်ကလည်း သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၃) လှုဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာမှီး၍ ရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်း ဖြစ်ခြင်း၊
(၄) ပေးလှုသူသည် စေတနာသုံးတန် ထက်သန်ခြင်း၊
(၅) ကံ, ကံ၏အကျိုးကို ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံခြင်း တို့ဖြစ်သည်။

Sunday, December 20, 2015

မြန်မာဘုန်းကြီးကျောင်းလိပ်စာများ (ပြည်ပ)

MYANMAR TEMPLES IN AUSTRALIA
~~~~~~~~~~~~~~~~~~~~~~
Burmese Buddhist Center
26 Vickliffe Avenue, Campsie, NSW 2194
Tel: 61 (02) 9789 5904

Buddhist Society of the ACT
245 Goyder Street ACT 2604
Tel: 61 (02) 6239 7194

Dhamma Sukha Meditation Center
69 Glendale Road Springvale 3171 Victoria
Phone/ Fax: 61 (03) 9512 5333
26 Vickliffe Avenue, Campsie, NSW 2194
Tel: 61 (02) 9789 5904

Kabaraye Buddhist Monastery
71-73 Churchill Park Drive, Endeavour Hills, VIC 3802
Tel: 61 (03) 8774 4924

Panditarama Melbourne Meditation Center
51 Hope Street, Springvale, VIC 3171
Tel: 61 (03) 9574 1816

Panditarama Sydney Meditation Center
18, Hilwa Street, Villawood, NSW 2163 Sydney
Tel: 61 (02) 9727 2077

Sasana Daja Buddhist Temple
49 Bombay Street, Lidcombe NSW 2141
Tel: 61 (02) 9649 8124

Sydney Burmese Buddhist Vihara
65 Orchardleigh Street, Yennora, NSW 2161
Tel: 61 (02) 9721 3543

Tisarana Vihara
21 Ashby close Forrestfield, WA 6058
Tel: 61 (08) 9454 2644

International Buddhist Center
37/Park Side Cres, Leanyer Darwin, NT 0812
Tel: 61 (04) 3917 2864

MYANMAR TEMPLES IN BANGLADASH
~~~~~~~~~~~~~~~~~~~~~~~
Aggameda Myanmar Monastery, Cox's Bazar (Phalaungcheik)
Nat Nagamin Lake Monastery, Tadagyi Village,Ywadaw.
Than Byu Kyaung , Nila village, Tetkhnat, Cox Bazaar District.

MYANMAR TEMPLES IN CANADA
~~~~~~~~~~~~~~~~~~~~
Myanmar Buddhist Temple
69, Martin Valley Road N.E Calgary, AB T3J4L9
Tel: 1 (403) 568 7205

Maha Dhammika Temple
12 High Meadow Place , Toronto ON M9L2Z5
Tel: 1 (416) 747 7879

Manawmaya Monastery
13260-108 Ave, Surrey.BC V3T 2J6
Tel: 1 (604) 951 9054

Buddha Ramsi Temple
6700 No. 4 Road, Richmond. BC V6Y 2S9 CANADA
Tel: 1 (604) 207 0068

Mon Buddhist Temple
108 ABINGDON COURT NE CALGARY,
AB, T2A 6S5, CANADA
Tel: 1 (403) 719 2852

Mettavihari Burmese Buddhist Temple
115 Witney Ave South Saskatoon
SK S7M 3K1 Canada
Tel: 1 (306) 382 0461

MYANMAR TEMPLES IN CHINA
~~~~~~~~~~~~~~~~~~~
Macau Monastery
EDF.IAO HEI, BL-1, 4 ANDAR {F}, NO.95, RUA DE KUN IAM TONG, MACAU
Tel: 86 (853) 28451193

MYANMAR TEMPLES IN FRANCE
~~~~~~~~~~~~~~~~~~~
U Kumara Association Bouddhiste Birmane
63 Avenue Maurice Thorez 94200 Ivry sur seine France.
Tel: 33 (0) 146717240, 33 (0) 677463943

MYANMAR TEMPLES IN GERMANY
~~~~~~~~~~~~~~~~~~~~
Buddha Sasana Ramsi Monastery
e.V Grosse Rittergasse 101 60594 Frankfurt Am Main Germany.
Tel: 49 (69) 569 93 633


MYANMAR TEMPLES IN DENMARK
~~~~~~~~~~~~~~~~~~~~~
Buddha Ramsi
Darumvej 74.6740 Bramming, Esbjer Denmark.
Tel: 45 96712071, 45 75220532

MYANMAR TEMPLES IN INDIA
~~~~~~~~~~~~~~~~~~
Burmese Buddhist Temple
No.10A, Eden Hospital Road, Calcutta, India
Tel: 273731

Burmese Buddhist Temple
P.O. Box Budhagaya, Dist. Gaya, Bihar, India
Tel: 0063 18 1721

Burmese Buddhist Temple
P.O. Box Sarnath-221007, Varanasi, U.P. India
Tel: 385009

Burmese Buddhist Temple
P.O. Box Kushinagar, Dist. Deoria, U.P. ,India
Tel: 05563 7135

Burmese Buddhist Temple
International Road, P.O. Sravasti,
Dist. Bahraich, U.P. , India
Tel: 271845

Burmese Buddhist Vihara
Road No. 10-D, Rajendra Nagar,
Patna-16, Bihar, India
Tel: 0612 666626

Dhammachakra Meditation Center Buddha Vihara
Baraipor, Sarnath Varanasi Uttar Pradesh, India
Tel: 91 542 2595716

Russa Road Young Buddhist Student Literacy Mission Bodhi Sukkha School
Kathore, Badu post, Barasat, Kolkata-70000128 Dist:
North (24) Parganas West Bengal, India
Tel: 91 9830276407(Vice president), 91 92307 02118 (office)

MYANMAR TEMPLES IN JAMAICA
~~~~~~~~~~~~~~~~~~~~
Dhammadipa Vihara
1 Duquesnay Ave, Kingston, Jamaica
Tel: 1 (876) 960 3214

MYANMAR TEMPLES IN JAPAN
~~~~~~~~~~~~~~~~~~
Dhammadipa Japan-Myanmar Monastery
2F, 1.3.4, Nakai, Shinjuku-ku, Tokyo 161, Japan.
Tel: 81 (03) 5385 5924

Myanmar Culture & Warefare & Associaton (MCWA)
Nakacho 39-1, Itabashi-ku, Tokyo 173-0022, Japan
Tel: 81 (03) 3973 3348

MYANMAR TEMPLES IN KOREA
~~~~~~~~~~~~~~~~~~~
Myanmar Buddhist Center
1-36, Gahoe-Dong, Jongno-Gu, Seoul, Korea
Tel: 82 (02) 762 5302, 011-9983-5302

Myanmar Buddhism Propagation Monastery
No.669-2 (4th floor), Buphyeong 6 Dong,
Bupyeong Gu, Incheon City, R.O.K
Tel: 82 (32) 511 2841

Cittasukha Myanmar Monastery
No.1780-3, Singdang-dong, Dalseo-gu, Daegu, Korea
Tel: 704 922 82 53 295 922

Pyidawoo Korea-Myanmar Buddhist Center
148-4 Samick Beach Apt. 213-Dong,
205 Ho Namcheon 2-Dong, Suyesong-gu Pusan Metropolitan City, Korea
Tel: 82 (070) 8741 7002

Dhammaduta Buddhist Center
3&4 Floor of 534-155, Bupyeong 1 Dong,
Bupyeong Gu, Incheon City, Korea (403-011)
Tel: 82 (032) 521 5586

MYANMAR TEMPLES IN MALAYSIA
~~~~~~~~~~~~~~~~~~~~~
Nyaung Kan Aye Meditation Center
No.10-2-5&10-3-5, Jalan Sri Jarti 2,077 Jalan,
Puchong,Taman Sri Jati 582000, KUALA LUMPUR Malaysia
Tel: 60 (03) 7782 8800

Ashokarama Temple (1)
19- 3, Jalan Bandar Enam Belas, Pusat Bandar Puchong,
47100 Puchong, Selangor Darul Ehsan, Malaysia
Tel: 60 (3) 5882 4300

Ashokarama Temple (2)
4131/ u/19/ Kg Baru, Su Gai Buloh 47000 Selangor, Malaysia
Tel: 60 (3) 6156 6273

Dhamma Rakhita Buddhist Temple
No.7-2,Jalan Bulan Bulan F U 5/F Bandar Pinggiran Subang Seksyen U 5,
40150 Shah Alam Selangor Darul Ehsan Malaysia
Tel: 60 (3) 7848 3400

Dhammikarama Burmese Buddhist Temple
No.24, Lorong Burma, 10250 Pulau Pinang, Malaysia .
Tel: 60 (4) 2269575

Ratanarama Buddhist Temple
N0.30, SS2/ 72 47300 Petaling Jaya, Selangor, Malaysia.
Tel/Fax: 60 (3) 7727 1193

Ratanacakka Buddhist Center
No.18, Jalan Mahkota, Taman Iskandar 80050, Johor Bahru, Malaysia.
Tel: 60 (07) 3321016, 60 (01) 6438 0617

Mettavihara Meditation Center
No.214 Jalan 9, Kampung Baru, Sungai Chua 43000 Kajang, Malaysia.
Tel: 60 (3) 8733 7743

MYANMAR TEMPLES IN NEPAL
~~~~~~~~~~~~~~~~~~
IBMC
P.O. Box 352, Buddha Marga, Sankhamul, Kathmandu, Nepal
Tel: 977 (1) 482707

Panditarama Lumbini International Vipassana Meditational Center
Siddhartha Nagar, Bhairawa, Lumbini, Nepal

MYANMAR TEMPLES IN NETHERLANDS
~~~~~~~~~~~~~~~~~~~~~~~~
Stichting Panna Ramsi Vihara
Van Beekstraat 102A 1121NS Landsmeer The Netherlands
Tel: 31 (0) 020 4822733

Dhammaceti Mon Buddhist Center
Kopspoorstraat 97 2908 BB Capelle Aan Den Ijseel The Netherlands
Tel: 31 685019700

Metta Dhamma Vihara
Straatweg 106B, 3604BD, Maarssen, The Netherlands
Tel: 31 346 7951 88

MYANMAR TEMPLES IN NEW ZEALAND
~~~~~~~~~~~~~~~~~~~~~~~~
Bodhi Nyana Rama Monastery
15-17, Stokes Valley, Lower Hutt, Wellington, New Zealand

Ratanadipa Buddhist Temple
3075 (A) Great North Road, New Lynn Auckland 0600 New Zealand.
Tel: 64 (09) 826 3490

MYANMAR TEMPLES IN SINGAPORE
~~~~~~~~~~~~~~~~~~~~~
SATIPATTHANA MEDITATION CENTRE ( SAYADAW U RAJINDA )
40, JALAN MALUMALU, SINGAPORE 769657
TEL: 67589488
Website: www.smcmeditation.org
Email: sati_patthana@yahoo.com.sg

MAHAMUNI BUDDHIST SOCIETY ( SAYADAW U THUPIYA )
264, WESTWOOD AVE, SINGAPORE 648464
TEL: 6777 7018

JAYAMANGALA BUDDHIST VIHARA ( DAYADAW U VICITTA )
23, JALAN MAS PUTEH, PASIR PANJANG GARDENS, SINGAPORE 128 628
TEL: 6778 1678

PA AUK MEDITATION CENTRE, SINGAPORE ( SAYADAW U UKKANSA )
15, TEO KIM ENG ROAD, SINGAPORE 416385
TEL: 6611 9242

VARADHATAS RATANARAMA ASSOCIATION ( U THERAVAMSA )
59, LORONG 4, GEYLANG, SINGAPORE….
TEL: 6748 7352

VIPASSANA MEDITATION CENTRE ( VEN. PANNANANDA )
1, PAYA LEBAR WALK, SINGAPORE 535 926
TEL: 6445 3984

DHAMMA GARDEN BUDDHIST SOCIETY ( U PANDAVACARA )
2, JALAN KERAYONG, SAMBAWANG STRAITS ESTATE, SINGAPORE 9734 1415
TEL: 6405 5322

OXFORD BUDDHA VIHATA, SINGAPORE ( VEN. VAYAMINDA )
36, PHOENIX GARDEN, SINGAPORE 668302
TEL: 6689 3359
Email: obvsin@gmail.com
Website: oxfordbuddhaviharasin.org

Nyaung Kan Aye Dharma Society
Blk 231 Yishun Street 21, #10-404
Singapore 760257
Tel: (+65) 8414 0977, (+65) 6482 6275
Email : admin@nyaungkanaye.sg; ashinvisuddha@gmail.com

Burmese Rest
No. 270, Trincomalee Street, (New Trimaty College) , Kandy, Sri Lanka
Tel: 65 08 33261

Chanmyay Yeiktha Meditation Center (Singapore) - CYMC
NO.103, Verde View Choa Chu Kang Estate Singapore 688708
Tel: 65 6367 3100

Sasanaramsi Burmese Buddhist Temple
14 Tai Gin Road, Singapore 3327873
Tel: 65 6251 1717

Satipatthana Meditation Center
40 Jalan Malu-Malu, Sembawang Springs Estate,
Singapore 769657
Tel: 65 6758 9488

Vipassana Meditation Center
251 Lavender Street, Singapore 338789
Tel: 65 6445 3984

Dhamma Garden Buddhist Society
No. 2 Jalan Kerayong Singapore 759300
Tel: 65 919 86614, 65 9840 9551

Jayamangala Buddhist Vihara
23A & 25A, Jalan Mas Puteh West Coast Road, (near ESSO) Clementi.
Tel/Fax: 65 6778 1678

Siri Mangala Society
6A, BEATTY ROAD, #03-03 WU DE BUILDING, SINGAPORE 209946
Tel/Fax: 65 6296 3549

Thitsarparami Dhamma Raja Meditation Center
(60) West Coast Lane, Hong Leong Garden,
Singapore 127790,

Thitsarparami Temple
Tel: 65 246344, 81210493 Nyaung Kan Aye Dharma Society
BLK 257 #07-1013, Yishun Ring Road, Singapore 760257
Tel: 65 8414 0977, 65 6759 3375

Lumbini Buddhist Society
Blk 726, #02-256, Jurong West Ave 5, Singapore-640726
Tel: 65 6685 0031

Mahamuni Buddhist Society
No-264, Westwood Ave (off Jurong west Ave 5) ,
Singapore 648464
Tel: 65 65 6777 7018, 65 6790 9279

Pa Auk Meditation Center
15, Teo Kim Eng Road, Singapore. (416385)
(416385)
Tel: Fax: 65 66119242

Mangala Vihara (Buddhist Temple)
30 Jln Eunos, Singapore 419495
Tel:+65 6744 4285

Pyinnyarparami Monastery
47 Jalan Pintau Marymout Singapore 577108
Email: pyinnyarparami.singapore@gmail.com


MYANMAR TEMPLES IN SRI LANKA
~~~~~~~~~~~~~~~~~~~~~
Makutarama Myanmar Temple
No 284, Dematagoda Road, Colombo-9, Sri Lanka
Tel: 94 (1) 689074

MYANMAR TEMPLES IN SOUTH AFRICA
~~~~~~~~~~~~~~~~~~~~~~~~
Dhammodaya Myanmar Vihara
PO Box 22606 Southgate PMB 3200
South Africa
Tel./Fax: 27 (0) 33 326 1463

MYANMAR TEMPLES IN TAIWAN
~~~~~~~~~~~~~~~~~~~~
Theravada Buddhist Center
No.122 5F, Chung Shiao Street, Jhong He City, Taipei Taiwan.235
Tel: 02 2940 2646

Rakhine Phone Kyi Kyaung
No.109 5F, Chung Shin Street, Jhong He City, Taipei Taiwan.235
Tel: 02 2247 3442

MYANMAR TEMPLES IN THAILAND
~~~~~~~~~~~~~~~~~~~~~
Dhammodaya Chanmyay Yeiktha
45/1 MU 4 Tambol Tanoun-Krad, Ampur Maung, Nakhon-Pathom, 73000 Thailand
Tel/Fax: 66 1 306 6453

MYANMAR TEMPLES IN UNITED KINGDOM
~~~~~~~~~~~~~~~~~~~~~~~~~~
Birmingham Buddhist Vihara
29/31 Osler Street, Ladywood, Birmingham, B16 9EU
Tel: 0121 454 6591

London Vihara
1 Old Church Lane (Britain Burma Buddhist Trust), London NW9 8TG
Tel: 0208 200 6898

Mogok Vipassana Center London
30 Oliver Gardens, London, E6 5SE

The Oxford Buddha Vihara
33 Cherwell Drive, Marston Oxford, OX3 0NB, United Kingdom
Tel: 01865 791 591


Saraniya Dhamma Meditation Center
420 Lower Broughton Road Salford, Gr. Manchester M7 2GD
Tel: 0161 281 6242

Santisukha Vihara
269 Vicarage Farm Road, Heston, Middlesex, TW 5 0DR
Tel:/ Fax: 0208 570 2097

Sasana Ramsi Vihara
83 Booth Road Colindale, London, NW9 5JU
Tel: 020 8205 0221

Tisarana Vihara, London
357 Nelson Road, Whitton, Twickenham, Middlesex, TW2 7AG
Tel: 0208 898 6965

MYANMAR TEMPLES IN UNITED STATES
~~~~~~~~~~~~~~~~~~~~~~~~
(West Coast)
Alodawpyie Meditation Center
254 N Wickiup Road, Apache Junction, AZ 85219
Tel: 1 (480) 288 0789

Alodawpyie Monastery
6263 Thornton Ave, Newark, CA
Tel: 1 (510) 404 7763

Chaiya Meditation Monastery
7772 RathburnAve, Las Vagas, NV 99117
Tel: 1 (702) 247 4519

Dhammajoti Meditation Center
4436 Walnut Street, Baldwin Park, CA 91706
Tel: 1 (626) 337 0056

Dhammananda Vihara
17450 Cabrillo Hwy Half Moon Bay, CA 94019
Tel: 1 (650) 712-9165

Dhamma Aye Yate Kyaung
2523 23rd Ave, Oakland, CA 94606, USA
Tel: 1 (510) 533 5962

Daw Dhammethi Silashin Buddhist Center
1217 Lawrence Ave, Rosemeat ,CA 91770
Tel: 1 (626) 644 7146

Kusalakari Corporation
40174 Spady Street, Fremont, CA 94538
Tel: 1 (510) 979 1580

Mettananda Vihara
4619 Central Ave Fremont, CA 94536
Tel: 1 (510) 795 0405

Mon Buddhist Temple
14321 Tupper St,Panorama City,CA 91402
Tel: 1 (818) 895 3141

Parami Buddha Vihara
1842 North Valinda Avenue, La Puente, CA 91744-1448
Tel: 1 (626) 919 3806

Sirimangla Buddhist Monastery
12634 NE Russell Street Portland, OR 97230, U.S.A
Tel/Fax: 1 (503) 253 5318

Tathagata Meditation Center
1215 Lucretia Ave , San Jose ,CA 95122
Tel: 1 (408) 977 0300

Taungpulu Kaba Aye Monastery
18335 Big Basin Way, Boulder Creek, CA 95006
Tel: 1 (831) 338 4050, 1 (408) 294 4536

Thanti-Thitsar Vipassana Meditation Center
2540 Monroe Street, Riverside, CA 92504 USA
Tel: 1 (951) 352 4680

Tipitaka Monastery
24625 104th Ave SE, Kent, WA 98030
Tel: 1 (253) 850 6905

U Cakkinda
3510 122 Place ,SW Lynn Wood,WA 98087
Tel: 1 (917) 676 4642

Dhamma Gonyee
17730 Broway Ave Snohomish, WA 98296
Tel: 1 (425) 749 6622

Yadana Nyanyaung damma yaketha
699 St Francis Blvd ,Daly City ,CA 94015
Tel: 1 (650) 755 7179

Sasana Youngchi Kyaung (The Light of Buddha Sasana Center)
11844 Cherrylee Drive. El Monte. CA 91732 USA
Tel: 1 (626) 454 4203

Ashin Sandimar Dhammaparla Vihara
3096 Wheeling St Aurora, CO 80011-2021 Colorado, USA
Tel: 1 (303) 343 3691

Muditar Monastery
27695 Leidig Ct. Hayward, CA 94544
Tel: 1 (510) 785-0787, 1 (510) 574 5442

(Central USA)
Burmese Buddhist Monastery
15 West 110 Forest Lane, Elmhurst, Illinois 60126
Tel: 1 (630) 941 7608

Dhammarekkhita Monastery
8133 Hartzell Rd,Fort Wayne,IN 46816
Tel: 1 (260) 447 9009

Zeyavati Buddha Vihara
14910 Welcome Ln Houston, Texas 77014
Tel: 1 (713) 933 8580

Mon Monastery
5824 Decatur Rd,Fort Wayne,IN 46816
Jetavan Temple International Buddhist Association Inc
6615 Hanna St, Fort Wayne, IN 46816
Tel: 1 (260) 580 1393

SADIMON JEYAWADI TEMPLE
7301 AmarilloBlvd, East Amarillo TEXAS USA
Tel: 1 (806) 373 5322

U Varinda
809 Chaffin Rd,Akron,OH 44306
Tel: 1 (330) 773 4352

Chanmayay Satipatthana Vihara
525 Bruns Lane Springfield, IL 62702
Tel: 1 (217) 726 9601

U Varinda
809 Chaffin Rd,Akron,OH 44306
Tel: 1 (330) 773 4352

Chanmayay Satipatthana Vihara
525 Bruns Lane Springfield, IL 62702
Tel: 1 (217) 726 9601

Wailu Myaing Forest Monastery
1044 Garvin Lane Bowling Green, KY, USA 42121
Ph: 1 (270) 783 9212

Pa-O American Temple
2025 East Tillman Rd, Fort Wayne, IN 46816
Tel: 1 (260) 479 0921

Thukha Kantha Monastery
4601 Euclid Avenue Fort Wayne, IN 46806
Ph: 1 (260) 557 2679

Aung Myay Thu Kha Alotawpyie Yate Tarr
642 Sassman Rd Marion, Texas 78124 USA
Tel: 1 (480) 252 2799

New Rahula Buddhavihara (NRB)
826 Joliet St,West Chicago,IL 60185- 3374
Tel: 630 677 8840

(East Coast )
Aung Yadana
23601 Peach Tree Road, Clarkburg, MD 20871
Tel: 1 (301) 540 0565

Bodhi Mandaing
3107 Ohio Ave Sanford, FL 32773
Tel: 1 (407) 321 1856

Mangalarama Vihara
1708 Powder Mill Road, Silver Spring, MD 20903
Tel: 1 (301) 439 4035

Kaylasa Vihara
9711 Old Court Road , Gwynn Oak, MD 21244
Tel: 1 (410) 922 2227

U Ukkamsa
11128 Black Forest Way,Gaitherburg,MD20879
Tel: 1 (301) 916 1319

U Millinda
40 Cisar Rd,Willington,CT 06279
Tel: 1 (860) 429 0401

U Pannajota
5017 NW 16st ST, Washington DC20011
Tel: 1 (240) 421 4603

Dhammaramsi
42-15,74th Street Elmhurst, NY 11373
Tel: 1 (718) 639 3834

Mahasi Satipatthana Meditation Center
63 Gordon's Corner Road, Manapalan, NJ 07726
Tel: 1 (732) 792 1484

The Buddhist Temple
99 Lyle Lane, Nashville,TN 37210
Tel: 1 (615) 271 1711

The Universal Peace Buddha Temple
619 Bergen Street , Brooklyn, NY 11238
Tel/Fax: 1 (718) 622 8019

U Eithareya
1140 Broadway ,Rensselaer,NY 12144
Tel: 1 (646) 284 2763

U Vilasa
72-35, 43 Ave ,Woodside, NY11377
Tel: 1 (718) 803 1585

U Nayaka
41-12 Forley St,Elmhurst,NY11373
Tel: 1 (718) 897 8274

U Pannananda
1502 Kemble st,Utica,NY13501
Tel: 1 (315) 723 7148

U Naninda
2157E 15th st,Brooklyn,NY11229
Tel: 1 (718) 376 4846

U Nandavamsa
76 Thompson Street Buffalo, NY 14207, U.S.A
Tel: 1 (716) 544 8437

Dhammloka Buddhist Society of America (DBSA)
Dhammaloka Buddhist Vihara 2500 Acapulco Drive Miramar Florida 33023, U.S.A
Tel: 1 (954) 962 3325

Dhamma Viman
6612 Brass Road, Jamestown, NC 27282
Tel./Fax: 1 (336) 882 5012

Mahasatipatthana Meditation Center
39 R Quincy St, Malden, MA 02148
Tel: 1 (781) 322-6880

Vezayanta Vihara
12097 Frederick Rd, Ellicott City, MD
Tel: 1 (443)546-3841

Ratana Viman Monastery
7271 Asbury Dr. Lithonia, GA 30058
Tel: 1 (770) 676 7169

Nanda Thitsar Theravada Buddhism and Meditation Center
2119 West 6th Street, Brooklyn , NY 11223 Dha Mii Karr Yarr Ma Kyoung
2214 HWY 54 W, Chapel Hill, NC 27516
Tel: 1 (919) 537 8019

Zeyathiri Monastery
111 Clay St Buffalo, NY 14207, U.S.A TBBA
4406 Windy Hill Rd Randalls Town, MD 21133
Tel: 1 (443) 272 7168

Ma Soe Yein Temple
2321 East 15st Street, Brooklyn, NY 11229, U.S.A Shwe Min Won
356 Plymouth Ave. Buffalo, NY 14213
Tel: 1 (716) 886 1323

U Pon Nya Nanda Dhamma Gone Yee Temple
20 Kirchner Dr, South Park, Pittsburgh, Pa 15129
Tel: 1 (412) 833 2989

Saturday, December 19, 2015

ပဋ္ဌာန်းအကြောင်းသိကောင်းစရာ

ယနေ့ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုနေကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီး သူတော်စင်များအနေဖြင့်
 
၁။ ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲ။
၂။ ပဋ္ဌာန်းတရားကို ပထမဦးဆုံး ဆင်ခြင်သည့်နေရာ
၃။ ပဋ္ဌာန်းတရားကို ဟောကြားခဲ့သော အချိန်
၎။ ပဋ္ဌာန်းတရားကို ဟောကြားခဲ့သောနေရာ
၅။ ပဋ္ဌာန်းတရားကိုဟောကြားခဲ့သောပုဂ္ဂိုလ်
၆။ ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရည်ရွယ်ချက်
၇။ ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရက်ပေါင်း
၈။ ပဋ္ဌာန်းတရားကို ပြန့်ပွားအောင်ဖြန့်ဖြူးခဲ့သော ပုဂ္ဂိုလ်
၉။ ပဋ္ဌာန်းတရားကျယ်ဝန်းပုံ
၁၀။ ပဋ္ဌာန်းတရားတော်ရွတ်ဆိုရခြင်းကြောင့် ရရှိနိုင်သော အကျိုးတရားများ ဤဆယ်ချက်ကို အကျဉ်းချုပ်သိထားဖို့လိုပါတယ်။

၁။ ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲဆိုရင်
ပဋ္ဌာန်းဆိုတဲ့ ဝေါဟာရသည် ပဋ္ဌာန ဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာပါ။
ပဋ္ဌာန=အမျိုးမျိုးသော အကြောင်း
ပဋ္ဌာန=ဝေဖန်ခြင်း
ပဋ္ဌာန=ကျက်စားသွားလာရာသို့
ဆိုပြီး အနက်သုံးမျိုးထွက်ပါတယ်။ ထို့ကြောင့်
(က) အကြောင်းအမျိုးမျိုးကိုဟောတတ်သောကြောင့် ပဋ္ဌာန်း။
(ခ) ကုသိုလ်စသော တရားတို့ကို (၂၄)ပစ္စည်းတို့ဖြင့် ဝေဖန်ထားသောကြောင့် ပဋ္ဌာန်း။
(ဂ) သဗ္ဗညုတဥာဏ်၏လွတ်လွတ်လပ်လပ် ကျက်စားသွားလာရာကျမ်းဖြစ်သောကြောင့် ပဋ္ဌာန်းဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။

၂။ ပထမဆုံး ဆင်ခြင်သည့်နေရာ
ပဋ္ဌာန်းတရားကို မြတ်စွာဘုရား ဘယ်နေရာမှာ ပထမဦးဆုံး စတင်ဆင်ခြင်ခဲ့သလဲလို့ဆိုတော့ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၂၁)ရက်အလွန် (၂၂)ရက်မှစ၍ ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူခိုက် အဘိဓမ္မာ(၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူပါတယ်။
ရှေ့ခြောက်ကျမ်းကို သုံးသပ်တော်မူပြီးသည့်အထိ ရောင်ခြည်တော် ခြောက်သွယ် မထွက်ပေါ်မကွန့်မြူးသေးပဲ၊ပဋ္ဌာန်းဒေသနာ တော်ကြီးကို သုံးသပ်ဆင်ခြင်တဲ့ အခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ပေါ်တော်မူလာတာပါ။(ဥပမာ)ကြီးမားတဲ့ငါးကြီးတွေဟာ ကျဉ်းမြောင်းတဲ့ မြစ်ချောင်း အင်းအိုင်မှာလှုပ်ရှားခွင့်မရဘဲ မဟာသမုဒ္ဒရာကြီးထဲမှာသာ စိတ်ကြိုက်မြူးတူးလှုပ်ရှားခွင့်ရသလို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်တော်ကြီးသည်လည်း ပဋ္ဌာန်းဒေသနာတော်ကို ဆင်ခြင်သော အခါမှသာ ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူးသည်ထိ ကျက်စားနိုင်ခဲ့ပါတယ်။

ဒါကြောင့် နေအထောင် လအသောင်းနဲ့နှိုင်းစာလို့မရအောင် ဂုဏ်ရောင်ဆောင်တဲ့ ရောင်ခြည်တော်ခြောက်သွယ်ကို ထွက်ပေါ်စေတာဟာဖြင့် ဤပဋ္ဌာန်းတရားတော်ကြီး၏ ထူးခြားချက်ပဲဖြစ်ပါတယ်။

ဒီပဋ္ဌာန်း တရားတော်ကြီးကို စတုတ္ထသတ္တာဟ ရတနာဃရ စံအိမ်တော်မှာ စတင်ဆင်ခြင်ခဲ့တယ်လို့ မှတ်သားထားရပါမယ်။ ယနေ့ ဗုဒ္ဓဘာသာဝင်တို့ တလူလူလွှင့်ထူနေကြတဲ့ သာသနာ့အလံတော်ဟာ ရောင်ခြည်တော်ခြောက်သွယ်ကို အမှတ်အသားပြုထားတဲ့ အလံတော်ဖြစ်ပါတယ်။ဒီသာသနာ့အလံတော်ကိုမြင်တိုင်း ဒီသာသနာ့အလံတော်ကို အသုံးပြုတိုင်း ပဋ္ဌာန်း တရားတော်ကြီးကို သတိရနေကြရမှာဖြစ်ပါတယ်။


၃။ ဟောကြားခဲ့သောအချိန်
ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်အချိန်မှာ ဘယ်ကာလမှာ ဟောခဲ့ပါသလဲဆိုတော့ မြတ်စွာဘုရားရှင် ၆-ဝါ အလွန်၊ (၇)ဝါအရောက် သက်တော်(၄၂)နှစ်အရွယ်မှာ ဟောကြားခဲ့တယ်လို့မှတ်သားနိုင်ပါတယ်။


၎။ ဟောကြားခဲ့သောနေရာ
ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်နေရာမှာဟောခဲ့ပါသလဲဆိုရင် မြတ်စွာဘုရားရှင်ဟာ တာဝတိံသာ နတ်ပြည် ပင်လယ်ကသစ်ပင်အရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်မှာ ဟောခဲ့ပါတယ်။


၅။ ဟောကြားခဲ့သော ပုဂ္ဂိုလ်
ပဋ္ဌာန်းဒေသနာတော်ကြီးကို ဘယ်သူတွေဟောခဲ့သလဲလို့ ဆိုတော့ မြတ်စွာဘုရားရှင်ဟာ နတ်ဗြဟ္မာတို့ကိုဟောကြားခဲ့တယ်လို့သိနိုင်ပါတယ်။


၆။ ဟောကြားခဲ့သော ရည်ရွယ်ချက်
ပဋ္ဌာန်းတရားတော်ကြီးကို ဘာရည်ရွယ်ချက်နဲ့ ဟောကြားခဲ့ပါသလဲလို့ ဆိုရင် မြတ်စွာဘုရားရှင်ဟာ မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ နို့ဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။

၇။ ဟောကြားခဲ့သော ရက်ပေါင်း
ပဋ္ဌာန်းကျမ်းကို ရက်ပေါင်းမည်မျှကြာအောင် ဟောခဲ့သလဲလို့ဆိုတော့ ရက်အတိအကျမဟုတ်သော်လည်း ခန့်မှန်းတွက်ချက်ကြည့်ချက်အရ အဘိဓမ္မာ(၇)ကျမ်းကို တာဝတိံသာ နတ်ပြည်မှာ ရက်ပေါင်း(၉၀)၊ (၃)လကြာအောင်ဟောကြား တော်မူရာ - 
- ဓမ္မသင်္ဂဏီ(၁၂)ရက်၊ 
- ဝိဘင်း(၁၂)ရက်၊ 
- ဓာတုကထာ(၆)ရက်၊၊
- ပုဂ္ဂလပညတ္တိ(၇)ရက်၊
- ကထာဝတ္ထု(၈)ရက်၊
- ယမိုက်(၂၀)ရက်၊
- ပဋ္ဌာန်းကျမ်း(၂၅)ရက်
 
အသီးသီးဟောခဲ့တယ်လို့ အဆိုရှိပါတယ်။


၈။ ပဋ္ဌာန်းတရား ပြန့်ပွားအောင် ဖြန့်ဖြူးပေးခဲ့သော ပုဂ္ဂိုလ်
ပဋ္ဌာန်းတရား ပြန့်ပွားအောင်မည်သူက စတင်ဖြန့်ဖြူးခဲ့ပါသလဲဆိုတော့ ပဋ္ဌာန်းတရားကို မြတ်စွာဘုရားရှင်က တာဝတိံသာ နတ်ပြည်မှာ နတ်ဗြဟ္မာတို့ကို အကျယ်အားဖြင့်ဟောတော်မူခဲ့ပါတယ်။

အရှင်သာရိပုတ္တရာကိုဟောတော်မူတဲ့အခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားပြီးရင် ပညာအကြီးဆုံး အဂ္ဂသာဝကကြီးဖြစ်တော်မူလို့ အကျဉ်းနည်းနဲ့ဟောတော်မူတာပါ။ ထိုမှတစ်ဆင့် အရှင်သာရိပုတ္တရာက လင်းနို့သားငါးရာဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်သင်ကြားပို့ချဟော တော်မူခဲ့ပါတယ်။ ဒါကြောင့်ပဋ္ဌာန်းတရားတော်ကြီးကို ယနေ့ရဟန်း ရှင်လူတို့ နာယူ သင်ကြားပို့ချနေနိုင်ခြင်းမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ကျေးဇူးကြောင့်ဆိုတာ သိထားရပါမယ်။ ပဋ္ဌာန်းတရားပြန့်ပွားအောင် အရှင်သာရိပုတ္တရာက စတင်ဖြန့်ဖြူးခဲ့တယ်လို့အသိမှတ်ပြုရမှာ ဖြစ်ပါတယ်။

၉။ ပဋ္ဌာန်းတရားကျယ်ဝန်းပုံ
ပဋ္ဌာန်းတရား ဘယ်ပုံကျယ်ဝန်းသလဲဆိုတဲ့ အချက်ကို ပြောကြည့်ရင် ဒီကမ္ဘာလောကကြီးမှာ အကျယ်ဝန်းဆုံးဖြစ်တဲ့ အရာဌာနကြီး ၄ခုရှိပါတယ်။
အဲဒီ(၄)ခုကဘာလဲလို့ဆိုတော့
(၁) သံသာရ သာဂရ=သံသရာပင်လယ်ကြီး။
(၂) ဇလ သာဂရ=ရေပင်လယ်ကြီး။
(၃) နယ သာဂရ=နည်းပင်လယ်ခေါ်တဲ့ပဋ္ဌာန်းကျမ်းကြီး။
(၄) ဥာဏ သာဂရ=ဥာဏ်ပင်လယ်ကြီးလို့ခေါ်တဲ့ ဘုရားသခင်၏ သဗ္ဗညုတ ဥာဏ်တော်ကြီး။

ဒီသာဂရ (၄)မျိုးတို့တွင် ပဋ္ဌာန်းကျမ်းကြီးက အလွန်ကျယ်ဝန်းလှတဲ့ နယသာဂရကြီးအဖြစ် မှတ်တမ်းတင်ခြင်းခံရပါတယ်။ဒါကြောင့် အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးလို့ခေါ်ဆိုကြတာပါ။

ပဋ္ဌာန်းကျမ်းကြီးရဲ့ကျယ်ဝန်းပုံကတော့ ပဋ္ဌာန်းပါဠိတော်သည် ဆဋ္ဌသံဂါယနာတင်ပါဠိတော်အုပ်ရေအားဖြင့် (၅)အုပ်ရှိပြီး စာမျက်နှာပေါင်း (၂၆၄၀)တိတိရှိပါတယ်။ အသံမစဲ မနားတမ်းရွတ်ဖတ်သွားမယ်ဆိုရင် နာရီပေါင်း(၁၃၂)နာရီ ရွတ်ဖတ်ရပါမယ်။ပေယျာလ(မြှုပ်ကွက်)တွေကိုဖော်ပြီးရွတ်မယ်ဆိုရင် တစ်သက်လုံးရွတ်ဖတ်လို့မကုန်နိုင်လောက် အောင်များတယ်လို့ဆိုပါတယ်။
သာမန်သူလို ကိုယ်လို ပုဂ္ဂိုလ်မျိုးကို မဆိုထားဘိ၊ဂါထာပေါင်း တစ်သောင်းငါးထောင်၊ပုဒ်ပေါင်းခြောက် သောင်းကို ခဏချင်းသင်ယူနိုင်သော အရှင်အာနန္ဒာ၊မိုးသီးမိုးပေါက်ကိုပင်တစ်လုံး ချင်းရေတွက်နိုင်သောအရှင်သာရိပုတ္တရာသော်မှ ဤပဋ္ဌာန်းဒေသနာတော်ကို မြတ်စွာဘုရားဟောသည့်အတိုင်း အပြည့်အစုံရွတ်ဆိုဖို့မလွယ်ကူပါ။

ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ပါဠိအနေအားဖြင့် အနန္တ အပရိမာဏ အဆုံးအပိုင်းခြားမရှိအောင် ကျယ်ဝန်းလှသောကျမ်းကြီးဖြစ်၍ ထိုကျမ်းကြီး၏ ပုဒ်အစဉ်နှင့်အနက်အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံတစ်စုံတစ်ယောက်က ဖွင့်ပြမည်ဟု ကြိုးစားခဲ့လျှင် အသက်သာကုန်ဖွယ်ရာရှိပါတယ်။ ပဋ္ဌာန်းကျမ်း ကြီးကတော့ ကုန်နိုင်မည်မဟုတ်ဟု ဥဒါန်းစကားပင်ရှိနေပါတယ်။ ဒါဖြင့်ရင် ဤမျှလောက်ကျယ်ဝန်းတဲ့ ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားရှင်(၂၅)ရက်အတွင်းပြီးစီးအောင် ဟောတော်မူနိုင်ခြင်းနှင့်ပတ်သတ်ပြီး မြတ်စွာဘုရားစကားတော် လျင်မြန်ပုံအကြောင်းကိုသိထားရပါမည်။

(က) ပကတိသာမန်လူသားများ စကားတစ်ခွန်းပြောတဲ့အချိန်မှာ အရှင်အာနန္ဒာက (၈) ခွန်းထိပြီးစီးအောင်ပြောနိုင်ပါတယ်။
(ခ) အရှင်အာနန္ဒာက စကားတစ်ခွန်းပြောဆိုတဲ့အချိန်မှာ မြတ်စွာဘုရားရှင်က (၁၆) ခွန်းထိပြောဆိုနိုင်ပါတယ်။
(ဂ) ပကတိသာမန်လူတစ်ယောက်စကားတစ် ခွန်းပြောဆိုချိန်မှာ မြတ်စွာဘုရားရှင်က (၁၂၈) ခွန်းပြီးအောင်ပြောဆိုနိုင်တာကြောင့် ဟောကြားနိုင်ခဲ့တယ်လို့သိရပါတယ်။ မြတ်စွာဘုရားရှင်ဤမျှလောက်စကားတော လျင်မြန်ရခြင်းကလည်း ဘဝပေါင်းများစွာပါရမီတော်တွေကိုဖြည့်ကျင့်ခဲ့တဲ့ပါရမီတော်တွေကြောင့်လည်းကောင်း၊ သဗ္ဗညုတဥာဏ်တော်ကြောင့်လည်းကောင်းစတဲ့ အချက်တွေကြောင့်ပါ။
စကားတော်လျင်မြန်ရခြင်းအကြောင်း တရားလေးပါးရှိပါတယ်း-
      ၁။ ဇိဝှါမုဒု=လျှာတော်၏ကျယ်ပြန့်ပါးလျနူးညံ့ခြင်း
      ၂။ ဒန္တဝရဏံ သုဖုသိတံ=နှုတ်ခမ်းတော် စေ့စပ်ထိမိခြင်း။
      ၃။ ဝစနံ အဂနိတံ=ပြောရာ ဟောရာ အခါ၌ လုံးကြွင်းလုံးကျ အထစ်အငေါ့မရှိခြင်း။
      ၄။ ဘဝင်္ဂပရိသောလဟုကော=ဘဝင်စိတ် အယဉ်လျင်မြန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။

၁၀။ ပဋ္ဌာန်းရွတ်ဆိုခြင်းကြောင့်ရနိုင်သောအကျိုးတရားများ
ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်ခြင်း၊သင်ကြားနာယူခြင်း၏အကျိုးတရားများမှာ -
    (၁) လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ ရုပ်နာမ် ဓမ္မ ခန္ဓာစဉ် သဘာဝပိုင်းခြား ဝေဖန်တတ်သော နာမရူပ ပရိစ္ဆေဒဥာဏ်ရင့်သန်စေခြင်းဟူသော ပထမအကျိုးတရား။
    (၂) မဂ်၊ဖိုလ်နိဗ္ဗာန် ရောက်ရာလမ်းကြောင်း အထောက်အပံ့ကောင်း ဖြစ်နိုင်ခြင်းဟူသော ဒုတိယအကျိုးတရား။
    (၃) ဘေးဥပါဒ် အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာအေးမြခြင်းဟူသော တတိယအကျိုးတရား။
    (၄) ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့်ပြည့်စုံခြင်းဟူသော စတုတ္ထအကျိုးတရား များရရှိနိုင်ပါတယ်။ပဋ္ဌာန်းရွတ်ဆို ပွားများခြင်းသည်ဓမ္မဒေသနာကုသိုလ်ဖြစ်ရုံမက သာသနဓမ္မာနုရက္ခိတသာသနာတော်၏ တရားတော်ကို လူ့နှလုံးသားထဲမှာ စောင့်ရှောက်ထိန်းသိမ်းခိုင်မြဲအောင် ပြုလုပ်ရာရောက်လို့ ကုသိုလ်ထူးများ အကျိုးတရားထူးများ ရနိုင်ပါတယ်။


အဘိဓမ္မာပြန့်ပွားရေးအသင်းများ၊
အဘိဓမ္မာစာမေးပွဲများ၊
အဘိဓမ္မာသင်တန်းများ၊
ပဋ္ဌာန်းသင်တန်းများ၊
အသံမစဲပဋ္ဌာန်းပူဇော်ပွဲများ       ကိုလုပ်ကိုင်ဆောင်ရွတ်နေကြတာဟာဖြင့်
ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
ထို့ကြောင့်မိမိတို့အနေနဲ့ အဘိဓမ္မာပဋ္ဌာန်းတရားတော်များကို တိုးတက်သည်ထက်တိုးတက်အောင် ပြန့်ပွားသည်ထက်ပြန့်ပွားအောင် အကုသိုလ်စိတ်ကင်းရှင်းစွာဖြင့် စိတ်ဓာတ်ကို ကြည်ကြည်လင်လင်ထားရှိပြီး ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ကြပါ။  နာယူကြပါ။  သင်ယူကြပါလို့နှိုးဆော်သမှုပြုလိုက်ရပါသည်။

Thursday, December 10, 2015

ကန်တော့ပန်း

တွေ့ဆုံရသည့် ခဏတာဝယ်
အသိအလိမ္မာ ပြည့်ဖြိုးလာအောင်
မေတ္တာရှေ့ထား ဘာဝနာပွားပြီး...
ပညာအလင်း ဉာဏ်ကိုရင်း၍
သူတော်ကောင်းတရား မြွက်ကြားဆုံးမ
ညွှန်ကြားပေးသော ဆရာ။
မြတ်ဘုရား ဒေသနာတော် အဖြာဖြာကို
သင်ယူလေ့လာ ဟောပြောကာဖြင့်
သာသနာအကျိုး ပြန့်ပွားတိုးအောင်
လမ်းပြပေးသော ဆရာ။
ရှေ့ရှုမေတ္တာ ဂရုဏာဖြင့်
နာနာကျင်ကျင် အပြစ်မြင်တိုင်း
ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က ဆုံးမတတ်သူ
စေတနာ မြင့်မြတ် သူ့လို ဆရာ
လေးစားအပ်သော ချစ်သော ဆရာ။


သံသရာ ဘ၀ပေါင်းများစွာ၌လည်းကောင်း
ယ္ခုပ္ပုစ္စပန် ဘ၀၌လည်းကောင်း
သင်ဆရာ မြင်ဆရာ ကြားဆရာ တို့အပေါ်
သိ၍ဖြစ်စေ မသိ၍ဖြစ်စေ
ကာယ ၀စီ မနော ဟူသော
ကာယကံ (၃) ပါးတို့ဖြင့်
အပြစ်များ ကျူးလွန်ခဲ့ပါလျှင်
အပြစ်ကြီး အပြစ်ငယ်များကို ကောင်းစွာနှလုံးသွင်း၍
သင်ဆရာ မြင်ဆရာ ကြားဆရာ တို့အား
အပြစ်တို့ကို ၀န်ချတောင်းပန် ကန်တော့ပါ၏။
(ကိုဇော်ကြီး)

Thursday, October 15, 2015

သူတော်ကောင်းဥစ္စာ-တရား ၇-ပါး

သူတော်ကောင်းဥစ္စာ ၇-ပါး
~~~~~~~~~~~~~~
သဒ္ဓါ= ဘုရား၊ တရား၊ သံဃာ၊ ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်း၊
သီလ= သီလဖြူစင်ခြင်း၊
စာဂ= စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
သုတ= အကြားအမြင်များခြင်း၊
ပညာ= ရုပ်နာမ်အသိပညာနှင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်၊
ဟိရီ= မကောင်းမှုပြုလုပ်ရန် ရှက်မုန်းခြင်း၊
သြတ္တပ္ပ= မကောင်းမှုပြုလုပ်ရန် ကြောက်လန့်ခြင်း၊


သူတော်ကောင်းတရား ၇-ပါး
~~~~~~~~~~~~~~
သဒ္ဓါ= ဘုရား၊ တရား၊ သံဃာ, ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်း၊
သတိ= ကုသိုလ်ရေး၌ အောက်မေ့အမှတ်ရခြင်း၊
ဝီရိယ= ကုသိုလ်ရေး၌ အားထုတ်မှုလုံ့လရှိခြင်း၊
သုတ= အကြားအမြင်များခြင်း၊
ပညာ= ရုပ်နာမ်အသိပညာနှင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်၊
ဟိရီ= မကောင်းမှုပြုလုပ်ရန် ရှက်မုန်းခြင်း၊
သြတ္တပ္ပ= မကောင်းမှုပြုလုပ်ရန် ကြောက်လန့်ခြင်း၊

Friday, September 4, 2015

ပဋ္ဌာန်း (၂၄) ပစ္စည်း အနက် အဓိပ္ပါယ်

၁။ ဟေတုပစ္စယော
ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း– ပညောင်းပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင် အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။ (ကျေးဇူးပြုသည်ဆိုရာ၌– မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)
 
၂။ အာရမ္မဏပစ္စယော
အာရုံ ၆-ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကြိုးတန်း တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သော သူတို့အား ထခြင်း ရပ်ခြင်း သွားခြင်းကိစ္စကို ပြီးစေသကဲ့သို့ အာရုံသည် စိတ်စေတသိတ်တို့အား ဖြစ်ပေါ်လာစေရန် ကျေးဇူးပြုတတ်သောတရား။
 
၃။ အဓိပတိပစ္စယော
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တနည်း– စကြ၀တေးမင်းသည် အထွတ်အထိတ် အချုပ်အချာ အာဏာတန်းခိုးဖြင့် တပါးသောသူတို့၏ ကြီးသောသတ္တိကို တားမြစ်၍ တိုင်းနိုင်ငံသူ၊ နိုင်ငံသားတို့အား အကြီးအကဲ အစိုးရသောအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (ပစ္စယုပ္ပန်တို့အား အကြီးအမှူးဖြင့်) ကျေးဇူးပြုတတ်သောတရား။
 
၎။ အနန္တရပစ္စယော
အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သေားတရား။ တနည်း– စကြာဝတေးမင်း၏ နတ်ရွာ လားခြင်းသည် သားကြီး ရတနာအား မင်းအဖြစ် အဘိသိတ်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ အခြားမဲ့ အခြားမရှိ (တဆက်တည်း) ကျေးဇူးပြုတတ်သောတရား။
 
၅။ သမနန္တရပစ္စယော
ကောင်းစွာအခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– စကြာဝတေးမင်း၏ အရည၀ါသီ တောထွက်တော်မူ၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကောင်းစွာအခြားမဲ့ အခြားမရှိ ကျေးဇူးပြုတတ်သောတရား။
 
၆။ သဟဇာတပစ္စယော
အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဆီမီးသည် မိမိတောက်သည်နှင့် တပြိုင်နက် အတူတကွ အလင်းကို ဖြစ်စေသကဲ့သို့ ထို့အတူ အကြောင်းတရားတို့သည် မိမိတို့ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ပစ္စယုပ္ပန်အကျိုးတရားတို့ကိုလည်း တပြိုက်နက် အတူတကွ ဖြစ်ပေါ်လာစေအောင် ကျေးဇူးပြုတတ်သောတရား။
 
၇။ အညမညပစ္စယော
အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။ တနည်း– သစ်သားသုံးခွ တိဒဏ္ဍသည် အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား ထောက်ပံ့ခိုင်စေခြင်းငှာ အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။
 
၈။ နိဿယပစ္စယော
မှီရာ တည်ရာ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မြေကြီးသည် သစ်ပင်အစရှိသည်တို့အား မှီရာတည်ရာဖြစ်သဖြင့် ကျေးဇူးပြုသကဲ့သို့ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၉။ ဥပနိဿယပစ္စယော
အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မိုးတွင်းသုံးလပတ်လုံး ရွာသော မိုးကြီးသည် ထိုမိုးကို မှီကုန်သော သစ်ပင် သတ္တ၀ါ အစရှိသည်တို့အား အားကြီးသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (အားကြီးသောအကြောင်းအဖြစ်ဖြင့်) ကျေးဇူးပြုတတ်သောတရား။
 
၁၀။ ပုရေဇာတပစ္စယော
ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကမ္ဘာဦး၌ဖြစ်သော နေ လတို့သည် မိမိတို့ ထင်ရှားရှိခိုက် အလင်းကိုမှီကုန်သော သတ္တ၀ါတို့အား ရှေး၌ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့ (ရှေး၌ ဖြစ်နှင့်၍) ကျေးဇူးပြုသောတရား။
 
၁၁။ ပစ္ဆာဇာတပစ္စယော
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– လင်းတငယ်တို့၏ အာဟာရ၌ ချင်ခြင်း စေတနာသည် နောက်မှဖြစ်၍ ထင်းရှားရှိသောကိုယ်အား ကျေးဇူးပြုသကဲ့သို့ နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ အရှင်ဗာကုလ ရဟန္တာလောင်းသည် မွေးခါစ နို့စို့အရွယ် အခါက သမုဒ္ဒရာအလယ်၌ ရေထဲသို့ကျသွားရာ ရေနစ်၍မသေ။ ထိုသို့မသေရခြင်းမှာ နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလအား မသေစေရန် အကျိုးပြုသောကြောင့်တည်း။
 
၁၂။ အာသေ၀နပစ္စယော
အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ရှေးရှေး၌ ထုံအပ်သောနံ့သာသည် နောက်နောက်၌ ထုံအပ်သောနံ့သာအား အဆင်းအနံ့ လွန်စွာတိုးပွားခိုင်မြဲစွာ ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ၄င်း၊ ရှေးရှေးသင်အပ်သော ကျမ်းဂန်သည် နောက်နောက် သင်အပ်သော ကျမ်းဂန်အား လေ့ကျက်ခြင်းငှာ အားရှိ၍ ကျေးဇူးပြုသကဲ့သို့ ၄င်း အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
 
၁၃။ ကမ္မပစ္စယော
စီရင်ခြင်း သံဝိဓာနကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာနကိစ္စဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကောင်းစွာ သိုမှီး သိမ်းဆည်းစီရင်အပ်သော မျိုးစေ့သည် အညွန့်အညှောင့်၏ ဖြစ်ခြင်းငှာ အမူအရာ လုံ့လ၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မျိုးစေ့အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၁၄။ ၀ိပါကပစ္စယော
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ချမ်းအေးသော လေသည် ချမ်းအေးသော အရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကံတို့၏ အကျိုးအဖြစ်ဖြင့် (ငြိမ်းသက်သည်ဖြစ်၍) အထောက်အပံ့ပြုမှုဖြင့် ကျေးဇူးပြုသတ်သောတရား။
 
၁၅။ အာပာာရပစ္စယော
ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ထောက်ကန်သောတိုင်သစ်သည် အိမ်အဟောင်းအား မြဲမြံခိုင်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ထောက်ပံ့တတ်)ဆောင်တတ်သောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
 
၁၆။ ဣန္ဒြိယပစ္စယော
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– တစ်နိုင်ငံ တစ်ပြည်တည်း၌ အသီးသီးဆိုင်ရာ ကိစ္စတာဝန်ကို ပေးအပ်ခံရသည့် အစိုးရသောလက်အောက်ခံ မင်းတို့သည် (အချင်းချင်း ထိုအစိုးရသော သတ္တိကို မဖြစ်မူ၍) မိမိတို့၏ တာဝန်အရာ၌ အစိုးတရ ပိုင်ပိုင် နိုင်နိုင် ဆောင်ရွက်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၁၇။ ဈာနပစ္စယော
ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ တနည်း– တောင်ဖျား သစ်ပင်ဖျားသို့ တတ်၍ ကြည်သောသူသည် အဝေးအနီး အရပ်တို့ကို မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့ ကပ်၍ရှုတတ်သော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၁၈။ မဂ္ဂပစ္စယော
ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဤမှာဘက်မှ ထိုမှဘက်သို့ ကူးသောသူသည် ဤမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့ ၎င်း၊ ထိုမှာဘက်မှ ဤမှာဘက်သို့ ကူးလိုသောသူသည် ထိုမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့၎င်း ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ ဆောင်ပို့ ထွက်မြောက်ကြောင်း အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၁၉။ သမ္ပယုတ္တပစ္စယော
ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– နို့ရည်၊ ထောပတ်၊ ပျား၊ သကာဟူသော စတုမဓူ အရသာသည် အချင်းချင်း နှီးနှောရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ အတူတကွ ယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၂၀။ ၀ိပ္ပယုတ္တပစ္စယော
မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ခြောက်ပါးသော အရသာသည် အချင်းချင်း မနှီးမနှော မရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ မနှီးမနှော မယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၂၁။ အတ္ထိပစ္စယော
ပစ္စုပ္ပန်၌ ထင်ရှာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ဟိမ၀န္တာတောင်မင်းသည် မိမိကိုမှီသောအားဖြင့် သစ်ပင် မြက်ပင် စသည်တို့အား ပြန့်ပွားစေခြင်းငှာ မိမိထင်ရှားရှိနေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ထင်ရှားရှိသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
၂၂။ နတ္ထိပစ္စယော
မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ညဥ့်၏ ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း ဆီမီး၏ ငြိမ်းခြင်းသည် အမိုက်မှောင်ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
 
၂၃။ ၀ိဂတပစ္စယော
ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– နေ၏ ၀င်ခြင်းသည် လရောင်လင်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကင်းချုပ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
 
၂၄။ အ၀ိဂတပစ္စယော
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– မဟာသမုဒ္ဒရာသည် မိမိကို မှီကုန်သော ငါးမကာရ်း အစရှိသည်တို့၏ ပီတိ သောမနဿ ပွားခြင်းငှာ မိမိ၏မကင်းသော အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
 
ဓမ္မဒါယာဒ အရှင်နန္ဒသာရ(မဇ္ဈိမဒေသ)

Tuesday, August 11, 2015

၃၈-ဖြာ မင်္ဂလာ ကဗျာများ

၁။ အသေ၀နာစ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ ၊ မမှီဝဲနဲ့ ကင်းအောင်နေ ။
ပညာရှိကို အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ် နည်းယူစေ ။
သုံးပါးရတနာ မိဘများနှင့် ၊ ဆရာသမားကို ပူဇော်လေ ။
ချမ်းသာကိုပေး ဆက်ဆံရေး ၊ မြော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။
 
၂။ ပတိရူပ
ကုသိုလ်ဥစ္စာ ပညာရဖို့ ၊ သင့်ရာဒေသ အမြဲနေ ။
ရှေးကတင်ကြို ပြုခဲ့ဘူးသည့် ၊ ကောင်းမှုအထူး ရှိပါစေ ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ ၊ မတိမ်းစေနဲ့ ဆောက်တည်လေ ။
ဥစ္စာကိုပေး နေထိုင်ရေး ၊ မြော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။
 
၃။ ဗာဟုဿစ္စဉ္စ
တတ်ကောင်းတတ်ရာ ဟူသမျှကို ၊ ကြားမြင်သုတ ရှိပါစေ ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့ ၊ အသက်မွေးဖို့ အတတ်သင်လေ ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ၊ ကောင်းစွာသင်ကြား နားလည်စေ ။
မှန်ကန်ယဉ်ကျေး ချိုသာအေး ၊ ဆိုရေးတတ်ပါစေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။
 
၎။ မာတာပိတု
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ၊ ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ ။
ကြွေးသစ်ချကာ သားနှင့်မယား ၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ ။
အလုပ်တာဝန် မလစ်ဟင်းနဲ့ ၊ အပြစ်ကင်းအောင် လုပ်ပါလေ ။
စည်းစိမ်ကိုပေး ပြုစုရေး ၊ မြှော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။
 
၅။ ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို့ ၊ ပေးကမ်းဝေမျှ လှူနိုင်စေ ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့ ၊ သုစရိုက်တရားကို ကျင့်ပါလေ ။
ဆွေမျိုးတွေကို ပြင်ပ မထားနဲ့ ၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ ။
သန့်စင်ပြစ်မျိုး လူထုကျိုး ၊ သယ်ပိုးရွက်ဆောင်စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။
 
၆။ အာရတီ ၀ိရတီ
မကောင်းမှုတွေ ဟူသမျှကို ၊ မတွေ့ခင်က ရှောင်ကြဉ်လေ ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့ ၊ အထူးသဖြင့် စောင့်စည်းနေ ။
အရက်သေစာ မသောက်စားနဲ့ ၊ မှောက်မှားတတ်တဲ့ အရာပေ ။
လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။
 
၇။ ဂါရဝေါစ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ၊ ဆည်းကပ်ခစား ရိုသေလေ ။
မာနတံခွန်ဂုဏ်မကြွနဲ့ ၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ ။
လောဘအပို လိုမလိုက်နဲ့ ၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။
 
၈။ ခန္တီစ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း ၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား ၊ ပြောကြားလာက နာလွယ်စေ ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ ၊ မကြာခဏ တွေ့ဆုံလေ ။
သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။
 
၉။ တပေါစ
လောကီအာရုံ ဇိမ်ယစ်မူးလို့ ၊ အပျော်မကြူးနဲ့ ခြိုးခြံလေ ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ ၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့ ၊ အမှန်သိအောင် ကြိုးစားလေ ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ၊ ကမ္ဘာ့မင်္ဂလာတွေ ။
 
၁၀။ ဖုဋ္ဌဿ
ဆင်းရဲချမ်းသာ သဘာဝ ၊ တွေ့ကြုံနေကြ လူတိုင်းပေ ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့ ၊ တလဲစီလှည့် အမြဲနေ ။
လောကဓံကြုံ မဖြုံတမ်းပေါ့ ၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ၊ ကမ္ဘာ့မင်္ဂလာတွေ ။
 
(မင်္ဂလာ၏ အကျိုး)
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို ၊ လိုက်နာကျင့်သုံး ပန်သူတွေ ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့ ၊ ကျောင်းကျိုးစည်ပွင့် တဝေေ၀ ။
ဘေးရန်ကင်းကွာ ချစ်သူပေါလို့ ၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ ။
အဲဒါကြောင့် ပန်ကြဆင်ကြ ၊ မင်္ဂလ ပန်းခိုင်တွေ ။

Thursday, July 30, 2015

သံဃာ့ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့်ရွတ်ဆိုရကျိုး

၁။ သုပ္ပဋိပန္တွော ဘဂဝတော သာဝကသံဃော။
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၎။ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော၊
၅။ အာဟုနေယျော
၆။ ပါဟုနေယျော၊
၇။ ဒက္ခိနေယျော၊
၈။ အဉ္စလိကရဏီယော
၉။ အနုတ္တရံ ပုညက္ခေတံ္တ လောကဿ။

ဘဂဝတော သာဝကသံဃော=ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ တပည့်သားမော် အရိယာ သံဃာတော်သည်-

၁။ သုပ္ပဋိပန္တွော=ကိလေသာငြိမ်းကြောင်း ကောင်းစွာကျင့်ကြံတော်မူပါပေ၏။
၂။ ဥဇုပ္ပဋိပန္တွော=သာဌေ မာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော်မူပါ၏။
၃။ ဥာယပ္ပဋိပန္တွော=နိဗ္ဗာန်အကျိုး မျှော်ကိုးရည်သန် ကျင့်ကြံတော် မူပါပေ၏။
၎။ သာမီစိပ္ပဋိပန္တွော=မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင် ကျင့်ကြံတော်မူပါ၏။ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော=အစုံလေးပါး သီးခြား ရှစ်ဖော် မြတ်ဘုရား၏ တပည့်သားမော် အရိယာ သံဃာတော်သည်
၅။ အာဟုနေယျော=အဝေးမှဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါ၏။
၆။ ပါဟုနေယျော= ဧည့်သည်ဖို့ရာ ရည်ကာစောင်ထား ပစ္စည်းများပင် စိတ်ထားစင်ဖြူ ပေးလှူခြင်းငှာ ထိုက်တော်မူပါ၏။
၇။ ဒက္ခိဏေယျော=တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူဒါန်းခြင်းငှာ ထိုက်တော်မူပါ၏။
၈။ အဉ္စလီကရဏီယော=ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော်မူပါပေ၏။
၉။ အနုတ္တရံ ပုညက္ခေတ္တံလောကဿ=နတ်လူအများ ကောင်းမှုပွားဖို့ ကြံထားပျိုးချ တုမရသည့် ကောင်းလှလယ်မြေ ယာမြေပမာ ဖြစ်တော်မူပါ၏။

ဤသို့လျှင် သုပ္ပဋိပန္တွ စသည်အပြား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော အရိယာရှစ်ဖော် သံဃာတော်နှင့် အရိယာနွယ်ဝင် သမ္မုတိထေရ်အရှင် တို့ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။

သံဃာဂုဏ်တော်ပွားရကျိုး။ ။သံဃာမြတ်ဂုဏ်၊အာရုံညွတ်လို့၊
မပြတ်မလပ၊်အောက်မေ့လျှင်။အမြဲတမ်းသာ၊ကောင်းစွာနိုးလို့၊ကြီးမားဖွံ့ဖြိုး အကျိုးထင်။

မှတ်ချက်။ ။ မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ခုနစ်သတ္တဟမြောက်မှာ မြတ်စွာဘုရားနှင့် မြတ်စွာဘုရား၏တရားတော်ကို ယုံကြည် ဆည်းကပ်သော တပုဿနှင့် ဘလ္လိက တို့ကို ဥပါသကာ တပည့်သာဝကအဖြစ်ပထမဆုံးလက်ခံတော်မူရပါတယ်။အဲဒီအချိန်မှာ တပည့်သံဃာ မပေါ်ပေါက်သေးပါဘူး။ဒါကြောင့်ပင် တပုဿနှင့်ဘလ္လိက တို့ဟာ ဘုရားနှင့် တရားကိုသာ ယုံကြည်ဆည်းကပ် ကြရသော ဒွေဝါစိက (သရဏဂုံနှစ်ပါးတည်သူ)ဥပါသကာများဖြစ်ကြပါတယ်။

အဲဒီနောက် ဝါဆိုလပြည့် ဓမ္မစကြာ တရားတော်ကို ဟောကြားတော်မူပြီးတဲ့အခါ သောတာပတ္တိမဂ်ဥာဏ်၊ဖိုလ်ဥာဏ် ကိုရပြီး အရိယာဖြစ်တော်မူသွားတဲ့ အရှင်ကောဏ္ဍညက ရဟန်းအဖြစ်ကိုလျှောက်ထားတောင်ပန်ပြီး ဧဟိဘိက္ခုရဟန်းအဖြစ်ကိုရမှပင် ဗုဒ္ဓမြတ်စွာသာသနာတော်မှာ ပထမဆုံး သံဃာတော်ပေါ်ပေါက်လာတာပါ။အဲဒီအချိန်မှာ မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်တော်မူသည်မှာ နှစ်လပင်ရှိပါသေးတယ်။အရှင်ကောဏ္ဍညသည် မြတ်စွာဘုရားသာသနာတော်မှာ ပထမဆုံး ရဟန်း၊ပထမဆုံးသံဃာပင်ဖြစ်ပါတယ်။ဒါကြောင့် ရဟန်းအစ အရှင်ကောဏ္ဍညဟု ပြောစမှတ်ပြုကြပါတယ်။

သံဃာဆိုသည်မှာ အသိအမြင်ချင်း သီလချင်းတူညီကြတဲ့ ရဟန်းအပေါင်းကို သံဃာလို့ခေါ်ပါတယ်။ဤအနက်အရ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရပြီးသော အရိယာရဟန်းကိုသာလျှင် “သံဃာ”ဟုမုချအားဖြင့်ခေါ်ဆိုရပါတယ်။ဘာလို့လဲဆိုတော့ အရိယာပုဂ္ဂိုလ်များသည်သာလျှင် အချင်းချင်း မဂ်အသိအမြင်၊ဖိုလ်အသိအမြင်၊ပစ္စဝေက္ခဏာ အသိအမြင်ဟူသော အသိအမြင် (သမ္မာဒိဋ္ဌိမဂ္ဂင်)အားဖြင့်လည်းကောင်း၊အရိယကန္တသီလပြည့်စုံစင်ကြယ်မှုအားဖြင့်လည်းကောင်း၊မျက်မှောက် မျက်ကွယ် အမြဲတစေ တူညီကြ၍ ပုထုဇဉ်များမှာကား ထိုကဲ့သို့ မတူညီနိုင်ကြသောကြောင့်ဖြစ်ပေသည်။

သို့သော် မဂ်ဖိုလ်ရရေးအတွက် သီလ၊သမာဓိ၊ပညာ အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံအားထုတ်နေကြသော ပုထုဇဉ် ရဟန်းတော်တို့ကိုလည်း အရိယာသံဃာတော်၏ အနွယ်ဝင်ဖြစ်၍ သံဃာတော်ဟု ခေါ်ဝေါ်ကြရ အသိအမှတ်ပြုကြရ၏။ထို့ကြောင့်ပင် အရိယာရဟန်းတော်များကို ဒက္ခိဏေယျသံဃာ၊ပရမတ္ထသံဃာဟုခေါ်ဝေါ်ကြ၍ ပုထုဇဉ် ရဟန်းတော်များကို သမ္မုတိသံဃာဟု လူအများ ခေါ်ဝေါ်သုံးနှုန်းကြ၏။

သို့သော် ကခါင်္အဋ္ဌကထာ စာမျက်နှာ(၈၅)၌ကား ပုထုဇဉ် အရိယာမကွဲမပြား သံဃာအားလုံးကိုပင် သမ္မုတိသံဃာဟု ခေါ်ရကြောင်းဖွင့်ပြထားပါသည်။

အရိယာသံဃာတော်ရှစ်ယောက်ဆိုတာက=သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊အနာဂါမိမဂ်ပုဂ္ဂိုလ်၊ အရဟတ္တမဂ်ပုဂ္ဂိုလ်အားဖြင့်မဂ်ပုဂ္ဂိုလ်လေးယောက်၊သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်၊အနာဂါမိဖိုလ်ပုဂ္ဂိုလ်၊အရဟတ္တဖိုလ်ပုဂ္ဂိုလ် အားဖြင့် ဖိုလ်ပုဂ္ဂိုလ်လေးယောက်။ဤသို့အားဖြင့် အရိယာရှစ်ဖော် သံဃာတော်ကို ဗုဒ္ဓဘာသာဝင်များအားကိုးရာ ကိုးကွယ်ရာအဖြစ်ယုံကြည်ဆည်းကပ်ခွင့်ရကြ၏။

ကိုးကား။ ။အရှင်ဇနကာဘိဝံသ(လူငယ်သင်အခြေပျိုး ဗုဒ္ဓဘာသာစာအုပ်မှ ကောက်နှုတ်ရေးသားလိုက်ပါသည်။)

အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

တရားဂုဏ်တော်(၆)ပါး ပါဠိနှင့်အနက်

၁။ သွက္ခာတဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့ကို ကောင်းစွာဟောကြားအပ်တော်မူပါပေ၏။

၂။ သန္ဒိဋ္ဌိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် မျက်မှောက်၌ အကျိုးပေးတတ်ပါ၏။

၃။ အကာလိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် အချိန်အခါမလင့်စေဘဲ အကျိုးပေးတတ်ပါ၏။

၎။ ဧဟိပဿိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့အား လာရောက်ရှုကြည့်လှည့်ပါ ဟူ၍ဖိတ်ခေါ်အပ်ပါ၏။

၅။ သြပနေယျိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် မြတ်နိဗ္ဗာန်သို့ ပို့ဆောင်တတ်ပါပေ၏။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့ကို အသီသီး မိမိတို့သန္တာန်၌ သိအပ်ခံစားအပ်ပါပေ၏။

Tuesday, July 28, 2015

ဘုရားဂုဏ်တော် (၉)ပါး ပါဠိ၊ အဓိပ္ပါယ်

(၁) အရဟံ
ကိလေသာအပူကင်း၍ ပူဇော်အထူးကိုခံထိုက်သောမြတ်စွာဘုရား။

(၂) သမ္မာသမ္ဗုဒ္ဓေါ
သစ္စာလေးပါးမြတ်တရားကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့်ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။

(၃) ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ် ဝိဇ္ဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော် မူသောမြတ်စွာဘုရား။

(၄) သုဂတော
ကောင်းသော စကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။

(၅) လောက၀ိဒူ
သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော
မြတ်စွာဘုရား။

(၆) အနုတ္တရောပုရိသဒမ္မသာရထိ
မယဉ်ကျေးသေးသော လူ နတ်ဗြဟ္မာ တိရစ္ဆာန်သတ္တဝါတို့ကို တုတ်ဓားမပြ တရားချ၍ ယဉ်ကျေးအောင်
ဆုံးမတော်မူနှိုင်သော မြတ်စွာဘုရား။

(၇) သတ္ထာဒေ၀မနုဿာနံ
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။

(၈) ဗုဒ္ဓေါ
သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်လည်းသိ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောပြတော်မူ
သော မြတ်စွာဘုရား။

(၉) ဘဂ၀ါ
ဘုန်းတော်ခြောက်စုံ ဂုဏ်တော် အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

Monday, July 27, 2015

နှစ်ကျိပ်ရှစ်ဆူ ရှိခိုးနည်းနှင့် ဘွဲ့တော်များ

တံ  မေ  သ  ဒီ   ကော  မံ  သု  ရေ

သော  အ  ပ  နာ   ပ   သု  သု   ပီ

အ   ဓံ   သိ   တိ   ဖု   ၀ိ   သိ   ဝေ

က   ကော   က   ဂေါ                       **(နမာမဟံ)**

အထက်ပါအတိုင်း ရွတ်ပြီးလျှင် (နမာမဟံ) ဟုဆိုကာ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားများအား ရှိခိုးပူဇော်နိုင်ပါသည်။

တံ - တဏှင်္ကရာ မြတ်စွာဘုရား
မေ - မေဓင်္ကရာ မြတ်စွာဘုရား
သ - သရဏင်္ကရာ မြတ်စွာဘုရား
ဒီ - ဒီပင်္ကရာ မြတ်စွာဘုရား
ကော - ကောဏ္ဍည မြတ်စွာဘုရား
မံ - မင်္ဂလ မြတ်စွာဘုရား
သု - သုဓန မြတ်စွာဘုရား
ရေ - ရေ၀တ မြတ်စွာဘုရား
သော - သောဘိတ မြတ်စွာဘုရား
အ - အနောမဒဿီ မြတ်စွာဘုရား
ပ - ပဒုမ မြတ်စွာဘုရား
နာ - နာရဒ မြတ်စွာဘုရား
ပ - ပဒုမ္ဓုတ္ထိုရ မြတ်စွာဘုရား
သု - သုမေဓါ မြတ်စွာဘုရား
သု - သုဇာတာ မြတ်စွာဘုရား
ပီ - ပီယဒဿီ မြတ်စွာဘုရား
အ - အတ္တဒဿီ မြတ်စွာဘုရား
ဓံ - ဓမ္မဒဿီ မြတ်စွာဘုရား
သီ - သိဒ္ဓတ္ထ မြတ်စွာဘုရား
တိ - တိဿ မြတ်စွာဘုရား
ဖု - ဖုဿ မြတ်စွာဘုရား
ဝိ - ၀ိယသီ မြတ်စွာဘုရား
သိ - သိခီ မြတ်စွာဘုရား
ဝေ - ဝေဿဘူ မြတ်စွာဘုရား
က - ကကုသန် မြတ်စွာဘုရား
ကော - ကောဏဂုံ မြတ်စွာဘုရား
က - ကဿပ မြတ်စွာဘုရား
ဂေါ - ဂေါတမ မြတ်စွာဘုရား

သူတော်စင်အပေါင်း ဒီဘ၀ ဒီခန္ဓာ နောက်ဆုံးရပြီး အရိယာပုဂ္ဂိုလ် များ ဖြစ်နိုင်ကြပါစေ။

ဇော်ကြီး (စကားဝါမြေ)

Sunday, July 26, 2015

ဝဇ္ဇာဉာဏ် (၈) ပါး

၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေးကဖြစ်ခဲ့ဖူးတဲ့ ဘ၀အားလုံးကို ပြန်ပြီး အောက်မေ့ဆင်ခြင်သိမြင်နိုင်တဲ့အသိဉာဏ်အထူး။
၂။ ဒိဗ္ဗစက္ခုဉာဏ် = အဝေးကအာရုံ၊ အလွန်သေးငယ်တဲ့အာရုံ၊ ဖုံးကွယ်နေတဲ့အာရုံ၊ စသည်တို့ကို နတ်မျက်စိလိုသိမြင်နိုင်တဲ့ အသိဉာဏ်အထူး။
၃။ အာသ၀က္ခယဉာဏ် = ကိလေသာအာသ၀တို့ကို ကုန်ခန်းစေတတ်တဲ့ အရဟတ္တမဂ်ဉာဏ်။...
၎။ ဒိဗ္ဗသောတဉာဏ် = နတ်နားကဲ့သို့ ကြားသိနိုင်တဲ့ဉာဏ်။
၅။ ဣဒ္ဓိဝိဓဉာဏ် = မြေလျှိုးမိုးပျံခြင်းနှင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်တဲ့ဉာဏ်။
၆။ စေတောပရိယဉာဏ် = သူတစ်ပါးတို့ရဲ့စိတ်ကူးအကြံအစည်ကို သိမြင်နိုင်တဲ့ဉာဏ်။
၇။ ၀ိပဿနာဉာဏ် = ရုပ်နာမ်တို့ရဲ့ သဘာဝအမှန်ကို မြင်သိတဲ့ဉာဏ်။
၈။ မနေမယိဒ္ဓိဉာဏ် = မိမိစိတ်အလိုအတိုင်း ပြီးစီးဖြစ်မြောက်စေနိုင်တဲ့ဉာဏ်။

မြတ်ဗုဒ္ဓရဲ့ စရဏအကျင့် (၁၅) ပါး

၁။ သီလသံဝရ = ကိုယ်ကျင့်သီလ လုံခြုံခြင်း။
၂။ ဣန္ဒြိယသံဝရ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ဣနြေ္ဒခြောက်ပါးကို လုံခြုံစွာစောင့်ထိန်းခြင်း။
၃။ ဘောဇနမတ္တညုတာ = စားသောက်ဖွယ်အာဟာရဘောဇဉ်၌ ချင့်ချိန် တိုင်းတာမှုရှိခြင်း။...
၎။ ဇာဂရိယနုယောဂ = နိုးနိုးကြားကြားရှိခြင်း။
၅။ သဒ္ဓါ = ရတနာမြတ်သုံးပါးနဲ့ ကံတရားတို့ကို ယုံကြည်ခြင်း။
၆။ သတိ = ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ဘဲ အမြဲသတိရနေခြင်း။
၇။ ဗာဟုသစ္စ = ကုသိုလ်၊ အကုသိုလ် တရားတို့၌ အကြားအမြင်များခြင်း။
၈။ ၀ီရိယ = ကုသိုလ်အလုပ်များ၌ ကြိုးစားအားထုတ်မှု ရှိခြင်း။
၉။ ပညာ = တတ်ကောင်း၊ သိကောင်းတဲ့ အတတ်ပညာ၊ အသိပညာတို့မှာ ကျွမ်းကျင်လိမ္မာခြင်း။
၁၀။ ဟိရီ = မကောင်းမှု ဒုစရိုက်များကို ကျူးလွန်ရန် ရှက်ခြင်း။
၁၁။ သြတ္တပ္ပ = မကောင်းမှု ဒုးရိုက်များကို ကျူးလွန်ရန် ကြောက်လန့်ခြင်း။
၁၂။ ရူပါဝစရ ပထမဈာန်
၁၃။ ရူပါဝစရ ဒုတိယဈာန်
၁၄။ ရူပါဝစရ တတိယဈာန်
၁၅။ ရူပါဝစရ စတုတ္ထဈာန်

စရဏ တရားများက မဟာကရုဏာတော်ကို ပြည့်စုံအောင် ပံ့ပိုးပေးကြပြီး သတ္တ၀ါတို့ကို အကျိုးမဲံမှုမှ ကယ်တင်ကာ အကျိုးရှိရာသို့ ပို့ဆောင်ပေးတော် မူတယ်။

Saturday, July 25, 2015

ပဋ္ဌာန်းအကြောင်းသိကောင်းစရာနှင့် ရွတ်ဆိုရကျိုး

ယနေ့ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုနေကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီး သူတော်စင်များအနေဖြင့် အောက်ပါ အကျိုးတရား ဆယ်ချက်ကို အကျဉ်းချုပ် သိထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း မိမိတို့ သဒ္ဓါတရား အားကောင်းပြီး ရွတ်ဖတ်ပူဇော်သော ဘုရားတရားတော်များဟာ ပိုမိုထိရောက် အစွမ်းရောက်မှာ ဖြစ်ပါတယ်။ အကျိုးတရားများ ကောင်းမွန်စေရန် အကြောင်းတရားများ တိကျမှန်ကန် ကောင်းမွန်ဖို့ လိုအပ်ပါသဖြင့် မှတ်သားနာယူ ထားကြပါ။
၁။ ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲ။
၂။ ပဋ္ဌာန်းတရားကို ပထမဦးဆုံး ဆင်ခြင်သည့်နေရာ
၃။ ပဋ္ဌာန်းတရားကို ဟောကြားခဲ့သော အချိန်
၎။ ပဋ္ဌာန်းတရားကို ဟောကြားခဲ့သောနေရာ
၅။ ပဋ္ဌာန်းတရားကိုဟောကြားခဲ့သောပုဂ္ဂိုလ်
၆။ ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရည်ရွယ်ချက်
၇။ ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရက်ပေါင်း
၈။ ပဋ္ဌာန်းတရားကို ပြန့်ပွားအောင်ဖြန့်ဖြူးခဲ့သော ပုဂ္ဂိုလ်
၉။ ပဋ္ဌာန်းတရားကျယ်ဝန်းပုံ
၁၀။ ပဋ္ဌာန်းတရားတော်ရွတ်ဆိုရခြင်းကြောင့် ရရှိနိုင်သော

၁။ ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲဆိုရင်
ပဋ္ဌာန်းဆိုတဲ့ ဝေါဟာရသည် ပဋ္ဌာန ဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာပါ။
ပဋ္ဌာန = အမျိုးမျိုးသော အကြောင်း
ပဋ္ဌာန = ဝေဖန်ခြင်း
ပဋ္ဌာန = ကျက်စားသွားလာရာသို့ ဆိုပြီး အနက်သုံးမျိုးထွက်ပါတယ်။ ထို့ကြောင့်
(က) အကြောင်းအမျိုးမျိုးကိုဟောတတ်သောကြောင့် ပဋ္ဌာန်း။
(ခ) ကုသိုလ်စသော တရားတို့ကို (၂၄)ပစ္စည်းတို့ဖြင့်ဝေဖန်ထားသောကြောင့် ပဋ္ဌာန်း။
(ဂ) သဗ္ဗညုတဥာဏ်၏လွတ်လွတ်လပ်လပ် ကျက်စားသွားလာရာကျမ်းဖြစ်သောကြောင့် ပဋ္ဌာန်းဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၂။ ပထမဆုံး ဆင်ခြင်သည့်နေရာ
ပဋ္ဌာန်းတရားကို မြတ်စွာဘုရား ဘယ်နေရာမှာ ပထမဦးဆုံး စတင်ဆင်ခြင်ခဲ့သလဲလို့ဆိုတော့ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၂၁)ရက်အလွန် (၂၂)ရက်မှစ၍ ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူခိုက် အဘိဓမ္မာ(၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူပါတယ်။
ရှေ့ခြောက်ကျမ်းကို သုံးသပ်တော်မူပြီးသည့်အထိ ရောင်ခြည်တော် ခြောက်သွယ် မထွက်ပေါ်မကွန့်မြူးသေးပဲ၊ပဋ္ဌာန်းဒေသနာ တော်ကြီးကို သုံးသပ်ဆင်ခြင်တဲ့ အခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ပေါ်တော်မူလာတာပါ။(ဥပမာ)ကြီးမားတဲ့ငါးကြီးတွေဟာ ကျဉ်းမြောင်းတဲ့ မြစ်ချောင်း အင်းအိုင်မှာလှုပ်ရှားခွင့်မရဘဲ မဟာသမုဒ္ဒရာကြီးထဲမှာသာ စိတ်ကြိုက်မြူးတူးလှုပ်ရှားခွင့်ရသလို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်တော်ကြီးသည်လည်း ပဋ္ဌာန်းဒေသနာတော်ကို ဆင်ခြင်သော အခါမှသာ ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူးသည်ထိ ကျက်စားနိုင်ခဲ့ပါတယ်။ ဒါကြောင့် နေအထောင် လအသောင်းနဲ့နှိုင်းစာလို့မရအောင် ဂုဏ်ရောင်ဆောင်တဲ့ ရောင်ခြည်တော်ခြောက်သွယ်ကို ထွက်ပေါ်စေတာဟာဖြင့် ဤပဋ္ဌာန်းတရားတော်ကြီး၏ ထူးခြားချက်ပဲဖြစ်ပါတယ်။
ဒီပဋ္ဌာန်း တရားတော်ကြီးကို စတုတ္ထသတ္တာဟ ရတနာဃရ စံအိမ်တော်မှာ စတင်ဆင်ခြင်ခဲ့တယ်လို့ မှတ်သားထားရပါမယ်။ ယနေ့ ဗုဒ္ဓဘာသာဝင်တို့ တလူလူလွှင့်ထူနေကြတဲ့ သာသနာ့အလံတော်ဟာ ရောင်ခြည်တော်ခြောက်သွယ်ကို အမှတ်အသားပြုထားတဲ့ အလံတော်ဖြစ်ပါတယ်။ဒီသာသနာ့အလံတော်ကိုမြင်တိုင်း ဒီသာသနာ့အလံတော်ကို အသုံးပြုတိုင်း ပဋ္ဌာန်း တရားတော်ကြီးကို သတိရနေကြရမှာဖြစ်ပါတယ်။

၃။ ဟောကြားခဲ့သောအချိန်
ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်အချိန်မှာ ဘယ်ကာလမှာ ဟောခဲ့ပါသလဲဆိုတော့ မြတ်စွာဘုရားရှင် ၆-ဝါ အလွန် (၇)ဝါအရောက် သက်တော်(၄၂)နှစ်အရွယ်မှာဟောကြားခဲ့ တယ်လို့မှတ်သားနိုင်ပါတယ်။

၎။ ဟောကြားခဲ့သောနေရာ
ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်နေရာမှာဟောခဲ့ပါသလဲဆိုရင် မြတ်စွာဘုရားရှင်ဟာ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်အရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်မှာ ဟောခဲ့ပါတယ်။

၅။ ဟောကြားခဲ့သော ပုဂ္ဂိုလ်
ပဋ္ဌာန်းဒေသနာတော်ကြီးကို ဘယ်သူတွေဟောခဲ့သလဲလို့ ဆိုတော့ မြတ်စွာဘုရားရှင်ဟာ နတ်ဗြဟ္မာတို့ကိုဟောကြားခဲ့တယ်လို့သိနိုင်ပါတယ်။

၆။ ဟောကြားခဲ့သော ရည်ရွယ်ချက်
ပဋ္ဌာန်းတရားတော်ကြီးကို ဘာရည်ရွယ်ချက်နဲ့ဟောကြားခဲ့ပါသလဲလို့ ဆိုရင် မြတ်စွာဘုရားရှင်ဟာ မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ နိုးဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။

၇။ ဟောကြားခဲ့သော ရက်ပေါင်း
ပဋ္ဌာန်းကျမ်းကို ရက်ပေါင်းမည်မျှကြာအောင် ဟောခဲ့သလဲလို့ဆိုတော့ ရက်အတိအကျမဟုတ်သော်လည်း ခန့်မှန်းတွက်ချက်ကြည့်ချက်အရ အဘိဓမ္မာ(၇)ကျမ်းကို တာဝတိံသာနတ်ပြည်မှာ ရက်ပေါင်း(၉၀)၊(၃)လကြာအောင်ဟောကြား တော်မူရာ
ဓမ္မသင်္ဂဏီ(၁၂)ရက်၊
ဝိဘင်း(၁၂)ရက်၊
ဓာတုကထာ(၆)ရက်၊၊
ပုဂ္ဂလပညတ္တိ(၇)ရက်၊
ကထာဝတ္ထု(၈)ရက်၊
ယမိုက်(၂၀)ရက်၊
ပဋ္ဌာန်းကျမ်း(၂၅)ရက် အသီးသီးဟောခဲ့တယ်လို့ အဆိုရှိပါတယ်။

၈။ ပဋ္ဌာန်းတရား ပြန့်ပွားအောင် ဖြန့်ဖြူးပေးခဲ့သော ပုဂ္ဂိုလ်
ပဋ္ဌာန်းတရား ပြန့်ပွားအောင်မည်သူက စတင်ဖြန့်ဖြူးခဲ့ပါသလဲဆိုတော့ ပဋ္ဌာန်းတရားကို မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်မှာ နတ်ဗြဟ္မာတို့ကို အကျယ်အားဖြင့်ဟောတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာကိုဟောတော်မူတဲ့အခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားပြီးရင် ပညာအကြီးဆုံး အဂ္ဂသာဝကကြီးဖြစ်တော်မူလို့ အကျဉ်းနည်းနဲ့ဟောတော်မူတာပါ။ ထိုမှတစ်ဆင့် အရှင်သာရိပုတ္တရာက လင်းနို့သားငါးရာဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်သင်ကြားပို့ချဟော တော်မူခဲ့ပါတယ်။ ဒါကြောင့်ပဋ္ဌာန်းတရားတော်ကြီးကို ယနေ့ရဟန်း ရှင်လူတို့ နာယူ သင်ကြားပို့ချနေနိုင်ခြင်းမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ကျေးဇူးကြောင့်ဆိုတာ သိထားရပါမယ်။ ပဋ္ဌာန်းတရားပြန့်ပွားအောင် အရှင်သာရိပုတ္တရာက စတင်ဖြန့်ဖြူးခဲ့တယ်လို့အသိမှတ်ပြုရမှာ ဖြစ်ပါတယ်။

၉။ ပဋ္ဌာန်းတရားကျယ်ဝန်းပုံ
ပဋ္ဌာန်းတရား ဘယ်ပုံကျယ်ဝန်းသလဲဆိုတဲ့ အချက်ကို ပြောကြည့်ရင် ဒီကမ္ဘာလောကကြီးမှာ အကျယ်ဝန်းဆုံးဖြစ်တဲ့ အရာဌာနကြီး ၄ခုရှိပါတယ်။
အဲဒီ(၄)ခုကဘာလဲလို့ဆိုတော့
(၁) သံသာရ သာဂရ = သံသရာပင်လယ်ကြီး။
(၂) ဇလ သာဂရ = ရေပင်လယ်ကြီး။
(၃) နယသာဂရ = နည်းပင်လယ်ခေါ်တဲ့ပဋ္ဌာန်းကျမ်းကြီး။
(၄) ဥာဏသာဂရ = ဥာဏ်ပင်လယ်ကြီးလို့ခေါ်တဲ့ ဘုရားသခင်၏ သဗ္ဗညုတ ဥာဏ်တော်ကြီး။

ဒီသာဂရ (၄)မျိုးတို့တွင် ပဋ္ဌာန်းကျမ်းကြီးက အလွန်ကျယ်ဝန်းလှတဲ့ နယသာဂရကြီးအဖြစ် မှတ်တမ်းတင်ခြင်းခံရပါတယ်။ဒါကြောင့် အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးလို့ခေါ်ဆိုကြတာပါ။
ပဋ္ဌာန်းကျမ်းကြီးရဲ့ကျယ်ဝန်းပုံကတော့ ပဋ္ဌာန်းပါဠိတော်သည် ဆဋ္ဌသံဂါယနာတင်ပါဠိတော်အုပ်ရေအားဖြင့် (၅)အုပ်ရှိပြီး စာမျက်နှာပေါင်း(၂၆၄၀)တိတိရှိပါတယ်။ အသံမစဲ မနားတမ်းရွတ်ဖတ်သွားမယ်ဆိုရင် နာရီပေါင်း(၁၃၂)နာရီ ရွတ်ဖတ်ရပါမယ်။ပေယျာလ(မြှုပ်ကွက်)တွေကိုဖော်ပြီးရွတ်မယ်ဆိုရင် တစ်သက်လုံးရွတ်ဖတ်လို့မကုန်နိုင်လောက် အောင်များတယ်လို့ဆိုပါတယ်။ သာမန်သူလို ကိုယ်လို ပုဂ္ဂိုလ်မျိုးကို မဆိုထားဘိ၊ဂါထာပေါင်း တစ်သောင်းငါးထောင်၊ပုဒ်ပေါင်းခြောက် သောင်းကို ခဏချင်းသင်ယူနိုင်သော အရှင်အာနန္ဒာ၊မိုးသီးမိုးပေါက်ကိုပင်တစ်လုံး ချင်းရေတွက်နိုင်သောအရှင်သာရိပုတ္တရာသော်မှ ဤပဋ္ဌာန်းဒေသနာတော်ကို မြတ်စွာဘုရားဟောသည့်အတိုင်း အပြည့်အစုံရွတ်ဆိုဖို့မလွယ်ကူပါ။
ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ပါဠိအနေအားဖြင့် အနန္တ အပရိမာဏ အဆုံးအပိုင်းခြားမရှိအောင် ကျယ်ဝန်းလှသောကျမ်းကြီးဖြစ်၍ ထိုကျမ်းကြီး၏ ပုဒ်အစဉ်နှင့်အနက်အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံတစ်စုံတစ်ယောက်က ဖွင့်ပြမည်ဟု ကြိုးစားခဲ့လျှင် အသက်သာကုန်ဖွယ်ရာရှိပါတယ်။ပဋ္ဌာန်းကျမ်း ကြီးကတော့ ကုန်နိုင်မည်မဟုတ်ဟု ဥဒါန်းစကားပင်ရှိနေပါတယ်။
ဒါဖြင့်ရင် ဤမျှလောက်ကျယ်ဝန်းတဲ့ ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားရှင်(၂၅)ရက်အတွင်းပြီးစီးအောင်
ဟောတော်မူနိုင်ခြင်းနှင့်ပတ်သတ်ပြီး မြတ်စွာဘုရားစကားတော် လျင်မြန်ပုံအကြောင်းကိုသိထားရပါမည်။

(က) ပကတိသာမန်လူသားများ စကားတစ်ခွန်းပြောတဲ့အချိန်မှာ အရှင်အာနန္ဒာက (၈)ခွန်းထိပြီးစီးအောင်ပြောနိုင်ပါတယ်။
(ခ) အရှင်အာနန္ဒာက စကားတစ်ခွန်းပြောဆိုတဲ့အချိန်မှာ မြတ်စွာဘုရားရှင်က (၁၆)ခွန်းထိပြောဆိုနိုင်ပါတယ်။
(ဂ) ပကတိသာမန်လူတစ်ယောက်စကားတစ်ခွန်းပြောဆိုချိန်မှာ မြတ်စွာဘုရားရှင်က (၁၂၈)ခွန်းပြီးအောင်ပြောဆိုနိုင်တာကြောင့် ဟောကြားနိုင်ခဲ့တယ်လို့သိရပါတယ်။မြတ်စွာဘုရားရှင်ဤမျှလောက်စကားတော်
လျင်မြန်ရခြင်းကလည်း ဘဝပေါင်းများစွာပါရမီတော်တွေကိုဖြည့်ကျင့်ခဲ့တဲ့ပါရမီတော်တွေကြောင့်လည်းကောင်း၊သဗ္ဗညုတဥာဏ်တော်ကြောင့်လည်းကောင်းစတဲ့ အချက်တွေကြောင့် စကားတော်လျင်မြန်ရခြင်းအကြောင်း တရားလေးပါးရှိပါတယ်။

၁။ ဇိဝှါမုဒု = လျှာတော်၏ကျယ်ပြန့်ပါးလျနူးညံ့ခြင်း
၂။ ဒန္တဝရဏံ သုဖုသိတံ = နှုတ်ခမ်းတော် စေ့စပ်ထိမိခြင်း။
၃။ ဝစနံ အဂနိတံ = ပြောရာ ဟောရာ အခါ၌ လုံးကြွင်းလုံးကျ အထစ်အငေါ့မရှိခြင်း။
၎။ ဘဝင်္ဂပရိသောလဟုကော = ဘဝင်စိတ်
အယဉ်လျင်မြန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။

၁၀။ ပဋ္ဌာန်းရွတ်ဆိုခြင်းကြောင့်ရနိုင်သောအကျိုးတရားများ
ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်ခြင်း၊သင်ကြားနာယူခြင်း၏အကျိုးတရားများမှာ
(၁) လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ ရုပ်နာမ် ဓမ္မ ခန္ဓာစဉ် သဘာဝပိုင်းခြား ဝေဖန်တတ်သော နာမရူပ ပရိစ္ဆေဒဥာဏ်ရင့်သန်စေခြင်းဟူသော ပထမအကျိုးတရား။
(၂) မဂ်၊ဖိုလ်နိဗ္ဗာန် ရောက်ရာလမ်းကြောင်း အထောက်အပံ့ကောင်း ဖြစ်နိုင်ခြင်းဟူသော ဒုတိယအကျိုးတရား။
(၃) ဘေးဥပါဒ် အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာအေးမြခြင်းဟူသော တတိယအကျိုးတရား။
(၄) ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့်ပြည့်စုံခြင်းဟူသော စတုတ္ထအကျိုးတရား များရရှိနိုင်ပါတယ်။ပဋ္ဌာန်းရွတ်ဆို ပွားများခြင်းသည်ဓမ္မဒေသနာကုသိုလ်ဖြစ်ရုံမက သာသနဓမ္မာနုရက္ခိတသာသနာတော်၏ တရားတော်ကို လူ့နှလုံးသားထဲမှာ စောင့်ရှောက်ထိန်းသိမ်းခိုင်မြဲအောင် ပြုလုပ်ရာရောက်လို့ ကုသိုလ်ထူးများ အကျိုးတရားထူးများ ရနိုင်ပါတယ်။

အဘိဓမ္မာပြန့်ပွားရေးအသင်းများ၊
အဘိဓမ္မာစာမေးပွဲများ၊
အဘိဓမ္မာသင်တန်းများ၊ပဋ္ဌာန်းသင်တန်းများ၊
အသံမစဲပဋ္ဌာန်းပူဇော်ပွဲများကိုလုပ်ကိုင်ဆောင်ရွတ်နေကြတာဟာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ထို့ကြောင့်မိမိတို့အနေနဲ့ အဘိဓမ္မာပဋ္ဌာန်းတရားတော်များကို တိုးတက်သည်ထက်တိုးတက်အောင် ပြန့်ပွားသည်ထက်ပြန့်ပွားအောင်အကုသိုလ် စိတ်ကင်းရှင်းစွာဖြင့် စိတ်ဓာတ်ကို ကြည်ကြည်လင်လင်ထားရှိပြီး ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ကြပါ။ နာယူကြပါ။ သင်ယူကြပါလို့နှိုးဆော်သမှုပြုလိုက်ရပါသည်။
ဒေါက်တာအရှင်ကောဝိဒါစာရ၏ ပဋ္ဌာန်းအကြောင်းစာအုပ်မှ