အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့

Thursday, December 10, 2015

ကန်တော့ပန်း

တွေ့ဆုံရသည့် ခဏတာဝယ်
အသိအလိမ္မာ ပြည့်ဖြိုးလာအောင်
မေတ္တာရှေ့ထား ဘာဝနာပွားပြီး...
ပညာအလင်း ဉာဏ်ကိုရင်း၍
သူတော်ကောင်းတရား မြွက်ကြားဆုံးမ
ညွှန်ကြားပေးသော ဆရာ။
မြတ်ဘုရား ဒေသနာတော် အဖြာဖြာကို
သင်ယူလေ့လာ ဟောပြောကာဖြင့်
သာသနာအကျိုး ပြန့်ပွားတိုးအောင်
လမ်းပြပေးသော ဆရာ။
ရှေ့ရှုမေတ္တာ ဂရုဏာဖြင့်
နာနာကျင်ကျင် အပြစ်မြင်တိုင်း
ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က ဆုံးမတတ်သူ
စေတနာ မြင့်မြတ် သူ့လို ဆရာ
လေးစားအပ်သော ချစ်သော ဆရာ။


သံသရာ ဘ၀ပေါင်းများစွာ၌လည်းကောင်း
ယ္ခုပ္ပုစ္စပန် ဘ၀၌လည်းကောင်း
သင်ဆရာ မြင်ဆရာ ကြားဆရာ တို့အပေါ်
သိ၍ဖြစ်စေ မသိ၍ဖြစ်စေ
ကာယ ၀စီ မနော ဟူသော
ကာယကံ (၃) ပါးတို့ဖြင့်
အပြစ်များ ကျူးလွန်ခဲ့ပါလျှင်
အပြစ်ကြီး အပြစ်ငယ်များကို ကောင်းစွာနှလုံးသွင်း၍
သင်ဆရာ မြင်ဆရာ ကြားဆရာ တို့အား
အပြစ်တို့ကို ၀န်ချတောင်းပန် ကန်တော့ပါ၏။
(ကိုဇော်ကြီး)

No comments: