လေပြင်းငယ် ပွေ၊ လေပြင်လျှင် လဲ။
ချောင်းကျယ် ဘယ်မငြင်း၊ ချောင်းကျဉ်းလျှင် လဲ။
နေပူတုန်း ခါ၊ မိုးရွာလျှင် လဲ။
လသာသာ ပျိုအိုကြိုက်၊ လမိုက်လျှင် လဲ။
အဖော်ငယ်စုံ၊ ဖော်မစုံလျှင် လဲ။
ပွင့်ဖူးငုံ အကုန်လန်း၊ နွမ်းနယ်လျက် လဲ။
စုန်ပြန်ရ အဖန်ဖန်၊ ဆန်ပြန်ရ တလဲလဲ။
မဗေဒါ ဒီရေကြောမှာ၊ မျောလျက်သာ ပဲ။ ။
ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်(1957-1959)
No comments:
Post a Comment