အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့
Saturday, September 21, 2013
အိပ်ပါလူလေး
နေမင်းဖန်ဝါ ယွန်းတော့ရှာ
အိပ်ပါလူလေး မေ့ရင်သွေး
ယီးလေလေ့ ယီးလေလေး။
ငှက်မ ငှက်ဖို သိုက်မြုံခို
သံချိုမကြွေး အိပ်ပြီလေး
ယီးလေလေ့ ယီးလေလေး။
ရနံ့မထုံ ပန်းဝတ်မှုန်
ပန်းငုံမှာကွေး အိပ်ပြီလေး
ယီးလေလေ့ ယီးလေလေး။
လမင်းသော်တာ ရောင်ခြည်ဖြာ
အိပ်ပါလူလေး မေ့ရင်သွင်း
ယီးလေလေ့ ယီးလေလေး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment