အရိပ်စစ်ဟုဆိုရာဝယ် မိမိပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကံ အကုသိုလ်ကံတရားတို့သည် မိမိ၏အရိပ်ပမာ အမြဲမကွာ ရှိနေဘိသကဲ့သို့ ဆိုလိုပါအံ့
Sunday, July 12, 2015
အဖေ့ဘဝ
မွေးရပ်ဇာတိ တောဌာနေ
တောင်ယာလယ်လုပ် ရိုးရာဓလေ့မို့
ကောက်စိုက်ပျိုးနှုတ် နေ၀င်မိုးချုပ်၊
သမိုင်းပေးတာဝန် ကျေပွန်စွာ
စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာ
အဖေ ငယ်စဉ်ခါ။
အရွယ်ရောက်လို့ ကျောင်းစာသင်
တော်လို့မော်လို့ ပျော်မဆုံးပင်
မူလွန်ကျော်လို့ အလယ်တန်း
ခက်ခဲကြမ်းတမ်း အဖေ့ခရီးလမ်း။
သက်မွေးပညာကျောင်းဆရာ ဖခင်ဖြစ်သူမှာ
ကွယ်လွန်ရှာတာ(၄၉) သက်တမ်းရယ်ကမကုန်ဆုံး
ပူဆွေးသောကရောက်ရရှာ မိခင်ဖြစ်သူပါ
သားသမီးတာဝန်ဆက်လို့ရုန်း ဈေးတောင်းခေါင်းပေါ်တင်လို့မဆုံး။
ငွေကြေးဓန ဖွတ်မင်းကျတဲ့ ကျနော့ဘဝ
ပညာရေးက တောမှာမပြီးတော့ အခက်ပွေလီ
မောင်တစ်ထန်းရယ်မယ်တစ်ရွက် မဟုတ်ရသမို့
မယ်တစ်ယောက်ထဲ ရွက်တယ်ထန်းတယ်
ပြောင်သထက်ပြောင် မေမေ့ဥသျှောင်
ဈေးတောင်းတစ်လုံးက နှစ်လုံးဖြစ်ရပြီ
ကျွဲပုခုံးထ သူ့ရဲ့ဒဏ်ရာ
ပေးဆပ်ခဲ့တဲ့ ကျနော့်အတွက်ရယ်ပါ။
ရွှေမြို့တော်ရောက် ဆွေမျိုးတော်သူ
တူမကြီးရယ် ဒေါ်လေး ကူပေး စားသောက်နေရေး
သားမောင်လူလေး ပညာရေးမို့
အမတစ်ယောက်ထံ မေမေ ကျနော့ကို လိုက်ပို့ပြီ
အချိန်နာရီ ရပ်ကာမနား လည်ပတ်သမို့ (၉) တန်းတစ်နှစ် ပြီးခဲ့ပြီ။
ပညာခရီးလမ်း ဖြောင့်ဖြူးသာယာမရှိခဲ့လို့
ကျောင်းပိတ်ရက်လေး ရွာကိုပြန်
ဥစ္စာ စီးပွား မချမ်းသာသူ ဖေဖေလိုလူ
မေမေ့ဈေးတောင်း ငါ့ဈေးတောင်းနှယ်
မေမေ့ ထန်းပိုး ငါ့ထန်းပိုးရယ်
အိမ်တိုင်ရာရောက် လှည့်လည်ရောင်းလို့
ရွဲကုန်သည်ရဲ့ ရွဲကုန်သည်လာပြီဗျို့ မဟုတ်ပေမယ့်
ကုန်စုံသည်ရဲ့ ...ကုန်စုံသည်လာပြီဗျို့xx အကိုအမတို့ ယူကြမယ်ဗျ.....,xxx
(ပစ္စည်းတွေက လတ်ဆတ်ပါသနော် ... ပစ္စည်းတွေက လန်းဆန်းပါသနော်... )
ယူမယ်ဆို ဆင်းခဲ့ပါ့လေး..... xxx
အဲဒီလိုနဲ့ ကျောင်းပိတ်ရက်ရှည် ဈေးလည်ရောင်းလို့
မေမေ့အနား တောင်ဝှေးအလား
အဖေ့ဘ၀ ငယ်စဉ်က။
ဇော်ကြီး (စကားဝါမြေ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment